← Chapters

အခန်း ၁၇၆+၁၇၇+၁၇၈

Vol. 8 Ch. 176+177+178

အခန်း ၁၇၆+၁၇၇+၁၇၈

Vol. 8 Ch. 176+177+178

Chapter 176+177+178

176

နင်းမုန့်ယောင် ပြန်လာတဲ့အချိန် လူတွေအများကြီးကို မြင်လိုက်ရတော့ သူမက မှင်သက်သွားပြီး ချောင်ထျန်းချန်ဘက်ကို လှည့်ကြည့်ကာ

"သူတို့က ဘယ်သူတွေလဲ"

သူမ ခဏလေးပဲ အပြင်သွားလိုက်တာကို အခု အိမ်ထဲမှာ လူတွေအများကြီး ရောက်နေပြီ။

ချောင်ထျန်းချန်က သူ့နှာခေါင်းကိုပွတ်လိုက်ပြီး ရှင်းပြလိုက်သည်။

"သူတို့က အရင်တုန်းက ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ"

"အိုးးးကောင်းပြီလေ။ရှင့်နေရာသွားပြီး စကားပြောကြရအောင်"

မကြာခင် အလုပ်စတော့မှာဖြစ်တဲ့အတွက်ကြောင့် ဒီလူအုပ်ကြီးကိုတွေ့ရင် အဆင်ပြေမှာ မဟုတ်ပေ။ဒါ့အပြင် လူတွေအများကြီး အနားမှာရှိနေတာကြောင့် အနည်းငယ် ဆူညံသည်။

ချောင်ထျန်းချန်က ၎င်းကိုစဉ်းစားလိုက်ပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်ကာ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ သွားကြမယ်"

"အင်း။ဒါနဲ့ ရှင်တောင်ပေါ်သွားပြီး ကျွန်မတို့ ဒီညအသားကင်လို့ရအောင် တစ်ခုခုရှာကြည့်ရင်ရော ဘယ်လိုလဲ"

ဒီလောက်လူတွေအများကြီးအတွက် ချက်ပြုတ်ဖို့ဆိုတာ ဒုက္ခများတယ် ဒါကြောင့် သူတို့တွေ အသားကင်စားတာက ပိုလွယ်တယ်။

"ဟုတ်ပြီလေ ကိုယ်မကြာခင် ပြန်လာခဲ့မယ်"

သူက သဘောတူပြီး လူတွေကို ဆွဲခေါ်သွားတော့သည်။

လဲ့အန်းနဲ့ကျန်တဲ့လူတွေက နင်းမုန့်ယောင်ရဲ့ ခြံဝင်းထဲကနေထွက်လာပြီးတော့ လဲ့အန်းကမေးလိုက်သည်။

"ဆရာ မိန်းကလေးက ကျွန်တော်တို့ကို သဘောမကျဘူးလား"

ချောင်ထျန်းချန်က သူ့ကို ထူးဆန်းသလို ကြည့်လိုက်ပြီး "မင်းက ဘာလို့ အဲ့လိုပြောတာလဲ"

"အဲ့လိုပဲ ခံစားနေရလို့"

"ခဏနေကျရင် အိမ်မှာ အလုပ်လုပ်စရာတွေရှိသေးတယ်။လူတွေအများကြီး ရှိနေရင် မကောင်းဘူး နားလည်လား"

ချောင်ထျန်းချန်က လဲ့အန်းကို အမှုမထားသလိုကြည့်ပြီး အတော်လေး မပြတ်မသားပြောလိုက်သည်။

လဲ့အန်း သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ငိုချမိမတတ်ပဲ။ဆရာ ကျွန်တော့်ကို အဲ့လိုမကြည့်လို့ ရမလား?ဆရာ့မျက်လုံးတွေက ကျွန်တော့်ကို ခြောက်နေပြီဆိုတာ မသိဘူးမလား?

လဲ့အန်းနဲ့ကျန်တဲ့လူတွေက အမဲလိုက်ရာမှာ သေချာပေါက် ကျွမ်းကျင်ကြသည်။အချိန်တိုအတွင်းမှာပဲ သူတို့တွေ သားကောင်တွေအများကြီး ရခဲ့သည်။သူတို့တွေ တောဝက်နှစ်ကောင်တောင်ဖမ်းမိခဲ့သေးတယ်။

သမင်သားကအတော်လေးနူးညံ့ပြီး နင်းမုန့်ယောင်က အဲ့ဒါကို အရမ်းကြိုက်တာကြောင့် ချောင်ထျန်းချန်က သမင်နှစ်ကောင် အမဲလိုက်ခဲ့ပြီး ယုန်တွေ နဲ့အခြားရစ်ငှက်တွေလည်း ဖမ်းခဲ့သည်။

"ပြန်ကြရအောင်"

ယောကျာ်းလေးတွေ ရလာတဲ့ သားကောင်တွေကိုကြည့်ပြီး နင်းမုန့်ယောင်က ချက်ချင်း ခေါင်းကိုက်သွားတယ်။ငါတို့တွေ နောက်ပြီးကျရင် ဒါကို ဘယ်လိုရှင်းကြမလဲ?

