အခန်း ၁၇၉+၁၈၀
Vol. 8 Ch. 179+180
Chapter 179+180
လူတိုင်းက တစ်ညလုံး ခြံဝင်းထဲမှာ အချိန်ကုန်ဆုံးခဲ့ကြပြီး မြေကြီးပေါ်မှာ ဝိုင်အိုးအလွတ်တွေသာ ချန်ထားကြသည်။ကံကောင်းစွာနဲ့ ရှောင်ချီထျန်းက မူးပြီး အိပ်ပျော်နေပြီဖြစ်သည်။မဟုတ်ရင် မြေကြီးပေါ်က ဝိုင်အိုးအလွတ်များစွာကိုကြည့်ပြီး သူ့နှလုံးသားနာကျင်နေမှာဖြစ်သည်။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို သူ့အိပ်ရာဆီ ကူပို့ပေးသည်။သူ့မျက်နှာ နီမြန်းနေတာကိုကြည့်ပြီး သူအများကြီးသောက်ထားတယ်ဆိုတာ သူမသိသည်။ဖြစ်နိုင်တာက သူ့ရဲ့ညီနောင်တွေကို တွေ့ရတာကြောင့် စိတ်ကောင်းဝင်နေပြီး သူ့ရဲ့ပုံမှန် အေးတိအေးစက်မျက်နှာထားကတောင်မှ အပြုံးတွေနဲ့ နွေးထွေးနေခဲ့သည်။
သူမက သူ့မျက်နှာကို တဘက်နဲ့သုတ်ပေးလိုက်ပြီး အင်္ကျီကူချွတ်ပေးလိုက်သည်။အဲ့ဒီနောက် သူ့ကို စောင်တစ်ထည်ခြုံပေးခဲ့သည်။
နင်းမုန့်ယောင် တိတ်တိတ်လေး ထွက်သွားပြီးတဲ့နောက် အစောတုန်းက အိပ်ပျော်နေတဲ့ ချောင်ထျန်းချန်က သူ့မျက်လုံးတွေဖွင့်လိုက်ပြီး ပိတ်သွားတဲ့တံခါးကို ခဏလောက်စိုက်ကြည့်နေကာ အဲ့ဒီနောက် သူ့မျက်လုံးတွေပိတ်ပြီး အေးအေးချမ်းချမ်း အိပ်သွားခဲ့သည်။
"ချင်းရွှယ် နင် မနက်ဖြန်မှ သန့်ရှင်းရေးလုပ်လို့ရတယ်။အခုက နောက်ကျနေပြီ သွားနားတော့လေ"
နင်းမုန့်ယောင်က သူမအခန်းထဲက ထွက်လာတဲ့အချိန် အဖွားချင်နဲ့ကျန်တဲ့လူတွေက ရှုပ်ပွနေတာတွေကို သန့်ရှင်းရေးလုပ်နေတာ မြင်တာကြောင့် ပြောလိုက်သည်။
"သခင်မလေး ကျွန်မတို့ အဆင်ပြေပါတယ်။ကျွန်မတို့ မြန်မြန်ရှင်းလို့ပြီးသွားမှာ။သခင်မလေးသာ အရင်သွားနားလိုက်။ကျွန်မတို့ လုပ်လို့ပြီးသွားပြီဆိုရင် အိပ်မှာပါ"
အဖွားချင်က နေရာကိုရှင်းလင်းနေရင်း ခေါင်းမမော့ဘဲ ပြောလိုက်သည်။
သူတို့အားလုံးက တူညီတဲ့သဘောထားရှိနေတာကို မြင်ရတော့ နင်းမုန့်ယောင်က လွှတ်ထားလိုက်တော့သည်။သူမက အိမ်တံခါးဝမှာရပ်ပြီး ကောင်းကင်ကကြယ်တွေ ကြည့်လိုက်သည်။
