အခန်း ၁၁၂
Vol. 5 Ch. 112
Chapter 112
ချောင်ထျန်းချန်က မကျေမနပ်ဖြစ်သွားပြီး နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။သူက သူမပုခုံးကိုဖက်လိုက်ပြီး အဲ့ဒီနောက် သူမကို လှည့်လိုက်ကာ
"အထဲပြန်ဝင်ကြရအောင်။ကိုယ်မင်းအတွက် မုန့်တွေလုပ်ထားတယ်။လာ တစ်ချက်မြည်းကြည့်"
"ရှင်က အဲ့ဒါတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပြီးပြီပေါ့လေ"
နင်းမုန့်ယောင် မျက်လုံးတွေက တောက်ပသွားသည်။သူမက အရင်တုန်းက ချင်းရွှယ်နဲ့တစ်ခြားလူတွေကို ဇီးသီးကိတ်လုပ်ဖို့ ဇီးပန်းတွေစုထားဖို့ အမိန့်ပေးခဲ့သည်။
သူမ ထိုဟာကို ကြိုက်တာကြောင့် ချောင်ထျန်းချန်က လွန်ခဲ့တဲ့နှစ်ရက်အတွင်း အဖွားချင်ဆီကနေ ထိုဟာကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်နေခဲ့တာဖြစ်သည်။
"ဟုတ်တယ် အဖွားချင်ကတော့ အရသာက အဆင်ပြေတယ်ပြောတယ် ဒါပေမယ့် ကိုယ်က မင်းကို မြည်းကြည့်စေချင်သေးတယ်"
ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်သည်။ထိုအကြောင်းပြချက်ကြောင့်ဘဲ သူ သူမဘေးကို နောက်ကျမှ ရောက်လာခဲ့ရတာ ဖြစ်သည်။
"ဒါဆို သွားရအောင်"
သူမ ပုခုံးပေါ်က ချောင်ထျန်းချန်လက်တွေကို ဖယ်လိုက်ပြီး သူမလက်နဲ့သူ့လက်တွေကို ဆုပ်ကိုင်ကာ အိမ်ထဲကို ပြန်ပြေးဝင်သွားကြသည်။
လင်းလော်ရဲ့ တည်ရှိမှုက လုံးဝကို လျစ်လှူရှုခံရတာဖြစ်သည်။
သူတို့ ဒီလိုမျိုးထွက်သွားတာကို ကြည့်ပြီးတော့ လင်းလော်မျက်လုံးတွေက ရီဝေဝေဖြစ်သွားသည်။
နင်းမုန့်ယောင်ရဲ့ နှလုံးသားထဲမှာ သူ့အတွက် နေရာမရှိတော့ဘူးဆိုတာ သူအခု ယုံကြည်သွားပြီ။
လင်းလော်က စိတ်ပျက်စွာနဲ့ထွက်လာခဲ့ပြီး ရုတ်တရက် သူဘာကြောင့် ဒီနေရာကို ထပ်လာခဲ့လဲဆိုတာ မသိတော့ပေ။
သူချစ်တဲ့လူကို အခြားတစ်ယောက်အတွက်နဲ့ မေးခွန်းထုတ်ခဲ့မှတော့ အချိန်တိုလေးအတွင်း သူမတစ်ခြားလူကို ချစ်မိသွားတာ မထူးဆန်းတော့ပါဘူး။ဒီတစ်ချိန်လုံးမှာ ပြဿနာက သူကိုယ်တိုင်ဖြစ်နေခဲ့တာပဲ။
ရှောင်ကျီရွှမ်းက သူမအစေခံတွေ တင်ပြတာကို နားထောင်ပြီး သူမ အမူအရာက ဒေါသထွက်လာခဲ့တယ်။ဒါပေမယ့် သူမ ကူကယ်ရာမဲ့ ခံစားနေရတယ်။လင်းလော်က ဒီကိစ္စကို အဲ့ဒီမိန်းမကြောင့်လို့ အထင်လွဲသွားရင် ပိုကောင်းတယ်။သူမက သူ့နောက်ကိုလိုက်ဖို့ လူလွှတ်ခဲ့တာကိုသာ သူသိသွားရင် သူမတို့နှစ်ယောက်ကြားမှာရှိနေတဲ့ နွေးထွေးမှုက အကုန်လုံးပျက်ဆီးသွားနိုင်တယ်။ဒါက သူမလိုချင်တာ မဟုတ်ဘူး။
