← Chapters

အခန်း ၁၃၂

Vol. 6 Ch. 132

အခန်း ၁၃၂

Vol. 6 Ch. 132

Chapter 132

ယန်ရှိုးအာက နင်းမုန့်ယောင်ကို ရပ်တန့်သွားခြင်းမရှိဘဲ တောင်းပန်နေခဲ့သည်။

"မုန့်ယောင် ငါမှားတယ်ဆိုတာ ငါသိပါတယ်။နင် ငါ့ကို ကူညီရမယ်။နင်က အရမ်း အရည်အချင်းရှိပြီး အာဏာရှိတယ်လေ။ငါ နင့်ကို တောင်းပန်ပါတယ်"

နင်းမုန့်ယောင်က ယန်ရှိုးအာလက်ကို အဝေးကို ခါထုတ်လိုက်ပြီး အထင်သေးတဲ့အကြည့်နဲ့

"ငါ့ကို တောင်းပန်ဖို့မကြိုးစားနဲ့။ဒီအခြေအနေမှာ ငါနင့်ကို ဘာမှ ကူညီမပေးနိုင်ဘူး။ ငါလုပ်နိုင်တယ်ဆိုရင်တောင်မှ ငါကဘာလို့ နင့်ကို ကူညီပေးရမှာလဲ?ပြီးတော့ နင်သိလား?နင်က အခုမှ နင်မှားတယ်ဆိုတာ သိသွားတာ ရယ်စရာကောင်းတယ်။နင် အဲ့ဒီအပြင်လူတွေကိုကူညီပြီးတော့ လဲ့လဲ့ကို အန္တရာယ်ပြုခဲ့တဲ့အချိန်တုန်းက လဲ့လဲ့က နင်နဲ့တစ်ရွာထဲသားချင်းဆိုတာ နင်ဘာလို့ သတိမရရတာလဲ"

သူမ နားမလည်နိုင်ဘူး ဘယ်လိုလုပ် လူတစ်ယောက်ရဲ့နှလုံးသားက အဲ့လောက် ရက်စက်ယုတ်မာရတာလဲ?

သူမရဲ့ တောင်းပန်ခယနေတဲ့ ပုံစံကိုကြည့်ပြီး နင်းမုန့်ယောင်က စိတ်မကောင်းမဖြစ်ပေ။အဲ့အစား ဒီနည်းလမ်းက သူမကို သင်ခန်းစာပေးဖို့ မှန်ကန်တဲ့နည်းလမ်းလို့ ခံစားရသည်၊

ယန်ရှိုးအာလိုမျိုး ရက်စက်ယုတ်မာတဲ့လူတစ်ယောက်က သူမအခု ရင်ဆိုင်နေရတဲ့ အကျိုးဆက်တွေက သူမပြုလုပ်ခဲ့တဲ့အရာတွေရဲ့ ရလဒ်တွေပဲဖြစ်သည်။

ယန်ရှိုးအာက နင်းမုန့်ယောင်ကို ငေးကြောင်ကြောင် ကြည့်နေခဲ့သည်။သူမက သူမရဲ့ အသက်မဲ့သလို ကြောက်ရွံ့နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်ပြီး မယုံနိုင်ဖြစ်နေသည်။အဲ့ဒီနောက် ရုတ်တရက်ကြီး ယန်ရှိုးအာက ရူးသွပ်စွာ ရယ်မောလိုက်သည်။

"ဟားဟားဟား.......အဆုံးကျတော့လည်း နင်က ငါထင်ထားသလို ခွေးမပဲ!"

နင်းမုန့်ယောင်က သူမရဲ့ ရူးသွပ်မိုက်မဲမှုကို ဘာမှမပြောဘဲ ကြည့်နေလိုက်သည်။ဒီလို မိန်းကလေးမျိုးက သူမရဲ့ အကူအညီနဲ့ မထိုက်တန်ပေ။

နင်းမုန့်ယောင်ရဲ့မျက်လုံးတွေထဲ ကြည့်ပြီးတဲ့နောက် ချောင်ထျန်းချန်က ရဲမက်တွေကို မျက်စပစ်ပြလိုက်ပြီး သူတို့က ယန်ရှိုးအာကို အဝေးကို အမြန်ခေါ်သွားသည်။

ယန်ရှိုးအာက ဆွဲခေါ်ခံသွားရတဲ့အချိန်မှာ သူမက နင်းမုန့်ယောင်ကိုပဲ စိုက်ကြည့်နေခဲ့သည်။ချောင်ထျန်းချန်က အဲ့ဒီအမုန်းတရားတွေပြည့်နေတဲ့အကြည့်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ဒီမိန်းကလေးက တကယ့်ကို သင်ခန်းစာ မရသေးတဲ့ပုံပင်။