"ချင်းရွှမ်နဲ့ တစ်ခြားလူတွေက အရေခွံကူခွာပေးလိုက်။ပြီးရင် ဒီနားလာပြီး အသားတွေလှီးမယ်"

အဆုံးမှာတော့ နင်းမုန့်ယောင်က ချင်းရွှမ်နဲ့တစ်ခြားလူတွေကို ချောင်ထျန်းချန်တို့အဖွဲ့ကို ကူညီပေးဖို့ပဲ တောင်းဆိုနိုင်တော့တယ်။

ကံကောင်းစွာနဲ့ အဲ့ဒီယောကျာ်းတွေက စခန်းအတွင်း မကြာခဏ အမဲလိုက်လေ့ရှိတာကြောင့် သားကောင်ကို သန့်ရှင်းရေးလုပ်ရာမှာ မြန်မြန်ပြီးသွားကြသည်။ခဏကြာပြီးတဲ့နောက် အရာအားလုံး ပြီးလုနီးပါး ဖြစ်သွားသည်။

သူတို့တွေ ပြင်ဆင်မှုတွေ လုပ်ပြီးတာနဲ့ ချောင်ထျန်းချန်က အသားကို စတင်လှီးဖြတ်တော့သည်။သိပ်မကြာခင်မှာပဲ အိုးကြီးတစ်လုံးထဲမှာ အသားတွေအပြည့်ဖြစ်သွားသည်။

သူဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာကို ကြည့်ပြီး ရှောင်ချီထျန်းနဲ့လင်းဇီရို နှစ်ယောက်လုံးက သူက တကယ်ချက်ပြုတ်နိုင်တယ်ဆိုတာ အမှန်ပဲလို့ အတည်ပြုလိုက်ကြသည်။

သူတို့က အသားတွေကို ပြင်နေခဲ့ပြီး နင်းမုန့်ယောင်က အသီးအရွက်တွေဖြစ်တဲ့ ဆလတ်ရွက်၊အားလူး၊ပြောင်းဖူး စတာတွေကို ပြင်နေခဲ့သည်။

အားလုံးပြီးစီးသွားတဲ့အချိန်မှာ မှောင်လုနီးပါးဖြစ်နေပြီဖြစ်သည်။ခြံဝင်းထဲမှာ အသားကင်စားပွဲတွေ များစွာရှိနေပြီး လူတိုင်းက စားပွဲတွေနားမှာ ဝိုင်းနေကာ ဘာကို အရင်စားရမလဲဆိုတာ စဉ်းစားနေကြသည်။

ဒီလိုအတိုင်းအတာနဲ့ အသားကင်စားရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး အသားကလည်း အရမ်းလတ်ဆတ်သည်။

"ဘာစားချင်လဲ?ကိုယ်မင်းအတွက် ပြင်ပေးမယ်"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်"

နင်းမုန့်ယောင်က သူ့ရဲ့ အသားကင်တာကျွမ်းကျင်မှုကို ယုံကြည်သည်။

သဘာဝကျစွာပဲ အသားစားတဲ့အခါ ဝိုင်အတူသောက်ရမည် ဖြစ်သည်။နင်းမုန့်ယောင်က ချင်းရွှမ်ကို ဝိုင်တွေထုတ်ခဲ့ဖို့ ပြောလိုက်သည်။

ရှောင်ချီထျန်းက လဲ့အန်းနဲ့တစ်ခြားလူတွေက ဝိုင်ကို ပါးစပ်အပြည့် သောက်နေကြတာကို မြင်ရပြီး နာကျင်သွားရသည်။

ဒီလူတွေက အလိုလိုက်ဖျက်ဆီးခံထားရဲ့ ကလေးတွေပဲ။ဒီဝိုင်တွေ ဘယ်လောက်တန်လဲဆိုတာ သူတို့သိကြရဲ့လား?အဲ့ဒါတွေက လျန်းနဲ့ချီပြီးတော့ကို တန်တာ ကျောက်တုံးတွေ မဟုတ်ဘူးနော်။

"မင်း ဘာဖြစ်နေတာလဲ"

ရှောင်ချီထျန်းက အဲ့ဒီလူတွေကို စိတ်မဝင်စားဘဲနဲ့ အလဟဿဖြစ်သွားသလို ကြည့်နေတာ တွေ့တော့ လင်းဇီရိုက ဂရုတစိုက် မေးလိုက်သည်။

ဒီလူက နည်းနည်း ပုံမှန်မဟုတ်ဘူး။ဘာဖြစ်နေတာလဲ?

