အခန်း ၂၉၁
Vol. 12 Ch. 291
Chapter 291
လင်းလော်က တကယ်လည်း လက်မလွှတ်နိုင်ပေ။လက်ရှိမှာ သူက သူ ဘာလို့ ထိုအချိန်တုန်းက ရှောင်ကျီရွှမ်းကို ရွေးချယ်မိခဲ့တာလဲဆိုပြီး နောင်တရနေတယ်၊သူသာ ရှောင်ကျီရွှမ်းကို မရွေးချယ်ခဲ့ရင် အခုလက်ရှိအချိန်မှာ လူတိုင်း မနာလိုအားကျပြီးတော့ နင်းမုန့်ယောင်ဘေးမှာ ရပ်နေတဲ့လူက ချောင်ထျန်းချန်မဟုတ်ဘဲ သူ ဖြစ်နိုင်တယ်။
လင်းလော်က နင်းမုန့်ယောင်ကို အုံ့မှိုင်းနေတဲ့ အမူအရာဖြင့် ကြည့်လိုက်သည်။သူက အံကြိတ်ပြီးတော့
"ငါ ဒီလိုမျိုး အရှုံးပေးမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
သူ နင်းမုန့်ယောင်ကို သူ့လက်ထဲ ပြန်ရောက်လာအောင် လုယူပစ်မယ်။
သူနဲ့နင်းမုန့်ယောင်က သူတို့ရဲ့ အတိတ်ဘဝတုန်းက လက်ထပ်ပွဲတစ်ခု ရှိခဲ့ပြီးသားဖြစ်ပြီး ချောင်ထျန်းချန်မှာ မရှိနိုင်တဲ့အရာပင်။နင်းမုန့်ယောင်က အဲ့အကြောင်းကို မေ့သွားလိမ့်မယ်ဆိုတာ သူမယုံဘူး။
သူမရဲ့စိတ်ထဲမှာ သေချာပေါက် သူ့ရဲ့ ရွေးချယ်မှုကို စိတ်ဆိုးနေလောက်တယ်၊အဲ့ဒါကြောင့်ပဲ သူ့ကို ဒီလိုဆက်ဆံနေတာ။
သူ ထိုအကြောင်းကို ပိုပြီးတော့ တွေးလေ လင်းလော်က ၎င်းက ပိုပြီးတော့ ဖြစ်နိုင်ချေရှိတယ်လို့ ခံစားရလေပဲ။သူက နင်းမုန့်ယောင်ကို စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ ရူးရူးမူးမူး စွဲလမ်းမှုရှိနေသည်။
နင်းမုန့်ယောင်က မတတ်နိုင်ဘဲ ထိုအကြည့်ကို မျက်မှောင်ကြုတ်သွားတယ်။သူမက လူတွေ သူမကို အဲ့လိုအကြည့်မျိုးနဲ့ကြည့်တာကို သဘောမကျပေ။ပြီးတော့ စက်ဆုပ်တယ်လို့ ခံစားရသည်။
"ထျန်းချန် ကျွန်မ သူ့အကြည့်ကို မကြိုက်ဘူး!"
နင်းမုန့်ယောင် မျက်မှောင်ကြုတ်သွားတယ်။
ချောင်ထျန်းချန်ရဲ့ ပုံရိပ်က မရွေ့သွားပေမယ့် လင်းလော် အပြင်ဘက်ကို ပျံသန်းသွားတာကို မြင်လိုက်ရသည်။ထိုအရှိန်က အနီးအနားက လူအုပ်ကြီးကို မျက်လုံးပြူးသွားစေတယ်။ ချောင်ထျန်းချန်က ဘယ်လောက် အံ့ဩဖို့ကောင်းလိုက်လဲ?