နင်းမုန့်ယောင်က ချောင်ထျန်းချန်ဆီကိုသွားလိုက်ပြီး

"ကျွန်မအဆင်ပြေပါတယ် မစိုးရိမ်ပါနဲ့" လို့ ပြောလိုက်တယ်။

နင်းမုန့်ယောင်ရဲ့နဖူးကို ညင်သာစွာထိပြီးတော့ သူက ပြန်ဖြေလိုက်တယ်။

"ကိုယ်သိပါတယ်။အဲ့လို မကောင်းတဲ့လူတစ်ယောက်အတွက် ခံစားနေစရာ မလိုဘူးနော်"

"ကျွန်မက ခံစားနေလိမ့်မယ်လို ရှင်ကထင်နေတာလား"

နင်းမုန့်ယောင်က မျက်ခုံးတစ်ဖက် ပင့်လိုက်တယ်။

ချောင်ထျန်းချန်က ခဏလောက် ကြောင်သွားပြီး အဲ့ဒီနောက် ပြုံးကာ သူတွေးတာမှားသွားတယ်ဆိုတာ သိလိုက်သည်။

ယန်ရှိုးအာက အခေါ်ခံသွားရပြီးတဲ့နောက် သူမက ဖိအားပေးခံထားရသလို ဆက်တိုက် ကျယ်လောင်စွာ ငိုကြွေးနေခဲ့သည်။ခရိုင်တရားသူကြီးမင်းက သူမကို သက်သေတောင်းတဲ့အချိန် သူမက ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။

သူတို့က ကျောက်စိမ်းပြားကိုမြင်တော့ ခရိုင်တရားသူကြီးတင် ထိတ်လန့်အံ့ဩသွားတာမဟုတ်ဘဲ သူ့ရဲ့ ဂျူရီအဖွဲ့ဝင်နှစ်‌‌‌ယောက်လည်းပဲ ထိတ်လန့်အံ့ဩသွားကြသည်။

ဒီ ကျောက်စိမ်းတံဆိပ်ပြားက ရှောင်မိသားစုနဲ့သက်ဆိုင်တာဖြစ်တယ်။ထိုဟာက ဘယ်လိုလုပ် ရွာသူတစ်‌ယောက်ရဲ့လက်ထဲမှာ ပေါ်လာရတာလဲ?

"မင်း ဒီကျောက်စိမ်းပြားကို ဘယ်ကရလာခဲ့တာလဲ"

"အဲ့နေရာက အစေခံဆီကနေ ရလာခဲ့တာပေါ့။သူတို့က ကျွန်မဆီလာပြီးတော့ ပိုက်ဆံပေးပြီး ရန်လဲ့လဲ့က ရွာကို ဘယ်လမ်းကနေ ပုံမှန်ပြန်လေ့ရှိလဲဆိုတာ ပြောပြခိုင်းတယ်"

အခု ယန်ရှိုးအာက သဘာဝကျစွာနဲ့ သူမ သူတို့ဆီကနေ တစ်ခုခုဖုံးကွယ်ထားဖို့ မကြိုးစားသင့်ဘူးဆိုတာ သိသည်။သူမသာ သတင်းအချက်အလက် တစ်ခုခုကို ဖုံးကွယ်လိုက်ရင် ရရှိလာမယ့် တစ်ခုထဲသော အကျိုးဆက်က သူမရဲ့ သေခြင်းတရားဆိုတာ သိသည်။

ဒါပေမယ့် သူမ မသိခဲ့တာက သူမဝန်ခံရင်တောင်မှ အဆုံးကျ သေရမယ်ဆိုတာပဲ။အာဏာရှိတဲ့ အဲ့ဒီလူတွေအတွက်တော့ သူတို့က အများကြီး ထိခိုက်မှာမဟုတ်ပေ။သူမက သူတို့အတွက် အမြောက်စာတစ်ခုသာ ဖြစ်တယ်။

ခရိုင်တရားသူကြီးနဲ့ ဂျူရီနှစ်ယောက်က ဒီကိစ္စကို ဆွေးနွေးကြသည်။နောက်ဆုံးမှာ သူတို့က သူတို့ ကျောက်စိမ်းတံဆိပ်ပြားကိုယူပြီး ရှောင်အိမ်တော်ကို သွားနေတဲ့အချိန် ယန်ရှိုးအာကို အရင်ဆုံး ဖမ်းချုပ်ထားဖို့ ဆုံးဖြတ်လိုက်သည်။

အဲ့ဒီမတိုင်ခင်မှာ ယန်ရှိုးအာက သူမအစေခံနဲ့တွေ့ခဲ့တဲ့နေရာကို ဝန်ခံခဲ့တာကြောင့် အစေခံကလည်းပဲ အမြန်အဖမ်းခံလိုက်ရသည်။

