အခန်း ၅၈
Vol. 3 Ch. 58
Chapter 58
ရန်ကျူးနဲ့တစ်ခြားလူကြီးတွေ နင်းမုန့်ယောင်အိမ်ကိုမြင်တဲ့အခါမှာ ကျိုင်းကောင်ဖြတ်သွားသလိုဆင်တူနေတာတွေ့တော့ သူတို့မျက်နှာတွေရုပ်ဆိုးသွားသည်။ကျိုင်းကောင်ဖြတ်သွားသလိုဆင်တူနေတာတွေ့တော့ သူတို့မျက်နှာတွေရုပ်ဆိုးသွားသည်။
သူတို့က ပိုင်ရှန်းရွာမှာ နှစ်တွေအများကြီးနေလာခဲ့ပြီး ဘယ်တုန်းကမှ ခိုးမှုနဲ့မကြုံဖူးပေ။ဒါပေမယ့် အခုပေါ်လာခဲ့ပြီး မိဘမဲ့မိန်းကလေးတစ်ယောက်ဆီကိုရောက်သွားတယ်။နင်းမုန့်ယောင်ရဲ့မြေကွက်ငှားရမ်းမှုကြောင့် ရွာသားတွေက အရမ်းကျေးဇူးတင်နေတာဖြစ်သည်။
သူမငှားတဲ့မြေက သေးငယ်ပြီး ဆယ်မြောင်လောက်သာရှိသည်။မြေမငှားရဘူးဆိုရင်တောင်မှ ရေရှည်လုပ်ကိုင်တဲ့သူတွေရဲ့ကျေးဇူးက အဲ့ဒီငှားခထက်အများကြီးပိုကောင်းသည်။
ဒါပေမယ့် အခုကရော?သူမကို အနိုင်ကျင့်ရဲ့တဲ့တစ်စုံတစ်ယောက်ရှိနေပြီ။ဒါက သူတို့မျက်နှာတွေကို ရိုးရိုးလေးဖြတ်ရိုက်လိုက်တာပဲ။
"ရန်ကျူး ငါတို့ဒီကိစ္စတစ်ခုလုံးကို သေသေချာချာစုံစမ်းရမယ်။တရားခံကို သက်ညှာမှုမရှိဘဲ အပြစ်ပေးကိုပေးရမယ်"
လူအုပ်ထဲက အသက်အကြီးဆုံးလူက ဒေါသတကြီးစားပွဲကိုရိုက်ကာ ပြောလိုက်သည်။
"ဦးလေး ကျုပ်ဒီကိစ္စကိုကိုင်တွယ်ပါ့မယ်"
ရန်ကျူးမျက်နှာကအရမ်းရုပ်ဆိုးနေသည်။ဆိုးရွားတဲ့အကျင့်စရိုက်ရှိတဲ့ ရွာသားအချို့ရှိတယ်ဆိုတောင်မှ ဒီလိုကိစ္စမျိူးတစ်ခါမှမဖြစ်ဖူးပေ။
ဒီကိစ္စသာပြန့်နှံ့သွားရင် ဘယ်သူက သူတို့ရွာက လူငယ်တွေကို လက်ထပ်ချင်ပါတော့မလဲ?တစ်ခြားလူတွေရှေ့မှာ သူတို့ဘယ်လိုခေါင်းမော့နေရမှာလဲ?ဒါတွေကို စဉ်းစားမိတော့ ရန်ကျူးကမုန်းတီးလာတယ်။
"ရွာသားတွေကို သွားစုချည်။ငါတို့ဒီကိစ္စကိုရှင်းရှင်းလင်းလင်းစုံစမ်းရမယ်"
ရန်ကျူးကသူ့ဘေးနားကလူကိုဒေါသတကြီးပြောလိုက်သည်။
"သွားရအောင်"
နင်းမုန့်ယောင်က အကူအညီမဲ့စွာနဲ့ သူတို့နောက်ကိုလိုက်ကာရွာထဲသွားဖို့ပဲရှိပြီး ရွာသားတွေတစ်ယောက်ပြီးတစ်ယောက်ခေါ်နေတာကိုတွေ့လိုက်ရသည်။ဒီဟာက လူတွေကို သိချင်စိတ်ပြင်းထန်သွားစေသည်။ဒီအချိန်က သီးနှံရိတ်သိမ်းချိန်ဖြစ်ပြီးတော့ ဘယ်ဟာကများထိုဟာထက်ပိုပြီးအရေးကြီးနေလို့လဲ?
ရွာသားတွေ စုပြီးတဲ့အထိစောင့်နေပြီးနောက် ရန်ကျူးက အေးစက်စွာပြောလိုက်သည်
"မင်းတို့အားလုံးကိုဘာလို့စုခိုင်းရလဲဆိုပြီးသိချင်နေကြမယ်ဆိုတာ ငါသိတယ်။ဒါပေမယ့် ပြောမှဖြစ်မယ့် အရာတစ်ခုရှိနေတယ်"
လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာကြည့်လိုက်ကြသည်။အကြီးတွေ ဒီလိုမျိူးဒေါသထွက်နေတာ ဘာကြောင့်ပါလိမ့်?
"ရွာသူကြီး ဘာကိစ္စများဖြစ်လို့လဲ"
"ဟုတ်တယ် လူကြီးတွေကဘာလို့ဒီလိုဒေါသထွက်နေကြတာလဲ"
"ပိုင်ရှန်းရွာတည်ထောင်လာတဲ့အချိန်ကစလို့ ရွာနီးချင်းတွေမှာ အငြင်းပွား၊သဘောထားကွဲလွဲတာတွေရှိခဲ့ပေမယ့် ဒီရွာကဘယ်တုန်းကမှမဖြစ်ခဲ့ဖူးဘူး။ဒါပေမယ့် ဒီနေ့ သူခိုးခိုးခံရတဲ့ကိစ္စဖြစ်သွားတယ်!"