ရှောင်ချီထျန်းက သူ့ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး နာကျင်ခံစားနေရတဲ့ အကြည့်နဲ့

"မင်းတို့ကောင်တွေက တကယ့်ကို အလိုလိုက်ဖျက်ဆီးခံထားရတဲ့ ကလေးတွေအုပ်စုပဲ။မင်းတို့သောက်နေတဲ့ ဝိုင်တွေက လျန်းဘယ်လောက်တန်လဲဆိုတာ သိကြရဲ့လားကွာ"

"ဘာပဲဖြစ်ဖြစ် မိန်းကလေးက ငါတို့ကို ပေးတာပဲလေ"

လင်းဇီရိုက ဝိုင်ကို အရမ်းကြိုက်တယ်။ရှောင်ချီထျန်းပြောတာကို နားထောင်ပြီးတော့ သူက နောက်ထပ် ပါးစပ်နဲ့အပြည့် ဝိုင်သောက်ချပစ်လိုက်တယ်။

ရှောင်ချီထျန်းက တဆတ်ဆတ်တုန်သွားပြီး သူတို့ကို လက်ညှိုးထိုးကာ

"ဒီ၁ကီလိုဂရမ်ထက်မပိုတဲ့ ဝိုင်တစ်အိုးကို လျန်းတစ်ရာကွ။လျန်းတစ်ရာ!"

ရှောင်ချီထျန်း ငိုမိသွားပြီ။ဝိုင်က မရှိမဖြစ် လိုအပ်တယ်ဆိုပေမယ့် သူမကဘာလို့ အဲ့လောက်ကောင်းတဲ့ဝိုင်ကို ပေးရတာလဲ?

ဝိုင်သောက်နေတဲ့ အမျိုးသားတွေက အံ့ဩသွားကြပြီး သူတို့ခွက်ထဲက ဝိုင်ကို ငုံ့ကြည့်လိုက်တယ်။ဒီဝိုင်က တကယ်ပဲ လျန်းတစ်ရာလား?ဒါမဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား?ဒီလောက်တောင် ဈေးကြီးတာလား?သူတို့တွေ အများကြီး သောက်မိသွားပြီ။သူတို့တွေ ဘယ်လောက်တောင် သောက်ခဲ့တာပါလိမ့်?ကြည့်ရတာ ရှောင်ချီထျန်းပြောတာ မှန်တဲ့ပုံပဲ သူတို့တွေက တကယ့်ကို ပျက်စီးနေတဲ့ ကလေးတွေပဲ ဒါပေမယ့် နင်းမုန်ယောင်က သူတို့ကို ဒီဝိုင်‌သောက်ဖို့ ပေးခဲ့ဝာာလေ။

177

လူတိုင်းက နင်းမုန့်ယောင်ကို မှင်သက်စွာ ကြည့်နေကြပြီး ခေါင်းငြိမ့်လိုက်တယ်။ဒီဝိုင်ကို သူမပေးထားတာ။သူတို့သာ အဲ့ဒါကိုမသောက်ဘူးဆိုရင် သူမကို အရှက်ရသွားစေမှာ မဟုတ်ဘူးလား။ရှောင်ချီထျန်းကတော့........ဘယ်သူမှသူ့ကို ဂရုစိုက်မနေပါဘူး။ဒီနေရာမှာ တကယ့် ငတုံးအစစ်က ဘယ်သူလဲ?

နင်းမုန့်ယောင်က ဒီမြင်ကွင်းကို ဆက်မကြည့်နိုင်တော့တာကြောင့် နောက်ဆုံးမှာ ပြောလိုက်သည်။

"အဲ့ဝိုင်တွေက ကျွန်မမင်္ဂလာပွဲအတွက် ချက်ထားတာတွေပါ။ရှင့်စားသောက်ဆိုင်အတွက်လည်း ရှိသေးတယ်။အဲ့ဒါကြောင့်မလို့ ရှင်ဒီလောက် နာကျင်နေတဲ့ပုံစံဖြစ်ဖို့ မလိုပါဘူး"

ဒီဝိုင်တွေက သူမပိုင်ဆိုင်တာဖြစ်ပေမယ့် သောက်တဲ့အခါမှာ ဘာနာကျင်မှုမှ မခံစားရပါဘူး ဒါဆို ရှောင်ချီထျန်းက ဘာလို့ ခံစားနေတာလဲ?