ဘဝက သူမထင်သလောက် မလှပပေမယ့် တစ်ခါတစ်ရံဆူညံသံတွေကလည်း သူမကို အရမ်းပျော်ရွှင်စေတယ်။ဒါက အသက်ရှင်ခြင်းရဲ့အဓိပ္ပာယ် ဖြစ်ကောင်းဖြစ်နိုင်တယ်။
ချောင်ထျန်းချန်နဲ့သူ့ညီနောင်တွေက အများကြီးသောက်ခဲ့ဖူးကြသည်။သူတို့က နောက်တစ်နေ့မနက်မှာ အရက်နာကျခြင်းမရှိဘဲ နိုးလာကြသည်။သူတိုအားလုံး မနက်စောစောအိပ်ရာထပြီး ခြံဝင်းထဲမှာ ကိုယ်ခံပညာလေ့ကျင့်ကြသည်။နင်းမုန့်ယောင်က သူတို့ရဲ့ တက်ကြွတဲ့အားမာန်တွေကိုကြည့်ပြီး အိမ်ပြန်သွားခဲ့သည်။
သူမ ပင်ပန်းနေပြီဖြစ်တာကြောင့် အနားယူဖို့လိုတယ်။
အဝေးက မြို့တော်မှာတော့ လင်းလော်က သူ့လူတွေဆီကနေ နင်းမုန့်ယောင် လက်ထပ်တော့မှာကိုကြားပြီး သူ့မျက်နှာက အချိန်ခဏလောက် အုံ့မှိုင်းသွားခဲ့သည်။
သူ့စိတ်ထဲမှာ နင်းမုန့်ယောင်က သူ့အပိုင်ဖြစ်ပြီးတော့ အခု သူမ လက်ထပ်တော့မှာက ခွင့်မလွှတ်နိုင်စရာပဲ။
အဲ့ဒီသတင်းကိုကြားတဲ့ ရှောင်ကျီရွှမ်းကလည်း ကိုယ်ဝန်ရှိနေပြီဖြစ်သည်။သူမက ကိုယ်ဝန် ခုနစ်လရှစ်လ မိန်းမတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ရှိပြီး ပိုမို ဝလာခဲ့သည်။
သတင်းကြားပြီးတဲ့နောက် လင်းလော်က စံအိမ်ကနေထွက်သွားတယ်ဆိုတာ သိရတော့ အရင်လတွေက ပျော်ရွှင်နေခဲ့တဲ့ ရှောင်ကျီရွှမ်းရဲ့ စိတ်အခြေအနေက ချက်ချင်း ပျက်စီးသွားခဲ့သည်။အဲ့ဒီ ေ*ာက်¹ နင်းမုန့်ယောင်က သူမလက်ထပ်တော့မယ်ဆိုတာနဲ့ပဲ လင်းလော်ကို ဆွဲဆောင်သွားနိုင်တယ်။သူမက သူမ(ရှောင်ကျီရွှမ်း)ကို စိန်ခေါ်ဖို့ ကြိုးစားနေတာလား?
¹(darned-စိတ်တိုတဲ့နေရာမှာ သောက်တို့ဘာတို့ထည့်သုံးတာပါ)
ရှောင်ကျီရွှမ်းက သူမရဲ့ ဝမ်းဗိုက်ကို ပွတ်သပ်လိုက်တယ်။မိန်းမတစ်ယောက်ဝင်လာပြီး သူမယောကျာ်းကိုခိုးယူသွားမှာမျိုး သူမလုံးဝအဖြစ်ခံမှာမဟုတ်ဘူး။အဲ့ဒီမိန်းမက လင်းလော်သဘောကျတဲ့လူတစ်ယောက်ဆိုရင်တောင် ပြောမနေနဲ့တော့။
နင်းမုန့်ယောင်သာ လက်ထပ်ပြီးတော့ သူမမိသားစုထဲဝင်လာရင် ရှောင်ကျီရွှမ်းက အခုလက်ရှိနေရာကို ထိန်းထားနိုင်ပါဦးမလား?
