← Chapters

အခန်း ၁၈၅+၁၈၆

Vol. 8 Ch. 185+186

အခန်း ၁၈၅+၁၈၆

Vol. 8 Ch. 185+186

Chapter 185+186

185

ထုန်ပေါင်ကျိုက်က လုံးဝကို အင်အားကြီးမားတဲ့ ဖြစ်တည်မှုတစ်ခုဖြစ်၏။ထုန်ပေါင်ကျိုက်ကလူတွေ ဘယ်လောက်အထိ အစွမ်းအစရှိလဲဆိုတာ သူတို့သာသိပေလိမ့်မည်။

နင်းမုန့်ယောင်ဆီမှာသာ မကောင်းတာတစ်ခုခုဖြစ်ခဲ့ရင် ရှောင်တိုင်းပြည်က ကြီးမားတဲ့ဒုက္ခထဲရောက်သွားမှာဖြစ်ပြီး ရှောင်ချီဖုန်းအလိုရှိတဲ့အရာ မဟုတ်ချေ။

"မုန့်ယောင်က ဒီကိစ္စကို အရမ်းစိတ်တိုနေတာ။အဲ့ဒါကြောင့်ပဲ ညီတော်က ချက်ချင်းပြန်လာခဲ့တာ။နင်းမုန့်ယောင်တစ်ခုခုလုပ်တာထက် ညီတော်တို့လုပ်တာက ပိုကောင်းတယ်လေ မဟုတ်ရင် ပြဿနာတွေတိုးလာမှာ ကြောက်ရတယ်"

ရှောင်ချီထျန်းက ဒါကို ရှောင်ချီဖုန်းရဲ့အကျိုးအတွက် လုပ်ခဲ့တာဖြစ်သည်။နင်းမုန့်ယောင် ကိုင်တွယ်တာထက်စာရင် သူတို့ကိုင်တွယ်လိုက်တာက တကယ့်ကို ပိုကောင်းသည်။နင်းမုန့်ယောင်ကသာ ကိုင်တွယ်တဲ့လူဆိုရင် ၎င်းက ရှောင်တိုင်းပြည်ရဲ့စီးပွားရေးပါ ပါဝင်ပတ်သက်လာမှာဖြစ်သည်။ဒါက သေချာပေါက်ကို ဘယ်သူမှမြင်ချင်တဲ့ အရာမဟုတ်ပေ။

ရှောင်ချီဖုန်းက ခေါင်းငြိမ့်လိုက်ပြီး

"မင်းကောင်းကောင်းလုပ်ခဲ့တာပဲ။ငါ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်သွားမှာပါ"

"ညီတော် အစ်ကို့ကိုယုံတယ်" ရှောင်ချီထျန်းက ခေါင်းငြိမ့်လိုက်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

အမတ်လင်းနဲ့သူ့သားရောက်လာတဲ့အချိန် ရှောင်ချီဖုန်းက သူတို့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေတာ မြင်လိုက်ရသည်။သူ့မျက်လုံးတွေက မကြာခင်မှာ ပေါက်ကွဲထွက်တော့မယ့် မုန်တိုင်းတွေအတိုင်းပင်။

"ဧကရာဇ်ရှောင်၊အရှင့်သား"

ရှောင်ချီဖုန်းက သူ့မျက်လုံးတွေကို သူတို့တွေဆီကနေ အဝေးပို့လိုက်ပြီး သူ့လက်ထဲကက တံဆိပ်ပြားတွေကိုင်ကာ သူ့ဘာသာ အလုပ်များနေခဲ့သည်။သူပြီးသွားတဲ့နောက် သူ့ပါးစပ်ကို ဖြည်းဖြည်းချင်းဖွင့်ကာ ပြောလိုက်သည်။

"အမတ်လင်း သင်က မင်းသားကို လုပ်ကြံရဲတယ်ပေါ့လေ။ငါ သင့်ကို မေးပါရစေဦး သင့်ကို ဘယ်သူများ သတ္တိတွေပေးလိုက်လဲ။ဟမ်....."

"အရှင်မင်းကြီး ဒါက စွပ်စွဲတာပါ။စွပ်စွဲခံရတာပါ!ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် တကယ့်ကို မသိပါဘူး!"

