အခန်း ၂၁
Vol. 1 Ch. 21
Chapter 21
ယန်ရှိုးအာကမသွားချင်ပေမယ့် တစ်ဖက်လူက ရှင်းရှင်းလင်းလင်းပြောလာပြီး သူမ မသွားရင်မရနိုင်တာကြောင့် မည်းမှောင်နေတဲ့မျက်နှာနဲ့အဝေးကိုထွက်သွားသည်။
သူတို့တွေတောင်ခြေဆီကိုလျှောက်သွားတဲ့အချိန်မှာ ရန်လဲ့လဲ့ကသူမခေါင်းကိုလှည့်ကာ ယန်ရှိုးအာကိုကြည့်လိုက်သည်။ယန်ရှိုးအာရဲ့နောက်ကျောကိုကြည့်ပြီး သူမစိတ်ထဲအရမ်းပျော်သွားသည်။
"သေအောင်ဒေါသထွက်အဲ့မှာ"
"ကောင်းပြီ သွားကြရအောင်"
နင်းမုန့်ယောင်ကပြုံးလိုက်ပြီး သူမခေါင်းကိုရမ်းလိုက်သည်။ရန်လဲ့လဲ့က ဒီလိုကိစ္စမျိုးတွေကိုမငြီးငွေ့ပေမယ့် သူမကတော့သိပ်ဂရုမစိုက်ပေ။
ယန်ရှိုးအာကလည်း တကယ်တော့ဒီလိုမျိုးပဲဖြစ်တယ် ဒါပေမယ့် သူမကပိုပြီး လောဘကြီးလွန်းတယ်။
ပျော်ရွှင်စွာပြုံးနေရင်း ရန်လဲ့လဲ့က ဘာမှဆက်မပြောတော့ဘဲ သူတို့တွေက တောင်ပေါ်မှာ အေးဆေးလမ်းလျှောက်ကြသည်။အရင်ရက်တွေက မိုးရွာထားတာကြောင့် တောင်ပေါ်မှာ မှိုအချို့ရှိနေသည်။ထိုဟာတွေကသိပ်တော့မများပေ။ဒါပေမယ့် နေ့လယ်ရောက်တဲ့အချိန်မှာတော့ သူတို့တွေ မှိုကြီးတာတွေကိုခူးနိုင်တာကြောင့် ရန်လဲ့လဲ့ကအရမ်းပျော်သွားပြီး သူမဒီနေ့ ပန်းမထိုးရတာကို စိတ်ထဲမထားတော့ပေ။မှိုကြီးတာတွေကိုခူးနိုင်တာကြောင့် ရန်လဲ့လဲ့ကအရမ်းပျော်သွားပြီး သူမဒီနေ့ ပန်းမထိုးရတာကို စိတ်ထဲမထားတော့ပေ။
နင်းမုန့်ယောင် အစကထင်ခဲ့တာက ဒါတွေကိုသာ ယန်ရှိုးအာတစ်ယောက် တွေ့ကြုံလိုက်ရရင် အချိန်တော်ကြာတဲ့အထိ နောက်ထပ်မလာလောက်တော့ဘူးပေါ့။ဒါပေမယ့် ဘယ်သူသိမှာလဲ ဒုတိယနေ့မနက်မှာပဲ သူမက နင်းမုန့်ယောင်စာသင်နေတုန်းထပ်ရောက်လာခဲ့ပြီး ပန်းထိုးတယ်။နေ့တိုင်းက အဲ့ဒီလိုပဲဖြစ်နေတယ်။
ဒါက နင်းမုန့်ယောင်ကို မျက်ခုံးပင့်သွားစေပြီး သူမစိတ်ထဲမှာ ဒါကရိုးရိုးသားသားမဟုတ်ဘူးလို့ခံစားနေရတယ်။ဘယ်လိုအကြံအစည်တွေ လုပ်ဖို့ကြံနေတာလဲ?