ရှောင်ချီထျန်းက ကြောင်တစ်ကောင်က သူ့လျှာကိုဖမ်းမိသွားသလို ခံစားလိုက်ရသည်။

"မုန့်ယောင် မင်း အရမ်း မရက်ရောပါနဲ့လား?ဘာပဲဖြစ်ဖြစ် ဒါတွေက ပိုက်ဆံတွေလေ"

ရှောင်ချီထျန်း အနည်းငယ် စိတ်ဓာတ်ကျနေတယ်။ သူမရဲ့မင်္ဂလာပွဲအတွက် ဘယ်လိုဝိုင်မျိုးကို သုံးမှာလဲ?ဒါဆို ဝိုင်တွေက ဘယ်လောက်ထိ သုံးမှာလဲ?ပြီးတော့ ဒီမှာလိုမျိုး အသောက်အစားကြီးတဲ့ အုပ်စုကရှိသေးတယ်။

နင်းမုန့်ယောင်က မျက်မှောင်ကြုတ်သွားပြီး ဒီကိစ္စကို စဉ်းစားနေပုံရသည်။ရှောင်ချီထျန်းက ၎င်းကို သတိထားမိသွားပြီး စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်သည်။ဒါပေမယ့် သူအပြည့်အဝ စိတ်မအေးခင်မှာပဲ နင်းမုန့်ယောင်က ဆက်ပြောလိုက်သည်

"ကျွန်မက တစ်ခါပဲ လက်ထပ်မှာလေ"

သူမ ပြောချင်တဲ့အဓိပ္ပာယ်က သူမက တစ်ကြိမ်တစ်ခါပဲ လက်ထပ်မှာဖြစ်တဲ့အတွက် အကောင်းဆုံးဝိုင်ကိုပဲ အသုံးပြုရမယ်။

"ငါ........"

"ဒါ့အပြင် အဲ့ဒီဝိုင်တွေက ပွဲအတွက် အထူးချက်ထားတာ ပြီးတော့ အရင်က ရှင်ရောင်းခဲ့တာဟာတွေထက် ပိုကောင်းတယ်"

နင်းမုန့်ယောင်က ရှောင်ချီထျန်းကို လုံလောက်အောင် ရိုက်မိပုံမပုံဘဲ သူမရဲ့ ဓားသွားလိုချွန်ထက်နေတဲ့ စကားလုံးတွေနဲ့ ဆက်လက် ထိုးနှက်ခဲ့သည်။

"ငါတို့ အဲ့ဒါကို အခုမြည်းကြည့်လို့ရလား"

ရှောင်ချီထျန်းက အလေးအနက်မေးလိုက်သည်။

အဲ့ဒီဝိုင်က သူ့စားသောက်ဆိုင်မှာရောင်းခဲ့တဲ့ဟာတွေထက် တကယ်ပဲ ပိုကောင်းတယ်ဆိုရင် သူပြန်တဲ့အခါကျ နည်းနည်းပါးပါးယူသွားရမယ်လို့ တွေးနေတာဖြစ်သည်။

နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်သည်။သူမက ချင်းရွှယ်နဲ့ချင်းကျူးတို့ကို အိုးအချို့ယူလာခဲ့ဖို့ ပြောလိုက်သည်။

ဝိုင်အိုးတွေ ဖွင့်လိုက်တဲ့အချိန် လူတိုင်းမူးယစ်သွားတော့သည်။ဝိုင်ရဲ့မွှေးပျံ့တဲ့အနံ့နဲ့တင် ဒါက ဝိုင်ကောင်းဖြစ်တယ်ဆိုတာ သူတို့သိသည်။

"သောက်ကျိုးနည်း ဒါဆို မင်းမှာ ကိုယ်ပိုင်ဟာတွေ ရှိသေးတယ်ပေါ့လေ။မဖြစ်ဘူး ဒီတစ်ခေါက်တော့ မင်းငါ့ကို အဲ့ဒါ တစ်ရာလောက်ပေးရမယ်" ရှောင်ချီထျန်းက ချက်ချင်း ပြောလိုက်သည်။

နင်းမုန့်ယောင် မျက်မှောင်ကြုတ်သွားတယ်။အိုးတစ်ရာက အများကြီး မဟုတ်ဘူးဆိုပေမယ့် ဒီဝိုင်က သူမရဲ့မင်္ဂလာဆောင်အတွက် ပြုလုပ်ထားတာ ဖြစ်တယ်။မင်္ဂလာပွဲမတိုင်ခင် သူမ အဲ့ဒါကို ရောင်းဖို့ ရည်ရွယ်ချက်မရှိပေ။

"ဟင့်အင်း ကျွန်မလက်မထပ်ရသေးခင် ဒါတွေကို မရောင်းဘူး" နင်းမုန့်ယောင်က ခေါင်းခါလိုက်သည်။

"ဘာလို့လဲ" ရှောင်ချီထျန်း စိတ်ဓာတ်ကျသွားပြီ။ဒါက ဝိုင်ကောင်းတစ်ခုလေ ဘာလို့ ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့အတွက် သိမ်းထားမှာလဲ?သူမ ဘယ်လိုလုပ် အဲ့လိုလုပ်ရက်ရတာလဲ?