ယန်ရှိုးအာက အစေခံရဲ့မျက်နှာပေါ်က ကြောက်လန့်နေတဲ့ပုံစံကိုကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"နင်တို့ ငါ့ကို စွန့်ပစ်ဖို့ကြိုးစားခဲ့ကြတာ မဟုတ်ဘူးလား?နင် အခုဘယ်လိုထွက်သွားမလဲဆိုတာ ငါကြည့်ချင်သေးတယ်"

အစေခံက ယန်ရှိုးအာကို အေးစက်စက် စိုက်ကြည့်လိုက်တယ်။ဒီ မိန်းမကို သတ်လိုက်ရမှာ။

အဲ့ဒီအတွေးကြောင့် အစေခံက ယန်ရှိုးအာဆီပြေးသွားပြီး သူမကို လည်ပင်းညှစ်လိုက်သည်။ယန်ရှိုးအာ အသက်ရှူရပ်လုနီးပါးဖြစ်နေတဲ့ အချိန်မှာပဲ ခရိုင်တရားသူကြီးနဲ့ ရဲမက်တွေက ရုတ်တရက် ဝင်လာခဲ့ကြသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ ခရိုင်တရားသူကြီးက ချက်ချင်းပဲ ဒေါသထွက်သွားခဲ့တယ်။အစေခံတစ်ယောက်က သူမကိုယ်သူမ ဘာထင်နေတာလဲ?ဒါက သူ့ရဲ့နယ်မြေ အဲ့ဒါကို သူမက ဒီနေရာမှာ လူသတ်မှုကျူးလွန်ဖို့ ကြိုးစားရဲတယ်။

အစေခံကို တစ်ခြားအကျဉ်းခန်းတစ်ခုဆီ ဆွံခေါ်သွားပြီးတဲ့နောက် ယန်ရှိုးအာက နောက်ဆုံးမှာတော့ နောက်တစ်ကြိမ် အသက်ပြန်ရှူနိုင်ခဲ့သည်။သူမရဲ့ မျက်နှာက ခရမ်းရောင်က အနည်းငယ် သက်သာသွားသည်။

"ငါ သေရင် နင်လည်း ထွက်သွားရဖို့ဆိုတာ မေ့ထားလိုက်တော့!"

ယန်ရှိုးအာက အသက်လုရှူရင်း အစေခံကို အော်ပြောလိုက်သည်။

အစေခံက အခြေအနေကို ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ပေ။ဒီအမှုက သူတို့နဲ့ပါဝင်ပတ်သက်တာ ဘာမှမရှိဘူးမလား?ဒါဆို ဘာလို့ အခုလိုပုံစံဖြစ်လာရတာလဲ?

ယန်ရှိုးအာက ကြောင်အနေတဲ့ အစေခံကို လှောင်လိုက်သည်။

"နင်တို့လိုတွေက အချိတ်အဆက်တွေအားလုံးကို ဖြတ်တောက်လိုက်တာနဲ့ပဲ ဒီကိစ္စက နင်တို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူးလို့ ထင်နေကြတာမလား?အဲ့ဒါကြောင့်ပဲ နင်တို့လုံးဝ စိုးရိမ်မနေခဲ့တာလေ"

ကံမကောင်းစွာနဲ့ သူတို့မှားသွားခဲ့တယ်။ယန်ရှိုးအာလက်ထဲက ကျောက်စိမ်းတံဆိပ်ပြားက သက်သေပဲဖြစ်တယ်။

သူတို့က သူမကို ထိုဟာကို ခိုးယူတယ်လို့ မစွပ်စွဲနိုင်ဘူး ဘာကြောင့်လဲဆိုတော့ မိန်းကလေးတစ်ယောက်ထဲ အဲ့နေရာကိုသွားပြီး တန်ဖိုးရှိတဲ့ ကျောက်စိမ်းတံဆိပ်ပြားကို ခိုးယူဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?ဒါ့အပြင် သူမက သူမနယ်ကလွဲလို့ တစ်ခြား ဝေးတဲ့နေရာကို တစ်ခါမှ ခရီးမသွားဖူးပေ။

ယန်ရှိုးအာ အဖမ်းခံလိုက်ရတဲ့သတင်းက သိပ်မကြာခင်မှာပဲ ရှောင်ကျီရွှမ်းဆီရောက်သွားခဲ့တယ် ဒါပေမယ့် ထိုဟာက ဘာကြောင့်လဲဆိုတော့ ရဲမက်နှစ်ယောက်က ကျောက်စိမ်းပြားကို ရှောင်အိမ်တော်ဆီကို သယ်ဆောင်လာခဲ့တာကြောင့်သာ ဖြစ်သည်။

ရှောင်ကျီရွှမ်းက ကျောက်စိမ်းကိုမြင်တဲ့အချိန် သူမအမူအရာ ပြောင်းလဲသွားသည်။သူမလက်ထဲက လက်ဖက်ရည်ခွက်က ကြမ်းပြင်ပေါ်ကို ပြုတ်ကျပြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့သည်။

All Chapters