ရန်ကျူးက ဒါပဲပြောပြီး ရပ်သွားသည်။
လူအုပ်ကြီးက ဒါကိုကြားတဲ့အခါမှာ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြသည်။
ဘာကြီး?ရွာမှာ သူခိုးရှိတာလား?ဘာဖြစ်တာလဲ?
နင်းမုန့်ယောင်က ဘေးနားမှာရပ်နေခဲ့ပြီး လူတွေကို စေ့စေ့စပ်စပ်ကြည့်နေခဲ့သည်။သူမနှုတ်ခမ်းတွေက အသာလေးကွေးတက်သွားသည်။တစ်စုံတစ်ယောက်ရဲ့အမူအရာက သူမကို အံ့ဩပျော်ရွှင်သွားစေတယ်။
"ကောင်းပြီ အားလုံးစိတ်အေးအေးထားကြ။ဒီနေ့ မိန်းကလေးမုန့်ယောင် တောင်ပေါ်ကနေပြန်ရောက်တော့ သူ့(မ)တံခါးသော့ကပျက်ပြီး ပွင့်နေတာသိသွားတယ်။နှစ်ခန်းသုံးခန်းလောက်ကဖျက်ဆီးခံထားရတယ်၊သူ့(မ)စောင်တွေနဲ့ မွေ့ယာတွေဆိုရှုပ်ပွနေပြီး သေတ္တာတွေဆိုလည်း ဖရိုဖရဲဖြစ်နေခဲ့တယ်။အဲ့ဒါတင်မဟုတ်ဘူး မီးဖိုချောင်မှာရှိတဲ့ ဆန်၊ခေါက်ဆွဲ၊ဆီနဲ့ အသီးအနှံတွေပါပျောက်သွားတယ်"
ရန်ကျူးပြောပြီးတဲ့နောက် လူတိုင်းအံ့ဩသွားကြသည်။အခန်းတွေရှုပ်ပွနေအောင်ဖျက်ဆီးခံထားရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?အဲ့ဒီလူက ပိုက်ဆံလိုဟာမျိုးတွေရှာဖို့ကြိုးစားခဲ့တယ်လို့ ဆိုလိုတာပဲမလား။တရားခံက အဲ့ဒါတွေရှာမတွေ့တော့ကျ သိမ်းထားတဲ့အစားစာတွေယူသွားခဲ့တာ။
"ငါတို့တွေသွားကြည့်ပြီးပြီ။မုန့်ယောင်အခန်းတွေက ကျိုင်းကောင်ဖြတ်သွားသလိုပဲ။သူ(မ)က သားရိုင်းတိရစ္ဆာန်လည်း မမွေးထားဘူး။သူ(မ)မှာသာရှိရင် အကုန်လုံးအခိုးမခံရနိုင်ဘူးလား"
ကျိူင်းကောင်ဆိုတာဘာလဲ?ကျိုင်းကောင်ဆိုတာက လူတွေအမုန်းဆုံးအင်းဆက်ပိုးမွှားပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ အဲ့အကောင်ဖြတ်သွားတဲ့နေရာတိုင်းကဘာမှမကျန်တော့တဲ့အထိ ရှုပ်ပွနေခဲ့တာကြောင့်ဖြစ်သည်။နင်းမုန့်ယောင်အိမ်ကို ကိုယ်စားပြုဖို့ဒါကိုအသုံးပြုတာက မကောင်းဘူးဆိုတာ ညွှန်ပြနေသည်။
"မှန်တယ် ဒါက လူတစ်ယောက်ရဲ့ပြဿနာလေးမဟုတ်တော့ဘူး။ဒါသာသတင်းပြန့်သွားရင် ငါတို့ရွာသားတွေထပ်ပြီးခေါင်းမော့နေနိုင်ပါဦးမလား?အပျိုတွေနဲ့လူပျိုတွေဘယ်လိုလက်ထပ်ကြမလဲ"
"ဒါတင်မဟုတ်သေးဘူး အဲ့ဒီလူကအခုအကျင့်လုပ်လိုက်ရင် အခုကမိန်းကလေးမုန့်ယောင်အိမ်ပဲရှိသေးတာ နောက်ကျငါတို့အိမ်တွေရောက်လာလိမ့်မယ်"
လူကြီးတစ်ချို့က သူတို့အတွေးတွေထုတ်ပြောကြသည်။ဒီကိစ္စက အစကတော့သူတို့နဲ့မသက်ဆိုင်ပေ ဒါပေမယ့် အခုသူတို့သတိထားနေရပြီဖြစ်သည်။မှန်တယ် သူတို့ကတစ်ရွာထဲအတူတူနေကြတာ။တစ်ခါဆိုရင်အဆင်ပြေတယ်။ဒါပေမယ့် ဒါကအကျင့်ဖြစ်လာပြီး တရားခံကသူတို့အိမ်ကပစ္စည်းတွေပါခိုးနေရင်ရော?
ထိုဟာကိုစဉ်းစားမိလိုက်တော့ လူတိုင်းမငြိမ်မသက်ဖြစ်သွားကြသည်။ဘယ်မိသားစုက အပျိုနဲ့လူပျိုမရှိဘဲနေလို့လဲ?ဒါက သူတို့ရွာကို မည်းညစ်စေတာပဲမဟုတ်ဘူးလား?