ဒါကိုတွေးမိပြီးတော့ နင်းမုန့်ယောင် လက်ထပ်တော့မယ်ဆိုတာက မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ သူမ အဲ့ဒီမိန်းမကို သတ်ပစ်ရမယ်။
လင်းလော်ရောက်သွားတဲ့အချိန် သူ့ခံစားချက်က အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။လအနည်းငယ်အတွင်းမှာပဲ ဒီနေရာက အများကြီး ပြောင်းလဲသွားခဲ့သည်။ဘေးနားမှာ အိမ်တစ်လုံးတောင် ရှိသေးသည်။၎င်းက ကြည့်ရတာ အခြားအိမ်နဲ့ ပေါင်းစပ်ထားပုံရသည်။ဒါက တကယ်တော့ ချောင်ထျန်းချန်ရဲ့ ရည်ရွယ်ချက်ဖြစ်သည်။လက်ထပ်ပြီးတဲ့နောက် သူက အလယ်က နံရံကို ဖယ်ရှားပြီး အိမ်နှစ်လုံးက တစ်လုံးတည်းဖြစ်လာမှာ ဖြစ်သည်။
နင်းမုန့်ယောင်အိမ်ဆီကို လျှောက်သွားပြီးတော့ လင်းလော်က တံခါးကို အဆတ်မပြတ်ခေါက်သည်။ထိုအချိန်မှာ လူတိုင်းက ထမင်းစားနေကြတာဖြစ်ပြီး သူတို့ရဲ့ခေါင်းတွေကိုလှည့်ကာ တံခါးဘက်ကို ကြည့်လိုက်သည်။
ကျန်းချွမ်က တံခါးဖွင့်ပေးလိုက်ပြီး အပြင်မှာ လူစိမ်းတစ်ယောက် ရပ်နေတာကို တွေ့ရသည်။ထိုလူက သူတို့နဲ့ရင်းနှီးခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်ဖြစ်ပြီး လင်းလော်ပဲ။ကျန်းချွမ်က
"မင်း ဘယ်သူ့ကို ရှာနေတာလဲ" ဟု မေးလိုက်သည်။
"ငါ နင်းမုန့်ယောင်ကို လာရှာတာ။သူမ ဘယ်မှာလဲ"
"သခင်မလေး သခင်မလေးကိုရှာတာတဲ့"
ကျန်းချွမ်က သူ့ခေါင်းကိုလှည့်ပြီး ခြံဝင်းထဲက နင်းမုန့်ယောင်ကို ပြောလိုက်သည်။
တံခါးကအသံကိုကြားတော့ နင်းမုန့်ယောင်က ဘယ်သူလဲဆိုတာ သိနေခဲ့တယ်။သူမက ချောင်ထျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီး သူက မတ်တပ်ရပ်ကာ သူမနဲ့တံခါးဆီသွားခဲ့သည်။
"ရှင်ဘာလိုချင်လို့လဲ"
နင်းမုန့်ယောင်က နည်းနည်းလေးမှ မခံစားရဘဲ မကြည်လင်တဲ့ လေသံနဲ့ မေးလိုက်သည်။ သူမနဲ့လင်းလော်တို့ တစ်ချိန်က အတူတူရှိခဲ့ကြတယ်ဆိုတာကို မြင်ကြည့်ဖို့ လုံးဝမဖြစ်နိုင်ပေ။
လင်းလော်က သူမကို မေးချင်တယ် သူမဘေးနားမှာရပ်နေတဲ့ ချောင်ထျန်းချန်ကို မြင်ပြီးတော့ သူက မေးလိုက်တယ်
"မင်း သူ့ကို တကယ်လက်ထပ်မှာလား"
သူက သူ့ဇနီးဖောက်ပြန်တာကိုမိသလို လုပ်နေတာကြောင့် နင်းမုန့်ယောင်က လင်းလော်ကို လှောင်သလို ကြည့်လိုက်သည်။သူမက မတတ်နိုင်ဘဲ အော်ရယ်မိသွားသည်။
"ဟုတ်တယ် ကျွန်မက သူ့ကို လက်ထပ်တော့မှာ။ရှင့်မှာ အဲ့အကြောင်းနဲ့ပတ်သက်ပြီး တစ်ခုခု ပြောစရာရှိလို့လား"
180