အမတ်လင်းက ရှောင်ချီဖုန်းရဲ့ စကားတွေကို နားထောင်ပြီး အကျိုးဆက်က ဆိုးရွားမယ်ဆိုတာတာ သိတာကြောင့် အမြန်ပဲ အသနားခံလိုက်၏။

"စွပ်စွဲတာလား?ဒါဆို သင့်အိမ်တော်ထဲက တစ်ခြားလူတွေကလည်း အမိန့်တွေပေးလို့ရတယ်လို့ ပြောတာလား"

ရှောင်ချီဖုန်းက နားမလည်သလို အရိပ်အမြွက်ပေးပြီး မေးလိုက်သည်။

အမတ်လင်းနဲ့လင်းလော်က မတုံးအကြပေ။သူတို့က ရှောင်ချီဖုန်း ဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်သည်။

"အရှင်မင်းကြီး ကျွန်တော် သေချာပေါက် ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းပြီး အရှင့်ကို ဖြေရှင်းချက်ကောင်းတစ်ခု ပေးပါ့မယ်"

အမတ်လင်းမှာ ဆိုးရွားတဲ့ ခံစားချက် ရနေတယ်။ဒီကိစ္စသာ ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ၎င်းက သူ့မိသားစုတစ်ခုလုံးကို ထိခိုက်မှာ ဖြစ်သည်။

ရှောင်ချီဖုန်းက အမတ်လင်းကို တစ်ချက်ကြည့်လိုက်ပြီး

"အရမ်းကောင်းတယ်။ငါက အများကြီး စိတ်ရှည်သည်းခံနိုင်စွမ်းမရှိဘူး။ငါ ဘာကိုဆိုလိုလဲဆိုတာ အမတ်လင်း သိလိမ့်မယ်လို့ ယုံကြည်တယ်"

"ဟုတ်ကဲ့ အရှင်မင်းကြီး"

ရှောင်ချီထျန်းက ထိုင်ခုံတစ်ခုပေါ်မှာ မှီထိုင်နေပြီး ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတဲ့ သားအဖနှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။သူက ဟွန့်ခနဲ အသံပြုလိုက်ပြီး

"ငါ မင်းတို့ကို အချိန်တစ်ရက်ပေးမယ်။မနက်ဖြန်မှာ အဖြေမရဘူးဆိုရင် အကျိုးဆက်တွေအတွက် ငါ့ကို အပြစ်မတင်နဲ့"

"ဟုတ်ကဲ့ပါ အရှင့်သား မင်းသားချီ"

နှစ်ယောက် ထွက်သွားပြီးတဲ့နောက် ရှောင်ချီထျန်းက နှာခေါင်းရှုံ့လိုက်ပြီး ရှောင်ချီဖုန်းဘေးကို လျှောက်သွားလိုက်သည်။ရှောင်ချီထျန်းက နှာခေါင်းရှုံ့လိုက်ပြီး ရှောင်ချီဖုန်းဘေးကို လျှောက်သွားလိုက်သည်။သူကသူ့ခုံပေါ်မှာ မှောက်လျက်လှဲလိုက်ပြီး

"အစ်ကိုတော် မုန့်ယောင်က တကယ့်ကို ကပ်စေးနှဲတာပဲ။သူမက အရင်တစ်ခေါက်က ဝါးစိမ်းဝိုင်ထက် ပိုပြီးတော့အရသာရှိတဲ့ အထူးဝိုင်ကိုချက်ထားပေမယ့် ညီတော်ကို လုံးဝမပေးချင်ဘူး"

"အိုးးဘာလို့လဲ" ဝိုင်လုပ်တာက ပိုက်ဆံရဖို့ပဲ မဟုတ်ဘူးလား?သူမက ဘာလို့ ပေးဖို့ဆန္ဒမရှိရတာလဲ?

