← Chapters

အခန်း ၂၇၁

Vol. 11 Ch. 271

အခန်း ၂၇၁

Vol. 11 Ch. 271

Chapter 271

ဈေးဆိုင်ကနေ ထွက်လာပြီးတဲ့နောက် နင်းမုန့်ယောင်က ဆက်ပြီး‌တော့ ဈေးဝယ်ဖို့ စိတ်ကူးမရှိတော့ဘဲ ချင်းကျူးကို သူမအတွက် အဝတ်နှစ်စုံချုပ်ခိုင်းဖို့သာ ရိုးရိုးရှင်းရှင်း တွေးလိုက်တော့သည်။

"သခင်မလေးက ရှေ့ကဆိုင်ကို တစ်ချက်ကြည့်ကြည့်ရအောင်။အဲ့ဒီမှာ လူတွေအများကြီးပဲ"

ချင်းရွှယ်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး လူတွေအုံနေတဲ့ဆိုင်ကို‌ တွေ့သွားသည်။

နင်းမုန့်ယောင်က ချင်းရွှယ် ညွှန်ပြတဲ့ဘက်ကို လိုက်ကြည့်လိုက်သည်။ဈေးဆိုင်က သိပ်မဝေးတဲ့အတွက်ကြောင့် သူမက သွားကြည့်လိုက်သည်။

ဝင်လာပြီးတဲ့နောက် နင်းမုန့်ယောင်ကို Lake-blueဝတ်စုံက ဆွဲဆောင်သွားသည်။၎င်းက ဂါဝန်တိုလေးရဲ့ ခါးစည်းဖြစ်ပြီး အထဲတွင် အပြာဖျော့ရောင်ဖြစ်သည်။ပြီးနောက် အပြင်ပိုင်းတွေlake-blueဖြစ်ပြီး အပြင်ပိုင်းလက်ရှည်ပေါ်နဲ့စကတ်ပေါ်မှာ ရေခဲပြာချည်မျှင်တွေဖြင့် ပန်းပွင့်ပုံ ပန်းထိုးထားသည်။ပန်းတွေရဲ့အထက်မှာ တူညီတဲ့အရောင်နဲ့ လိပ်ပြာတွေတောင် ရှိသေးသည်။

(ဒီအပိုဒ်ရေးရတာ ကိုယ်လည်း လည်ထွက်နေရောပဲ။Lake-blueကို မြန်မာလိုဘယ်လိုခေါ်လဲမသိလို့။)

"အဲ့ဒီဝတ်စုံက ဘယ်လောက်လဲ"

နင်းမုန့်ယောင်က ဝတ်စုံဆီကို လျှောက်သွားပြီး ဆိုင်ရှင်ကို မေးလိုက်သည်။

"မိန်းကလေး ဒီ ဝတ်စုံက ကျွန်မတို့ဆိုင်ရဲ့ တန်ဖိုးကြီးကျောက်မျက်တစ်ခုပဲ။ဒါပေမယ့် အဲ့ဒါက တစ်စုံထဲမဟုတ်ဘူး နှစ်စုံရှိတာ"

ဆိုင်ရှင်က လျှောက်လာပြီးတော့ နင်းမုန့်ယောင်ကို ရှင်းပြလိုက်သည်။

ဒီဆိုင်ကိုလာပြီးတော့ အဝတ်အစားရှာကြည့်ကြတဲ့ လူတွေထဲမှာ အမျိုးသမီး တော်တော်များများက ထိုဝတ်စုံကို သဘောကျကြပေမယ့် အဆုံးမှာတော့ အဲ့ဒီဝတ်စုံနဲ့ ကံမပါကြဘူး။

"နှစ်စုံလား"

နင်းမုန့်ယောင်က ကြောင်သွားပြီးတော့ ဆိုင်ရှင်ကိုကြည့်ကာ သူမရဲ့ မျက်လုံးတွေထဲမှာ အံ့ဩမှုအရိပ်အယောင်ရှိနေသည်။

"ဟုတ်ပါတယ်။အခြားတစ်စုံက အမျိုးသားတွေအတွက် ဝတ်စုံရှည်ပါ။နောက်ပြီး ဒီဝတ်စုံနဲ့ အရောင်ချင်းအတူတူပဲ"

ဆိုင်ရှင်ရဲ့မျက်နှာပေါ်က အပြုံးက ပြောင်းလဲမသွားပေ။

နင်းမုန့်ယောင်က မျက်မှောင်ကြုတ်သွားတယ်။အဲ့တော့ ဒါက စုံတွဲဆင်တူဝတ်စုံပေါ့လေ?နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို တွေးမိသွားပြီးတော့ ပြုံးကာ

"ကျွန်မ ဒီနှစ်စုံ လိုချင်တယ်"

