အခန်း ၂၅၁
Vol. 11 Ch. 251
Chapter 251
အမတ်ကတော်က သဘာဝအားဖြင့် မြေးတွေကို သဘောကျတယ်။ဒါပေမယ့် ဒီတစ်ခေါက် အဖြစ်အပျက်က သူမကို ရှောင်ကျီရွှမ်းရဲ့ မောက်မာရိုင်းစိုင်းမှုကို အမှတ်ရသွားစေပြီး ဘယ်လိုနည်းနဲ့မှ အဲ့ဒီကလေးကို သဘောမကျနိုင်တော့ဘူး။
လင်းလော်က အဲ့ဒါကို ထုတ်ပြောပြီးတဲ့နော် အမတ်ကတော်က ကလေးမွေးတဲ့အချိန်တုန်းက ရှောင်အိမ်တော်က ပို့လာတဲ့ လက်ဆောင်ပစ္စည်းတွေ ပြီးတော့ ကလေးအပေါ်မှာထားတဲ့ ရှောင်ရီလင်းရဲ့ အချစ်ကို စဉ်းစားမိပြီး စိုးရိမ်လာကာ အမူအရာပြောင်းလဲသွားပြီး မျက်ခုံးတွန့်သွားသည်။
"ဒါက ပြဿနာမဖြစ်သင့်ဘူး ဟုတ်တယ်မလား"
"အမေ အခြားကိစ္စမရှိတော့ဘူးဆိုရင် ကျွန်တော် ကျွန်တော့်ကလေးကို သွားကြည့်တော့မယ်"
သူ အဲ့ဒီနေရာမှာ ဆက်ပြီးတော့ မနေချင်တော့ဘူး။သူ့မှာ ကိုင်တွယ်ရမယ့် ကိစ္စတွေ အများကြီးရှိသေးတယ်။ဒီအမျိုးသမီးအုပ်စုကို ကိုင်တွယ်ဖို့ သူ့မှာ အချိန်မရှိဘူး။
သူမကို စကားပြောခွင့် မပေးဘဲနဲ့ လင်းလော်က လှည့်ထွက်သွားသည်။
သူ ထွက်သွားပြီးတဲ့နောက် အမတ်ကတော်က ဒီအမျိုးသမီးတွေနဲ့ စကားဆက်ပြောဖို့ စိတ်မပါတော့ပေ။သူမက စိတ်မရှည်စွာနဲ့ သူတို့ကို ထွက်သွားဖို့ လက်ခါပြလိုက်ပြီး အဲ့ဒီနောက် သူမ ထိုင်ခြံပေါ်မှာ ထိုင်ကာ ဂနာမငြိမ်ဖြစ်နေခဲ့သည်။
လင်းလော် ရှောင်ကျီရွှမ်းနားကို ပြန်လာတဲ့အချိန် ရှောင်ကျီရွှမ်းရဲ့ အော်ဟစ်နေတာကို ကြားလိုက်ရသည်။
"ရှင်တို့ဘာပြောလိုက်တယ် နောက်တစ်ခေါက် ထပ်ပြောစမ်း!"
ရှောင်ကျီရွှမ်းက သူမရှေ့က သမားတော်တွေကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေသည်။
ပညာအကြွယ်ဝဆုံး သမားတော်က အနည်းငယ် စိုးရိမ်လာပြီး
"ကလေးရဲ့အဖျားက သက်သာသွားပါပြီ။ဒါပေမယ့်.........ဒါပေမယ့်.........."
"ဒါပေမယ့် ဘာဖြစ်လဲ?တိုက်ရိုက်ပြောလိုက်စမ်းပါ"
ရှောင်ကျီရွှမ်းက အံကြိတ်ပြီးတော့ သူမရှေ့ကယောကျာ်းတွေကို ဒေါသတွေအပြည့်နဲ့ စိုက်ကြည့်လိုက်သည်။
"သူ့ရဲ့အဖျားက သက်သာသွားပြီဆိုပေမယ့် အဲ့ဒါက အရမ်းနောက်ကျလွန်းသွားတယ်။နောင်ကျရင်ကလေးရဲ့ ဉာဏ်ရည်က.......ဖြစ်နိုင်တာက.........."
သူက စကားကို ပြီးဆုံးအောင် မပြောသွားပေ။ဒါပေမယ့် အရူးမဟုတ်တဲ့လူတိုင်း သူ ပြောတာ ဘာအဓိပ္ပာယ်လဲဆိုတာကို နားလည်ကြသည်။
"မဟုတ်ဘူး........မဖြစ်နိုင်ဘူး..."
