အခန်း ၁၉၆+၁၉၇
Vol. 8 Ch. 196+197
Chapter 196+197
196
ယွီဖုန်းနဲ့မုချန်းက ကြောင်အသွားပေမယ့် သတိပြန်ဝင်လာပြီးနောက် နင်းမုန့်ယောင်က မကောင်းတာတွေ သင်ကြားခံထားရတယ်ဆိုပြီး အထွန့်တက်တော့သည်။
နင်းမုန့်ယောင်က ယွီဖုန်းကို မျက်ခုံးတစ်ဖက်ပင့်ပြလိုက်ပြီး
"သူက ညီမဆီကနေ မကောင်းတာ အသင်မခံရဘူးဆိုရင်တောင် မဆိုးသေးဘူး"
"သူက နင့်လူဆိုတာ ငါသိပါတယ် ဒါပေမယ့် နင်သူ့ကို ဒီလိုမျိုး ကာကွယ်နေလို့ မရဘူးလေ"
ယွီဖုန်းက နင်းမုန့်ယောင်ကို မကျေနပ်ချက်အပြည့်နဲ့ ကြည့်နေခဲ့သည်။
မိန့်ရိုလင်းက သူတို့ကို ဘေးဖယ်လိုက်ပြီး
"အဲ့ဒါ ရှင့်ယောက်ဖလေ ယောင်ယောင်က သူ့ကို ကာကွယ်တော့ရော ဘာဖြစ်လဲ?ရှင် မနာလိုတာလား"
ယွီဖုန်း စကားမပြောဘဲ မိန့်ရိုလင်းကိုသာ စိုက်ကြည့်နေသည်။
မိန့်ရိုလင်း ပြောစရာစကား ကင်းမဲ့သွားပြီ။ဒီလူက သူ့ရဲ့ ပရောပရည်အကြည့်တွေကို ခဏခဏ ထုတ်မသုံးလို့ မရဘူးလား?
ယွီဖုန်း၏ အကြည့်ကို လျစ်လျှူရှုထားပြီး နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ဘက်ကို လှည့်ကာ
"ငါ နင်တို့နှစ်ယောက် လက်ထပ်တာ ကြည့်ပြီးပြီဆိုတော့ ဘာမှထပ်ပြီး စိတ်ပူစရာမရှိတော့ပါဘူး။ငါတို့တွေ ဒီကနေ အချိန်မရွေး ထွက်သွားနိုင်ပြီ" ဟု ပြောလိုက်သည်။မိန့်ရိုလင်း၏အသံက အင်တင်တင်ဖြစ်နေသည်။
သူတို့တွေ အချိန်အကြာကြီး ကွဲကွာနေခဲ့တာ။ဒါပြီးရင် ဘယ်အချိန်မှ ထပ်ပြီးတွေ့ဆုံဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။
"ကျဲမိန့် ထွက်သွားတော့မှာလား" နင်းမုန့်ယောင်က သူတို့တွေ ထွက်သွားတော့မယ်ဆိုတာ ကြားတော့ စိတ်မကောင်းဖြစ်သွားသည်။
"ဟုတ်တယ်။ဝမ်းမနည်းပါနဲ့ ဘာမှမရှိဘူးဆိုရင် နင့်ယောကျာ်းက ကျဲတို့ဆီလာဖို့ ခေါ်လာပေးလို့ရတာပဲလေ။ပြီးတော့ အနိုင်ကျင့်မခံနဲ့နော်။နင့်ကို အနိုင်ကျင့်ရဲတဲ့သူရှိရင် ငါတို့ကိုပြော။သူတို့ကို သင်ခန်းစာပေးပြမယ်"
မိန့်ရိုလင်းက ချောင်ထျန်းချန်ကို စိုက်ကြည့်လိုက်ပြီး သူမအသံထဲမှာ သတိပေးမှုတွေ ပါဝင်နေသည်။
ချောင်ထျန်းချန်က မိန့်ရိုလင်းကို စိုက်ကြည့်လိုက်ပြီး
"ကျွန်တော်တို့ မင်းအကူအညီ မလိုပါဘူး။ကျွန်တော် ယောင်ယောင့်ကို ကာကွယ်စောင့်ရှောက်သွားမှာ"
တစ်ခြားလူတွေ သူ့မိန်းမကို ကာကွယ်ပေးဖို့ မလိုအပ်ဘူး။သူတစ်ယောက်ထဲ လုံလောက်တယ်။