လင်းလော်ပြန်လာတဲ့အခါ ရှောင်ကျီရွှမ်းကို အိပ်ရာပေါ်မှာထိုင်ပြီး ငေးငိုင်နေတာ တွေ့လိုက်ရသည်။ဒါကိုတွေ့တော့ လင်းလော်က သူပြန်လာတဲ့ လမ်းတစ်လျှောက်လုံး စဉ်းစားနေခဲ့တဲ့ မေးခွန်းကို မမေးတော့ပေ။
အသက်ပြင်းပြင်းရှူလိူက်ပြီး သူ့စိတ်ထဲက သံသယတွေကို ဖိနှိပ်ကာ သူက ဖျော့ဖျော့လေး ပြုံးပြလိုက်သည်။
"မင်း ဒီနေ့ဘယ်လိုနေလဲ"
"ပုံမှန်ပါပဲ ဒါပေမယ့် ရှင်လွန်ခဲ့တဲ့လေးရက်တုန်းက ဘယ်သွားနေတာလဲ?ကျွန်မရှင့်ကို မတွေ့ရတာ ကြာသွားပြီ"
ရှောင်ကျီရွှမ်းက လင်းလော်အခန်းထဲဝင်လာတာကို အခုမှ မြင်သလို ဟန်ဆောင်လိုက်သည်။သူက သူမအိပ်ရာဆီလျှောက်လာကာ ထိုင်လိုက်ပြီး သူမလက်တွေကို သူ့လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ကာ ညင်သာစွာ ပွတ်သပ်နေလိုက်သည်။
"ကိုယ် ခရီးတစ်ခု သွားနေခဲ့တာ"
"အဲ့လိုကိုး"
"အင်း"
"ဒါဆို ရှင်ဘာလို့ ခဏလောက်မနားတာလဲ"
ရှောင်ကျီရွှမ်းက သူမတို့နှစ်ယောက် တိတ်တိတ်လေးထိုင်နေတာကို မလိုချင်ပေ ဒါကြောင့် သူမက လင်းလော်နဲ့စကားပြောဖို့ ခေါင်းစဉ်တစ်ခု ရှာနေခဲ့သည်။
လင်းလော်က သူ့ခေါင်းကို အသာလေးရမ်းလိုက်ပြီး
"မရဘူး။နောက်ရက်တွေမှာ ကိုယ်လုပ်စရာတွေ အများကြီးရှိသေးတယ်။မင်းနဲ့အဖော်မလုပ်ပေးခင် ကိုယ်အဲ့ဒါတွေကို အရင်ပြီးအောင်လုပ်ရမယ်"
"ကောင်းပြီ ဒါဆို ကျွန်မရှင့်ကိုစောင့်နေမယ်"
"ဟုတ်ပြီ"
လူတစ်ယောက်က လင်းလော်ထွက်သွားတာကို ကြည့်ပြီး ရှောင်ကျီရွှမ်းနောက်ကနေ ဖြည်းဖြည်းလေး ထွက်လာခဲ့သည်။
"သူသိတယ်လို့ မင်းထင်လား"
ရှောင်ကျီရွှမ်းကပြုံးလိုက်တယ်။
"အဲ့ဒါ ကျွန်မနဲ့ဘာဆိုင်လို့လဲ"
ထိုလူက ခဏလောက် အံ့ဩသွားပြီး အဲ့ဒီနောက် အော်ရယ်လိုက်သည်။
"ဟုတ်တာပေါ့ အဲ့ဒါက တကယ်လည်း မင်းနဲ့မှမဆိုင်တာ"
ရှောင်ကျီရွှမ်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။သူမက အဲ့ဒီမိန်းမ အသက်ကိုလိုချင်နေသေးတယ် ဒါပေမယ့် သူမ အရင်ဆုံး ခဏလောက်စောင့်နေလိုက်တာက ပိုကောင်းတယ်။