"ကျွန်မ ဒီက မိန်းကလေးကို မေးခွန်းလေးတစ်ခု မေးချင်ပါတယ်"

ဆိုင်ရှင်အမျိုးသမီးက သူမရဲ့ ရည်ရွယ်ချက်ကြောင့် အံ့ဩသွားပုံမရဘဲ နင်းမုန့်ယောင်ကို ကြည့်နေလိုက်သည်။

"မေးပါ"

"ယောကျာ်းတစ်ယောက်က ဇနီးမယားတွေ အများကြီးနဲ့ ကိုယ်လုပ်တော်တွေ အများကြီးထားတာကို မိန်းကလေး ဘယ်လိုထင်လဲ"

ဆိုင်ရှင်စကားတွေက အနည်းငယ် ရူးကြောင်ကြောင်နိုင်တယ် ဆိုပေမယ့် သူတို့ရဲ့တစ်ဘဝလုံး နှစ်‌ယောက်တည်း တွဲဖက်ပြီး နေချင်တဲ့ သူတွေအတွက်တော့ ခွင့်လွှတ်နိုင်သည်။

နင်းမုန့်ယောင်က ပြုံးလိုက်ပြီးတော့ နူးညံ့စွာဖြင့်

"ဇနီးတွေနဲ့ကိုယ်လုပ်တော်တွေ အများကြီးရှိတာက သူတို့ရဲ့ လိုအင်တပ်မက်မှုတွေကို ကျေနပ်အောင် လုပ်နိုင်ဖို့အတွက် ဆင်ခြေတစ်ခုပါပဲ။သူတို့သာ တစ်‌ယောက်ယောက်ကို အမှန်တကယ် ချစ်တယ်ဆိုရင် ဘာလို့ သူတို့ချစ်တဲ့လူကို နာကျင်အောင် လုပ်မှာလဲ?ဆက်ဆံရေးတစ်ခုမှာ လူနှစ်ယောက်ထဲက အဆင်ပြေပေမယ့် သုံးယောက်ဆိုရင်တော့ ပြည့်ကျပ်ပြီး ရှုပ်ထွေးသွားပြီ"

ဘေးနားက အမျိုးသမီးတွေက ထိုအခိုက်အတန့်မှာ သူတို့ရဲ့ စကားဝိုင်းကို နားထောင်နေကြသည်။သူတို့က မိန်းမပျိုရဲ့ စကားတွေကို ကြားတဲ့အခါ လူအုပ်ကြီးက အဲ့ဒါက တစ်ခုခုမှားနေတယ်လို့ ခံစားရပေမယ့် တစ်ယောက်က အဲ့လို ထင်တယ်ဆိုမှတော့ ဘယ်သူက ပြောနိုင်မှာလဲ?

၎င်းကို ပိုကောင်းအောင် ပြောရရင် သူတို့တွေ ထိုကိစ္စနဲ့ပတ်သက်ပြီး ကူကယ်ရာမဲ့ ခံစားကြရသည်။ဘယ်သူကများ သူတို့ဇနီးမယားကို ကိုယ်လုပ်တော်မယူပါဘူးလို့ ပြောတဲ့လူရှိလို့လဲ?

၎င်းက သူတို့ရဲ့ တကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေအတွက် အကြောင်းပြချက်တစ်ခုပဲ။

ဆိုင်ရှင်က နင်းမုန့်‌ယောင်ရဲ့ စကားတွေကို နူးညံ့စွာ ရေရွတ်လိုက်တယ်။ဆက်ဆံရေးတစ်ခုမှာ နှစ်ယောက်ထဲဆိုရင် အဆင်ပြေပေမယ့် သုံးယောက်ဆို ရှုပ်ထွေးသွားပြီ.။အဲ့ဒါ မမှန်ဘူးလား?

"မိန်းကလေး ဒီဝတ်စုံနှစ်စုံက မင်းအတွက်ပါပဲ။စုစုပေါင်း ငွေတုံး ၉၉၉၉တုံး ကျသင့်ပါတယ်"

ဆိုင်ရှင်က ချက်ချင်းပဲ ပြောလိုက်သည်။

လူအုပ်ကြီးက ဈေးကိုကြားတော့ ထိတ်လန့်အံ့ဩသွားကြတယ်။အဝတ်လေးနှစ်စုံအတွက်နဲ့ ငွေတုံး၁သောင်းတဲ့လား......အဲ့ဒါက နေ့ခင်းကြီး ဓားပြတိုက်နေတာပဲ။

သို့ပေမယ့် အဲ့ဒီအစား နင်းမုန့်ယောင်က ရယ်မောလိုက်ပြီး

"အဲ့ဒါ တန်ပါတယ်။ချင်းရွှယ်ရေ....."