နင်းမုန့်ယောင်က သူဘယ်လောက်နာကျင်သွားလဲဆိုတာ ဂရုမစိုက်ပေ။သူမရဲ့လက်ဖက်ရည်ကိုသာ ဆက်သောက်နေခဲ့သည်။

"မမလေး မင်းကငါ့ရဲ့ ခယ်မပဲလေ ဒါက တစ်ရာလောက်ပဲကို" ရှောင်ချီထျန်းက ဒီဝိုင်တွေအတွက် သူ့နာမည်နဲ့ဂုဏ်သိက္ခာကို ဖယ်ရှားပစ်လိုက်ပြီ ဖြစ်သည်။

ဒါပေမယ့် နင်းမုန့်ယောင်က တည်ငြိမ်စွာနဲ့ပဲ ခေါင်းရမ်းလိုက်ပြီး

"ကျွန်မ ရှင့်ကို ဒီဝိုင်မရောင်းနိုင်ဘူး။ရှင်လိုချင်တယ်ဆိုရင် နောက်ထပ်တစ်မျိုးပေးလို့ရတယ်"

တစ်ခြားဝိုင်ကလည်း မင်္ဂလာပွဲအတွက် ချက်ထားတာဖြစ်ပေမယ့် ၎င်းက ဒါလောက် အရသာ‌မကောင်းတာကြောင့် သူမအဲ့ဒါကို ပေးနိုင်တယ်။

သဘာဝကျစွာပဲ သူမရဲ့ လက်ထပ်ပွဲအတွက် အကောင်းဆုံးဝိုင်ကိုပဲ လိုချင်တယ်လေ။မိန်းကလေးတိုင်းက ပြီးပြည့်စုံတဲ့မင်္ဂလာပွဲကို လိုချင်ကြတာပဲ။ဒါပေါ့ သူမကလည်း ခြွင်းချက်မဟုတ်ဘူးလေ။ဒါကြောင့် သူမလက်ထပ်မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်ပိုင်း ဒီဝိုင်လုပ်ပေးဖို့ အထူးတောင်းဆိုထားတာ ဖြစ်တယ်။

"ကောင်းပြီလေ ဒါပေမယ့် အိုးတစ်ရာကတော့ သေချာပေါက် မလုံလောက်ဘူး။ငါပိုလိုချင်တယ်"

"သုံးရာ"

"ဟုတ်ပြီ" ရှောင်ချီထျန်း စိတ်ကျေနပ်သွားပြီး ဆက်ပြောတယ်

"ဒါပေမယ့် ခယ်မလေး အဲ့ဒီဝိုင်က ဒီဝိုင်နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ"

"အဲ့ဒါရဲ့အရသာက ဒါလောက်မကောင်းပေမယ့် ဝါးစိမ်းဝိုင်ထက်တော့ အများကြီး ပိုပြင်းတယ်"

နင်းမုန့်ယောင်က ရိုးရိုးသားသား ပြန်ပြောလိုက်တယ်။

ရှောင်ချီထျန်းက ခဏလောက်စဉ်းစားနေပြီး ဝိုင်တစ်အိုးကို ၁၂၅လျန်းနဲ့ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။သူပြန်သွားတဲ့အခါကျရင် သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံထက် ပိုများတဲ့ပမာဏကို ရအောင်လုပ်မှာ ဖြစ်သည်။

လူတိုင်းကို အခုလေးတင် သူတို့လက်ထဲ ထည့်ပေးထားတဲ့ ဝိုင်ကိုငုံ့ကြည့်ပြီး နှစ်ယောက်သား စကားပြောတာကို နားထောင်နေခဲ့သည်။လူတိုင်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိပြီး အဲ့ဒါက သူတို့ရဲ့ ခယ်မလေးက စီးပွားရေးလုပ်တာ တအားတော်တာပဲ!

ဒါပေမယ့် သူတို့ရဲ့ဆရာက ဒီလိုချမ်းသာတဲ့အမျိုးသမီးမျိုးကို သူ့ရဲ့ဇနီးအဖြစ် ပိုင်ဆိုင်ခွင့်ရတာ အလွန်ကံကောင်းသည်။

"ယောင်ယောင် မင်းလေးက တကယ့်ကို ကိုယ့်ရဲ့အဖိုးတန်လေးပဲ"

‌နောက်ဆုံးတော့ ချောင်ထျန်းချန်က မတတ်နိုင်ဘဲ သူ့ဘာသာ တီးတိုးပြောလိုက်သည်။ချောင်ထျန်းချန်က မတတ်နိုင်ဘဲ သူ့ဘာသာ တီးတိုးပြောလိုက်သည်။

သူ့ဇနီးရဲ့ဝိုင်ချက်နိုင်စွမ်းကို သူသိတယ် ဒါပေမယ့် သူတို့ရဲ့လက်ထပ်ပွဲတွက် ဝိုင်ကို အထူးသီးသန့်ချက်ထားတယ်ဆိုတာ သိရတော့ သူလည်းတွေးမိသွားတယ်:ငါလည်းပဲ တစ်ခုခုပြင်ဆင်သင့်လား?အဲ့လိုတွေးမိပြီး ချောင်ထျန်းချန်က စတင် စီစဉ်တော့တယ်။မင်္ဂလာပွဲမတိုင်ခင် နှစ်လအချိန်ရှိသေးတာကြောင့် သူ့မှာ အချိန်လုံလုံလောက်လောက်ရှိတယ်။

