← Chapters

အခန်း ၂၈၈

Vol. 12 Ch. 288

အခန်း ၂၈၈

Vol. 12 Ch. 288

Chapter 288

၎င်းက နင်းမုန့်ယောင်ရဲ့ ခေါင်းအထက်မှာ ပျံသန်းကခုန်နေသည်။အဲ့ဒီနောက် နင်းမုန့်ယောင်ရဲ့ ပုခုံးပေါ်ကို ဆင်းသက်ပြီး သူ့ရဲ့ ချွန်ထက်တဲ့နှုတ်သီးကို အသုံးပြုကာ နင်းမုန့်ယောင်ရဲ့ ပါးပြင်ကို အသာလေး ထိုးလိုက်သည်။

နင်းမုန့်ယောင်က ပြုံးလိုက်ပြီး

"မင်းရောပဲ။သွား.....ပျံတော့......"

ဘီးလုံးငှက်က သူ့ခေါင်းကိုတိမ်းစောင်းကာ နင်းမုန့်‌ယောင်ကို ခဏလောက် ကြည့်နေခဲ့ပြီး နောက်ဆုံးမှာတော့ ၎င်းက သူ့အတောင်ပံတွေကို ဖြန့်ကာ အဝေးသို့ ပျံသန်းသွားသည်။

ဘီးလုံးငှက် ထွက်သွားပြီးတဲ့နောက် လူအုပ်ကြီးက နောက်ဆုံးတော့ အသိပြန်ဝင်လာကြသည်။နန်ကုန်းချီက နင်းမုန့်ယောင်ကို စိတ်လှုပ်ရှားမှုပြင်းပြတဲ့ အကြည့်ဖြင့် ကြည့်နေသည်။

ဒီအမျိုးသမီးက အခြားလူတစ်ယောက်ရဲ့ ဇနီးဖြစ်နေပြီ ဆိုပေမယ့် သူမကို သူ့အတွက် ရရှိနိုင်ဖို့ ဆန္ဒရှိတယ်။

၎င်းက ဘယ်သူပဲဖြစ်ပါစေ လက်ရှိသူက သေချာပေါက် လုပ်ဆောင်မှာဖြစ်သည်။

ဖုန်းရှို့က နင်းမုန့်ယောင်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ပြီးတော့ အဲ့ဒီနောက် သူ့ခေါင်းကို ပြန်လှည့်သွားကာ သူ့မျက်ဝန်းတွေထဲမှာ လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပမှုရှိနေသည်။

"မုန့်ယောင် မင်းကတော့ တကယ်အံ့ဩဖို့ကောင်းတာပဲ။မင်း အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

ရှောင်ချီထျန်းရဲ့မျက်ဝန်းတွေက နင်းမုန့်ယောင်ကိုကြည့်ကာ တောက်ပနေပြီး ဘေးနားက ချောင်ထျန်းချန်က သူ့ရဲ့ စိတ်လှုပ်ရှားမှုပြင်းပြနေတဲ့ အကြည့်ကြီးကို စိတ်ပျက်သွားသည်။

ချောင်ထျန်းချန်က သူ့လက်ကို ဆန့်ထုတ်ကာ ရှောင်ချီထျန်းကို အဝေးတွန်းထုတ်လိုက်ပြီး စိတ်ပျက်စွာဖြင့်

"ငါ့မိန်းမဆီကနေ ဝေးဝေးနေစမ်းပါ"

"ထျန်းချန် ငါတို့က ညီအစ်ကိုကောင်းတွေလေ။ငါက သိချင်ရုံပါပဲဟ။သိချင်ရုံပဲ ဟုတ်ပြီလား"

ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို ကြည့်ကာ အလွန်စိတ်ဓာတ်ကျသွားတယ်။သူ ဘာမှမလုပ်ဘူး‌လေ ဟုတ်တယ်မလား?ဒီလူက ဘာလို့ သူ့ကို အရမ်း စိတ်ပျက်ရွံရှာတယ်လို့ ခံစားနေတာလဲ?

၎င်းနောက် မိသားစုများစွာက သမီးတော်တော်များများ ဖျော်ဖြေတင်ဆက်ကြပေမယ့် ဘယ်သူကမှ ဒုံမင်း မတီးခတ်ရဲကြပေ။နင်းမုန့်ယောင်ရဲ့ အရိပ်အောက်မှာ ဘယ်သူက အရှက်ကွဲခံပြီး ဒုံမင်းတီးခတ်ရဲမှာလဲ?