"အဲ့လိုဖြစ်မှာမဟုတ်ဘူး" မိန့်ရိုလင်းက အေးစက်စက် ပြောလိုက်တယ်။
ချောင်ထျန်းချန်က မိန့်ရိုလင်းရဲ့စကားတွေကို အများကြီး အာရုံစိုက်မနေချေ။အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ?အဲ့အကြောင်းကို အခုပြောနေတာ အသုံးမဝင်ဘူး။
မိန့်ရိုလင်းနဲ့အခြားလူတွေ ဒုတိယနေ့မှာ ထွက်သွားကြသည်။သူတို့က ရုတ်တရက်ရောက်လာပြီး အမြန်ပဲ ပြန်ထွက်သွားကြသည်။
သူတို့ ထွက်ခွာသွားတဲ့နောက် နင်းမုန့်ယောင် ဝမ်းနည်းသွားတယ်။သူမက ဘာတစ်ခုမှ လုပ်ဖို့ စိတ်မပါတော့ပေ။အဆုံးမှာတော့ ချောင်ထျန်းချန်က ၎င်းကို မကြည့်ရက်တော့တာကြောင့် နင်းမုန့်ယောင်ကို မြို့သို့ခေါ်သွားခဲ့သည်။
ရန်ကွေ့က သူမအစေခံတွေနဲ့အတူ လမ်းပေါ်မှာ လှည့်ပတ်ကြည့်ရှူနေတာဖြစ်သည်။
သူတို့ သူမအိမ်ကနေ ထွက်လာတဲ့နေ့ကစလို့ လီဝေ့က သူမကို အရင်တုန်းကလောက် ကောင်းကောင်းမဆက်ဆံတော့ဘူးဆိုတာ သူမ သတိထားမိတယ်။
ဒါက သူ သူမအခန်းဆီလာတဲ့ အကြိမ်အရေအတွက်ကို ကြည့်ရင် သိနိုင်တယ်။အရင်တုန်းက သူက သူမအခန်ကို နှစ်ရက် သုံးရက်လောက် နေ့တိုင်းလာတယ် ဒါပေမယ့် အခု သူ သူမအခန်းထဲ နောက်ဆုံးဝင်ခဲ့တာ အချိန်အတော်ကြာပြီ။
နေ့တိုင်း သူမက စာကြည့်ခန်းထဲမှာ စာအုပ်တွေဖတ်နေတာ မဟုတ်ရင် ခြံဝင်းထဲမှာ ကျုံးယွဲ့ကို အဖော်ပြုပေးနေတာ ဒါမှမဟုတ် အပြင်ကပန်းတွေကြည့်တာဖြစ်သည်။ဒါက ရန်ကွေ့ကို သူမ နှင်ထုတ်ခံရတော့မှာလားဆိုတာ စိုးရိမ်လာစေသည်။သူ သူမကို ဆက်သဘောမကျတော့ဘူးလား?ဒီအတွေးက ရန်ကွေ့ကို ခေါင်းရှုပ်သွားစေပြီး နင်းမုန့်ယောင်ကို ပြဿနာရှာဖို့ အချိန်မရှိပေ။လီဝေ့ရဲ့နှစ်သက်မှုပြန်ရအောင် ကြိုးစားဖို့တစ်ခုထဲကိုပဲ သူမ တွေးနေသည်။သူ့ရဲ့ ချစ်ခင်နှစ်သက်မှုတစ်ခုထဲနဲ့တင် သူမက ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင်ကို ပိုပြီး စိတ်လှုပ်ရှားစရာကောင်းအောင် အပြစ်ပေးနိုင်သည်။
ဒါပေမယ့် သူမ ဘယ်လောက်ပဲ လုပ်ပါစေ လီဝေ့ နောက်တစ်ကြိမ် သူမအခန်းထဲ ခြေချလာအောင် မလုပ်နိုင်ခဲ့ပေ။ဒါက ကျုံးယွဲ့က သူမနောက်ကွယ်မှာ သူမရဲ့မကောင်းကြောင်းတွေ ပြောထားတာလားဆိုပြီး သံသယဝင်မိတယ်။
ဒီနေ့ သူမ စိတ်တွေငြီးငွေ့နေတာကြောင့် အစေခံတွေနဲ့ အပြင်ထွက်လာခဲ့သည်။
