အခန်း ၂၃၈
Vol. 10 Ch. 238
Chapter 238
ရှောင်အိမ်တော်ထဲက လီလင်းအာရဲ့ နေ့ရက်တွေက ပါးလွှာတဲ့ရေခဲပြင်ပေါ်မှာ လမ်းလျှောက်နေရတဲ့အတိုင်းပင်။သူမတင် မဟုတ်ဘဲနဲ့ လင်းအိမ်တော်ထဲက ရှောင်ကျီရွှမ်း အတွက်လည်းပဲ ကောင်းကောင်းမွန်မွန် ရှိနေတာ မဟုတ်ပေ။
သူမရဲ့ ရူးမိုက်မှုကြောင့် လင်းအိမ်တော်ကို ဒီအခြေအနေထိရောက်အောင် ရှုပ်ထွေးသွားစေပြီး သူတို့တွေ အတိတ်ကို ပြန်သွားလို့ မရနိုင်ပေ။လင်းလော်က သူမကို ဒီအတွက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရုံတင်မကဘဲ သူမ ကလေးကိုတောင် အဝေးကို ခေါ်သွားခဲ့သည်။၎င်းက လုံလောက်တဲ့ အကြောင်းပြချက် တစ်ခုရှိပြီးတော့ သူမက သူမကလေးရဲ့ ပညာရေးကို တာဝန်ယူဖို့ အရည်အချင်းမပြည့်မှီတာကြောင့် သူမရဲ့ ကလေးကို မြို့စားကတော်ဆီ ပို့ထားလိုက်ရသည်။
ရှောင်ကျီရွှမ်းက အခုဆိုရင် လင်းလော်ရဲ့အချစ်ကို ဆုံးရှုံးရုံသာမက သူမရဲ့ ကလေးကိုပါ ဆုံးရှုံးလိုက်ရသည်။သူမစိတ်ထဲမှာတော့ ထိုကိစ္စနဲ့ပတ်သက်ပြီး ရှက်ရွံ့မိပေမယ့် ပိုပြီးတော့လည်း ဝမ်းနည်းမိတယ်။
"လင်းလော် နင် ငါ့ကို ဘယ်လိုလုပ် ဒီလို ဆက်ဆံနိုင်ရတာလဲ?ငါ့ကြောင့်သာ မဟုတ်ရင် နင် ရှီဇီဖြစ်လာနိုင်ပါ့မလား?"
ရှောင်ကျီရွှမ်းက ဗလာဖြစ်နေတဲ့ အခန်းကို စိုက်ကြည့်ပြီးတော့ ငိုကြွေးလိုက်သည်။
ရှောင်ကျီရွှမ်းက ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးတော့ သူမရဲ့ မျက်လုံးတွေက အနည်းငယ် မှိုင်းဝေနေသည်။ဒီအချိန်မှာပဲ ပန်းလေးတစ်ပွင့်လို လှပစွာ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦး ဝင်လာခဲ့သည်။
"အိုးး ဘယ်လိုဖြစ်ရတာလဲ"
ရှောင်ကျီရွှမ်းရဲ့ စိတ်မကောင်းဖြစ်ဖွယ် အခြေအနေကိုကြည့်ပြီး သူမက အလွန်အံ့ဩသွားသလို မေးလိုက်သည်။
ရှောင်ကျီရွှမ်းက သူမရှေ့က အမျိုးသမီးကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်လိုက်တယ်။သူမရဲ့မျက်လုံးတွေက အမုန်းတရားတွေနဲ့ ပြည့်နှက်နေပြီး
"ထွက်သွားစမ်း"
"နင်က အခုထိ နင့်ကိုယ်နင် ရှောင်အိမ်တော်ရဲ့ အဖိုးတန်သမီးလေးလို့ ထင်နေတုန်းပဲလား?အရင်ဆုံး ကိုယ့်ရဲ့အဆင့်အတန်းကို ပြန်ကြည့်ပါဦး"
သူမက ရှောင်ကျီရွှမ်းကို မထီမဲ့မြင်ပြုကာ ကြည့်လိုက်သည်။
ရှောင်ကျီရွှမ်းက လက်သီးတင်းတင်းဆုပ်ထားပြီးတော့ ရှေ့ကိုကြည့်ကာ လှောင်လိုက်သည်။
သူမက ကြမ်းပြင်ပေါ်ကနေ ထကာ မတ်တပ်ရပ်လိုက်ပြီး အရင်တုန်းက သူမမှာရှိတဲ့ မောက်မာမှုမျိုးနဲ့
"အခု ငါက နှစ်သက်မှု ဆုံးရှုံးသွားတယ်ဆိုရင်တောင်မှ နင့်ထက်တော့ ရာထူးမြင့်နေတုန်းပဲ။နင့်လိုမျိုး ကိုယ်လုပ်တော်တစ်ယောက်က ငါ့ကို ဖိနှိပ်လို့ရမယ်လို့ ထင်နေလား?အစေခံတွေ သူမကို ပါးရိုက်လိုက်စမ်း!"