နင်းမုန့်ယောင်က လင်းလော်ကသူမရဲ့ ကောင်းကင်ကြီးလို့ ထင်ခဲ့ဖူးပေမယ့် အဲ့ဒါက သူမချောင်ထျန်းချန်နဲ့မဆုံခင်အထိသာဖြစ်သည်။ချောင်ထျန်းချန်နဲ့တွေ့ပြီးတဲ့နောက် လင်းလော်ရဲ့ အပြုအမူကောင်းတွေက ဘာမှမဟုတ်တော့ပေ။ပြီးတော့ သူ သူမအတွက်လုပ်ပေးခဲ့တဲ့အရာတွေက အတော်လေးကို အသေးအမွှားသာဖြစ်တယ်။သူက ရာထူးမြင့်ကိုစွန့်လွှတ်ပြီး သူမနဲ့တောရွာလေးမှာ ပုန်းရှောင်နေမယ့် လူတစ်ယောက်မဟုတ်ပေ။
"မင်း.......နင်းမုန့်ယောင် မင်းဘာလို့ ဒီလောက် အောက်တန်းကျရတာလဲ"
နင်းမုန့်ယောင်ရဲ့ မျက်လုံးတွေက အေးစက်သွားခဲ့သည်။ချောင်ထျန်းချန် သူ့ကို မထိုးခင်မှာ နင်းမုန့်ယောင်က သူ့ကို ပါးရိုက်လိုက်သည်။
"လင်းလော် နင်နဲ့ငါနဲ့က ဘာမှ မသက်ဆိုင်တော့ဘူး။ငါကပဲ နင့်ကို အကြွေးတင်နေတဲ့ ပုံစံမျိုး လာပြောမနေနဲ့။လင်းလော် လူတိုင်းကအသက်ရှင်ဖို့ တစ်ခြားတစ်ယောက်ကို လိုအပ်နေတာမဟုတ်ဘူး"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို မကျေမနပ်ကြည့်လိုက်ပြီး
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ကိုယ်က မင်းမရှိဘဲ မနေနိုင်ဘူး"
နင်းမုန့်ယောင်က ကြောင်သွားပြီး အဲ့ဒီနောက်
"အိုး အချစ် ကျွန်မမှားသွားတာ"
လင်းလော်က နင်းမုန့်ယောင်ကို အခုလိုမျိုးဖြစ်လာလိမ့်မယ်လို့ တကယ် မထင်ထားပေ။
"မင်း အရင်တုန်းက ဒီလိုမဟုတ်ပါဘူး။ကိုယ် မင်းကို သိပ်စိတ်ပျက်သွားပြီ"
လင်းလော်က သူ့မျက်နှာကို ထိလိုက်ပြီး ဒါက နင်းမုန့်ယောင် အစစ်အမှန်ဆိုတာ မယုံနိုင်ပေ။သူမက ဘယ်တုန်းကမှ ဒီလိုမဟုတ်ခဲ့ဘူး။သူမက သေချာပေါက် မကောင်းတာတွေ လွှမ်းမိုးခံသွားရတာ ဖြစ်ရမယ်။
ဒါပေမယ့် နင်းမုန့်ယောင်က သူ့ကိုရယ်လိုက်ပြီး
"ငါ့ရဲ့အကျင့်စရိုက်က ဘယ်တုန်းကမှ ပြောင်းလဲမသွားခဲ့ဘူး။နင်ကသာ ငါ့ကို လုံးဝ နားမလည်ခဲ့တာ။နင့်မှာ နင့်ကိုယ်ပိုင်ဘဝရှိတယ် လင်းလော် ပြီးတော့ ငါ့မှာလည်း ငါ့ကိုယ်ပိုင်ဘဝရှိတယ်။အရာအားလုံးက နင့်နားမှာ လည်ပတ်နေတာမဟုတ်ဘူး"
သူက သူမကို သူ့ရဲ့ ဒုတိယဇနီးလုပ်မယ်လို့ ပြောလိုက်ပြီးတဲ့နောက် သူမက သူမအိမ်ကို မီးရှို့ခဲ့ပြီး မြို့တော်ကနေ ထွက်လာခဲ့ကာ သူတို့မှာ ဘာအဆက်အသွယ်မှ မရှိတော့ပေ။သူမက တစ်ယောက်တည်းဖြစ်ပြီးတော့ ဘယ်သူ့ရဲ့ ပိုင်ဆိုင်မှုမှမဟုတ်ပေ ပြီးတော့ သူတို့ကြားထဲမှာ လက်ထပ်စာချုပ်ဆိုတာကလည်း မရှိခဲ့သလို သူတို့က ခင်ပွန်းနဲ့ဇနီးသည်လည်း မဟုတ်ခဲ့ပေ။သူက ဇနီးသည်သုံးယောက်နဲ့ကိုယ်လုပ်တော်လေးယောက်ယူနိုင်တယ်။သူကဘယ်သူမလို့ သူမရဲ့ချစ်သူနဲ့လက်ထပ်မှာကို လာတားနေရတာလဲ?