လီဝေ့က သူမကို အရင်ကလို ချစ်ခင်အလိုလိုက်တာမျိုး မရှိတော့ပေမယ့်လည်း စုတ်စုတ်ပြတ်ပြတ် မထားပေ။သူမလိုအပ်တာမှန်သမျှ လျော့နည်းသွားတာမရှိဘဲ ရရှိသည်။ဒါက ဒီအချိန်တိုအတွင်းမှာတော့ သူမဘဝထဲ ဘာပြဿနာမှရှိမှာ မဟုတ်တာကြောင့် သူမကို အများကြီး စိတ်အေးသွားစေပေမယ့် ကိစ္စတွေသာ ဆက်ဖြစ်နေခဲ့ရင် သူ သူမကို စွန့်လွှတ်သွားနိုင်တယ်။
အခု သူမရဲ့ လုပ်ရပ်တွေကို တကယ်ပဲ နောင်တရနေပြီ။သူမ အမေပြောတာနားထောင်ပြီးတော့ သူမအာဏာတည်မြဲဖို့အတွက် ကလေးတစ်ယောက် အရင်ယူခဲ့သင့်တာ။အခု သူမ ကလေးလိုချင်ရင်တောင်မှ အရင်ဆုံး လီဝေ့ သူမဆီရောက်လာဖို့ လိုသေးတယ်။
"ကိုယ်လုပ်တော်ရန် ကျွန်မတို့ ဟိုနားလေးကို ကြည့်ရအောင်။အဲ့မှာ အင်္ကျီဆိုင်အသစ်ဖွင့်ထားတယ်လို့ ကြားတယ်။အထဲက အဝတ်အစားတွေက တကယ်ကောင်းတယ်တဲ့"
ရန်ကွေ့ရဲ့အစေခံက သတိထားပြီး ပြောလိုက်သည်။
သူမ ကိုယ်လုပ်တော်ကို မပျော်မရွှင်ဖြစ်သွားအောင် မလုပ်ချင်ပေ။မဟုတ်ရင် အချိန်ကျလာတဲ့အခါ သူမကပဲ ဒုက္ခခံရတဲ့လူ ဖြစ်သွားလိမ့်မယ်။အဲ့ဒါက သေးငယ်တဲ့အောင်မြင်မှုအတွက် အကြီးကြီး ဆုံးရှုံးတာပဲ။
ရန်ကွေ့က ခဏလောက် စဉ်းစားပြီးတော့ သူမအစေခံတွေနဲ့ ဈေးဆိုင်ကို သွားသည်။သူမ တံခါးဝဆီ မရောက်ခင်မှာပဲ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်က သူတို့လက်ထဲမှာ အထုပ်နဲ့၎င်းကနေ ထွက်လာတာကို တွေ့လိုက်ရသည်။
ဒါက အဓိကအချက်မဟုတ်ပေ။အရေးကြီးတာက အဲ့နှစ်ယောက်ဘယ်သူတွေလဲဆိုတာ သူမသိနေတာပဲ။တစ်ယောက်က နင်းမုန့်ယောင်ဖြစ်ပြီး အခြားတစ်ယောက်က ချောင်ထျန်းချန်ဖြစ်တယ်။နင်းမုန့်ယောင်က လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ရဲ့ ဆံပင်ပုံစံ ဖြီးထားတယ်။သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေကြပြီး တစ်ချက်ကြည့်ရုံနဲ့တင် အခု သူတို့တွေ လက်ထပ်ပြီးသွားပြီဆိုတာ ရန်ကွေ့သိလိုက်တယ်။
197
သူမ ခံစားနေရတဲ့အချိန်မှာ သူတို့က လက်ထပ်သွားပြီ။သူတို့ကြည့်ရတာ အရမ်းပျော်နေကြပုံပဲ။
သူမက သူမရဲ့ယောကျာ်းဆီကနေ ပစ်ပယ်ခံထားရပြီး သူမ ဘာတွေပဲလုပ်လုပ် သူ့ဆီကနေ ချစ်မြတ်နိုးမှုကို မရတော့ဘူး။ဒါပေမယ့် ဘာအကြောင်းကြောင့်နဲ့ အဲ့ဒီနှစ်ယောက်က အရမ်းပျော်ပျော်ရွှင်ရွှင် နေနေရတာလဲ?
