← Chapters

အခန်း ၁၅၂

Vol. 7 Ch. 152

အခန်း ၁၅၂

Vol. 7 Ch. 152

Chapter 152

ဒီနေရာအထိ သူလျှောက်လာတဲ့ ခရီးလမ်းတစ်လျှောက်လုံးက မလွယ်ကူဘူးဆိုတာ ရှင်းတယ်။သူက ဧကရာဇ်ကို စိတ်ပူနေတုန်းပဲ မဟုတ်ရင် သူ့စေ့စပ်ပွဲပြီးတာနဲ့ အလျင်စလို သွားမှာမဟုတ်ဘူး။

"အရှင်မင်းကြီး အရှင် ဒါနဲ့ပတ်သက်ပြီး စိုးရိမ်နေဖို့ မလိုတော့ပါဘူး။နင်းမုန့်ယောင်က ကျွန်တော်တို့ထင်သလို သာမန်မဟုတ်ဘူးလို့ ခံစားမိတယ်။ထျန်းချန် သူ့ကိုလက်ထပ်လိုက်တာက အထောက်အပံ့အကြီးကြီးရလိုက်တာပဲ"

ရှောင်ချီထျန်းက သူစောနတုန်းက နင်းမုန့်ယောင်အပေါ််လုပ်ခဲ့တဲ့ စစ်ဆေးမှုအကြောင်းကို ပြန်စဉ်းစားလိုက်သည်။

နင်းမုန့်ယောင်က နှိမ့်ချနေတာကို သူ သဘောကျတယ်။

"ဟမ်?"

"သူက စီးပွားရေးလုပ်တာ ကျွန်တော့်ထက် ပိုတော်တယ်။ပြီးတော့ ကျွန်တော်ရဲ့ စုံစမ်းမှုအရ ဝိုင်နဲ့ဆော့စ်ဆိုင်မဖွင့်ခင်တုန်းက သူက တိုင်းပြည်တော်တော်များများမှာ ပန်းထိုးရုံတွေဖွင့်ခဲ့သေးတယ်။အဲ့ဒီ ပန်းထိုးရုံတွေကို ကောင်းကောင်းဝှက်ထားတာ။သူက အထက်တန်းလွှာတွေနဲ့ပဲ စီးပွားရေးလုပ်တာ။သူသာလိုချင်တယ်ဆိုရင် တစ်ခြားတိုင်းပြည်တွေက စီးပွားရေးလှုပ်ရှားမှုတွေကို ချုပ်ကိုင်ဖို့က ပြဿနာမဟုတ်ဘူး။ပြီးတော့ ဒါက တစ်စိတ်တစ်ပိုင်းပဲရှိသေးတာ။သူက လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ယောက်လို့ထင်တယ်"

ရှောင်ချီထျန်းက အဲ့အကြောင်းကို စဉ်းစားကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။

ဒါတောင် သူ နင်းမုန့်ယောင်ကို အပြည့်အဝ စုံစမ်းရသေးတာမဟုတ်ဘူး။

သူမရဲ့ အစေခံတွေကတောင် ကိုင်တွယ်ဖို့ မလွယ်ကူဘူး။လက်ရှိအချိန်မှာ ချင်းကျူးက ပန်းထိုးရုံတွေအားလုံးအတွက် တာဝန်ရှိတယ်ဆိုတာပဲ သူသိထားတယ်။ချင်းချွင်နဲ့ချင်းရွှယ်တို့ တာဝန်တွေကတော့ ချင်းရွှယ်က ဆေးပညာနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်ဆိုတာကလွဲလို့ တစ်ခြားအရည်အချင်းတွေကို သူ ရှင်းရှင်းလင်းလင်း မသိဘူး။ဒါပေမယ့် အဲ့ဒီအစေခံတွေက သာမန်မဟုတ်ဘူးဆိုတာတော့ သိတယ်။သူတို့ရဲ့ စိတ်နေသဘောထားတွေက ကွဲပြားတယ်။

"အိုး?သူ(မ)က တကယ် အဲ့လောက် အာဏာရှိတာလား"