ဒါပေမယ့် ဝေ့ခဲ့ရှင်းကတော့ သူမအလှည့်ရောက်တဲ့အချိန်မှာ ဒုံမင်းတီးခတ်ခဲ့သည်။ဒါပေမယ့် နင်းမုန့်ယောင်ကို ရန်စဖို့ ရည်ရွယ်ချက်ဖြင့် မဟုတ်ပေ။အဲ့ဒီအစား နင်းမုန့်‌ယောင်ဆီ‌ကနေ ညွှန်ပြချက်တွေ ရရှိနိုင်ဖို့ မျှော်လင့်ထားသည်။

နင်းမုန့်ယောင်က ဝေ့ခဲ့ရှင်းရဲ့သံစဉ်ကို ကြားတဲ့အခါ သူမရဲ့ သံစဉ်က စိတ်ပျက်အားငယ်မှုနှင့်မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး လက်ရှိ သူမရဲ့ စိတ်အခြေအနေကို ထက်မြက်စွာ ဖော်ပြခဲ့သည်။

"ရှန့်ကျန့်ကျွင်းရဲ့ဇနီးသည်က ကျွန်မကို ညွှန်ပြချက်အချို့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ဝေ့ခဲ့ရှင်းက နင်းမုန့်‌ယောင်ကို ရိုးသားမှုအပြည့်ဖြင့် ကြည့်လိုက်ပြီး ဘယ်သူကမှ သူမရဲ့ အကြည့်က တမင်တကာရန်စနေတယ်လို့ မခံစားရပေ။ဆန့်ကျင်ဘက်အနေဖြင့် သူမက နင်းမုန့်ယောင် သူမကို ညွှန်ပြပေးနိုင်ဖို့ အမှန်တကယ် ဆန္ဒရှိတာဖြစ်သည်။

နင်းမုန့်ယောင်က ဝေ့ခဲ့ရှင်းကို ကြည့်လိုက်တယ်။ဝေ့ကျစ်ကှင်းနဲ့ယှဉ်လိုက်ရင် သူမ ဒီတစ်ယောက်ကို ပိုပြီးတော့ အမြင်ကောင်းရှိတယ်။

"ရှင့်ရဲ့ ဒုံမင်းထူးချွန်မှုက သာမန်လူတွေထက် ကောင်းမွန်ပါတယ်။ရှင့် ပတ်ဝန်းကျင်က အသံတွေကို ပိုနားထောင်ပြီးတော့ ဂီတထဲကို ပေါင်းစည်းလိုက်ပါ"

နင်းမုန့်ယောင်က အဲ့လောက်ပဲပြောပြီး ဆက်မပြောတော့ချေ။

ဝေ့ခဲ့ရှင်းက နင်းမုန့်ယောင်ရဲ့ စကားတွေကို နူးညံ့စွာ ရေရွတ်လိုက်ပြီး သူမရဲ့ မျက်လုံးတွေထဲမှာ သိသာတဲ့ ရှုပ်ထွေးမှုရှိနေကာ အဲ့ဒီနောက် ရှင်းလင်းလာခဲ့သည်။နင်းမုန့်ယောင်က သူမကို သူမရဲ့နှလုံးသားကို ရင်ဆိုင်ပြီးတော့ သူမကိုယ်သူမ တင်းကြပ်မထားဖို့ ပြောနေတာဖြစ်သည်၊အဲ့ဒီအခါမှသာ သူမ ပိုမိုကောင်းမွန်စွာ တီးခတ်နိုင်မှာဖြစ်၏။

"ကျေးဇူးတင်ပါတယ် သခင်မ"

ဝေ့ခဲ့ရှင်းက စိတ်အားထက်သန်စွာ ကျေးဇူးတင်လိုက်သည်။

ဝေ့ကျစ်ရှင်းက မှုန်ကုပ်နေတဲ့ အမူအရာဖြင့် ဝေ့ခဲ့ရှင်းကို ကြည့်ကာ

"ကြောင်သူတော်မ"

ဝေ့ခဲ့ရှင်းက အခုအချိန်မှာ ဝေ့ကျစ်ရှင်းနဲ့ ရန်ဖြစ်ချင်စိတ်မရှိတာကြောင့် သူမရဲ့ ထိုင်ခုံဆီကိုပဲ ပြန်သွားသည်။

မိသားစုအမျိုးမျိူးက သမီးတွေ ဖျော်ဖြေပြီးတဲ့နောက် နန်ကုန်းချီက ရုတ်တရပ် မတ်တပ်ရပ်ကာ

"ဧကရာဇ်ရှောင် ဒီတစ်ခေါက်လာခဲ့တာက ကျွန်တော့်ရဲ့ ခမည်းတော်က ရှောင်တိုင်းပြည်နဲ့ မဟာမိတ် ထိမ်းမြားမင်္ဂလာပြုပြီးတော့ လာမယ့်နှစ်တွေမှာ တိုင်းပြည်နှစ်ခု အတူတကွ လက်တွဲပေါင်းစည်းသွားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်"

"အိုး?"

