← Chapters

အခန်း ၂၇၇

Vol. 12 Ch. 277

အခန်း ၂၇၇

Vol. 12 Ch. 277

Chapter 277

အမတ်ကြီးဝေ့က သူ့သမီးကို အကူအညီမဲ့စွာဖြင့် ကြည့်လိုက်သည်။ဖြစ်နိုင်မယ်ဆိုရင်တော့ သူ့သမီးနဲ့ရှန့်ကျန့်ကျွင်းနဲ့ ပတ်သက်မှုတစ်ခုရှိသွားဖို့ တကယ်ပဲ မျှော်လင့်တယ်။ဒါပေမယ့် ဒီလိုဆက်ဆံရေးမျိုးက အလွယ်တကူ ပြုလုပ်လို့မရဘဲ သူတို့သာ ဂရုမစိုက်မိရင် အသက်တွေပါ ဆုံးရှုံးနိုင်တယ်။

"အဲ့ဒါက ချောင်ထျန်းချန်နဲ့ လက်ထပ်တာလေးပဲ မဟုတ်ဘူးလား?ကျစ်ရှင်းက သူ့ကို သဘောကျတာ သူ ကံကောင်းတာပဲလေ။သူက ကျွန်မတို့မိသားစုက သမီးကို လက်ထပ်ခွင့်ရလို့ ပျော်တောင်ပျော်နေသင့်သေးတယ်"

အမတ်ဝေ့ရဲ့ဇနီးက အမြဲတမ်း သူမရဲ့သမီးဘက်ကပဲ ရပ်တည်လေ့ရှိပြီး သူမအတွက် ပြောလာပေးသည်။

သူမစိတ်ထဲတွင် ချောင်ထျန်းချန်က သူမရဲ့ အဖိုးတန်သမီးလေးနဲ့ မထိုက်တန်တဲ့ ခပ်ရိုင်းရိုင်း လူတစ်ယောက်သာ ဖြစ်သည်။

ဝေ့ခဲ့ရှင်းက သူမမျက်နှာပေါ်တွင် ပုဝါစဖုံးအုပ်ထားပြီး ဘေးနားမှာ ထိုင်နေသည်။သူမရဲ့ ပါးစပ်ထောင့်ကနေ လှောင်ပြုံးပြုံးလိုက်သည်။

ဝေ့ကျစ်ရှင်းလိုလူမျိုးက ရှန့်ကျန့်ကျွင်းကို လက်ထပ်ချင်တယ်ပေါ့လေ?ဟာသပဲ.....

သူမက မတ်တပ်ရပ်လိုက်ပြီး ဝေ့ကျစ်ရှင်းကို မယုံနိုင်သလို ကြည့်လိုက်သည်။သူမရဲ့ ပါးစပ်ထောင့်မှာ မထီမဲ့မြင်ပြုပြီး အထင်သေးမှုရှိနေသည်။

"နင်က ချောင်ထျန်းချန်ကို လက်ထပ်ချင်တယ်ပေါ့လေ?နင် အဲ့ဒါကိုမပြောခင် အရင်ဆုံး ရှန့်ကျန့်ကျွင်းရဲ့ဇနီးနဲ့ ယှဉ်နိုင်ဖို့ လိုတယ်နော်"

"ဘာကိုဆိုလိုတာလဲ"

ဝေ့ကျစ်ရှင်းက ၎င်းကို ကြားပြီးတဲ့နောက် ချက်ချင်း ဒေါသထွက်သွားတယ် မဟုတ်လား?

"ငတုံးတစ်‌‌‌ယောက်နဲ့ အဖက်ဖက်က ပြည့်စုံကောင်းမွန်နေတဲ့လူနဲ့ ယှဉ်လိုက်ရင် မျက်ကန်းနဲ့ ဦးနှောက်မရှိတဲ့လူကတောင်မှ နောက်ကဟာကို ရွေးချယ်မှာပဲ"

အမတ်ဝေ့ သူမကို ပါးရိုက်လိုက်ပြီးကတည်းက သူမရဲ့နှလုံးသားက လုံးဝ အေးစက်သွားပြီ ဖြစ်သည်။ဒီလူတွေက သူမအတွက် စိတ်ပူစရာမရှိဘူး။

"စကားကို ‌ကြည့်ပြောစမ်း။သူ(မ)က နင့်ရဲ့ ညီမလေးနော်"

