အခန်း ၂၁၄
Vol. 9 Ch. 214
Chapter 214
သူပြောတာ နားထောင်ပြီးတော့ သူ သူမအတွက်လုပ်လာတဲ့ ဒီအရသာမရှိတဲ့ဟာကြီးကို ကုန်အောင်စားရမယ်ဆိုတာ နင်းမုန့်ယောင် သိလိုက်သည်။
"ခဏနားလိုက်ဦး"
ချောင်ထျန်းချန်က ပန်းကန်အလွတ်ကိုယူကာ နူးညံ့စွာ ပြောလိုက်သည်။
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး
"အင်း"
ချောင်ထျန်းချန်က နင်းမုန့်ယောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အထိ စောင့်နေခဲ့ပြီး အဲ့ဒီနောက် တိတ်တိတ်လေးထကာ အပြင်ထွက်သွားသည်။
သူ စာကြည့်ခန်းထဲ ရောက်လာတဲ့အချိန် လင်းဇီရိုက အဲ့ဒီမှာ စောင့်နေတာဖြစ်သည်။
"ဆရာ"
"စုံစမ်းတာ ဘယ်လိုအခြေအနေရှိလဲ"
"ကျွန်တော်တို့ တတ်နိုင်သလောက် အတိအကျ စုံစမ်းပြီးပါပြီ။ဒီနှစ်တွေမှာ အဲ့ဒီမိသားစု သုံးစုက တကယ်ပဲ ကိစ္စတွေအများကြီးကို လုပ်ခဲ့တယ်။အထူးသဖြင့် အဲ့ဒီ လင်းအိမ်တော်မှာပဲ။သူတို့တွေက စစ်တပ်တစ်ခုကို လျှို့ဝှက်တည်ထောင်ပြီးတော့ ရှောင်အိမ်တော်မှာ ငွေမည်းတွေအများကြီးရှိတယ်။ချောင်မိသားစုအတွက် ပြဿနာက ပိုပြီးကြီးတယ်။သူတို့က စစ်တပ်တစ်ခုကို လျှို့ဝှက်တည်ထောင်ရုံတင်မကဘဲ ဆားတွေပါ မှောင်ခိုလုပ်နေတာ" လင်းဇီရိုက မြန်မြန် တင်ပြလိုက်သည်။
ချောင်ထျန်းချန်ရဲ့ ပါးစပ်ထောင့်တွေက လှောင်ပြုံးကဲ့သို့ ကွေးတက်သွားသည်။စစ်တပ်တစ်ခု တည်ထောင်တယ်၊အကျင့်ပျက်ခြစားတယ်၊ဆားမှောင်ခိုလုပ်တယ်။သူတို့တစ်ယောက်ချင်းဆီတိုင်းက ကြီးလေးတဲ့ပြစ်မှုတွေရှိတာပဲ။အမှန်တကယ်ကို ဘုရားသခင်က သူ့ဘက်မှာ ရှိနေတာပဲ။
"ဧကရာဇ် ငါတို့ကိုပေးလိုက်တဲ့ အဲ့ဒီလူတွေရော ဘယ်လိုအခြေအနေရှိလဲ"
"မစိုးရိမ်ပါနဲ့ဆရာ။သူတို့ မသေပါဘူး"
"သေတာလား?ဒါပေါ့ သူတို့တွေ လွယ်လွယ်သေလို့ မရဘူးလေ။အဲ့ဒီအစား သူတို့တွေ သေချင်ပါတယ်လို့ဆုတောင်းလာတဲ့အထိကို ငါက လိုချင်တာ"
ချောင်ထျန်းချန်ရဲ့အသံက အေးစက်နေပြီးတော့ သူပြောတဲ့စကားတွေက အလွန်ရက်စက်တာကြောင့် လင်းဇီရိုရဲ့ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားသည်။