လင်းလော်က မြေကြီးပေါ် လဲကျသွားပြီး ပါးစပ်ထဲကနေ သွေးအန်ထွက်လာခဲ့သည်။သူက မသက်မသာဖြစ်စွာဖြင့် မတ်တပ်ပြန်ရပ်ပြီး သူ့ပါးစပ်ထောင့်က သွေးစတွေကို သုတ်ကာ
"ယောင်အာ ကိုယ့်နားကို ပြန်လာခဲ့။ကိုယ် မင်းနဲ့ချောင်ထျန်းချန်ကြားထဲက ကိစ္စတွေအားလုံးကို မေ့ပစ်ပေးမယ်"
ရှောင်ချီထျန်းက သူ့စကားတွေကိုကြားတော့ မတတ်နိုင်ဘဲ အော်ရယ်လိုက်သည်။သရဲတောင်မှ ဒီလိုအရှက်မရှိတဲ့လူမျိုးကို ကြောက်သွားလောက်တယ်။သူတစ်ယောက်ထဲပဲ ဒီလိုစကားမျိုးတွေ ပြောနိုင်တာ။
လင်းလော်ရဲ့အဖေနဲ့အမေကလည်း လင်းလော်ရဲ့အတွေးနဲ့ အတူတူပင်ဖြစ်သည်။သူတို့တွေ လက်ရှိမှာ နောင်တတွေနဲ့ ပြည့်နှက်နေတယ်။သူတို့တွေ ဘာလို့ ထိုအချိန်တုန်းက လင်းလော်နဲ့နင်းမုန့်ယောင် အတူတူရှိမှာကို ငြင်းပယ်ခဲ့မိတာလဲ?
အမတ်ကတော်လင်းက နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်ထားပြီး အဲ့ဒါတွေအကုန်လုံးက နင်းမုန့်ယောင်ရဲ့အမှားပဲလို့ ခံစားရတယ်။သူမသာ လျှို့ဝှက်စွာဖြင့် သဲလွန်စအချို့ ဖော်ပြခဲ့မယ်ဆိုရင် ကိစ္စတွေက ဒီလိုအဆုံးသတ်မှာ မဟုတ်ဘူး။
ဆုံးရှုံးသွားရတဲ့ ဂုဏ်သရေရှိမှုအားလုံးကို စဉ်းစားမိပြီး သူမရဲ့စိတ်ထဲ အမုန်းတွေ ပြည့်နှက်သွားသည်။
လင်းအိမ်တော်က လူတွေထဲမှာ ရှောင်ကျီရွှမ်းက အမုန်းဆုံးလူပင်ဖြစ်သည်။သူမ အရာအားလုံး ဆုံးရှုံးလုနီးပါး ဖြစ်နေတဲ့ အချိန်မှာပဲ နောက်ထပ် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုကို ရင်ဆိုင်လိုက်ရသည်။
"မုန့်ယောင် လင်းလော် ပြောသလိုပဲ လူတိုင်းမှာ သူတို့ရဲ့ သိမ်ဖျင်းတဲ့အချိန်ဆိုတာ ရှိတာပဲလေ၊ငါတို့ စိတ်ထဲ မထားပါဘူး"
နင်းမုန့်ယောင်က အမတ်လင်းရဲ့စကားတွေကို ရွံရှာသွားတယ်၊ရှောင်ချီဖုန်းနဲ့ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို စိတ်ဝင်စားစွာဖြင့်ကြည့်ကာ သူတို့ရဲ့ ခန္ဓာကိုယ်တွေ တုန်ယင်နေခဲ့သည်။ချောင်ထျန်းချန်ရဲ့မျက်နှာက မည်းနက်နေပြီဖြစ်ပြီး သူတို့ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုရှိနေသည်။
"ကံကောင်းလို့ ငါ နေ့လယ်စာ မစားရသေးလို့ပေါ့။မဟုတ်ရင် အခုချက်ချင်း အန်နေလောက်ပြီ။ဘယ်လိုလုပ် ဒီလောက် အရှက်မရှိတဲ့လူ ရှိရတာလဲ?ပြီးတော့ သူက အမတ်တစ်ယောက်တောင် ဖြစ်နေသေးတယ်"
မိန့်ရိုလင်းက အမတ်လင်းကို ရွံ့ရှာစွာဖြင့် ကြည့်လိုက်သည်။
