အခန်း ၂၉၀
Vol. 12 Ch. 290
Chapter 290
သူ တစ်ခါတုန်းက နင်းမုန့်ယောင်ကို စုံစမ်းခဲ့ပေမယ့် ဒီလူတွေနဲ့ဆက်ဆံရေးအကြောင်း လုံးဝ ရှာမတွေ့ခဲ့ဘူး။ဒါပေမယ့် အခု သူမက အကြီးဆုံးအဖွဲ့အစည်းရဲ့ သခင်အစစ်အမှန်လို့ သူ့ကို ပြောနေတယ်။
သူသာ ထိုအချိန်တုန်းက ရှောင်ကျီရွှမ်းကို မရွေးချယ်ခဲ့ဘဲ သူမကိုသာ ရွေးချယ်ခဲ့ရင် အခုအချိန်မှာ အခြေအနေက လုံးဝ ကွဲပြားနေမှာပဲမလား?
ဝေ့ခဲ့ရှင်းကလွဲလို့ အမတ်ဝေ့မိသားစုဝင်တွေ အားလုံးမှာ သူတို့ရဲ့မျက်နှာထက် ဖြူဖျော့နေတဲ့ အမူအရာတွေ ရှိနေကြသည်။သူတို့က တကယ်ပဲ ထုန်ပေါင်ကျိုက်ရဲ့ သခင်အစစ်အမှန်ကို အပြစ်လုပ်ခဲ့တာပဲ။
နင်းမုန့်ယောင်က ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းရဲ့ အံ့ဩထိတ်လန့်မှုကို သတိမထားမိချေ၊သူမရဲ့ အကြည့်က ထိတ်လန့်တုန်လှုပ်နေတဲ့ နန်ကုန်းယွဲ့ဆီမှာပဲ ရှိပြီး
"ငါနဲ့လာပြီးတော့ အာဏာနဲ့ဩဇာကို ယှဉ်နေတာလား?နန်ကုန်းယွဲ့ နင် အဲ့ဒါကို လုပ်နိုင်သေးရဲ့လား"
နန်ကုန်းယွဲ့ရဲ့ နှုတ်ခမ်းတွေ တုန်ယင်နေတယ်။သူမအတွက် နင်းမုန့်ယောင်နဲ့ယှဉ်ဖို့ဆိုတာ ရိုးရှင်းစွာနဲ့ပဲ လုံးဝမဖြစ်နိုင်ပေ။သူမက လင်တိုင်းပြည်မှာသာ အဆင့်အတန်းမြင့်မားပေမယ့် နင်းမုန့်ယောင်ရဲ့ အဆင့်အတန်းကတော့ တိုင်းပြည်တော်တော်များများများမှာ ဖြန့်ကျက်ထားပြီး သူမ အဲ့ဒါကို နည်းနည်းတောင် မယှဉ်နိုင်ပေ။
"ကျွန်မ........ကျွန်မ......"
လင်းလော်က ရုတ်တရက် မတ်တပ်ရပ်ပြီးတော့ နင်းမုန့်ယောင်ဆီ လျှောက်လာခဲ့သည်။
"မင်း ဘာလို့ ကိုယ့်ကို လိမ်ခဲ့တာလဲ?ဘာလို့ ဒီလိုနည်းလမ်းတွေ သုံးပြီးတော့ ထွက်သွားရတာလဲ"
နင်းမုန့်ယောင်က လင်းလော်ကို ဂရုပြုပြီးတော့ လူအုပ်ကြီးကို စူးရှစွာ ဖြန့်ကျက်ကြည့်ကာ
"ချောင်ထျန်းချန်က ကျွန်မရဲ့ အခြားတစ်ဝက်ပဲ။သူ့ကို မျက်စိကျတဲ့လူတွေကို သေတာထက်ဆိုးတဲ့ ခံစားမှု ခံစားရအောင် လုပ်ပြမယ်။ရှင်တို့အားလုံး မယုံဘူးဆိုရင် စမ်းကြည့်လို့ရတယ်"
ရှောင်ချီထျန်းက အချိန်ကာလကို လျစ်လျှူရှုပြီးတော့ ကျယ်လောင်စွာ ရယ်မောလိုက်တယ်။သူက ချောင်ထျန်းချန်ကို စနောက်စွာဖြင့် ကြည့်နေတယ်။ယောကျာ်းတစ်ယောက်က သူ့ရဲ့အမျိုးသမီးဆီကနေ ဒီလိုမျိုး အပြောခံရတာ ဘာပဲဖြစ်ဖြစ် ဖိုဝါဒကတော့ ခံစားရမှာပဲလေ ဟုတ်တယ်မလား?