"သူမကပြောတယ် အဲ့ဒါက သူမရဲ့မင်္ဂလာပွဲအတွက်အထူးသီးသန့်လုပ်ထားတာတဲ့ ပြီးတော့ သူမက အဲ့ဒါကိုတစ်ခါပဲ ချက်ထားတာ။မင်္ဂလာပွဲပြီးသွားမှ ကျန်တဲ့ဟာကို ညီတော့်ကိုပေးမှာ။တစ်ခုမှမကျန်ရင်တော့ ညီတော်ဘာမှရမှာမဟုတ်တော့ဘူး"

ရှောင်ချီထျန်းက ထိုအကြောင်းကို ပိုပြီးစဉ်းစားလေ ပိုပြီး ဝမ်းနည်းလာပေပဲ။သူသာ အဲ့ဝိုင်ကိုရောင်းလိုက်ရင် ပိုက်ဆံတွေ ဘယ်လောက်တောင် ရှာနိုင်မလဲ မသိဘူး။

ရှောင်ချီဖုန်းက သဘောကျသွားပြီး သူ့ကိုကြည့်ကာ

"မင်းက နောက်ကျရင် အဲ့ဒါကို ထပ်ပြီးမသောက်ရတော့မှာ စိုးရိမ်နေတာလား ဒါမှမဟုတ် အဲ့ဒါကိုရောင်းပြီး ပိုက်ဆံမရှာနိုင်တော့မှာစိုးလို့လား"

အမှန်တရားက ထုတ်ဖော်ခံလိုက်ရပြီ။ရှောင်ချီထျန်းက သူ့နှာခေါင်းကိုထိပြီး ရှက်ရယ်ရယ်ကာ

"နှစ်ခုလုံးပဲ။သူတို့မင်္ဂလာပွဲပြီးသွားရင် ကျန်တဲ့ဝိုင်တွေကို ပြန်ယူလာဖို့ ညီတော်ဆုံးဖြတ်ပြီးသွားပြီ။ပြီးရင် ညီတော်ပိုက်ဆံစုပြီးတော့ ကိုယ့်ဘာသာ ပြန်ဝယ်မယ်။ဒါဆို ညီတော်တို့နှစ်ယောက်လုံး အဲ့ဒါကို ဖြည်းဖြည်းချင်းသောက်လို့ရသွားပြီ"

ရှောင်ချီဖုန်းက တိတ်နေခဲ့သည်။သူက ရှောင်ချီထျန်းရဲ့စကားတွေကနေ ဆွဲဆောင်ခံလိုက်ရပြီး အခု ဝိုင်က ဘယ်လိုလဲဆိုတာ သိချင်နေပြီဖြစ်သည်။ရှောင်ချီထျန်းက ကောင်းတဲ့ဘယ်ဝိုင်မဆို ရှောင်ချီဖုန်းဆီ နည်းနည်းပါးပါး ပို့ပေးတာကြောင့် ၎င်းကို မသောက်ရမှာ စိတ်ပူစရာမရှိပေ။

"အစ်ကိုတော် ညီတော်တို့ သူတို့ကို ဘာလုပ်သင့်တယ်ထင်လဲ?ဘာပဲဖြစ်ဖြစ် အခု ရှောင်ကျီရွှမ်းက ကိုယ်ဝန်ရှိနေတာလေ ပြီးတော့ မကြာခင် ‌မီးဖွားတော့မှာ"

ရှောင်ချီထျန်းက ခပ်တိုးတိုးမေးလိုက်၏။

"ဘာပဲဖြစ်ဖြစ် သူတို့က မင်းစိတ်ကျေနပ်လောက်မယ့် အဖြေတစ်ခုပေးမှာပါ။ဒါကြောင့် စိုးရိမ်နေဖို့မလိုဘူး"

"ဟေး ကျွန်တော်စိုးရိမ်နေတယ်လို့ ဘယ်သူပြောလဲ?သူတို့ကပဲ စိုးရိမ်နေသင့်တဲ့လူတွေ။ညီတော်က စိတ်ဓာတ်ကျနေရုံပဲ။ထျန်းချန်ရဲ့နေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေမှအများကြီးပဲ။ဒါပေမယ့် ဒီကိစ္စကြောင့် ညီတော်က ပြန်လာခဲ့ရတယ်။စိတ်တိုစရာကောင်းလိုက်တာ"

၎င်းကိုတွေးမိပြီး ရှောင်ချီထျန်း နောက်တစ်ကြိမ် ဒေါသထွက်သွားရတယ်။သူ အဲ့ဒီနေရာမှာ အရသာရှိတဲ့ အစားအစာတွေ အများကြီး စားနေရနိုင်တယ်။သူနန်းတော်ထဲမှာ စားရတဲ့ဟာတွေထက်တောင် အများကြီး ပိုကောင်းတယ်။