လဲ့အန်းက တံတွေးမြိုချပြီး
"ဆရာ သူတို့ကို ဘာလုပ်မယ် စီစဉ်ထားလဲ"
"သူတို့ကို အရင်သွားကြည့်တာပေါ့"
ချောင်ထျန်းချန်က ပြန်မဖြေဘဲ ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်သည်။
သူတို့က ချောင်ထျန်းချန်နောက်ကိုလိုက်ပြီး ထိုလူတွေကို ချုပ်နှောင်ထားတဲ့ မြေအောက်အကျဉ်းတိုက်ကို သွားသည်။သူတို့တွေ အထဲဝင်သွားတဲ့အခါ သူတို့ထဲကအချို့က အကျဉ်းခန်းအစား ပွဲခန်းမလိုမျိုးထိုင်နေတာကို တွေ့လိုက်ရသည်။
ချောင်မိုက ချောင်ထျန်းချန်ကိုကြည့်ပြီး သရော်ကာ
"တတိယသခင်လေး ကျွန်တော်တို့ကို လွှတ်ပေးလိုက်ဖို့ အကြံပေးမယ် အဲ့လိုဆို အချိန်ရောက်လာလို့ အဆုံးသတ်ကျရင် မင်း မရှုံးတော့ဘူးပေါ့"
အဲ့ဒီ မောက်မာတဲ့ပုံစံက လင်းဇီရိုနဲ့လဲ့အန်းကို မျက်မှောင်ကြုတ်သွားစေသည်။သူက အခု အကျဉ်းသားတစ်ယောက်ပဲကို ဆရာ့ကို မောက်မာပိုင်ခွင့်မရှိဘူး။
ဒါပေမယ့် ချောင်ထျန်းချန်က စိတ်အနှောင့်အယှက်ဖြစ်သွားပုံ မပေါ်ပေ။သူက လင်းဇီရိုဘက်ကိုသာ လှည့်လိုက်ပြီး
"သူ့ကိုထုတ်ခဲ့"
ဒီနေ့ သူ့ကိုလာထိတဲ့အတွက် ဘာဖြစ်မလဲဆိုတာ သေချာမြင်စေရမယ်။
"ဟုတ်ကဲ့ဆရာ"
နှစ်ယောက်သား အကျဉ်းထောင်တံခါးကို ဖွင့်ပြီးတော့ သူ့ကို ညှဉ်းပန်းနှိပ်စက်တဲ့စင်မှာ ချည်နှောင်ထားလိုက်သည်။
ချောင်ထျန်းချန်က အနားက ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်လိုက်ပြီး ဘေးနားက မီးဖိုကို စိုက်ကြည့်နေခဲ့သည်။
"သူ့အကြောမျှင်တွေကို လှီးလိုက်"
"ဟုတ်ကဲ့"
လဲ့အန်းက ဓားမြှောင်တစ်ချောင်း ဆုပ်ကိုင်ကာ ချောင်မိုဆီသို့သွားသည်။သူ ဘာမှမပြောနိုင်ခင် လဲ့အန်က သူ့ရဲ့ လက်ကောက်ဝတ်နဲ့ခြေကျင်းဝတ်တို့ကို လှီးပစ်လိုက်သည်။
နာကျင်မှုတစ်ခုတည်းကိုသာကို ချောင်မို ခံစားရသည်။သူ ချောင်ကျန်းဟုန်နောက်ကိုလိုက်ကတည်းက ဒီလိုနာကျင်မှုခံစားခဲ့ရတာ ဘယ်လောက်ကြာပြီလဲ?