ဒါကို တွေးမိပြီးတော့ ချောင်ထျန်းချန်က သူ့အတွေးကို ကျေနပ်စွာနဲ့ ခေါင်းငြိမ့်လိုက်သည်။

ရှောင်ချီထျန်းနဲ့ကျန်တဲ့လူတွေက ချောင်ထျန်းချန်ကို ကြည့်ပြီး

"ထျန်းချန် မင်း တစ်ခုခု မကောင်းတာစီစဉ်နေတာလား"

"အဲ့ဒါ မင်းနဲ့ ဘာမှမဆိုင်ပါဘူး"

"ကောင်းပြီ ငါမင်းကို ဂရုမစိုက်တော့ဘူး။ငါ့ဝိုင်ကိုပဲ ဆက်သောက်တော့မယ် ဟုတ်ပြီလား" ရှောင်ချီထျန်းက ဝိုင်ကိုမရောင်းနိုင်မှတော့ သူအဲ့ဒါကို အများကြီးပိုသောက်ရမယ်။

ရှောင်ချီထျန်းက သူ့ဝိုင်ကို တိတ်တဆိတ်သောက်နေခဲ့သည်။တစ်ဖက်မှာ လင်းဇီရိုကတော့ နင်းမုန့်ယောင်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး

"ခယ်မလေး ငါ့ကို နှစ်အိုးလောက်ရောင်းပေးလို့ရလား"

"မရဘူး ဒီဝိုင်က ရောင်းဖို့မဟုတ်ဘူး"

နင်းမုန့်ယောင်က နောက်တစ်ကြိမ် ခေါင်းခါလိုက်တယ်။သူမက ဒီတစ်ကြိမ်ပဲ ဒါကို ထုတ်လာတာဖြစ်တယ်။တစ်ခြားအချိန်က လက်ထပ်ပွဲမှာပဲ ဖြစ်လိမ့်မယ်။သူမရဲ့မင်္ဂလာပွဲမတိုင်ခင် ဒါကိုရောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။သူမ တကယ်ရောင်းချင်တယ်ဆိုရင် မင်္ဂလာပွဲပြီးသွားတဲ့အထိ စောင့်မှာဖြစ်တယ်။

178

လင်းဇီရိုက နင်းမုန့်ယောင်ကသူ့ကို ကြောက်စရာကောင်းတဲ့အရာတစ်ခုခုပြောလိုက်သလို ဝမ်းနည်းပူဆွေးစွာ ကြည့်နေခဲ့သည်။

"လင်းဇီရို မင်းက မင်းမျက်လုံးတွေကို မလိုချင်တော့ဘူးနဲ့တူတယ် ဟုတ်လား"

ချောင်ထျန်းချန်က လင်းဇီရိုရဲ့ဝမ်းနည်းနေတဲ့ မျက်နှာကို စိုက်ကြည့်ကာ သတိပေးလိုက်သည်။

လင်းဇီရိုက နောက်ဆုတ်ပြီး

"ဆရာ ကျွန်တော်ဘာမှမလုပ်ပါဘူး"

သူက ခယ်မလေးကို စိုက်ကြည့်မိရုံကလွဲပြီး တစ်ခြားဘာမှမလုပ်ပါဘူး။

"ဒါဆို မင်းကဘာလုပ်ဖို့ကြိုးစားချင်နေသေးတာလဲ" ချောင်ထျန်းချန် ဒေါသထွက်နေပြီ။သူဘာမှမလုပ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?

ရှောင်ချီထျန်းက ပြုံးလိုက်ပြီး

"ထျန်းချန် သူကမင်းမိန်းမကို လုချင်နေတာ"

"သူ့မှာ အဲ့လိုသတ္တိရှိလားမရှိဘူးလားဆိုတာ ငါကြည့်ရသေးတာပေါ့" ချောင်ထျန်းချန်က အထင်သေးတဲ့လေသံနဲ့ပြောလိုက်သည်။

လင်းဇီရိုက ရှောင်ချီထျန်းကို စိုက်ကြည့်လိုက်တယ်။သူက ဘယ်လိုလုပ် ငါ့ကို ဖျက်ဆီးရဲရတာလဲ!အဲ့လိုဟာမျိုးကို ဘယ်လိုလုက် ဆရာ့ကို ပြောလိုက်ရတာလဲ?သူ ပြဿနာရှာနေတာလား?

