အခန်း ၁၀၅
Vol. 5 Ch. 105
Chapter 105
ရှောင်ကျီရွှမ်းက လင်းလော်ရဲ့စာကြည့်ခန်းကို အစေခံတွေခေါ်ပြီး ရောက်လာခဲ့ပြီးတော့ အစောင့်တွေစောင့်နေတာတွေ့တော့ မျက်မှောင်ကြုံ့သွားသည်။
"သခင်လေးက အခုထိထွက်မလာသေးဘူးလား"
"သခင်မလေးကို ပြန်ဖြေပါတယ် သခင်လေးက အခုထိထွက်မလာသေးပါဘူး"
"နင်တို့အားလုံးသွားလို့ရပြီ ဒီသခင်မကအထဲဝင်သွားလိုက်ဦးမယ်"
ရှောင်ကျီရွှမ်းက သူမလက်ကိုရမ်းကာ သူတို့ကိုနောက်ဆုတ်သွားခိုင်းလိုက်သည်။
အစောင့်နှစ်ယောက်က အချင်းချင်းကြည့်လိုက်ကြပြီး ရှောင်ကျီရွှမ်းကို တားလိုက်ကာ
"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပါသခင်မလေး ဒါပေမယ့် သခင်လေးက ဘယ်သူ့ကိုအဝင်မခံဖို့ ကျွန်တော်တို့ကိုပြောထားပါတယ်"
"ရဲတင်းလှချည်လား!"
ရှောင်ကျီရွှမ်း မျက်နှာကအေးစက်သွားပြီး အစောင့်နှစ်ယောက်ကို ဒေါသတကြီး ကြည့်လိုက်သည်။
ဒီမိသားစုမှာ အမတ်နဲ့အမတ်မင်းကတော်ကလွဲရင် သူမက ဘယ်သူ့ကိုကြောက်ရမှာလဲ?အမတ်မင်းကတော်ကတောင်မှ သူမကို မျက်နှာသာပေးရတယ် ဘာလို့လဲဆိုတော့ သူမဖခင်က ဧကရာဇ်ရှောင် ဖြစ်နေလို့ပဲ။
စာကြည့်ခန်းထဲက လင်းလော်က အပြင်ကအသံတွေကို ကြားတော့ သူ့မျက်လုံးထဲရွံရှာမှူတွေ ဖြတ်ပြေးသွားသည်။သူက ပန်းချီကားကိုသိမ်းလိုက်ပြီး ထသွားလိုက်သည်။
"မင်း ဘာလို့ ဒီမှာ ပြဿနာရှာနေတာလဲ"
ရှောင်ကျီရွှမ်းက လင်းလော်ရဲ့ အသံကိုကြားတဲ့အခါမှာ သူမက မတရားခံရတဲ့ပုံစံနဲ့
"ယောကျာ်း ကျွန်မက ကြမ္မာကောင်းကင်စားသောက်ဆိုင်မှာ ဟင်းပွဲအသစ်တွေရှိတယ်ကြားလို့ အဲ့ဒါကြောင့် ရှင့်ကိုခေါ်ပြီးတော့ ကျွန်မတို့အတူတူအပြင်ထွက်ပြီး အဲ့ဒါကို မြည်းကြည့်ရအောင်လို့လေ"
"ကိုယ်အခုသိပြီ။အပြင်မှာသွားစောင့်နေလေ။အဝတ်အစားလဲလိုက်ဦးမယ်"
လင်းလော်က မျက်ခုံးတွန့်သွားပြီး ငြင်းလိုက်ချင်ပေမယ့် ရှောင်ကျီရွှမ်းမျက်လုံးထဲက မျှော်လင့်ချက်ကိုတွေ့ပြီးတော့ သဘောတူပေးလိုက်ရသည်။
ရှောင်ကျီရွှမ်း မျက်နှာမှာ အပြုံးတစ်ခုပေါ်ပေါက်သွားပြီး
"ကျွန်မသိပြီ။ကျွန်မရှင့်ကို အပြင်ကနေစောင့်နေမယ်နော်"
လင်းလော်က ခေါင်းငြိမ့်လိုက်ပြီး ရှောင်ကျီရွှမ်းထွက်သွားတာကို ကြည့်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