သိချင်ပေမယ့်လည်း နင်းမုန့်ယောင်က ယန်ရှိုးအာကို အရမ်းကြီးမကြည့်ပဲနဲ့ သူမပန်းထိုးစရာရှိတာကိုသာထိုးနေလိုက်သည်။
ဒီလိုပန်းထိုးတဲ့အချိန်တိုင်းယန်ရှိုးအာက တောက်ပနေတဲ့မျက်လုံးတွေနဲ့သူမကိုလှမ်းကြည့်တတ်တာကို သူမသိတယ်။ဒါပေမယ့် အပ်ထိုးနည်းတွေကို သင်ယူဖို့ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ယန်ရှိုးအာနားလည်ဖို့လိုအပ်တယ်။
မျှော်လင့်ထားသလိုပဲ နေ့တစ်ဝက်လောက်ကြည့်တာတောင် ယန်ရှိုးအာက ဘယ်လိုလုပ်ရတယ်ဆိုတာ သေချာမသိပေ။
သူမက မေးချင်ပေမယ့် နင်းမုန့်ယောင်ရဲ့ ပန်းထိုးရင်း မျက်နှာတင်းထားတာကိုတွေ့တော့ မေးခွန်းကမထွက်လာပေ။အဲ့ထက်ပိုတာက သူမဘယ်လိုမေးရမလဲ?သူမက တိုက်ရိုက်ပဲ ပန်းကိုဖြည်းဖြည်းထိုး ဒါဆိုငါကြည့်လို့ရတယ်လို့ပြောရမှာလား အဲ့ဒီစကားတွေက သူမစိတ်ထဲတင်းကြပ်လာစေပြီး သူမက အကျယ်ကြီးထုတ်မပြောရဲပေ။
အဲ့ဒီအကြောင်းပြချက်ကြောင့်ပဲ အခုလက်ရှိ ယန်ရှိုးအာရဲ့နှလုံးသားက ကြောင်ကုတ်ခံထားရသလိုဖြစ်နေတာ။သူမ နှလုံးသားထဲမှာ ယားယံနေတယ် ဒါပေမယ့် သူမပါးစပ်ကိုဖွင့်ပြီး မမေးနိုင်ပေ။
သူမနှလုံးသားထဲကနာကျင်မှုကို သူမပဲနားလည်သည်။
နင်းမုန့်ယောင်ရဲ့ မျက်လုံးအောက်ခြေကနေ လှောင်ပြောင်ရိပ်သမ်းသွားသည်။သူမက ယန်ရှိုးအာသူမကိုစိုက်ကြည့်နေပြီး သူမပန်းထိုးတာကိုကြည့်ချင်နေတာ မသိဘူးများထင်နေလား?ဒါပေါ့ သူမသိတယ်လေ ဒီအပ်ထိုးနည်းတွေကိုသင်ချင်တယ်ဆိုရင် သူမရဲ့မျက်လုံးက လိုက်ကြည့်နိုင်လားမကြည့်နိုင်လားဆိုတဲ့အပေါ်မှာလည်းမူတည်သေးတယ်။
တစ်နေ့လယ်ခင်းလုံး သူတို့နှစ်ယောက်ကငြိမ်းငြိမ်းချမ်းချမ်းရှိနေပေမယ့် လေထုကတော့ စိမ်းသက်နေသည်။
ယန်ရှိုးအာက ဆက်သည်းမခံနိုင်တော့ဘဲ မေးဖို့လုပ်တဲ့အချိနိမှာပဲ ရန်လဲ့လဲ့က ရုတ်တရက် စိုးရိမ်နေတဲ့မျက်နှာနဲ့ပြေးဝင်လာခဲ့သည်။
"ယောင်ယောင် ငါ့ကိုကူညီပါဦး!ငါတောင်းဆိုတာပါ ငါ့ကိုကူပါဦး"
နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို ထူးဆန်းသလိုကြည့်လိုက်ပြီး သူမရဲ့ပန်းထိုးအပ်ကိုချလိုက်ပြီးနောက် ရန်လဲ့လဲ့ရဲ့ပုခုံးကိုပုတ်ကာ စိတ်ငြိမ်အောင်လုပ်ခိုင်းလိုက်သည်။
"စိတ်မပူနဲ့ ဖြေးဖြေးပြော ဘာဖြစ်တာလဲ?"
ရန်လဲ့လဲ့ကို အစထဲကသိလာတာဖြစ်လို့ ရန်လဲ့လဲ့က အကောင်းမြင်တတ်တဲ့လူဆိုတာ သူမသိတယ် အခု သူမအရမ်းစိုးရိမ်နေတဲ့ပုံကိုကြည့်ရတာ တစ်ခုခုဖြစ်သွားလို့ပဲဖြစ်ရမယ်။မဟုတ်ရင် ရန်လဲ့လဲ့ကဘယ်လိုလုပ် ဒီလိုအခြေအနေအထိ စိတ်ပူပန်နေပါ့မလဲ?
နင်းမုန့်ယောင်ရဲ့အသံကိုကြားတဲ့အခါမှာ ရန်လဲ့လဲ့က စိတ်တည်ငြိမ်လာပြီး သူမစိတ်ထဲက အနှောင့်အယှက်ဖြစ်နေတာကို ထိန်းချုပ်ကာ အနည်းငယ်ကွဲအက်နေတဲ့အသံနဲ့ပြောလိုက်သည်။
"ယောင်ယောင် ငါ့ရဲ့အစ်ကိုကြီးက မြို့မှာအလုပ်သွားလုပ်တာ တစ်ခုခုဖြစ်သွားတယ်။အခု သူ့ဒူးခေါင်းတွေက ကျိုးနေပြီ။သမားတော်ကပြောတယ် ဒါကပြင်းထန်ပြီးတော့ ကုဖို့ဆို ငွေအများကြီးလိုတယ်တဲ့ ဒါပေမယ့် ငါ.....ငါ....."
"ကောင်းပြီ စိုးရိမ်ဖို့မလိုဘူး။ဖြေရှင်းဖို့ငွေလိုတာဆိုရင် စိုးရိမ်စရာမရှိပါဘူး။နင်ဘယ်လောက်လိုတာလဲ?"