သူမက မတတ်နိုင်ဘဲ သူတို့ရဲ့ ပျော်ရွှင်သာယာနေတဲ့ ပုံရိပ်ကို ဖျက်ဆီးပစ်ချင်တယ်။
သူတို့ပေါ်ထားရှိတဲ့ခံစားချက်က သူတို့ကိုတွေ့ပြီးတော့ ပိုမိုပေါ်လွင်လာတယ်။
သူမက သူတို့ရှေ့ကိုလျှောက်သွားပြီး သူတို့လမ်းကို ပိတ်လိုက်သည်။လူတစ်ယောက်က သူတို့လမ်းကို ပိတ်ထားတာမြင်တော့ ချောင်ထျန်းချန်နဲ့သူ့မိန်းမက မျက်မှောင်ကြုတ်သွားသည်။သူတို့အိမ်ကထွက်လာတိုင်း ဘာလို့ သူတို့မုန်းတီးတဲ့လူတွေနဲ့ပဲ အမြဲတွေ့နေရတာလဲ?
"ချောင်ထျန်းချန် ရှင်ဘာလို့ ဒီမိန်းမကို လက်ထပ်ခဲ့တာလဲ?ကျွန်မက သူနဲ့ယှဉ်ရင် မျိုးရိုးရော အဆင့်အတန်း ဂုဏ်သိက္ခာ ဘယ်မှာ သူ့ထက်နိမ့်ကျနေလို့လဲ!"
ရန်ကွေ့က ပျော်ရွှင်နေတဲ့စုံတွဲကြောင့် အရမ်းဒေါသထွက်သွားပြီး ဘာမှစဉ်းစားမနေတော့ဘဲ လူမြင်ကွင်းမှာ ဝေဖန်ပြောဆိုတော့သည်။ရန်ကွေ့နောက်က ရပ်နေတဲ့ အစေခံမိန်းကလေးက ရန်ကွေ့ပြောလိုက်တဲ့အချိန်မှာ သူမစိတ်ထဲ တုန်လှုပ်သွားသည်။
"ကျွန်မတို့....ကျွန်မတို့ အခု ပြန်သင့်ပြီနော်"
ရန်ကွေ့ရဲ့အပြုအမူတွေက အရမ်းရှက်ဖို့ကောင်းတာကြောင့် အစေခံမိန်းကလေး မပါဝင်မပတ်သက်ချင်ပေ။
ပျော်ရွှင်နေတဲ့စုံတွဲက မင်္ဂလာဦးမောင်နှံဆိုတာ ထင်ရှားတယ်။ဒါပေမယ့် ရန်ကွေ့ တစ်စုံတစ်ယောက်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာတာ ဘယ်လောက်ကြာနေပြီလဲ?ဒါ့အပြင် သူမ ဘယ်လိုပဲကြည့်ကြည့် လူတွေကို လမ်းလယ်ခေါင်မှာ ပိတ်ရပ်ပြီးတော့ ဝေဖန်ပြောဆိုတာက ရန်ကွေ့အတွက် မသင့်တော်ဘူး။သူတို့သခင်လေးသာ ဒီအကြောင်းကို သိသွားရင်........
လီဝေ့အကြောင်းကို တွေးမိတော့ အစေခံမိန်းကလေးရဲ့ အသားအရည်က သေလုမြောပါး ဖြူဖြော့သွား၏။သူမရဲ့ အမူအရာလည်းပဲ အနည်းငယ် ပျော့ညံ့လာသည်။
နင်းမုန့်ယောင်က ရန်ကွေ့ကို မပျော်မရွှင်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။
အခြားလူတွေသာ အခြေအနေကို မသိရင် သူမက သူမ(ရန်ကွေ့)ရဲ့လူကို လုယူသွားတယ်လို့တောင် သူတို့ တွေးနေနိုင်တယ်!
"ရန်ကွေ့ နင် အပြင်မထွက်ခင် ဆေးသောက်ဖို့မေ့နေခဲ့တာလား"
"နင်းမုန့်ယောင် နင်က ဈေးပေါတဲ့မြေခွေးမပဲ!နင်က ငါ့ချစ်တဲ့ယောကျာ်းကို လုယူသွားတာ!"