ဝေ့ခဲ့ရှင်း ပြုံးလိုက်တယ်။သူမရှေ့က လူတွေကို လှောင်ပြောင်သရော်စွာ ကြည့်လိုက်ပြီး

"နင့်အသက်ကို မလိုချင်တော့ဘူးဆိုရင်တော့ သွားပြီး ကြိုးစားကြည့်ပေါ့။အိပ်နေတဲ့ ခြင်္သေ့တစ်ကောင်က အမြဲတမ်း ခြင်္သေ့ပဲ ဖြစ်နေမှာ။အဲ့ဒါက ဘယ်တော့မှ အိမ်ကြောင်တစ်ကောင် ဖြစ်လာမှာ မဟုတ်ဘူး"

ဝေ့ကျစ်ရှင်းက ဝေ့ခဲ့ရှင်းရဲ့ ထွက်သွားတဲ့ပုံရိပ်ကို ‌ဒေါသတကြီး စိုက်ကြည့်နေသည်။သူမက စိတ်တိုနေပြီးတော့ ငိုကြွေးကာ

"အဖေ၊အမေ သူ(မ)ရဲ့ သဘောထားကို ကြည့်ပါဦး!သူ(မ) ဧကရီ မဖြစ်လာတော့တာနဲ့ပဲ ဒီလိုမျိုး လုပ်သွားတာ!သူ(မ)က သမီးကို ဟာသတစ်ခုလို ကြည့်ဖို့ လိုလို့လား?ဒါက အရမ်းလွန်တာပဲ"

ဝေ့ကျစ်ရှင်းက သူမမှားတယ်လို့ လုံးဝ မခံစားရပေ။သူမက ၎င်းကို တမင်တကာ လုပ်ခဲ့တာ မဟုတ်ဘူးလေ။ဒါပေမယ့် ဝေ့ခဲ့ရှင်းက သူမက ငတုံးတစ်ယောက်ဆိုပြီး လူတွေအများကြီးရှေ့မှာ ပြောသွားတယ်။အဲ့ဒါ အရမ်းလွန်သွားပြီ။သူမက တကယ်လည်း ထိုကိစ္စကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူးလေ။

အမတ်ဝေ့က ဝေ့ကျစ်ရှင်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးတွန့်ကာ

"မင်းအစ်မပြောတာ မှန်တယ်။ချောင်ထျန်းချန်က လွယ်လွယ်ကူကူ ထိန်းချုပ်လို့ရတဲ့ ယောကျာ်းမျိုး မဟုတ်ဘူး။အဲ့အကြောင်း စဉ်းစားနေတာ ရပ်လိုက်တာ ပိုကောင်းတယ်"

"သမီး ဂရုမစိုက်ဘူး!သမီး ချောင်ထျန်းချန်ကို လက်ထပ်ချင်တယ်!အဖေတို့အားလုံး သဘောမတူဘူးဆိုရင် သမီး.......သမီး.......အဖေတို့အားလုံးမြင်အောင် ကိုယ့်ကိုကိုယ် သတ်သေပစ်လိုက်မှာနော်"

ဝေ့ကျစ်ရှင်းရဲ့ စိတ်ထဲမှာ ချောင်ထျန်းချန်ပဲရှိနေပြီး သူတို့ရဲ့ အကြံပေး‌တာတွေကို နားမထောင်နိုင်ပေ။

အမတ်ဝေ့က ဝေ့ကျစ်ရှင်းရဲ့ အဲ့လိုပြုမူပုံကိုကြည့်ပြီး သူ့အမူအရာက အုံ့မှိုင်းကာ ဆိုးဝါးသွားတယ်။

"မင်းအစ်မပြောတာ တကယ်မှန်တယ်"

အဲ့ဒီနောက် သူက လှည့်ထွက်သွားသည်။

အခုချိန်မှာ သူပေးလိုက်တဲ့ ပါးရိုက်မှုကို သူ တကယ် နောင်တရနေပြီ။သူက သူနဲ့သူ့သမီးကြီးရဲ့ ဆက်ဆံရေးကို လုံးဝ ဖျက်ဆီးပစ်လိုက်တာပဲ။

သူ့သမီးကြီးနဲ့နှိုင်းယှဉ်လိုက်ရင် သူ့သမီးငယ်က ဘယ်တော့မှ ဂုဏ်သတင်း မြင့်မြတ်လာမှာ မဟုတ်ဘူး။သူမက ယောကျာ်းတစ်ယောက်အတွက်နဲ့ သူမမိဘတွေကိုတောင် တကယ်ကြီး အတင်းဖိအားပေးခဲ့ပြီး အလျှော့အတ‌င်းအနေနဲ့ သေခြင်းတရားကိုတောင်မှ အသုံးပြုခဲ့တယ်။