နင်းမုန့်ယောင်က ခဏနားထောင်လိုက်ပြီး သဘောပေါက်သွားသည်။အိမ်မှာရှိတဲ့ ပိုက်ဆံက မလုံလောက်တာမလို့ သူမဆီကနေ နည်းနည်းလောက်ချေးချင်တာပဲဖြစ်သည်။
ရန်လဲ့လဲ့က အရမ်းသန်မာတဲ့လူတစ်ယောက်ဖြစ်သည်။သူမမှာသာ တစ်ခြားရွေးချယ်စရာရှိရင် နင်းမုန့်ယောင်ကိုရှာပြီး အကူအညီတောင်းမှာမဟုတ်ပေ။
"သုံးဆယ်လျန်းလောက်လိုတာ"
အစကတော့ သမားတော်က ဒါက ငါးဆယ်လျန်းလောက် ကုန်မယ်လို့ပြောပေမယ့် သူမအိမ်မှာ ဒီနှစ်တွေထဲစုထားတဲ့ပိုက်ဆံတွေရှိတာကြောင့် သူတို့က သုံးဆယ်လျန်းလောက်လိုနေတာဖြစ်သည်၊
"စိတ်မပူပါနဲ့ ငါနင့်အတွက်သွားယူလိုက်ဦးမယ်"
နင်းမုန့်ယောင်က ရန်လဲ့လဲ့လက်ကိုပုတ်ကာ သူမကိုနှစ်သိမ့်လိုက်ပြီး အဲ့ဒီနောက် ပိုက်ဆံယူဖို့အခန်းထဲကိုဝင်သွားသည်။
ဘေးနားမှာ ရပ်နေတဲ့ယန်ရှိုးအာက နားထောင်ပြီး သဘောပေါက်သွားသည်။နင်းမုန့်ယောင်က သုံးဆယ်လျန်းကို မျက်တောင်မခတ်ဘဲချေးလိုက်ပြီး နင်းမုန့်ယောင်ရဲ့လက်ထဲမှာ ပိုက်ဆံတွေအများကြီးရှိတာပဲဖြစ်ရမယ်.....ဒါဆို......
အချိန်ခဏလောက် ယန်ရှိုးအာက သတိဝင်သွားပြီး သူမစိတ်ထဲမှာ အကြံအစည်တစ်ခုရေးဆွဲနေသည်။
နင်းမုန့်ယောင်က ငွေတွေအမြန်ထုတ်ယူလာခဲ့ပြီး လျန်းနှစ်ဆယ်တောင်ပိုနေသေးသည်။နင်းမုန့်ယောင်ပေးတဲ့ပိုက်ဆံကိုယူလိုက်ပြီး ရန်လဲ့လဲ့က တုန်လှုပ်သွားသည်။သူမက နင်းမုန့်ယောင်မှာ ပိုက်ဆံပြတ်လပ်နေတာမဟုတ်ဘူးဆိုတာသိသည်။သူမ ဒါတွေကိုဘယ်လိုပြန်ပေးရပါ့မလဲ?
"ကောင်းပြီ မြန်မြန်ယူပြီးပြန်လိုက်တော့ ဒါမှနင့်အကိုကိုကုပေးလို့ရမှာပေါ့ ကျန်တဲ့ပိုက်ဆံကို အရိုးဝယ်ပြီးတော့ နင့်အကိုသောက်ဖို့အတွက် အရိုးစွပ်ပြုတ်လုပ်ပေးလိုက်။အဲ့ဒါက သူ့ဒဏ်ရာအတွက်ကောင်းတယ်။ဒဏ်ရာရထားတဲ့လူက ကောင်းကောင်းစားဖို့လိုတယ် ပြီးတော့ ဒါတွေငါ့ဆီကိုပြန်ပေးနိုင်ပါ့မလားဆိုပြီးတွေးမနေနဲ့ အန်တီလော်နင့်ကိုဘာပြောထားလဲဆိုတာမေ့နေတာလား?ငါပိုက်ဆံကိစ္စကို မစိုးရိမ်ပါဘူး။နင့်မှာရှိလာမှငါ့ကိုပေးလို့ရတယ်"
ရန်လဲ့လဲ့မျက်နှာကရှုပ်ထွေးနေတာကိုမြင်တော့ နင်းမုန့်ယောင်ကသူဘာတွေးနေလဲဆိုတာ ဘယ်လိုလုပ်သဘောမပေါက်ပဲနေပါ့မလဲ?ဒါကြောင့် သူမက ပြောလိုက်တာဖြစ်သည်။
ရန်လဲ့လဲ့နှလုံးသားကနွေးထွေးသွားပြီး နင်းမုန့်ယောင်ကို အလေးအနက်ကြည့်ကာပြောလိုက်သည်။
"ယောင်ယောင် ကျေးဇူးတင်ပါတယ်။ငါနင့်ပိုက်ဆံကို အမြန်ဆုံးပြန်ပေးပါ့မယ်။ဒါပြီးရင်တော့ နင့်ပြဿနာကငါ့ပြဿနာပဲ"