တစ်ခြားတစ်ဖက်မှာတော့ နင်းမုန့်ယောင်က ချောင်ထျန်းချန်လုပ်ထားတဲ့ ဇီးပန်းကိတ်ကို တစ်ကိုက် ကိုက်ကြည့်လိုက်သည်။ထိုဟာက သူမလုပ်တာ ဒါမှမဟုတ် အဖွားချင်လုပ်တာလောက် မကောင်းဘူးဆိုပေမယ့် အခုမှစသင်တဲ့လူတစ်ယောက်အတွက်တော့ အတော်လေးကောင်းနေပြီဖြစ်သည်။
"ကောင်းတယ်"
"မင်းကြိုက်ရင်ရပြီ"
ချောင်ထျန်းချန်က အစကတော့ စိုးရိမ်နေခဲ့တာ။ဒါပေမယ့် နင်းမုန့်ယောင်ရဲ့ အတည်ပြုချက်ကိုရပြီးတော့ သူနောက်ဆုံးတော့ စိတ်သက်သာရာ ရသွားတယ်။
နင်းမုန့်ယောင်က မုန့်တစ်ပန်းကန်းလုံးစားပြီးတာတောင် ဗိုက်ဆာနေတုန်းဖြစ်သည်။
"အများကြီးမစားနဲ့ မင်းကြိုက်ရင် နောက်ကျ ကိုယ်မင်းကို လုပ်ကျွေးမယ်"
"ကောင်းပါပြီရှင်"
အဖွားချင်နဲ့ချင်းရွှယ်က သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေတာကို ကြည့်နေကြသည်။သခင်မလေးက အဲ့ဒီလူဆီကနေ အဖော်ပြုခံရတာကောင်းတယ် အနည်းဆုံးတော့ ဒီအမျိုးသားက သူမကို ကောင်းကောင်းဆက်ဆံတယ်။
သူမမြို့ကနေပြန်ရောက်လာကတည်းက သူမတို့နှစ်ယောက်ကြားမှာ တစ်ခုခုမှားနေတာကို သူတို့ခံစားမိကြသည်။ထိုဟာက မထူးဆန်းပေ ဒါပေမယ့် သူတို့က အရင်ကထက်ပိုပြီး ရင်းနှီးလာတာ သေချာသည်။သူမက သူ့ကို ကိစ္စတွေအများကြီး ပြောပြခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒီအမျိုးသားက မကြာခင်မှာ သူတို့ရဲ့အနာဂတ်သခင်လေးဖြစ်လာတော့မယ်ဆိုတာ သဘောပေါက်သည်။
နင်းမုန့်ယောင်က ရှေ့ကိုကုန်းလိုက်ပြီး သူမခေါင်းကို စားပွဲပေါ်တင်ကာ အနည်းငယ် ပျင်းရိတယ်လို့ ခံစားနေရသည်။လက်တလော အရာအားလုံးက လမ်းကြောင်းမှန်ပေါ်မှာရှိနေပြီး သူမဘာမှလုပ်စရာရှိပုံမရပေ။
"ထျန်းချန် ကျွန်မပျင်းတယ်"
"ကောင်းပြီ မင်းဘာလုပ်ချင်လဲ"
သူမကို ဒီလိုတွေ့ရတော့ သူမဘယ်လောက်ပင်ပန်းနေလဲဆိုတာ သူသိသည်။သူမဘယ်လောက်ပင်ပန်းနေလဲဆိုတာ သူသိသည်။
"ကျွန်မ မသိဘူး။ဝိုင်လုပ်ဖို့ အလုပ်သမားတွေရှိတယ်။အဖွားချင်က ကျွန်မကို အနှစ်တွေလုပ်ဖို့ ကူညီပေးတယ် ပြီးတော့ အစ်ကိုကြီးရန်က ကျွန်မကို ဘဲတွေကြက်တွေနဲ့ ကူညီပေးတယ်......"
နင်းမုန့်ယောင်က သူမလက်ချောင်းတွေနဲ့ရေတွက်လိုက်ပြီး နောက်ဆုံးမှာ သူမ အမှန်တကယ်ကို ဘာမှလုပ်စရာမရှိဘူးဆိုတာ သိသွားသည်။