အမတ်ဝေ့က ဒေါသတကြီး အမြန်ထွက်သွားပြီး ဝေ့ကျစ်ရှင်းနဲ့သူမအမေကိုသာ နောက်မှာ ထားခဲ့သည်။ဝေ့ကျစ်ရှင်းက နားဝေတိမ်တောင်ဖြစ်ပြီးတော့ သူမ အမေကိုကြည့်ကာ

"အမေ အဖေက ဘာကိုဆိုလိုတာလဲ"

"သမီးအဖေကို လျစ်လျှူရှုထားလိုက်။အမေ သမီးကို ကူညီပေးမယ်"

အမတ်ဝေ့ရဲ့ဇနီးက သူမရဲ့သမီးကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။သူမရဲ့ မျက်နှာပေါ်မှာ နူးညံ့ညင်သာတဲ့ အပြုံးတစ်ခု ရှိနေသည်။

"သမီးကို အကောင်းဆုံးဆက်ဆံပေးတာ အမေပဲရှိတယ်"

ဝေ့ကျစ်ရှင်းက ကျေနပ်စွာ ပြုံးလိုက်သည်။သူမရဲ့ လက်တွေကိုဆန့်ထုတ်ကာ သူမအမေကို ပွေ့ဖက်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

"သမီးလေးကတော့လေ........"

အမတ်ဝေ့က အနည်းငယ် ‌စဉ်းစားပြီးတော့ သူ့သမီးကြီးရဲ့ ခြံဝင်းကို သွားသည်။

"ခဲ့ရှင်း သမီး အဖေ့ကို စိတ်ဆိုးနေတုန်းပဲလား"

ဝေ့ခဲ့ရှင်းက အမတ်ဝေ့ကို တစ်ချက်ကြည့်လိုက်ပြီး အဲ့ဒီနောက် ခပ်ဖျော့ဖျော့ဖြင့်

"အဖေ ကျွန်မကို တစ်ခုခုပြောစရာရှိရင် ပြောလိုက်ပါ"

အမတ်ဝေ့က တစ်ခုခုပြောချင်ပေမယ့် အဲ့ဒီအစား နင်သွားတယ်။သူက ဝေ့ခဲ့ရှင်းကို စိုက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းတွေထဲမှာ စိတ်မကျေနပ်မှုတွေဖြင့်

"မင်းက အဖေ မင်းကို ပါးရိုက်လိုက်တာကို အခုထိ စိတ်ဆိုးနေသေးတာလား"

ဝေ့ခဲ့ရှင်းက အမတ်ဝေ့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး သူမရဲ့ အသံထဲမှာ ရွဲ့စောင်းမှုတွေ ရှိနေသည်။

"ကျွန်မ မဝံ့ရဲပါဘူး"

အမတ်ဝေ့က ထိုမိန်းကလေးကိုကြည့်ပြီး ခေါင်းကိုက်လာသည်။သူက အကူအညီမဲ့စွာဖြင့် သူ့နဖူးကို ပွတ်သပ်လိုက်ပြီး

"ခဲ့ရှင်း သမီးအဖေက ဒီကိစ္စမှာ မှားသွားပါတယ်။အဖေ့ကို ခွင့်လွှတ်ပေးနော် ဟုတ်ပြီလား"

ဝေ့ခဲ့ရှင်းက အမတ်ဝေ့ကို ကြည့်လိုက်ပြီး သူမရဲ့ မျက်နှာပေါ်မှာ ထေ့ငေါ့မှုတွေ ရေးဆွဲထားသည်။သူ ဝေ့ကျစ်ရှင်းပေါ်မှာ ဘယ်လို မျှော်လင့်ချက်မှ ထားလို့မရတော့လို့ သူမဆီကနေ ခွင့်လွှတ်မှု လာတောင်းနေတာပဲ မဟုတ်ဘူးလား?

"အဖေက ကျွန်မရဲ့အဖေပါ။ကျွန်မက ဘာလို့ အဖေ့ကို စိတ်ဆိုးရဲပါ့မလဲ"

ဝေ့ခဲ့ရှင်းက တည်ငြိမ်စွာပြောလိုက်ပြီး သူမရဲ့စကားတွေက အမတ်ဝေ့ကို ခေါင်းကိုက်စေသည်။

သူ့သမီးက ခေါင်းမာတဲ့ လူတစ်ယောက်ဆိုတာ သူ အမြဲတမ်းသိထားတယ်။သူမက ဒီလောက်အထိ ခေါင်းမာလိမ့်မယ်လို့တော့ သူ လုံးဝ စိတ်မကူးမိဘူး။

All Chapters