ရှောင်ချီဖုန်းရဲ့ မျက်လုံးတွေ မှေးကျဉ်းသွားတယ်။အဲ့ဒါက တကယ်ရောက်လာတယ်ပေါ့လေ!သူ့အကြည့်က ဘေးမှာထိုင်နေတဲ့ နန်ကုန်းယွဲ့ဆီ ကျရောက်သွားပြီး

"မင်းသမီးက ဘယ်လူကြီးမင်းကို သဘောကျလဲဆိုတာ ငါ သိချင်တယ်"

နန်ကုန်းယွဲ့က ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး

"ဒီမင်းသမီးက စစ်သူကြီးချောင်ကို ‌သဘောကျပါတယ်"

သူမရဲ့အသံထွက်ပေါ်လာတာနဲ့ ရှိနေကြတဲ့လူတွေအကုန်လုံး ချက်ချင်း တိတ်သွားကြပြီး တည်ငြိမ်နေတဲ့ ချောင်ထျန်းချန်ကို ကြည့်လိုက်ကြသည်၊အဲ့ဒီနောက် သူတို့က တစ်ခုခုကို စဉ်းစားနေပုံရတဲ့ နန်ကုန်းယွဲ့ကို ကြည့်ကာ သူတို့စိတ်ထဲ အေးစက်သွားကြသည်။

စစ်သူကြီးက ဘာမှမလုပ်ပေမယ့်လည်း သူ့ပေါ်က အေးစက်တဲ့အရှိန်အဝါက ဟာသမဟုတ်ပေ။သူ့ရဲ့ တည်ရှိမှုကတင် လူတွေရဲ့အသက်ကို နှုတ်ယူသွားနိုင်တယ်။

နင်းမုန့်ယောင်ရဲ့ မျက်လုံးတွေ မှေးကျဉ်းသွားပြီး နန်ကုန်းယွဲ့ကို ကြည့်ကာ

"အဲ့တော့ ကြည့်ရတာ အိမ်နီးချင်းတိုင်းပြည်က မင်းသမီးက အိမ်ထောင်ရှိတဲ့ယောကျာ်းတွေကို ကြိုက်တဲ့ပုံပဲ"

"ယောကျာ်းတစ်ယောက်အတွက် ဇနီးသည်တွေအများကြီးနဲ့ကိုယ်လုပ်တော်တွေရှိတယ်ဆိုတာ ပုံမှန်ပါပဲ"

နန်ကုန်းယွဲ့က ပြောလိုက်ပြီး နင်းမုန့်ယောင်ရဲ့ ထေ့ငေါ့မှုကို မျက်လုံးထဲ မထည့်ပေ။

ဒါပေမယ့် နင်းမုန့်ယောင်က သူမခေါင်းကို လှည့်ကာ ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး

"ထျန်းချန် ရှင်လည်း အဲ့လိုထင်လားဟင်"

ချောင်ထျန်းချန်က နင်းမုန့်‌ယောင်ကို ကြည့်လိုက်ပြီး

"ဘာ အဓိပ္ပာယ်မရှိတာတွေလဲ!မင်းတစ်ယောက်ထဲကပဲ ကိုယ့်ဘေးနားမှာ ရပ်နေရမယ့်လူ။မင်းကလွဲပြီး တခြားဘယ်သူမှ ရှိလာမှာ မဟုတ်ဘူး။ရှိဖို့ ကြိုးစားတဲ့ ဘယ်သူမဆို သေရမယ်"

နင်းမုန့်ယောင်က ကျေနပ်သွားတယ်။ဒါပေမယ့် နန်ကုန်းယွဲ့ကတော့ မျက်မှောင်ကြုတ်သွားတယ်။ဒီနေရာက လူတွေအားလုံးထဲမှာ သူမက ချောင်ထျန်းချန်တစ်ယောက်ထဲကိုပဲ သဘောကျပြီး သူက အမှန်တကယ် ကောင်းမွန်တဲ့ယောကျာ်းတစ်ဦးလို့ ခံစားရတယ်။

"နင်က အရမ်းလောဘကြီးနေတာပဲ"

"အဲ့တော့ ဘာဖြစ်လဲ?ကျွန်မ‌ယောကျာ်းက ဂရုမစိုက်ဘူးလေ"

နင်းမုန့်ယောင်က နန်ကုန်းယွဲ့ကို ပြုံးပြလိုက်သည်။

နန်ကုန်းယွဲ့က နင်းမုန့်ယောင်ကို ကြည့်ပြီးတော့ ဆက်ပြောချင်ပေမယ့် ဘေးနားက ဖုန်းအင်ပါယာရဲ့မင်းသားက စကားဖြတ်ပြောလာခဲ့သည်။

"လင်တိုင်းပြည်ကတော်ဝင်မိသားစုက ဘယ်အချိန်တုန်းကတည်းက အရမ်းရှက်စရာကောင်းသွားတာလဲ"

"ဖုန်းရှို့ မင်း စကားကိုကြည့်ပြောတာ ပိုကောင်းမယ်!"

နန်ကုန်းချီက ဖုန်းရှို့ကို စိုက်ကြည့်ပြီးတော့ သူ့အမူအရာက အေးစက်နေသည်။

All Chapters