"ဟုတ်တယ် သူ(မ)က လင်းလော်နဲ့ ဆက်ဆံရေးရှိခဲ့ဖူးတယ်။နောက်ကျတော့ လင်းလော်က ရှောင်ကျီရွှမ်းကို လက်ထပ်လိုက်ပြီး သူ့ဇနီးလုပ်လိုက်တာကြောင့် သူ(မ)က မြို့တော်နားက အိမ်ကို မီးရှို့ခဲ့ပြီး ထျန်းချန်နေနေတဲ့ ရွာလေးကို ပြောင်းသွားတာ။သူ(မ)သာ ပိုင်ရှန်းရွာက ရွာသူကြီးရဲ့သမီးကို ပန်းထိုးရုံမပို့ဘူးဆိုရင် ကျွန်တော်လည်း အဲ့သတင်းတွေအားလုံးကို ရနိုင်မှာမဟုတ်ဘူး" ရှောင်ချီထျန်းက မျက်မှောင်ကြုတ်လိုက်တယ်။

သူ့မှာ သဘောပေါက်ထားတာရှိတယ်။အနာဂတ်ကျရင် နင်းမုန့်ယောင်က လူတိုင်းကို အံ့အားသင့်သွားစေလိမ့်မယ် ဒါကြောင့် သူ အခုလုပ်ထားရမှာက သူမနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားဖို့ပဲ။

ရှောင်ချီဖုန်းက ဧကရာဇ်နေရာကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားတာကြောင့် သဘာဝကျစွာပဲ ရှောင်ချီထျန်း ဆိုလိုတဲ့ အဓိပ္ပာယ်ကို နားလည်တယ်

"ကျန်း ဒီကိစ္စကို မင်းကို လွှဲပေးလိုက်မယ်။သူ(မ)ကို နောက်ထပ် မစုံစမ်းနဲ့တော့ ထျန်းချန်ရဲ့‌ဆုံးဖြတ်ချက်ကို ငါယုံကြည်တယ်"

နင်းမုန့်ယောင်သာ အတော်လေးအာဏာရှိတယ်ဆိုရင် ချောင်ထျန်းချန်ပြန်လာတဲ့အခါကျရင် သူမက ကြီးမားတဲ့ အထောက်အပံ့တစ်ခုပဲ။

"ဟုတ်ကဲ့ အရှင်မင်းကြီး။ဒါပေမယ့် ကျွန်တော်တို့တွေ သူ(မ)ကို ရည်ရွယ်ချက်နဲ့မချဉ်းကပ်သင့်ဘူး။မဟုတ်ရင် အကျိုးဆက်တွေက ဆန့်ကျင်ဘက်ဖြစ်သွားလိမ့်မယ်။သူ(မ)က အ‌တော်လေး ဆတ်ဆတ်ထိမခံတဲ့ အမျိုးသမီးတစ်ယောက်လေ"

ရှောင်ချီထျန်းက ကူကယ်ရာမဲ့နေတယ် ဒါပေမယ့် သူ သူမနဲ့သိလာတာ လအတော်ကြာပြီ ဒါကြောင့် သူက သူမကို အနည်းနဲ့အများတော့ နားလည်နေပြီ။

"ဟုတ်တယ် ဒီကိစ္စကို မင်းကိုပဲ လွှဲထားတော့မယ်"

သူတို့တွေက အမေတစ်ယောက်ထဲက မွေးထားတဲ့ ညီအစ်ကိုတွေဖြစ်တယ်။ဒါကြောင့် သူတို့က အတူတူကြီးပြင်းလာကြပြီး တစ်ယောက်နဲ့တစ်‌ေယောက် အလွန်ချစ်ကြတယ်။ရှောင်ချီထျန်းက ထီးနန်းကို စိတ်မဝင်စားပေ။သူက နန်းတော်အပြင်မှာ စီးပွားရေးလုပ်ပြီး နိုင်ငံတော်ဘဏ္ဌာတိုက် ကြွယ်ဝဖို့အတွက် ရှောင်ချီဖုန်းကို ကူညီပေးသည်၊အခုဆို နိုင်ငံတော်ဘဏ္ဌာတိုက်က ကြွယ်ဝချမ်းသာနေပြီ ဒါကြောင့် သဘာဝဘေးအန္တရာယ်တွေ ကြုံလာရင်လည်း စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်သည်။