သူမရဲ့သားက အရမ်းချစ်ဖို့ကောင်းတာလေ ဒါပေမယ့် ဘယ်လိုလုပ် ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ?သူမ စိတ်ထဲ ဘယ်လိုလုပ် အမုန်းတွေနဲ့ မပြည့်နှက်ဘဲ နေမှာလဲ?
"အရိပ်(၁) ထွက်လာခဲ့"
ရှောင်ကျီရွှမ်းက ခြေနှစ်လှမ်းနောက်ဆုတ်သွားပြီး သူမရဲ့မျက်နှာက ရူးသွပ်မှုအပြည့်ပင်။
"သခင်"
"ငါ့အတွက်သွားပြီးတော့ စုံစမ်းပေး။ငါ့ကလေး မဖျားခင်တုန်းက စောင့်ရှောက်ပေးတဲ့လူက ဘယ်သူလဲဆိုတာ သိချင်တယ်" ရှောင်ကျီရွှမ်းက အံကြိတ်ကာ ပြောလိုက်သည်။
ရှောင်ကျီရွှမ်း ချစ်ခင်ဂရုစိုက်ရတဲ့အရာတွေကို အလွယ်တကူ ထိလို့မရဘူးဆိုတာ သူမ အဲ့ဒီလူတွေကို သိစေချင်တယ်။
"ဟုတ်ကဲ့"
အရိပ်(၁)က ပေါ်လာပြီးတော့ အလွန်လျင်မြန်စွာ ထွက်ခွာသွားသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အရိပ်ကို မမြင်ရတော့ပေ။
လင်းလော်က အပြင်ဘက်မှာ ရပ်နေခဲ့ပြီး ရှောင်ကျီရွှမ်းရဲ့ အမိန့်ပေးနေတာတွေကို နားထောင်ကာ မျက်ခုံးတွန့်သွားသည်။ရှောင်ကျီရွှမ်းမှာ သူမနဲ့အတူ လျှို့ဝှက်စစ်သည်တွေရှိတယ်ဆိုတာ သူ သိတယ် ဒါပေမယ့် အဲ့လူတွေအကုန်လုံးက သူတို့ရဲ့နောက်ဆုံးတာဝန်တုန်းက ရှောင်ချီထျန်းနဲ့အခြားလူတွေ သတ်လို့ သေသွားပြီလို့ ထင်ထားခဲ့တာ။တစ်ယောက်ကျန်နေဦးလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး။သူ မသိတာ တစ်ခုခု ရှိနေရမယ်။
ကြည့်ရတာ မြို့စားရှောင်က သူ့သမီးကို တကယ့်ကိုချစ်တဲ့ပုံပဲ။ဒီလိုလူမျိုးကိုတောင် ရှောင်ကျီရွှမ်းကို ပေးထားတယ်။
"ထွက်သွားကြတော့"
ရှောင်ကျီရွှမ်းက ကြောက်လန့်တကြား တုန်ယင်နေတဲ့ သမားတော်တွေကို ကြည့်ပြီးတော့ စိတ်ရှုပ်သွားသည်။
သမားတော်တွေက အမိန့်ရတဲ့အခါမှာ သူတို့ရဲ့ ဆေးသေတ္တာတွေကို အမြန်သိမ်းဆည်းပြီးတော့ သူတို့သာ နည်းနည်းလေး နှေးနေရင် ရှောင်ကျီရွှမ်းဆီက အသတ်ခံရမှာကို စိုးရိမ်ကြောက်ရွံ့တဲ့အတိုင်း အမြန်ထွက်သွားကြသည်။
အရိပ်(၁)က အဖြစ်အပျက်တစ်ခုလုံးကို စုံစမ်းဖို့ အချိန်အနည်းငယ်သာ အသုံးပြုခဲ့သည်။ရှောင်ကျီရွှမ်းက တင်ပြချက်ကို ကြားပြီးတဲ့နောက် အံ့ဩမှင်သက်သွားသည်။
ဒီလိုမျိုး အရမ်းအေးတဲ့ ရာသီဉတုမှာ ကလေးရဲ့အခန်းမှာ ဘယ်လို အပူပေးပစ္စည်းမျိုးမှ မရှိဘဲနဲ့ သူတို့က မီးသွေးဖိုလေးတစ်ခုတောင် မလုပ်ပေးကြဘူး။သူမ ယောက္ခမ တာဝန်ပေးထားတဲ့ အရမ်းတော်တဲ့ အဲ့ဒီအစေခံတွေက ရှေ့မှာသာ သဘောတူလက်ခံခဲ့ပေမယ့် အမိန့်ကို တိတ်တဆိတ် ကန့်ကွက်ပြီးတော့ ကလေးရဲ့ ပစ္စည်းတွေအားလုံးကို အလွဲသုံးစား လုပ်ပစ်တယ်။အဲ့ဒါတင်မကသေးဘူး။အဲ့ဒီအစေခံတွေက သူမရဲ့ ယောက္ခမနဲ့ သက်ဆိုင်တယ်။
ကောင်းတယ်.........အရမ်းကောင်းတယ်............