ချောင်ထျန်းချန်က နာကျင်မှုကြောင့် မဲ့ရွဲ့နေတဲ့ ချောင်မိုကို ကြည့်လိုက်သည်။သူက ထပြီးတော့ လဲ့အန်းဆီသွားကာ သူ့လက်ထဲက ဓားမြှောင်ကို ယူလိုက်သည်။သူက ချောင်မိုရှေ့ကို ဖြည်းဖြည်းချင်းသွားပြီး အေးစက်စက်ကြည့်ကာ
"အဲ့တော့ ငါက မလွတ်ဘူးပေါ့လေ"
သူက ပြောပြီးတော့ ဓားမြှောင်ကို ချောင်မိုရဲ့ဒဏ်ရာထဲသို့ ထိုးစိုက်လိုက်သည်။
"ဒါက နာမှာပဲနော် ဟုတ်တယ်မလား" ချောင်ထျန်းချန်က တိုးတိုးလေးညင်သာစွာ ပြောလိုက်သည်။
"ချောင်ထျန်းချန် မင်း သေချင်နေတာပဲ"
ချောင်မိုက နာကျင်မှုကြောင့် ချွေးတွေထွက်နေပေမယ့်လည်း ခေါင်းမော့ကာ ချောင်ထျန်းချန်ကိုကြည့်ပြီး အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။
ချောင်ထျန်းချန်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး
"ဘယ်သူက သေတော့မလဲဆိုတာ မင်းစမ်းကြည့်လို့ရတယ်။အဲ့ဒီလူက သူ့ကိုယ်သူ ကြိုးစားပြီး ကယ်သွားမှာ။မင်းကို ကူညီလိမ့်မယ်လို့ ထင်နေတာလား?မင်းတစ်ယောက်ထဲပဲ လက်စားချေဖို့ လုပ်ရမှာ"
ချောင်ထျန်းချန်က သူ့လက်ထဲက ဓားမြှောင်ကို အဝေးသို့ လွှင့်ပစ်လိုက်သည်။
သူ့အကြည့်က ချောင်မိုရဲ့လက်ကောက်ဝတ်က ဒဏ်ရာပေါ်ကို ရောက်သွားပြီး
"ဒီနေရာမှာ ပုရွတ်ဆိတ်တွေအများကြီးရှိတာ သေချာတယ်"
ဒီလို ရယ်စရာကောင်းတဲ့ဝါကျက လဲ့အန်းကို ဘာကြောင့်မှန်းမသိ။ထိတ်လန့်သွားစေတယ်။သူ....ဘာလုပ်ဖို့ ကြံစည်နေတာလဲ?
"သူ့အဝတ်အစားတွေ ဆွဲဖြဲလိုက်" ဟု ချောင်ထျန်းချန်က အမိန့်ပေးလိုက်သည်။
လဲ့အန်းနဲ့လင်းဇီရိုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်စည်။သူတို့နှစ်ယောက်က ချောင်မိုဆီကို လျှောက်သွားပြီး တစ်ပြိုင်နက်ထဲ သူ့အဝတ်တွေကို ဆွဲချွတ်ပစ်ကာ အတွင်းခံတွေသာ ချန်ထားခဲ့သည်။
ချောင်ထျန်းချန်က ကြမ်းပြင်ပေါ်က ဓားမြှောင်ကို ကောက်ယူပြီး ကြွေပုလင်းတစ်ခုကို ထုတ်ကာ ၎င်းထဲက ပါရှိတဲ့အရာအချို့ကို ဓားမြှောင်ပေါ်သို့ သုတ်လူးလိုက်သည်။ပြီးနောက် ဓားမြှောင်ကိုအသုံးပြုပြီး ချောင်မိုကို ဒဏ်ရာများစွာရရှိအောင် လုပ်လိုက်သည်။ဒဏ်ရာတွေက သေးငယ်ပြီးတော့ သွေးထွက်တာက မပြင်းထန်ပေ။
ချောင်ထျန်းချန်က တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။သူ အဲ့ဒါကို ချောင်မိုရဲ့ဒဏ်ရာတွေအပေါ်လောင်းချတဲ့အချိန် လဲ့အန်းက ချိုမြိန်တဲ့ရနံ့ကို ခံစားမိသွားသည်။သူတို့တွေက ချက်ချင်းပဲ ချောင်ထျန်းချန် ဘာလုပ်မှာလဲဆိုတာ သဘောပေါက်သွားသည်။