"စိတ်ချထားလိုက်ပါ" ရှောင်ချီထျန်းက ပြုံးပြီး ပြောလိုက်သည်။

"အရမ်းကောင်းတယ်။မင်းလည်း ဒီမှာရှိနေမှတော့ အတူတူစားကြရအောင်။ဒါဆို ဒီဝိုင်က မင်းပြောသလို ကောင်းလားဆိုတာ ငါမြည်းကြည့်လို့ရတယ်"

ရှောင်ချီဖုန်းက အောက်မေ့ဖွယ်အချို့ကို ကိုင်ထားရင်း ပြောလိုက်သည်။

"ကောင်းပြီ"

နင်းမုန့်ယောင်က မြို့တော်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိပေ။ဒီရက်တွေမှာ အဲ့အကြောင်းကို စဉ်းစားဖို့ သူမမှာ အချိန်မရှိခဲ့ဘူး။

အခုက နွေရာသီအစောပိုင်း ဖြစ်နေပြီဖြစ်ပြီး အတော်လေး မိုးရွာနေပြီဖြစ်သည်။တောင်ပေါ်မှာ မှိုတွေအများကြီး ပေါက်နေပြီဖြစ်သည်။ဒါကြောင့် သူမက ရွာက မိန်းမငယ်လေးတွေနဲ့ အလုပ်မလုပ်ချင်တဲ့လူတွေကို သူမက မှိုတွေကို တတ်နိုင်သလောက် စုဆောင်းချင်ကြောင်း ပြောခဲ့သည်။

အဲ့ဒါကြောင့် ရွာသားတွေအားလုံးက မှိုခူးဖို့ တောင်ပေါ်သွားကြသည်။နောက်တော့ နင်းမုန့်ယောင်က သူတို့မှတ်မိအောင်လို့ သမန်းမြက်အချို့ကို ပြလိုက်သည်။တစ်နေကုန်ပြီးတဲ့နောက် သူတို့တွေ မှိုတွေနဲ့သမန်းမြက်တွေ စုဆောင်းမိခဲ့သည်။

နေ့တိုင်းစုထားတဲ့ မှိူတွေနဲ့ သမန်းမြက်တွေကိုကြည့်ပြီး နင်းမုန့်ယောင်က အရမ်းစိတ်ကျေနပ်နေတယ်။သူမက အရမ်းအရသာရှိတဲ့ သမန်းမြက်ခြောက်နဲ့မှိုခြောက်တွေလုပ်ဖို့ တွေးထားတယ်။

ချောင်ထျန်းချန်က သူမ မှိူတွေ စတင်စုဆောင်းပြီး ဆယ်ရက်မြောက်တဲ့နေ့မှာ ပြန်လာခဲ့သည်။

ဒီနေ့မှာ နင်းမုန့်ယောင်က ကောင်မလေးတွေကို မှိုနဲ့သမန်းမြက်တွေ ချက်ဖို့ ညွှန်ကြားပြနေခဲ့သည်။ရုတ်တရက် သူမက အပြင်ကနေ မြင်းခွာသံတွေ ကြားလိုက်ရသည်။သူမ အပြင်ထွက်လာခဲ့တဲ့အချိန် ညစ်ပေနေတဲ့ပုံနဲ့ မြင်းစီးလာတဲ့ ချောင်ထျန်းချန်ကို တွေ့လိုက်ရသည်။

"ရှင်ပြန်လာပြီ"

သူ ထွက်သွားတဲ့နေ့တွေမှာ သူမကိုယ်သူမ အလုပ်များအောင်လုပ်ပြီး သူ့အကြောင်းမတွေးမိအောင် ကြိုးစားခဲ့တယ်။အခု သူ့ကို လူကိုယ်တိုင်မြင်လိုက်ရတော့ ရုတ်တရက် အများကြီး လွမ်းသွားတယ်။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး နင်းမုန့်ယောင်ကိုဖက်ကာ သူမခန္ဓာကိုယ်က အနွေးဓာတ်ကို ရှူရှိုက်ပြီး

"ကိုယ်ပြန်လာပြီ"

"ကျွန်မ ချင်းရွှယ်ကို ရှင့်အတွက် ရေချိုးဖို့ ပြင်ခိုင်းလိုက်မယ်။ရှင် ရေအရင်ချိးသင့်တယ် အရမ်းညစ်ပတ်နေပြီ"

All Chapters