အခန်း ၂၀၇
Vol. 9 Ch. 207
Chapter 207
အပြင်ဘက်က တိုက်ခိုက်သံတွေက ပိုပြီးတော့ ထင်ရှားလာတာကြောင့် နင်းမုန့်ယောင် ပိုပြီးတော့ စိုးရိမ်လာသည်။သူမက အပြင်ထွက်ပြီး တစ်ချက်ကြည့်ချင်ပေမယ့် ချောင်ထျန်းချန်အတွက် ကိစ္စတွေ ပိုဆိုးသွားအောင် လုပ်မိမှာ ကြောက်သည်။ချင်းရွှန်းနဲ့ချင်းကျူး နှစ်ယောက်လုံးက နင်းမုန့်ယောင်ကို ဝန်းရံထားပြီး သူမကို သူတို့ကြားထဲ ထားထားသည်။
ချင်းရွှန်းက ဒေါသထွက်နေတယ်။သူမ ကိုယ်ခံပညာရှင်အချို့ကို ကူညီဖို့ ခေါ်လိုက်သင့်တာ ဒါဆိုရင် သူတို့တွေ ရန်သူအများကြီးကို ခုခံပြီး တိုက်စရာ မလိုတော့ဘူး။
နင်းမုန့်ယောင်က ချင်းရွှန်းရဲ့ လက်ကို ပုတ်ပေးပြီး
"ငါတို့ အဆင်ပြေသွားမှာပါ"
ချင်းရွှန်းရဲ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အမြန် စေခိုင်းလိုက်သည်။
"သခင်မလေး အသက်မရှူနဲ့"
နင်းမုန့်ယောင်က ဘာဖြစ်လို့လဲဆိုပြီး မမေးနိုင်ခင် မေ့လဲသွားသည်။အဖွားချင်နဲ့ဘေးကလူတွေလည်းပဲ မေ့လဲသွားကြသည်။ချင်းရွှန်းတစ်ယောက်ထဲသာ သတိမလစ်တာ ဖြစ်သည်။
ဒါပေမယ့် သူမခေါင်းမလှည့်နိုင်ခင်မှာ တစ်ယောက်ယောက်က သူမနောက်ကနေ လည်ပင်းကို ဓားရိုးနဲ့ရိုက်လိုက်ပြီး သူမ မေ့လဲသွားသည်။
ချောင်မိုက စားပွဲပေါ်မှာ သတိလစ်နေတဲ့ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။သူက ကြင်နာခြင်းမရှိ သူမကိုမလိုက်ပြီး ချောင်ထျန်းချန်ရဲ့ ခြံဝင်းလေးထဲကနေ ပျောက်ကွယ်သွားသည်။
ချောင်ထျန်းချန်နဲ့ချင်းရွှမ်တို့ သူတို့ခန္ဓာကိုယ်မှာ ဒဏ်ရာအပြည့်နဲ့ ပြန်လာတဲ့အချိန် ချင်းရွှန်းနဲ့အခြားလူတွေ ကြမ်းပြင်ပေါ်မှာ လဲကျနေတာကို တွေ့သွားသည်။သူတို့ရဲ့ အမူအရာတွေက ချက်ချင်း ပြောင်းလဲသွားပြီး အထူးသဖြင့် နင်းမုန့်ယောင်ကို မတွေ့တဲ့အခါမှာ ဖြစ်သည်။
"****" ချောင်ထျန်းချန်က သူ့လက်ချောင်းတွေကို ပါးစပ်မှာကပ်ပြီး လေချွန်လိုက်သည်။လင်းယုန်ငှက်တစ်ကောင် ကောင်းကင်ကနေ ဆင်းသက်လာပြီး ချောင်ထျန်းချန်၏ လက်မောင်းပေါ်တွေ နားလိုက်သည်။