ရန်ကွေ့က သူမကို ရူးသွပ်စွာ အော်ဟစ်ခဲ့သည်။ကြည့်ရတာ သူမက ထိတ်လန့်ဖွယ်ရာကြီးတစ်ခုကို ရလိုက်တဲ့ပုံပင်။
လီဝေ့က သူ့ရဲ့သူငယ်ချင်းတွေနဲ့ တွေ့ပြီးတဲ့နောက် အိမ်ပြန်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်သည်။သို့ပေမယ့် သူ အိမ်ပြန်တဲ့လမ်းမှာ ရန်ကွေ့နဲ့ကြုံလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?အဲ့ထက်ပိုတာက သူမက အလွယ်တကူ အထင်လွဲသွားနိုင်တဲ့ အရာတွေကို အော်ဟစ်နေတာပဲ။
လီဝေ့က လူအုပ်ကြီးဘေးမှာ ရပ်လိုက်ပြီး ဒီအရှက်မရှိတဲ့မိန်းမ အခြားဘာတွေပြောဦးမလဲဆိုတာ ကြည့်ချင်သေးတယ်။
ရန်ကွေ့ရဲ့ ဘေးနားက အစေခံမိန်းကလေးက သူမ(ရန်ကွေ့)ကို ရပ်လိုက်ဖို့ ပြောချင်ပေမယ့် သူမ မော့ကြည့်လိုက်တဲ့အချိန် လီဝေ့ရဲ့အေးစက်စက်မျက်လုံးတွေက စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။သူမက ကြောက်ရွံ့တာကြောင့် ချက်ချင်း သူမပါးစပ်ကို ပိတ်လိုက်ပြီး ခေါင်းငုံ့ကာ ဘာမှထပ်မပြောရဲတော့ပေ။
"နင် ငါ့ယောကျာ်းကို အမြဲပြန်လုနိုင်ပေမယ့် နင့်ယောကျာ်းက ဘာပြောမလဲ?ဒါမှမဟုတ် နင်က သူ့ကို ဦးထုပ်စိမ်းဆောင်းပေးချင်တာလား"
နင်းမုန့်ယောင် ဒါကို ပြောလိုက်တာက လီဝေ့က လူအုပ်ကြားထဲမှာ မှုန်ကုပ်နေတဲ့မျက်နှာနဲ့ ရပ်နေတာကို မြင်လိုက်တဲ့အတွက်ကြောင့် ဖြစ်သည်။
(T/N:ဉီးထုပ်စိမ်းဆောင်းတယ်ဆိုတာက ဇနီးသည်က ခင်ပွန်းအပေါ်ကို ဖောက်ပြန်တာပါ)
"ဒါက နင်နဲ့ ဘာမှမဆိုင်ပါဘူး။နင် သူ့ကိုပြောရင်တောင်မှ သူက နင့်ကို ယုံမှာမဟုတ်ဘူး"
ရန်ကွေ့က ဒါကို အလွန်ယုံကြည်မှုအပြည့်ရှိနေပုံရသည်။
လူအုပ်ကြီးက အခြေအနေကို နားလည်သွားပုံရသည်။၎င်းက မိန်းမငယ်လေးက အခြားမိန်းမငယ်လေး၏ ခင်ပွန်းကို သဘောကျပြီးတော့ အခြားမိန်းမငယ်လေးရဲ့ ခင်ပွန်းက သူမကို သဘောမကျတာ ဖြစ်ပုံရသည်။ဒါကြောင့် သူမက တစ်စုံတစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ခဲ့တာဖြစ်သည်။ဒါပေမယ့် မင်္ဂလာဦးမောင်နှံ လက်ထပ်ပြီးတဲ့နောက် သူမက ဒါကို ဆက်သည်းမခံနိုင်တော့ဘဲ သူတို့ကို
လာအရှက်ခွဲတာ ဖြစ်သည်။
"ယောင်ယောင် သူ(မ)ကို ဒီလောက်ပြောနေလို့ ဘာအကျိုးရှိမှာလဲ?သူ(မ)ရဲ့ ဉာဏ်ရည်နဲ့ဆို မင်းပြောတာကို နားလည်နိုင်ပါ့မလား"
ချောင်ထျန်းချန်က ရန်ကွေ့ကို ရွံရှာသလို ကြည့်ပြီးတော့ သူ သူမကို ကြာကြာဆက်ကြည့်ရင် သူ့စိတ်ထဲ မသက်မသာ ခံစားလာရပုံရသည်။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို လှည့်ကြည့်ပြီး