"ကျွန်တော် တကယ် အဲ့လို ရည်ရွယ်တာမဟုတ်ဘူးနော်။ကျွန်တော်က တကယ်ပဲ ဝိုင်လေးနည်းနည်းလောက်ပဲ ဝယ်ချင်တာပါ"

လင်းဇီရိုက ချောင်ထျန်းချန် သူ့ကို မယုံကြည်မှာ စိုးရိမ်နေခဲ့သည်။ဒါကြောင့် သူအမှန်တွေပြောနေတာပါဆိုတဲ့အနေနဲ့ ခေါင်းတွေငြိမ့်ကာ ထပ်ရှင်းပြသည်။

ချောင်ထျန်းချန်က လင်းဇီရိုကို ကြည့်လိုက်ပြီး

"ငါမင်းကို ခွင့်လွှတ်ရင်တောင် မင်းမလုပ်ရဲပါဘူး"

ပြီးတဲ့နောက် ချောင်ထျန်းချန်က တစ်ဖက်လှည့်သွားပြီး လင်းဇီရိုက အသက်ဝဝရှူနိုင်သွားသည်။ဒါပေမယ့် အဲ့ဒီနောက် သူက ဘေးမှာပုန်းနေတဲ့ ရှောင်ချီထျန်းဘက်ကို လှည့်လိုက်သည်။

"ရှောင်ချီထျန်း မင်းက လူတွေကို ဖျက်ဆီးတဲ့နေရာမှာ တကယ်တော်တာပဲ။အမ်.."

လင်းဇီရိုက ဒေါသထွက်ကာ ဟောဟဲလိုက်နေသည်။

"ငါလား?ငါ ခုနက ဘာမှမပြောမိဘူး ထင်တာပဲ"

ရှောင်ချီထျန်းက အပြစ်ကင်းစင်တဲ့ မျက်နှာထားလုပ်ထားသည်။

လင်းဇီရိုက ရှောင်ချီထျန်းကို ပြုံးပြလိုက်ပြီး သူ့မျက်နှာထားကို လုံးဝ လျစ်လျူရှုထားသည်။

"အိုးးတကယ်လား"

လင်းဇီရိုက မတ်တပ်ထရပ်ပြီး ရှောင်ချီထျန်းဆီ လျှောက်သွားလိုက်သည်။လင်းဇီရိုရဲ့ မျက်နှာအမူအရာက တစ်ခြားလူတွေကို အနည်းငယ် အပြစ်ရှိသလို ခံစားရစေသည်။

အခု ရှောင်ချီထျန်းက ပုံမှန်မဟုတ်တဲ့ အပြစ်ရှိစိတ်ကို ခံစားရပြီး

"မင်း ဘာလုပ်မလို့လဲ"

"ငါက ဘာလုပ်ရမှာလဲ?ဒါပေါ့ မင်းကို ရိုက်မှာလေ"

လင်းဇီရိုက ရှောင်ချီထျန်းနားကို သွားပြီး သူ့လက်ဆစ်တွေကို ချိုးလိုက်သည်။

ရှောင်ချီထျန်းက ချောင်ထျန်းချန်နဲ့တစ်ခြားလူတွေကို လှမ်းကြည့်ပေမယ့် သူတို့က သတိထားမိပုံမရပေ။လဲ့အန်းနဲ့ ကျန်တဲ့လူတွေက မြင်ကြပေမယ့် လျစ်လျူရှုထားကြသည်။

သူတို့က ပွဲကြည့်ဖို့ အဲ့ဒီနေရာမှာ ထိုင်နေကြသည်။

"ဇီရို စကားပြောကြည့်ရအောင်။ရန်ဖြစ်တာက ငါတို့ရဲ့ဆက်ဆံရေးကိုပဲ ထိခိုက်မှာလေ ဟုတ်တယ်မလား" ရှောင်ချီထျန်းက ပြုံးပြီးတော့ လင်းဇီရိုကို ပြောလိုက်သည်။

လင်းဇီရိုက ပြံုးနေတုန်းဖြစ်ပြီး သူ့အမူအရာက ပြောင်းလဲမသွားပေ။သူက ရှောင်ချီထျန်းကို အေးအေးဆေးဆေး ကြည့်နေပြီး အဲ့ဒီနောက် မေးလိုက်သည်။

"ဘယ်သူက မင်းနဲ့ ပတ်သက်မှုရှိလို့လဲ" အဲ့ဒါပြောပြီးတော့ သူက ရှောင်ချီထျန်းကို လက်သီးတစ်ချက်ထိုးလိုက်သည်။

ရှောင်ချီထျန်းကလည်းပဲ အားမနည်းပေ။သူက လှည့်ကြည့်လိုက်သည်။အဲ့ဒီနောက် နှစ်ယောက်သား အပြင်းအထန် တိုက်ခိုက်ကြသည်။တစ်ခြားလူတွေက အေးအေးဆေးဆေး စားသောက်နေကြပြီး သူတို့ရဲ့ တိုက်ခိုက်တဲ့ပုံစံအကြောင်း ဆွေးနွေးနေကြသည်။သူတို့ရဲ့ သက်သောင့်သက်သာ အမူအရာတွေက ‌ရှောင်ချီထျန်းကို အများကြီး ဒေါသထွက်သွားစေသည်။မင်းတို့ ငတုံးတွေ မင်းတို့ကောင်တွေ ဘယ်လိုလုပ် ငါ့ကို ဒီလို ဆက်ဆံရက်တာလဲ?