ချောင်ထျန်းချန်က သူ့စာကြည့်ခန်းကိုသွားပြီး စာတစ်စောင်ရေးကာ ရှောင်ချီထျန်းဆီသို့ စာပို့ရန် လင်းယုန်ကို လွှတ်လိုက်သည်။သူက လဲ့အန်းနဲ့ အခြားလူတွေဆီလည်းပဲ ချက်ချင်းလာကြဖို့ စာပို့လိုက်သည်။
"ချင်းရွှမ် မင်းအိမ်မှာနေပြီး သူတို့ကို စောင့်ရှောက်ထား။ငါ အခု ယောင်ယောင့်နောက် လိုက်သွားမယ်"
"ကျွန်မတို့ကို စိတ်မပူပါနဲ့ သခင်လေး"
ချောင်ထျန်းချန်က သူ့မြင်းကိုစီးပြီး မြို့ကိုအမြန်သွားခဲ့သည်။သို့ပေမယ့် သူနေရှာရှာတွေ့တဲ့အချိန်မှာ ချောင်ထျန်းယွီက ထွက်ခွာသွားပြီ ဖြစ်သည်။
သတင်းရပြီးတဲ့နောက် ရှောင်ချီထျန်းရဲ့ အမူအရာ ပြောင်းလဲသွားသည်။သူက ချောင်ထျန်းချန်ရဲ့စာကို သူနဲ့အတူယူပြီး နန်းတော်ထဲ ဝင်သွားသည်။
"အကူအညီပေးဖို့ လူတွေခေါ်သွား။ငါတို့ နင်းမုန့်ယောင်ရဲ့လုံခြုံရေးကို သေချာအောင်လုပ်ရမယ်"
ရှောင်ချီဖုန်းက စာကိုဖတ်ပြီးတဲ့နောက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားတယ်။ချောင်ကျန်းဟုန်က ဒီလင်မယားကို ရူးသွားအောင်လုပ်ဖို့ ကြိုးစားနေတာလား?
တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရရင်တော့ ပြဿနာမဟုတ်ပေမယ့် တစ်ခုခုသာ မှားယွင်းသွားခဲ့ရင်........အဲ့ဒီအခါကျ ချောင်ထျန်းချန် ဘာလုပ်လိမ့်မလဲဆိုတာ ရှောင်ချီဖုန်း မစဉ်းစားကြည့်ချင်ဘူး။
"ကျွန်တော် သဘောပေါက်တယ် အစ်ကိုတော်။အခု ချက်ချင်းသွားလိုက်မယ်"
မြို့တော်ဆီကိုလာတဲ့လမ်း နှစ်လမ်းပဲရှိတယ်။သူ လူတွေလွှတ်ပြီးတော့ လမ်းပိတ်ထားလို့ရတယ်။
တစ်ချိန်ထဲမှာပဲ လဲ့အန်းနဲ့လင်းဇီရိုလည်း သတင်းရကြပြီး နှစ်ယောက်သား ချောင်ထျန်းချန်ရဲ့ နေရာမှာ ဆုံကြသည်။
"ဆရာ မရီးကဘယ်လိုလုပ် ပြန်ပေးဆွဲခံရတာလဲ"
လင်းဇီရိုက စိတ်ပူပန်စွာ မေးလိုက်သည်။
"သူတို့က သူမကို အသုံးချပြီးတော့ ငါ့ကို မြို့တော်ပြန်ဖို့ ဖိအားပေးချင်တာ။သူတို့ဘယ်လမ်းကနေသွားလဲဆိုတာ မြန်မြန်ရှာရမယ်" ချောင်ထျန်းချန်က ရှေ့ကို အေးစက်စွာ ကြည့်နေခဲ့သည်။
သူတို့တွေက ငါ့ကို ဒီလောက်အထိ ဆိုးဆိုးဝါးဝါး ပြန်လာစေချင်မှတော့ ငါသွားမယ်။ဒါပေမယ့် သူတို့တွေ ငါ့ဒေါသကနေ လွတ်မယ်မထင်နဲ့!