ခြေတစ်လှမ်းမှားလိုက်ပြီးတာနဲ့ နောက်ခြေလှမ်းတွေလည်း မှားတော့တာပဲ။သူ နောက်ပြန်လှည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
သူ့အခန်းကိုပြန်ပြီးတော့ အဝတ်အစားတွေလဲပြီးတဲ့နောက် လင်းလော်က ရှောင်ကျီရွှမ်းကို အဖော်ပြုကာ ကြမ္မာကောင်းကင်စားသောက်ဆိုင်ကို သွားသည်။
ဆိုင်ရှင်ချန်းက လင်းလော်ကိုတွေ့တော့ သူ့မျက်နှာက ပြုံးသွားပြီး
"ဆက်ခံသူသခင်လေးနဲ့သခင်မလေးတို့ မင်္ဂလာပါ"
"ငါတို့ကို တိတ်ဆိတ်တဲ့ အခန်းတစ်ခုပေး"
လင်းလော်က ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်သည်။
"ကျေးဇူးပြုပြီး ဒီလမ်းပါ"
လင်းလော်က အစေခံနောက်ကိုလိုက်ကာ လှေကားပေါ်တက်သွားပြီး ရှောင်ကျီရွှမ်းက ခန်းမထဲက လူတွေကိုတွေ့တော့ မတတ်နိုင်ဘဲ မျက်မှောင်ကြုံ့သွားသည်။
အခန်းဆီကို လင်းလော်နောက်ကနေ လိုက်သွားပြီး သူတို့အထဲရောက်တာနဲ့ ရှောင်ကျီရွှမ်းက ပြောတော့သည်
"ကြမ္မာကောင်းကင်မှာ လူတွေမှ အများကြီးပဲ သံသယဝင်စရာကောင်းတဲ့ လူတွေတောင်ရှိသေးတယ်!"
"ကျီရွှမ်း နောက်တစ်ခါ အဲ့လိုမျိုး လျှောက်မပြောနဲ့"
လင်းလော်က ရှောင်ကျီရွှမ်းကို ကြည့်လိုက်ပြီး အေးစက်စက် သတိပေးလိုက်သည်။
တစ်ခြားလူတွေက မသိနိုင်ပေမယ့် သူက ဘယ်လိုလုပ် မသိပဲနေပါ့မလဲ?ကြမ္မာကောင်းကင် စားသောက်ဆိုင်ရဲ့ နောက်ကွယ်ကလူက တော်ဝင်မိသားစုရဲ့ ဘုရင်ချီ*ဖြစ်တဲ့ ရှောင်ချီထျန်းပဲ။
(ဒီနေရာက အမှန်တကယ်ဆို မင်းသားလို့ ဖြစ်ရမှာနဲ့တူတယ်။e-transမှာက ဘုရင်ဆိုပြီးရေးထားတာ ကိုယ်လည်း အဲ့အတိုင်းပဲရေးလိုက်တယ်၊ နောက်အပိုင်းတွေကျမှ ကြည့်ပြီး ပြန်ပြင်ပေးမယ်နော်)
ဒီနေရာမှာ စားကြတဲ့လူတွေကလည်း လူချမ်းသာတွေပဲ။သူမဒီလိုပြောလိုက်ရင် ပြဿနာတွေပဲ ဖြစ်လာလိမ့်မယ်။
ရှောင်ကျီရွှမ်းက ပြန်ပြောချင်ပေမယ့် လင်းလော်ရဲ့ မပျော်ရွှင်နေတဲ့ အကြည့်ကိုတွေ့တော့ သူမက လိမ်လိမ်မာမာနဲ့ သူမခေါင်းကိုငြိမ့်လိုက်ကာ
"ကျွန်မသိပါပြီ"
"ကောင်းတယ်"
"ငါတို့ကို မင်းတို့ရဲ့ အကောင်းဆုံးဟင်းပွဲတွေနဲ့ ဝိုင်အိုးနည်းနည်းလောက်ချပေး"
"အမွေဆက်ခံသူ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ဆီးပန်းဝိုင်၊မက်မွန်ဝိုင်၊အရက်စစ်နဲ့ ဝါးစိမ်းဝိုင်တို့က ရောင်းကုန်သွားပါပြီ။"