"အား!" အာရုံလွင့်သွားတာကြောင့် ရှောင်ချီထျန်းက လက်သီးပြင်းပြင်းတစ်ချက် အထိုးခံလိုက်ရသည်။

သူ့မျက်နှာကိုကိုင်ထားပြီးတော့ ရှောင်ချီထျန်းက ဒေါသတကြီးနဲ့

"လင်းဇီရို အဲ့တော့ မင်းက ငါ့ကို တကယ်ကြီး လာနေတာပေါ့လေ!"

လင်းဇီရိုက သူ့လက်တွေကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်ပြီး ရှောင်ချီထျန်းရဲ့ ယောင်ကိုင်းနေတဲ့ ပါးပြင်ကိုကြည့်ကာ

"ငါ မင်းနဲ့နောက်နေတာလို့ မပြောခဲ့ဘူး"

မင်းကငါ့ကို ဆရာ့ရှေ့မှာ ဖျက်ဆီးရဲမှတော့ မင်း အသင့်ပြင်ထားသင့်တယ်။

ငါက အနိုင်ကျင့်ဖို့လွယ်တယ်လို့ သူက ထင်နေတာလား?

နင်းမုန့်ယောင်က သူတို့တွေ အလွန်တက်ကြွပြီး ထူးခြားနေတာကို တိတ်တဆိတ် ကြည့်နေခဲ့တယ်။အဲ့ဒီလူနှစ်ယောက်က တကယ့်ကိုအရမ်းရင်းနှီးတယ်ဆိုတာ သူမပြောနိုင်တယ်။မဟုတ်ရင် မြင့်မြတ်တဲ့မင်းသားတစ်ပါးက ဘယ်လိုလုပ် ရန်ပွဲတစ်ခုမှာ ရွှတ်နောက်နောက်နဲ့ ပါဝင်ပါ့မလဲ ပြီးတော့ အထိုးခံရပြီးတဲ့နောက် သူက အဆုံးမှာ‌တော့ စိတ်တိုတဲ့စကားအနည်းငယ်သာ ပြောခဲ့တယ်။သူက အမှန်တကယ် ဒေါသထွက်နေခဲ့တာ မဟုတ်ဘူး။

နင်းမုန့်ယောင်က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ပြုံးကာ

"ရှင်တို့အားလုံးက တကယ့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြတာပဲနော်"

ထိုလူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သဘောမကျတဲ့ အကြည့်နဲ့ကြည့်လိုက်ကြပြီး

"တက်ခ်ျ...ဘယ်သူက သူနဲ့ ဆက်ဆံရေးကောင်းရှိမှာလဲ"

သူတို့နှစ်ယောက်လုံး တစ်ပြိုင်တည်းပြောလိုက်ပြီး သူတို့ကိုယ်သူတို့ အံ့ဩသွားကြသည်။အဲ့ဒီနောက် တစ်ယောက်ကိုတစ်ယောက် ခေါင်းလှည့်ကာ

"ငါ့ကို အတုမခိုးနဲ့"

နင်းမုန့်ယောင်က သူတို့ခေါင်းငြိမ့်ပြတာကို ကြည့်ပြီး

"အဲ့မှာ တွေ့လား။ရှင်တို့က ဘယ်လိုလုပ် ဆက်ဆံရေးကောင်းမရှိဘဲ နေမှာလဲ?ရှင်တို့နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း စကားအတူတူတောင် ပြောကြသေးတယ်။ရှင်တို့လိုမျိုး ဘယ်သူရှိလို့လဲ"

"အတိအကျပဲ စစ်ရေးအကြံပေး ခင်ဗျားနဲ့ဒုတိယမင်းသားက ဆက်ဆံရေးကောင်းရှိကြတယ်" လဲ့အန်းနဲ့တစ်ခြားလူတွေက ဝင်ပြောကြသည်။

နှစ်ယောက်သား မှင်သက်သွားကြပြီး အဲ့ဒီနောက် လဲ့အန်းနဲ့အခြားလူတွေဘက်ကို လှည့်ကာ အန္တရာယ်ရှိစွာ ကြိမ်းမောင်းလိုက်သည်။

"မင်းတို့ကောင်တွေ အလုပ်များနေလား"

"ဟင့်အင်း" လဲ့အန်းနဲ့ကျန်တဲ့လူတွေက ခေါင်းခါလိုက်ကြသည်။

သူတို့တွေက ဒီလူနှစ်ယောက်ကို ‌ရန်စဖို့ မတတ်နိုင်တာကြောင့် သူတို့တွေ ငြိမ်ငြိမ်လေးနေတာ ပိုကောင်းတယ် မဟုတ်ရင် သူတို့တွေပါ ကောင်းကောင်းအရိုက်ခံရလိမ့်မယ်!

All Chapters