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို လှည့်ကြည့်ပြီး
"ထျန်းချန် ရှင် ဒါကြောင့် ရှက်တယ်လို့ ခံစားရလား"
"လုံးဝမခံစားရဘူး"
သူ့မှာ ဒီလိုမျိုး ထက်မြက်တဲ့မိန်းမရှိတာ ဂုဏ်တောင်ယူသေးတယ်။သူက ဘာလို့ ရှက်ရမှာလဲ?
"နင်းမုန့်ယောင်!"
လင်းလော်က နင်းမုန့်ယောင်ကို ကြည့်ကာ သူ့ရဲ့အမူအရာက ဖြူဖျော့နေတယ်။လက်ရှိ သူမက လုံးဝ ပြောင်းလဲသွားတဲ့ လူတစ်ယောက်ပဲ။သူမက သူသိတဲ့လူ မဟုတ်တော့ဘူး။
သူမရဲ့ အဆင့်အတန်းက သူ့ထက် မြင့်မြတ်သွားပြီ။
နင်းမုန့်ယောင်က သူမခေါင်းကို လှည့်ကာ လင်းလော်ကို ကြည့်လိုက်ပြီး
"ကျွန်မလက်ကို လွှတ်ဖို့ ရွေးချယ်ခဲ့တဲ့လူက ရှင်ပဲလေ။ကျွန်မ ရှင့်ကို ဖိအားပေးခဲ့တာ မဟုတ်ဘူး၊ရှင်က ရှောင်ကျီရွှမ်းကို ရှောင်အိမ်တော်ရဲ့ အာဏာနဲ့အဆင့်အတန်းကြောင့် ရွေးချယ်ခဲ့တာ မဟုတ်ဘူးလား"
"ဒါပေမယ့် မင်း ငါ့ကို မပြောခဲ့ဘူး......"
"ကျွန်မက ထုန်ပေါင်ကျိုက်ရဲ့ သခင်ပါလို့ ရှင့်ကို မပြောခဲ့တာလား?ဟားဟား.........လင်းလော် ရှင် ကျွန်မကို ဘာအတွက်ခေါ်သလဲ?"
သူမသာ လင်းလော်ကို သူမက ထုန်ပေါင်ကျိုက်ရဲ့ သခင်ဖြစ်ကြောင်း ပြောခဲ့ရင် သူမက သေချာပေါက် လင်းအိမ်တော်ရဲ့ ရှီဇီဖေးဖြစ်လာမှာပဲ။ဒါပေမယ့် သူမက ဘာလို့ အဲ့လို လုပ်ရမှာလဲ?သူမက ဒီလိုရည်ရွယ်ချက်တွေရှိတဲ့ အိမ်ထောင်ရေးကို စိတ်မဝင်စားပေ။
သူမရဲ့ အနှစ်သက်ဆုံးက ချောင်ထျန်းချန်ပဲ။သူက မြင့်မြတ်တဲ့စစ်သူကြီး ဖြစ်နေတဲ့ အချိန်တုန်းက သူမက အားကိုးရာမရှိတဲ့ လယ်သမားလေးတစ်ဦးပဲ။သူက သူမကို နောက်ပြန်မလှည့်ဘဲနဲ့ အရိုးအထိ ချစ်မြတ်နိုးခဲ့တယ်၊သူမက အမှန်တကယ်ပဲ အဲ့လို ခံစားချက်မျိုးကို ချစ်ခင်နှစ်သက်တယ်။
ဘေးနားက လူတွေက သူတို့ရဲ့ စကားဝိုင်းကို နားထောင်ပြီး မသက်မသာ ခံစားရကာ သူတို့ရဲ့ အမူအရာတွေကနေ သဲကွဲတဲ့ ခံစားချက်တွေကို မြင်နိုင်သည်။
ထိုနှစ်ယောက်က ပတ်သက်မှုရှိခဲ့တာများလား?ဒါပေမယ့် ထိုအချိန်တုန်းက လင်းလော်က တစ်ဖက်လူရဲ့ သရုပ်မှန်ကို အထင်သေးခဲ့ပြီး အဆုံးမှာ ရှောင်အိမ်တော်က မင်းသမီးကို ရွေးချယ်သွားခဲ့တယ်ပေါ့လေ။
ဒါပေမယ့် အခုအချိန်မှာ ထိုမိဘမဲ့မိန်းကလေးက တစ်ချက်တည်းနဲ့ ပြောင်းလဲသွားပြီး အဝေးက ထုန်ပေါင်ကျိုက်ရဲ့ သခင်အစစ်အမှန် ဖြစ်နေခဲ့တယ်။
"ယောင်ယောင် ဒေါသမထွက်နဲ့နော်"
"ဒီမင်းသားက သူ့မျက်လုံးတွေ ပွင့်သွားပြီ။ငါးမျက်စိကို ပုလဲလို့ အထင်မှားပြီး အပြန်အလှန်ပဲ။ကြည့်ရတာတော့ ရှောင်တိုင်းပြည်က လူတွေက ဒီလောက်ပမာဏပဲနဲ့တူတယ်"