ရှောင်ချီဖုန်းက သူ့ညီငယ်ကို ကြည့်လိုက်၏။သူက ပြုံးလိုက်ပြီး သူ့နဖူးသူပွတ်ကာ

"အစ်ကိုတော်ထင်တာတော့ မင်းက ဒီပြန်လာရလို့ စိတ်တိုနေတာပဲ"

"ဟေး အစ်ကိုတော် ဘယ်လိုသိလဲ"

ရှောင်ချီဖုန်းက သူ့ညီကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းရမ်းကာ ရယ်မောလိုက်သည်။အဲ့ဒီနောက် သူ့အလုပ်ကို ပြီးအောင် ပြန်ဆက်လုပ်နေလိုက်၏။

အမတ်လင်းက ပြန်ရောက်လာပြီးတဲ့နောက် သူက အရမ်း‌ဒေါသထွက်နေခဲ့ပြီး သူသဘောကျတဲ့ မှင်ကျောက်တုံးတွေကို ရိုက်ခွဲပစ်ခဲ့သည်။

"ဒီကိစ္စကို သေသေချာချာ စုံစမ်းပြီးတော့ ငါတို့ကို ဘယ်သူဒုက္ခရောက်အောင် လုပ်တာလဲဆိုတာ တွေ့အောင်ရှာ!"

186

အရင်တုန်းက ဒီလိုအရှက်ခွဲခံရတာမျိုး မခံရဖူးပေ။ဒီကိစ္စသာ ပေါက်ကြားသွားရင် ပြည်သူတွေ ဘယ်လိုပြောကြမလဲဆိုတာ မတွေးဝံစရာပင်။

လင်အိမ်တော်က မင်းသားချီကိုလုပ်ကြံဖို့ သတ္တိရှိတာကို တစ်ခြားလူတွေသာ သိသွားရင် သူ့ကိုယ်သူကာကွယ်ဖို့ ဘာမှကျန်တော့မှာ မဟုတ်ပေ။ရှူယွမ်*ကအမတ်တွေက သေချာပေါက် တောင်လိုပုံနေတဲ့ အပြစ်တင်စွပ်စွဲချက်တွေကို ဧကရာဇ်ရဲ့ စာကြည့်ခန်းထဲထားထားမှာ ဖြစ်သည်။

(*ရှူယွမ် မြန်မာလိုဆိုရင် ဆင်ဆာ၊တည်းဖြတ်သူတဲ့ ကိုယ်လည်းအသံထွက်ပဲရေးလိုက်တော့တယ်)

သူ့ရန်သူတွေဆိုတာ ပြောမနေနဲ့တော့။သူတို့က သေချာပေါက် ဒီအခွင့်အရေးကိုအသုံးချပြီး သူ့ကို ဆွဲချသွားမှာ။

ဒီအကြောင်းကို ဘယ်လိုပဲတွေးတွေး အမတ်လင်း သွေးတွေပွက်ပွက်ဆူလာ၏။

အရင်တုန်းက ပြဿနာတွေက အသေးအဖွဲပဲ သူ့ကို သူတို့တွေ အပြစ်တင်ရင်တောင်မှ သူ့ကို အများကြီး ဒုက္ခမရောက်သွားစေဘူး။ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မင်းသားချီ ပါဝင်ပတ်သက်နေတယ်။

မင်းသားချီ ဘယ်သူလဲဆိုတာ သူတို့မသိလို့လား?သူတို့တွေက ဘယ်လိုလုပ် သူ့ကို သွားထိရတာလဲ?ဘယ်လောက်တောင် ရူးမိုက်လိုက်လဲ။

"စိတ်မပူပါနဲ့အဖေ။ကျွန်တော် ဒီကိစ္စကို စုံစမ်းလိုက်ပါ့မယ်"

လင်းလော်က ခေါင်းငြိမ့်လိုက်တယ်။သူ့မိသားစုက ဘက်ပေါင်းစုံကနေ ဝိုင်းထားတာမရှိပေမယ့်လည်း သူတို့လှမ်းတဲ့ခြေလှမ်းတိုင်းက ရေခဲပြင်ပေါ်မှာ နင်းသလိုမျိုးဖြစ်နေတာကို သူသိတယ်။

ဒီအဖြစ်အပျက်ကိုသာ ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင် ၎င်းက သူတို့မိသားစုကို ကြီးမားတဲ့ ထိခိုက်မှု ဖြစ်သွားစေနိုင်သည်။

အမတ်လင်းက သူ့သားကိုကြည့်ကာ

"လော်အာ အဖေတို့မှာ အချိန်တစ်ရက်ပဲရတယ်။မင်းစုံစမ်းတာကို မြန်မြန်လုပ်မှရမယ်!"