အစေခံက အကူအညီမဲ့စွာ ဖြေလိုက်သည်။
အစက ပျင်းရိနေတဲ့ လင်းလော်က အစေခံရဲ့စကားတွေကိုကြားတော့ သူ့မျက်လုံးတွေ ပြူးသွားပြီး
"ဒီမှာရှိတဲ့ဝိုင်တွေအကုန်လုံး ရောင်းထွက်သွားပြီလို့ မင်းပြောလိုက်တာလား"
အစေခံက နေရခက်နေပြီး သူ့ခေါင်းကိုကုတ်လိုက်သည်။သူက လင်းလော်ကို ဒီလိုမျိုးတွေ့ရတာ ကြောက်နေပြီး လင်းလော်ကတော့ အလျင်လိုနေခဲ့သည်။
"ပြောလေ"
အစေခံက ထက်မြတ်တဲ့ လူတစ်ယောက်ဖြစ်ပြီး သတိရှိကာ
"မက်မွန်ဝိုင်၊ဆီးပန်းဝိုင်၊အရက်စစ်နဲ့ ဝါးစိမ်းဝိုင်တွေအားလုံး ကုန်သွားပါပြီ"
လင်းလော်က သူ့ခုံမှာ ထိုင်လိုက်တယ်။မက်မွန်ပန်းဝိုင်လား?သူမပဲဖြစ်ရမယ်။ဒီဝိုင်တွေကို သူမချက်တာပဲဖြစ်ရမယ်။
သူမက အဲ့လောက်အထိကို တော်ပြီးထက်မြတ်တာ။သူမလိုချင်တဲ့ ဘယ်လိုဝိုင်မျိုးမဆို သူမချက်နိုင်တယ်။
သူမက နိုင်ငံတကာက ဝိုင်မာစတာတစ်ယောက်ပဲလေ။သူမနဲ့ထိတွေ့မှု အရှိဆုံးအရာက ဝိုင်ပဲမဟုတ်ဘူးလား?
ရှောင်ကျီရွှမ်းက လင်းလော်အမူအရာပြောင်းသွားတာမြင်ပြီး သူမစိတ်ထဲ ရှုပ်ထွေးသွားသည်။
"ယောကျာ်း အဲ့ဒါဘာဖြစ်လို့လဲ?ရှင် အဆင်ပြေရဲ့လား"
လင်းလော်ဆီကနေ ပေါက်ကွဲလုနီးပါးဖြစ်နေတဲ့ ခံစားချက်တွေက ရှောင်ကျီရွှမ်းစကားတွေကိုကြားတော့ ရေအေးတစ်ပန်းကန်နဲ့ လောင်းချခံရသလို ဖြစ်သွားသည်။အေးစက်မှုက ခေါင်းကနေခြေဖျားအထိရောက်သွားသည်။ဒီလိုခံစားချက်မျိုးက လူတွေကို မသက်မသာဖြစ်စေသည်။
"အဆင်ပြေပါတယ်"
လင်းလော်က ပြုံးပြလိုက်ပြီး အစေခံဆီကို ပြန်လှည့်ကာ
"ဒါဆို တစ်ခြားဝိုင်ရှိသေးလား"
"ဟုတ်ကဲ့ အိုးအချို့အဆင်သင့်ရှိပါတယ်"
"အားလုံးယူခဲ့လိုက်"
"ဟုတ်ကဲ့"
အစေခံကောင်လေးထွက်သွားတာနဲ့ လင်းလော်မျက်လုံးတွေက ငေးငေးငိုင်ငိုင်ဖြစ်သွားခဲ့သည်။သူ့ဘေးနားထိုင်နေတဲ့ ရှောင်ကျီရွှမ်းက လင်းလော်ကို ဒီလိုမြင်လိုက်တော့ သူမမျက်နှာက မည်းသွားပြီး ကြောက်ဖို့ကောင်းလာသည်။
သူမ လင်းလော်က ဘယ်တုန်းက ဒီလိုမျိုး မြင်ရလို့လဲ?သူကဘာလို့ ဝိုင်နာမည်နည်းနည်းလောက်နဲ့ ပြောင်းလဲသွားရတာလဲ?
သူနဲ့ ဝိုင်ရဲ့ကြားထဲက ဆက်ဆံရေးကဘာလဲ?မေးခွန်းတွေက တစ်ခုပြီးတစ်ခု သူမစိတ်ထဲပေါ်လာခဲ့ပြီး ရှောင်ကျီရွှမ်းကို စိတ်ရှုပ်သွားစေသည်။