ရှောင်ကျီရွှမ်းက သရော်လိုက်သည်။သူမ ရှောင်အိမ်တော်ကနေ ခေါ်လာတဲ့ စစ်သည်တွေနဲ့ အရိပ်(၁)ကို ခေါ်လိုက်သည်။သူမ ထွက်လာတဲ့အချိန် လင်းလော်ကိုတွေ့ပြီးတော့ သူ စကားမပြောနိုင်ခင်မှာပဲ အရိပ်(၁)စုံစမ်းရရှိလာတဲ့ ရလဒ်ကို လင်းလော်ဆီ ပစ်ပေးလိုက်သည်။
အဲ့ဒီနောက် သူမက သူမလူတွေနဲ့ အမတ်ကတော်ရဲ့ ခြံဝင်းကို သွားသည်။
သူမ ဝင်လာတဲ့အချိန်မှာပဲ ရှောင်ကျီရွှမ်းက အမတ်ကတော်နားက အစေခံအချို့ကို လက်ညှိုးထိုးပြီးတော့ သူမမျက်နှာက အငြိုးတကြီးဖြင့်
"သူတို့ကို ငါ့အတွက် ဖမ်းပြီးတော့ သေတဲ့အထိ ရိုက်ပစ်"
အမတ်ကတော်က ဒီမြင်ကွင်းကို ကြည့်ပြီးတော့ ဆိုးဝါးတဲ့အမူအရာရှိနေကာ သူမဘေးနားက စားပွဲကို လက်ဖဝါးနဲ့ရိုက်လိုက်သည်။
"ရှောင်ကျီရွမ်း နင်ဘာလုပ်နေလဲဆိုတာ သိရဲ့လား"
သူမက သူမယောက္ခမရဲ့ ခြံဝင်းထဲကို ဖောက်ဝင်လာပြီးတော့ လူတွေကို သေတဲ့အထိ ရိုက်ခိုင်းနေတယ်။ဒါက ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ မဟုတ်ဘူးလား။
ရှောင်ကျီရွှမ်းက သူမရှေ့က အမျိုးသမီးကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး
"အမေက အမေရဲ့အစေခံတွေကို ဘယ်လိုမျိုး သေချာသင်ပြထားရမလဲဆိုတာ မသိမှတော့ကျွန်မကပဲ အမေ့ကို ကူညီပြီး သင်ပေးရမှာပေါ့။ရိုက်တော့"
သူတို့သခင်တွေရဲ့ ခေါင်းပေါ်ကနေ ကျော်သွားရဲတဲ့လူတွေအတွက် မြင်းငါးကောင်နဲ့ သူတို့ခန္ဓာကိုယ်တွေကို တစဆီ ဆွဲဖြဲရင်တောင် မလွန်ဘူး။
"နင် လုပ်ရဲလား"
"ကျွန်မက မလုပ်ရဲစရာ ဘာရှိလဲ?ကျွန်မရဲ့သားကလည်း ရှောင်အိမ်တော်ရဲ့ သခင်လေးပဲလေ။ဒီနိမ့်ကျတဲ့ဟာတွေက ဘယ်အချိန်ကနေစပြီးတော့ သူ့ကို စော်ကားလို့ရသွားတာလဲ?ကလေးငယ်လေးတစ်ယောက်ကို ရေခဲလိုအေးစက်နေတဲ့ အခန်းထဲမှာထားတယ်။ကလေးရဲ့ ပစ္စည်းတွေကိုတောင်မှ အလွဲသုံးစား လုပ်လိုက်သေးတယ်။အမေက သခင်ရဲ့ခေါင်းပေါ် ကျော်တက်သွားတဲ့ ဒီလူတွေကို ကာကွယ်ပေးနေသေးတာ သူတို့က အမေ့ရဲ့သဘောတူညီမှုကို ရထားလို့များလား"အမေ့ရဲ့သဘောတူညီမှုကို ရထားလို့များလား"
ရှောင်ကျီရွှမ်းက အမတ်ကတော်လင်းကို ဓားတစ်ချောင်းကဲ့သို့ စိုက်ကြည့်နေပြီး ဒီအမျိုးသမီး ဘယ်လိုပြန်ဖြေမလဲဆိုတာ သူမ မြင်ချင်မိတယ်။