"မင်း....." လင်းလော်က ကြောင်သွားပြီး ဘာမှမပြောနိုင်ပေ ဘာလို့လဲဆိုတော့ နင်းမုန့်ယောင်ပြောတာ မှန်တယ် လူတိုင်းက တစ်ခြားတစ်ယောက်ကို မှီခိုနေကြတာမဟုတ်ပေ။
အသက်ပြင်းပြင်းရှူလိုက်ပြီး လင်းလော်က နင်းမုန့်ယောင်ကို ကြည့်ကာ
"ကိုယ့်ဆီပြန်လာခဲ့။ကိုယ် မင်းလိုချင်တာမှန်သမျှ ပေးနိုင်တယ်"
ချောင်ထျန်းချန်ရဲ့ အမူအရာက ဆိုးရွားလာခဲ့တယ်။ဒီလူက ငါ့အချစ်ကို ငါ့ရှေ့မှာတင် ခိုးသွားဖို့ ကြိုးစားနေတာလား?နင်းမုန့်ယောင်သာ သူ့ကိုမတားခဲ့ရင် သူ့အဲ့လူကို အဝေးကို လွှင့်ထွက်သွားအောင် ကန်ထုတ်ပစ်ပြီးသွားပြီ။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ လက်ကိုဆွဲလိုက်ပြီး လင်းလော်ကို ကြည့်ကာ
"နင်ပြောတာ ငါလိုချင်တာ ဘာမဆိုပေးနိုင်တယ်ပေါ့လေ?နင့်ရဲ့ အမွေဆက်ခံသူနေရာကို စွန့်လွှတ်ပြီးတော့ ငါနဲ့ ဒီတောင်ရွာလေးမှာ နေနိုင်လား?နင့်ရဲ့ အခွင့်အရေးတွေအားလုံးကို စွန့်လွှတ်ပြီးတော့ ငါနဲ့ သာမန်ဘဝမှာ နေနိုင်လား"
၎င်းက လိုအပ်ချက်နှစ်ခုသာ ဖြစ်ပြီး အများကြီး တောင်းဆိုတာမဟုတ်ပေမယ့် လင်းလော်ရဲ့မျက်နှာက စိမ်းဖန့်လာခဲ့သည်။သူ့သွားတွေကိုကြိတ်လိုက်ပြီး
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့!"
"ဟက် အဓိပ္ပာယ်မရှိတာတဲ့လား?လင်းလော် ငါက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ ဟုတ်လား မဟုတ်ဘူးလားဆိုတာ နင်ရှင်းရှင်းလင်းလင်း သိတယ်လို့ ငါယုံတယ်။နင် ငါ့ကို ငါဘာပဲလိုချင်လိုချင် ပေးမယ်လို့ ပြောတာက ရွှေတွေ၊ရတနာတွေ၊ပိုက်ဆံတွေဆိုရင်တော့ ဒါဆို ငါတောင်းပန်တယ်။ငါ့မှာ ပိုက်ဆံပြတ်မနေဘူး။ငါ ပိုက်ဆံလိုခဲ့ရင်တောင်မှ ထျန်းချန်က ငါ့ကို ပေးနိုင်တယ်။သူက ငါနဲ့ရှိဖို့အတွက် အရာအားလုံးကို ဘေးဖယ်ထားနိုင်တယ်။နင်အဲ့ဒါ လုပ်နိုင်လို့လား"
နင်းမုန့်ယောင်က လင်းလော်ကို လှောင်ကြည့်နေခဲ့သည်။
ဘယ်သူမဆို ခမ်းနားကြီးကျယ်တဲ့ စကားလုံးတွေ ပြောနိုင်တယ်:သူလည်းပဲ ဘယ်လိုပြောရမလဲဆိုတာ သိတယ် ဒါပေမယ့် သူတို့ပြောတဲ့အတိုင်း ဘယ်သူက တကယ်လုပ်လို့လဲ?