အမတ်လင်းရဲ့မျက်နှာက အေးစက်သွားပေမယ့် မိန့်ရိုလင်းရဲ့ အထောက်အထားကို ပြန်စဉ်းစားမိပြီး သူ့ရဲ့ စိတ်မကျေနပ်မှုကို ဖိနှိပ်ထားလိုက်ရသည်။
မိန့်ရိုလင်းက အမတ်လင်းကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။အဲ့ဒီနောက် နင်းမုန့်ယောင်ဘက်ကို လှည့်ကြည့်လိုက်ပြီး
"ယောင်အာ ငါတို့ ဒီမတ်ကလေးကို အရမ်း စိတ်ကျေနပ်တယ်။ရုပ်ဆိုးတဲ့တစ်ယောက်ကို ငါတို့ဆီ ပြန်ခေါ်မလာခဲ့နဲ့နော်"
"အစ်မမိန့် ညီမခေါင်းက ကောင်းပါတယ်နော်"
နင်းမုန့်ယောင်က မျက်လွှာချကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
မိန်ရိုလင်းက ၎င်းကို ကြားပြီးနောက် အပြည့်အဝ စိတ်သက်သာရာရသွားသည်။
နန်ကုန်းချီက နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက ရူးသွပ်မှုဖြင့် ပြည့်နှက်နေကာ
"ဘာပဲဖြစ်ဖြစ် ငါ နင်းမုန့်ယောင်ကို ရရမယ်"
သူသာ နင်းမုန့်ယောင်ကို ရရှိထားသရွေ့ ထီးနန်းအတွက် စိုးရိမ်စရာ မလိုတော့ဘူး။
နန်ကုန်းယွဲ့က နန်ကုန်းချီကို တစ်ချက်ကြည့်လိုက်ပြီး
"နင် သေချင်တယ်ဆိုရင် ကြိုးစားကြည့်လေ" ဟု ထေ့ငေါ့လိုက်သည်။
နန်ကုန်းချီရဲ့ အမူအရာက အေးစက်သွားပြီး
"နန်ကုန်းယွဲ့ မင်းက ငါ့ကို အများကြီး ကူညီခဲ့တာနဲ့ပဲ ငါ့ကိစ္စတွေမှာ ဝင်စွက်ဖက်လို့ရတယ်လို့ ထင်မနေနဲ့"
နန်ကုန်းယွဲ့က နန်ကုန်းချီရဲ့ ဘာကိုမှ ဂရုမစိုက်တဲ့ပုံစံကို ကြည့်ကာ လှောင်လိုက်ပြီး
"အဲ့လိုဆိုမှတော့ စိတ်ကျေနပ်သလိုသာ လုပ်ပါတော့။ကျွန်မနဲ့ ဘာမှမဆိုင်ဘူး"
နင်းမုန့်ယောင်က ရင်ဆိုင်ဖို့ လွယ်တယ်လို့ သူက ထင်နေတာလား?ထုန်ပေါင်ကျိုက်ကို ဒီလိုအဆင့်အထိ တိုးတက်အောင် လုပ်နိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ကို လွယ်လွယ် အပြစ်ပြုလို့ရနိုင်မှာလား?
နန်ကုန်းချီရဲ့ အမူအရာ တောင့်တင်းသွားတယ်။သူက နှာခေါင်းရှုံ့လိုက်ပြီး ဆက်မပြောတော့ချေ။သူမရဲ့ အကူအညီ မရှိရင်တောင်မှ သူ ထီးနန်းကို ရအောင် ယူနိုင်တယ်။ထိုအချိန်မှာ.......နန်ကုန်းချီရဲ့ မျက်နှာပေါ်တွင် ရက်စက်ယုတ်မာမှု ပေါ်လာတယ်။သူ့ကို တားတဲ့ ဘယ်သူမဆို သေရမယ်........
"အရှင်မင်းကြီး ဘာမှမရှိတော့ဘူးဆိုရင် ကျွန်မတို့ ထွက်သွားပါတော့မယ်"
မိန့်ရိုလင်းက ဘာကြောင့် ရုတ်တရက် ပေါ်လာပြီးတော့ သူမရဲ့ သရုပ်မှန်ကို ဖော်ထုတ်ခဲ့ရတာလဲဆိုတာ သူမ သိချင်မိတယ်။