"ဟုတ်ကဲ့"
သူတို့နှစ်ယောက် ထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က လက်သီးတွေ ဆုပ်ထားလိုက်တယ်။ယောင်ယောင် ကျေးဇူးပြုပြီး အန္တရာယ်ကင်းကင်း ရှိနေပေးပါ။
နင်းမုန့်ယောင်က လှုပ်ရမ်းနေတဲ့ရထားလုံးကနေ ဖြည်းဖြည်းချင်း နိုးလာခဲ့သည်။သို့ပေမယ့် သူမ ဘာခွန်အားမှ မရှိတော့ပေ။သူမ ပင်ပန်းနေခဲ့ပြီး လက်တစ်ဖက်တောင် မမြှောက်နိုင်ပေ။
"မင်း နိုးလာပြီပဲ"
ရင်းနှီးပေမယ့် အနည်းငယ်ထူးဆန်းနေတဲ့ အသံက သူမနားထဲ ရောက်လာခဲ့သည်။
နင်းမုန့်ယောင် ခေါင်းလှည့်ကြည့်လိုက်သည်။အဲ့ဒါက ချောင်ထျန်းယွီပဲ
"ရှင်တို့အားလုံးက ဘာလို့ ကျွန်မကို ပြန်ပေးဆွဲချင်ရတာလဲ"
"မင်းက ဉာဏ်ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ။အကြောင်းပြချက်ကို မင်းရှင်းရှင်းလင်းလင်း သိပါတယ်။မင်းက ချောင်ထျန်းချန်နဲ့ မထိုက်တန်ဘူး။ငါတို့ မင်းကို ပြန်ပေးဆွဲတာက သူ မြိုတော်ကို ပြန်လာအောင်လို့ပဲ"
နင်းမုန့်ယောင်ရဲ့ခန္ဓာကိုယ်ထဲမှာ မူးယစ်ဆေးအနည်းငယ် ကျန်ရှိသေးတာကြောင့် သူမ တစ်ခုခုလုပ်မှာ ချောင်ထျန်းယွီ မစိုးရိမ်ပေ။
နင်းမုန့်ယောင်က ချောင်ထျန်းယွီကို တစ်ချက်ကြည့်လိုက်ပြီး အဲ့ဒီနောက် သူမမျက်လုံးတွေကို မှိတ်ကာ သူမကိုယ်သူမ ဘယ်လိုကယ်တင်ရမလဲဆိုတာ စဉ်းစားတော့သည်။
မြို့တော်သွားတဲ့လမ်းမှာ နင်းမုန့်ယောင်ကို အာရုံစိုက်ထားတဲ့ ရှောင်ကျီရွှမ်းက လှောင်ရယ်လိုက်တယ်။ဘုရားသခင်က ငါ့ဘက်မှာပဲ။
သူမက စာတစ်စောင်ရေးလိုက်ပြီး တစ်ယောက်ယောက်ကို လွှတ်ကာ ရှောင်အိမ်တော်ဆီ ပို့ခိုင်းလိုက်သည်။
ရှောင်ရီလင်းက သူ့သမီးဆီက စာကိုရရှိပြီး စာထဲမှာရေးထားတဲ့အတိုင်း လိုက်လုပ်ကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
နင်းမုန့်ယောင် မြို့တော်မရောက်ခင် တစ်ရက်အလိုတွင် အနက်ရောင်ဝတ်စုံနဲ့ လူသတ်သမားတွေက သူတို့လမ်းကို ပိတ်ဆို့လာခဲ့သည်။
ချောင်မိုနဲ့သူ့အဖွဲ့ရဲ့ အမူအရာတွေက ဆိုးဝါးလာပြီး ရန်သူကို စတင်တိုက်ခိုက်တော့သည်။နင်းမုန့်ယောင် နည်းနည်းထူးဆန်းသလို ခံစားရတယ်။သူတို့တွေက ဘယ်သူတွေလဲ ပြီးတော့ သူတို့က ဘာလို့ အများကြီးရှိနေရတာလဲ?
သူမ သိချင်စိတ်ပြင်းပြနေတုန်းမှာပဲ ချောင်ထျန်းယွီက တိုက်ပွဲကို ဝင်ရောက်တိုက်ခိုက်တော့သည်။မြင်းက အသံကျယ်ကျယ် မြည်ဟီးပြီး အလွန်လျင်မြန်စွာ ပြေးဆွဲတော့သည်။
ရထားလုံးက အလွန်လှုပ်ခါနေတာကြောင့် နင်းမုန့်ယောင် မျက်မှောင်ကြုတ်သွားတယ်။သူမခန္ဓာကိုယ်က အားနည်းနေတုန်းဖြစ်ပြီး သူမကိုယ်သူမ မကယ်နိုင်ပေ။