ရှောင်ကျီရွှမ်းက အဲ့ဒီအမျိုးသမီးရဲ့ ဖြူဖျော့သွားတဲ့ မျက်နှာကိုကြည့်ကာ သရော်လိုက်သည်။
သူမရဲ့ မျက်နှာက လျင်မြန်စွာ ပြောင်းလဲသွားပြီး
"နင်တို့တွေ မလုပ်ရဲပါဘူး။ရှီဇီက ငါ့ကို အနှစ်သက်ဆုံးပဲ"
"အနှစ်သက်ဆုံးလား?နင် ဒါပြီးလို့ ပြန်သွားတဲ့အခါကျရင် သူ နင့်ကို နှစ်သက်ပါဦးမလားဆိုတာ ငါ ကြည့်ချင်သေးတယ်"
ရှောင်ကျီရွှမ်းက သူမကို သွေးဆာမှုအပြည့်ဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်သည်။
၎င်းက မြွေပွေးတစ်ကောင်က သူ့ရဲ့သားကောင်ကို မျက်စိကျနေတဲ့အတိုင်းပင်။
ရှောင်ကျီရွှမ်း ဘေးနားကလူတွေက အခြေခံအားဖြင့် ရှောင်အိမ်တော်က ဖြစ်ကြပြီး အထူးသဖြင့် အစေခံအချို့က သူတို့မွေးလာတဲ့ အချိန်ကတည်းက လျှို့ဝှက်တပ်သားအဖြစ် လေ့ကျင့်ခံထားရတာ ဖြစ်သည်။
သူမမှာ သဘာဝကျစွာနဲ့ပဲ ဒီလို နူးညံ့အားနည်းတဲ့မိန်းမမျိုးကို ပညာပေးခွင့်ရှိတယ်။
ထိုအမျိုးသမီးက လက်မောင်းကနေ ဆွဲခေါ်ခံရပြီးတော့ ပါးရိုက်ခံရသည်။
ရှောင်ကျီရွှမ်းက ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီး သူမကို သနားကြင်နာဖို့ တောင်းဆိုနေတဲ့ သူမရှေ့က အမျိုးသမီးကို ပေါ့ပေါ့ပါးပါးပဲ ကြည့်နေလိုက်သည်။
"မှတ်ထား နင်က ရှီဇီရဲ့ အနှစ်သက်ဆုံး မိန်းမဆိုရင်တောင်မှ နင့်မှာ ငါ့ကို ဖိနှိပ်နိုင်စွမ်းမရှိဘူး"
လင်းလော်နဲ့ ကျန်တဲ့လူတွေက အခု သူမကို မနှစ်သက်ကြဘူးဆိုပေမယ့် သူတို့တွေ သူမကို မထိရဲဘူး။အဲ့ဒါက သူမက ရှောင်အိမ်တော်ရဲ့ သမီး ဖြစ်နေလို့ပဲ မဟုတ်ဘူးလား?