ဖုန်းရှို့က ခပ်ဖျော့ဖျော့ ပြုံးကာ လင်းလော်ကို ကြည့်လိုက်ပြီး သူ့ပါးစပ်ထောင့်မှာ လှောင်ပြောင်ထေ့ငေါ့မှု ရှိနေသည်။
"မင်း အဲ့ဒါကို နောက်တစ်ခေါက် ထပ်ပြောစမ်း"
လူအုပ်ကြီးက ဒီကိစ္စကို တက်တက်ကြွကြွ ဆွေးနွေးပြောဆိုနေကြသည်။ဆောင်းဦးလယ်ပွဲတော်က နဂိုတုန်းကတော့ မိသားစုတစ်စုချင်းဆီက သမီးတွေ နန်းတော်ထဲဝင်ဖို့အတွက် ကျင်းပတာဆိုပေမယ့် နင်းမုန့်ယောင်ရဲ့သရုပ်မှန် ဖော်ထုတ်ခံလိုက်ရတာနဲ့ လူတိုင်းရဲ့ အာရုံက သူမဆီ ပြောင်းရွှေ့လာကြပြီး ဒီနေ့ပွဲအခမ်းအနားနဲ့ရည်ရွယ်ချက်ကို မေ့သွားကြသည်။
မိန့်ရိုလင်းက နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ဆီ လျှောက်လာခဲ့သည်။သူမက ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး
"နင် ကောင်းကောင်းဖျော်ဖြေခဲ့တယ်။ချောင်ထျန်းချန် ငါတို့ မင်းကို တကယ်စိတ်ကျေနပ်တယ်"
ချောင်ထျန်းချန်က မျက်ခုံးပင့်လိုက်ပြီး သူ့မျက်နှာက နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေကာ
"အစ်မကြီး။ယောက်ဖ"
"လင်းလော် နင် သိထားသင့်တာက ငါတို့က နင့်ရဲ့ လင်းအိမ်တော်ကို သွေးနဲ့ဆေးပစ်ချင်တယ်ဆိုတာပဲ။ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ရှောင်ယောင်အာက အဲ့ဒါကို သဘောမတူခဲ့ဘူးလေ။ဘာလို့လဲဆိုတော့ သူ(မ)က နင်နဲ့ ဘာမှမပတ်သက်တော့တာကြောင့်တဲ့"
မိန့်ရိုလင်းက လင်းလော်ကို ကြည့်ပြီးတော့ ဆက်ပြောသည်။
"ရှောင်ယောင်အာက သူ့ရဲ့သရုပ်မှန်အစစ်ကို မင်းကို တစ်ခါမှ မပြောခဲ့ဘူးလို့ မင်းပြောတယ်နော်။ဒါပေမယ့် မင်းကရော သူမကို ဘယ်လောက် ရိုးသားခဲ့လို့တုန်း"
လင်းလော်ရဲ့ နှုတ်ခမ်းတွေ တင်းတင်းစေ့သွားပြီး သူ့မျက်ဝန်းတွေထဲမှာ နောင်တတရားတွေ တောက်လောင်နေသည်။
ရှောင်ကျီရွှမ်းက နင်းမုန့်ယောင်ကို ကြည့်လိုက်တဲ့အချိန် အေးစက်သွားတယ်။သူမ(ရှောင်ကျီရွှမ်း) သူမ(နင်းမုန့်ယောင်)ကို လုပ်ကြံဖို့ လူတွေလွှတ်လိုက်တဲ့အခါတိုင်း သူတို့တွေ သူမကို ရှာမတွေ့ခင် ရှူံးလာတာ မထူးဆန်းတော့ဘူး။
ဒါပေမယ့် အခု သူမမှာ ဒီလိုအဆင့်အတန်းတစ်ခု ရှိနေတယ်.......သူမရဲ့ အကြည့်က တိတ်ဆိတ်စွာဖြင့် လင်းလော်အပေါ် ကျရောက်သွားသည်။ရှောင်ကျီရွှမ်းရဲ့ မျက်နှာပေါ်မှာ ရက်စက်တဲ့အပြုံးတစ်ခု ပေါ်လာသည်။
သူက သူမကို လက်မလွတ်နိုင်သေးဘူး။