ချောင်ထျန်းချန် ဗိုလ်ချုပ်ဖြစ်တဲ့အချိန်တုန်းက သူသာဆန္ဒရှိရင် မြို့တော်ကိုပြန်ပြီး ရာထူးမြင့်တဲ့ လူတစ်ယောက်အနေနဲ့ နေနိုင်သည်။ဒါပေမယ့် သူက ပြန်ဖို့ဆန္ဒမရှိခဲ့ပေ။သူ အရင်တုန်းက ပြောခဲ့ဖူးတယ် သူသာ သူမနဲ့မဆုံခဲ့ရင်တော့ တစ်နေ့မှာ သူပြန်ဖြစ်လိမ့်မယ် ဒါပေမယ့် သူမနဲ့ဆုံတွေ့ပြီးတဲ့နောက် ပြန်ဖို့စိတ်ကူးမရှိတော့ပေ။စစ်ပွဲမရှိရင်၊ရှောင်တိုင်းပြည်ရဲ့လုံခြုံရေးနဲ့သူ့ညီနောင်တွေရဲ့ အသက်တွေ အန္တရာယ်များပြီးခြိမ်းခြောက်ခံရတာမျိုးမဟုတ်ဘူးဆိုရင် သူပြန်မလာဘူးလို့ သူ့ညီနောင်တွေကို ပြောထားခဲ့သည်။
အဲ့ဒါကလွဲပြီးတော့ သူက ဒီတောင်ရွာလေးထဲမှာပဲ သူမနဲ့အတူတူ တစ်သက်လုံးနေသွားမှာ ဖြစ်သည်။
ရှောင်ချီထျန်းနဲ့လင်းဇီရိုတို့ရဲ့ အပြုအမူကနေ အကဲဖြတ်ပြီးတော့ အရင်တုန်းက ချောင်ထျန်းချန်က ယောကျာ်းပီသတဲ့ယောကျာ်းတစ်ယောက်ဖြစ်တယ် ဒါပေမယ့် သူမအတွက်နဲ့ သူက အဝတ်လျှော်တာတွေ၊မီးဖိုချောင်ထဲမှာ ဟင်းပွဲပြင်တာတွေကို လိုလိုလားလား လုပ်ပေးခဲ့တယ်။ဒါက ယောကျာ်းအများစု လုပ်ဖို့ဝန်လေးတဲ့အရာဖြစ်တယ်။လင်းလော် အဲ့ဒါတွေကို လုပ်နိုင်မှာလား?ဟင့်အင်း သူမလုပ်နိုင်ပါဘူး။
သူမသာ မနှိုင်းယှဉ်ခဲ့ဘူးဆိုရင် ဘယ်သူက အကောင်းဆုံးလဲဆိုတာ သိမှာမဟုတ်ဘူး။သူမက အရူးတစ်ယောက်မဟုတ်ပေ။သူမကို တကယ်ကောင်းပေးတဲ့ လူတစ်ယောက်ကို စွန့်လွှတ်ပြီးတော့ တစ်ကိုယ်ကောင်းဆန်တဲ့လူဆီကို ပြန်သွားမှာ မဟုတ်ဘူး။
"လင်းလော် နင်မလုပ်ပေးနိုင်ဘူးဆိုရင် ကတိတွေမပေးနဲ့။ငါ ချောင်ထျန်းချန်ကို ချစ်တယ်။ငါ သူနဲ့နေရတာကို သဘောကျတယ်။သူ ငါ့အတွက် ဟင်းချက်ပေးတာ ငါ့ကို မုန့်လုပ်ကျွေးဖို့ မုန့်လုပ်နည်းသင်တာ အဲ့ဒါတွေကို ကြည့်ရတာ သဘောကျရတယ်။သူက ငါ့အတွက် အပေါ်အောက် နှံ့အောင်ရှာပြီး ငါကြိုက်တဲ့အရာအတွက် ကြိုးစားပေးတာကို သဘောကျတယ်။ငါ့ လိုအပ်ချက်တွေက အမြင့်ကြီးမဟုတ်ဘူး။ငါလိုချင်တာက ငါ့ကို နှလုံးသားတစ်ခုလုံးနဲ့ ချစ်ပေးတဲ့လူမျိုးပဲ။ပြီးတော့ သူက အဲ့ဒီလူပဲ"
နင်းမုန့်ယောင်က လင်းလော်ရဲ့ ပုံမှန်မဟုတ်တဲ့ ဆိုးရွားနေတဲ့ အမူအရာကို လျစ်လျှူရှုထားပြီး ချောင်ထျန်းချန်ကို ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။
အစတုန်းကတော့ ချောင်ထျန်းချန်က ဒေါသထွက်နေတုန်းဖြစ်ပေမယ့် နင်းမုန့်ယောင်ရဲ့ စကားတွေကို နားထောင်ပြီးတော့ သူ့ဒေါသတွေက ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။သူမက သူ့ကို သဘောကျပြီးတော့ သူနဲ့ရှိချင်တယ်လို့ ပြောခဲ့တယ်။