အခု သူတို့တွေက နှစ်ဖက်လုံးကနေ တိုက်ခိုက်ခံနေရတယ်။သဘာဝကျစွာနဲ့ပဲ ရှောင်အိမ်တော်ကို အပြစ်ပြုတာက သူတို့တွေ လုပ်ရဲတဲ့အရာ မဟုတ်ဘူးလေ။
ရှောင်ကျီရွှမ်း ထင်သလိုပဲ ထိုအမျိုးသမီးက ပြန်သွားပြီးတဲ့နောက် လင်းလော်ရဲ့ရှေ့မှာ ငိုကြွေးတိုင်ကြားခဲ့သည်။လင်းလော်က ဒေါသထွက်ပေမယ့်လည်း ဘာမှမပြောဘဲနဲ့ အဲ့ဒီအစား ထိုအမျိူးသမီးကိုသာ အပြစ်ပေးလိုက်သည်။
ရှောင်ကျီရွှမ်းက ဒါကို သိသွားပြီး အေးစက်စက် ရယ်လိုက်တယ်။သူမက သူ့လို ယောကျာ်းမျိုးကို သေချာသိတယ်။
ရှောင်ကျီရွှမ်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး တစ်ယောက်ယောက်ကို လွှတ်ကာ ရှောင်ရီလင်းဆီ စာပို့လိုက်သည်။
ရှောင်ကျီရွှမ်းဆီကနေ စာ ရရှိပြီးတဲ့နောက် ရှောင်ရီလင်းက မျက်မှောင်ကြုတ်သွားတယ်။ဒါတွေအားလုံးက ရှောင်ကျီရွှမ်းကြောင့်ဆိုပေမယ့် သူလည်းပဲ ၎င်းအတွက် တာဝန်ရှိတာဖြစ်ပြီး ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ပေ။
ဒါပေမယ့် ဒေါသထွက်တာကတော့ အခြားကိစ္စတစ်ခု ဖြစ်သွားပြီ။သူ့သမီးကို အခြားလူတွေက အနိုင်ကျင့်တာမျိုး သူ လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး။
ရလဒ်အနေဖြင့် သူ့လက်ထဲ ကိစ္စကို ဘေးချပြီးတော့ လင်းအိမ်တော်ဆီ ထွက်သွားသည်။
လင်းလော်နဲ့အမတ်လင်းက ရှောင်ရီလင်း လာနေတယ်လို့ ကြားတဲ့အခါ သူတို့မျက်နှာတွေက အနည်းငယ် ပြောင်းလဲသွားပြီး မျက်ခုံးတွန့်သွားသည်။အထူးသဖြင့် လင်းလော်ရဲ့ မျက်လုံးထဲမှာ စက်ဆုပ်ရွံရှာမှုတွေ ရှိနေသည်။
"မြို့စားမင်းရှောင်က ဒီအချိန်ကြီး ဒီနေရာကို ဘာလာလုပ်တာလဲ" ဟု အမတ်လင်းက စိတ်ရှုပ်စွာ ပြောလိုက်သည်။
"ရှောင်ကျီရွှမ်းကြောင့်ပဲ ဖြစ်မှာပေါ့"
လင်းလော်ရဲ့ မျက်ဝန်းတွေက အနည်းငယ် မှေးကျဉ်းသွားတယ်။ကြည့်ရတာ ရှောင်ကျီရွှမ်းက အတွေ့အကြုံရပုံမပေါ်သေးဘူး။သူမက ဒီလိုအချိန်မျိုးမှာတောင်မှ ပြဿနာရှာနေသေးတယ်။
ရှောင်ရီလင်း ရောက်လာတဲ့အခါ လင်းလော်နဲ့သူ့အဖေက ရှောင်ရီလင်းကို စောင့်နေကြတာ ဖြစ်သည်။သူ့ကိုတွေ့တော့ လင်းလော်က သူ့ဆီလျှောက်သွားပြီး
"ကျွန်တော် အဖေ့ကို နှုတ်ဆက်ပါတယ်"
လင်းလော်ကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်ရီလင်းက ခေါင်းငြိမ့်ကာ
"လင်းလော် မင်း အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။ငါ ဒီနေ့လာတာက ရွှမ်းအာနဲ့သူ့ကလေးကို လာကြည့်တာ"
ရှောင်ရီလင်းက သူလာရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
လင်းလော်က အပြင်ပန်းမှာ ပြုံးနေပေမယ့်လည်း သူ့စိတ်ထဲမှာတော့ ဒေါသတွေထွက်နေတယ်။သေချာသွားပြီ အဲ့ဒီရှောင်ကျီရွှမ်းပဲ။
"ဟုတ်ကဲ့။ကျေးဇူးပြုပြီး ခဏလေးစောင့်ပေးပါဦးနော် အဖေ။ကျွန်တော် ရွှမ်းအာကို ခေါ်လာခဲ့ပါမယ်"
လင်းလော်က သူ့ကိုပြောပြီးတော့ ထွက်သွားသည်။
ရှောင်ကျီရွှမ်းက လင်းလော် သူမရှေ့ကို ပေါ်လာတာကို ကြည့်ပြီး ဘာမှမဖြစ်သလို နေနေလိုက်သည်။
"အဖေက မင်းကို တွေ့ချင်နေတယ်။ဘာကပြောသင့်တယ် ဘာက မပြောသင့်ဘူးဆိုတာ မင်းသိတာ ပိုကောင်းမယ်”