"သူ(မ)က ကျွန်မတို့ရဲ့ အိမ်နီးချင်လေ ဒါကြောင့် ကျွန်မတို့ သူ(မ)ကို လျစ်လျှူရှုထားလို့ မဖြစ်ဘူး"
ရန်ကွေ့ရဲ့ မျက်နှာပေါ်က အမူအရာက ဆိုးရွားသွားပြီး သူတို့တွေက အဲ့ဒီမှာ သူတို့နား တစ်ယောက်မှမရှိသလို ပြောဆိုနေတာကြည့်ပြီး သူမတစ်ကိုယ်လုံး တုန်ယီလာသည်။
"ကျွန်မတို့.....ကျွန်မတို့ အခု သွားသင့်နေပြီ"
လီဝေ့ရဲ့ မျက်နှာထား ဘယ်လောက်ဆိုးရွားသွားတယ်ဆိုတာကို ကြည့်ပြီး အစေခံမိန်းကလေးရဲ့စိတ်ထဲ ကြောက်ရွံ့မှုတွေ ပြည့်နှက်သွားသည်။
ရန်ကွေ့က သူမဘေးနားက အစေခံမိန်းကလေးကို မြေကြီးပေါ် တွန်းချလိုက်ပြီး
"ဒါဆို နင်ထွက်သွားလေ"
အစေခံမိန်းကလေး မြေကြီးပေါ် တွန်းချခံရတဲ့အချိန် သူမ မျက်ဝန်းတွေက မကျေနပ်မှုတွေနဲ့ အပြည့်ဖြစ်သွားပြီး သူမလက်အရေပြားကလည်း ပြုတ်ကျတာကြောင့် ပေါက်ပြဲသွားသည်။
ရန်ကွေ့က ချောင်ထျန်းချန်ကို ကြည့်ပြီး လူအုပ်ထဲကလူတွေ သူမကို လက်ညှိုးထိုးပြီး ပြောဆိုနေကြတာတွေကို လုံးဝ လျစ်လျှူရှုထားသည်။
"ချောင်ထျန်းချန် ရှင် ကျွန်မကို ဒီလိုပုံစံ ဆက်ဆံတဲ့အတွက် ရှင်နောင်တရအောင် လုပ်ပြမယ်။ရှင် ကျွန်မကို လက်မထပ်တာက ရှင့်ရဲ့ ဆုံးရှုံးမှုပဲဆိုတာ ကျွန်မ သက်သေပြမယ်"
ချောင်ထျန်းချန်က ရန်ကွေ့ကို အဖက်မတန်သလို ကြည့်ပြီး
"ငါ့ဦးနှောက်က အဲ့လောက် မကောင်းတာမဟုတ်ဘူး"
နင်းမုန့်ယောင်မျက်ဝန်းတွေထဲ နက်ရှိုင်းတဲ့အပြုံး ဖြတ်သန်းသွားတယ်။သူက ရန်ကွေ့ရဲ့ ခံစားချက်တွေထိခိုက်သွားမှာ မကြောက်ဘူးလား?
"ကိုယ့်အချစ် အိမ်ပြန်ကြရအောင်"
ချောင်ထျန်းချန် နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။သူက အစတုန်းကတော့ သူမငြီးငွေ့နေတာကို ဖြေဖျောက်ပေးဖို့အတွက် လျှောက်ပတ်ကြည့်ချင်ခဲ့နာ။ဒါပေမယ့် သူတို့တွေ ဒီလိုရှုပ်ထွေးတဲ့အခြေအနေနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?သူ အမှန်တကယ်ကို လုံလောက်သွားပြီ။
နင်းမုန့်ယောင်က ပြုံးကာ ခေါင်းငြိမ့်ပြီး ချောင်ထျန်းချန်နောက်ကို လိုက်ကာ ထွက်သွားသည်။
သူတို့နှစ်ယောက်က ရူးသွပ်နေတဲ့ ရန်ကွေ့ကို အာရုံမစိုက်ပေ။ဒါပေမယ့် ရန်ကွေ့က သူတို့ကို ထွက်သွားဖို့ အခွင့်အရေးမပေးပေ။သူတို့တွေ ခြေလှမ်းအနည်းငယ်တောင် မလှမ်းရသေးခင်မှာပဲ ရန်ကွေ့က သူတို့လမ်းကို ထပ်ပိတ်လိုက်ပြန်သည်။
"ချောင်ထျန်းချန် ရှင် ဒီမိန်းမကို ဖြေရှင်းမယ်ဆိုရင် ကျွန်မရှင့်ကို ခွင့်လွှတ်ဖို့ စဉ်းစားပေးမယ်"
ချောင်ထျန်းချန်က ရန်ကွေ့ကို ဂရုမစိုက်ဘဲ
"အချစ် အိမ်ပြန်ကြမယ်။ဒီ အရူးနဲ့ စကားများမနေနဲ့တော့*
အ-အရူး?သူ သူမကို အရူးလို့ ခေါ်လိုက်တာလား?