ချင်းရွှယ်က တစ်ရွက်ကို ငွေတုံးတစ်ထောင် တန်ကြေးရှိတဲ့ ငွေစက္ကူရွက် ဆယ်ရွက်ထုတ်ပြီး ဆိုင်ရှင်‌ဆီ ပေးလိုက်သည်။ဆိုင်ရှင်က သူမကို ငွေတစ်တုံး ပြန်အမ်းသည်။

သူမတို့ အဝတ်တွေယူပြီး ထွက်သွားတော့မယ့် အချိန်မှာပဲ အနီရောင်တောက်တောက် ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက နင်းမုန့်ယောင်ကို လမ်းပိတ်ပြီး တားလိုက်သည်။

"ငါ့ကို ဝတ်စုံပေးလိုက်"

သူမက သူမဝင်လာတဲ့အချိန်ထဲက အဲ့ဒီဝတ်စုံကို သဘောကျနေခဲ့တာ။ဆိုင်ရှင်က ခဲရာခဲဆစ် မေးခွန်းမေးလာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?အဲဒါကြောင့် သူမ ဝတ်စုံကို ရဖို့ ကျရှံုးသွားခဲ့ရတယ်။အခု အမည်မသိတဲ့မိန်းမတစ်ယောက်က အဲ့ဒါကို ရသွားတာက သူမအတွက် အရှက်ခွဲခံရတာပဲ။

နင်းမုန့်ယောင်က သူမရှေ့က အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့အမူအရာက အပြုံးမမည်တဲ့အပြုံးဖြင့် ပြုံးကာ

"မိန်းကေလး ဒီဆိုင်ကို မင်းပိုင်တယ်လို့ ထင်နေလား"

"ရဲတင်းလှချည်လား!ငါ ဘယ်သူလဲဆိုတာ နင်သိလား!"

ဝတ်စုံအနီရောင်နဲ့အမျိုးသမီးက နင်းမုန့်ယောင်ရဲ့ သရော်တာကို ကြားရတော့ ဒေါသတကြီး အော်လိုက်သည်။

"ဒီက မိန်းကလေး,ဒီ သခင်မလေးက လက်ယာအမတ်ကြီးရဲ့ သမီးပါ။သူ(မ)က သောင်းကျန်းတတ်တဲ့ အကျင့်စရိုက်ရှိတာမလို့ မင်း သတိထားတာ ပိုကောင်းတယ်"

ဆိုင်ရှင်က ရုတ်တရက် ပြောလိုက်သည်။

နင်းမုန့်ယောင်က သူမကို ခေါင်းငြိမ့်ပြလိုက်ပြီး လက်ယာအမတ်ကြီးရဲ့သမီးဘက်ကို လှည့်ကြည့်ကာ

"လက်ယာအမတ်ကြီးရဲ့ သမီးက ဒီလိုပုံစံမျိုးဆိုတာ ငါ မသိခဲ့ရပါ့လား။ကြည့်ရတာတော့ သူ(မ)အဖေနဲ့အမေက သူ(မ)ကို ကောင်းကောင်း မသင်ကြားခဲ့တဲ့ပုံပဲ။လမ်းပေါ်မှာ လူ‌တွေဆီကနေ လုဖို့ ခွင့်ပြုထားတယ်"

နင်းမုန့်ယောင်က အဲ့ဒီကိစ္စကို တိုးတိုးလေး ပြောပေမယ့် ကြားလိုက်ရတဲ့လူတွေက မတတ်နိုင်ဘဲ ရယ်ကုန်ကြသည်။

ဝေ့ကျစ်ရှင်းက နင်းမုန့်ယောင်ကို ဒေါသတကြီး စိုက်ကြည့်ပြီး

"နင့် ပါးစပ်ကို ပိတ်လိုက်စမ်း!"

"လက်ယာအမတ်ကြီးရဲ့သမီးက တကယ့်ကို စီးပိုးနေတာပဲ။လက်ယာအမတ်ကြီးက မြို့တော်ကို ထိန်းချုပ်နေတယ်လို့ သူ(မ)က ထင်လို့လား"

နင်းမုန့်ယောင်ရဲ့ အကြည့်က ဖြေးဖြေးချင်း အေးစက်သွားတယ်။သူမက ချောင်ထျန်းချန်က ရှောင်ချီဖုန်းရဲ့ တော်ဝင်ကြင်ယာတော်က လက်ယာအမတ်ကြီးရဲ့သမီးဖြစ်လိမ့်မယ်လို့ ပြောဖူးတာကို သတိရသွားတယ်။ကြည့်ရတာ ဒီတစ်ယောက်က ဘာမှထူးခြားနေပုံမပေါက်ပါဘူး။

All Chapters