"ကျွန်တော်နားလည်ပါတယ် မစိုးရိမ်ပါနဲ့အဖေ။ကျွန်တော်အခု လှုပ်ရှားလိုက်ပါ့မယ်"

"သွား သွား"

လင်းလော် သူ့စာကြည့်ခန်းကို ပြန်လာပြီးတဲ့နောက် သူ့ရဲ့လူယုံကို စုံစမ်းဖို့ အမိန့်ပေးလိုက်သည်။

အခြေအနေကို သတိမထားမိဘဲ ရှောင်ကျီရွှမ်းက လင်းလော်ထွက်သွားတာကို ဒေါသထွက်နေခဲ့သည်။

"ထွက်သွားကြ!"

ရှောင်ကျီရွှမ်းက သူမရှေ့က အစေခံတွေကိုကြည့်ပြီး ဒေါသတကြီး မောင်းထုတ်လိုက်သည်။

သူမလည်းပဲ လင်းအိမ်တော်၏ သခင်တစ်ဦးဖြစ်တယ်။အထူးသဖြင့် သူမခင်ပွန်းရဲ့စာကြည့်ခန်းကနေ ဖယ်ထုတ်ခံရတာက သူမအတွက် အလွန်အရှက်ကွဲစေတယ်။

လင်းလော်က အတော်လေး စိတ်တိုနေပြီဖြစ်သည်။အပြင်က ဆူညံသံတွေကို သူ့စိတ်အခြေအနေကို ပိုထိုးကျသွားစေပြီး သူ့အမူအရာက ခက်ထန်ကာ အန္တရာယ်များသည်။

"သူ(မ)ကို ဝင်ခိုင်းလိုက်" လင်းလော်က အေးစက်စက် ပြောလိုက်၏။

ရှောင်ကျီရွှမ်းက သူမရှေ့က အစေခံကို ရွံရှာတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး သူမရဲ့ ကိုယ်ဝန်ဗိုက်နဲ့ လင်းလော်၏စာကြည့်ခန်းထဲကို ဝင်သွားခဲ့သည်။

ရှောင်ကျီရွှမ်းပြောတာကို မစောင့်တော့ လင်းလော်က စိတ်မရှည်စွာ ပြောလိုက်သည်။

"မင်း ဘာလိုချင်တာလဲ"

"ကျွန်မ.....တစ်ခုခုအဆင်မပြေတာရှိလို့လား သခင်လေး?ကျွန်မရှင့်ကို ဒေါသထွက်အောင် လုပ်မိသွားတာလား"

ရှောင်ကျီရွှမ်းရဲ့ သူ့ရဲ့မည်းမှောင်နေတဲ့အမူအရာကို သတိထားမိပေမယ့် အဲ့အကြောင်းကြောင့် သူစိတ်တိုစရာမရှိလို့ ခံစားမိကာ သူမကပဲ နစ်နာသလို ခံစားရသည်။သူမက သူမရဲ့ခင်ပွန်းဆီ လာရုံပဲကို။

လင်းလော်က သူမကို တစ်ချက်ကြည့်ပြီး သူမရဲ့ အပြစ်ကင်းသလို ဟန်ဆောင်နေတာကို ကြည့်လိုက်သည်။

"စာကြည့်ခန်းကို ငါ့ခွင့်ပြုချက်မရှိဘဲ မလာဖို့ ငါမင်းကိုပြောမထားဘူးလား?မင်းက ငါ့စကားတွေကို ပေါ့ပေါ့လေးထားတာလား"

လင်းလော်ရဲ့ အမူအရာက ရှောင်ကျီရွှမ်းကို ကြည့်ကာ မဲမှောင်သွားသည်။

သူမက ရှောင်ရီလင်း၏သမီးဖြစ်နေတာအတွက်နဲ့ သူက သူမကို တစ်ကြိမ်ပြီးတစ်ကြိမ် သည်းခံနေမှာ မဟုတ်ပေ။

နစ်နာသလိုခံစားရပြီးတော့ ရှောင်ကျီရွှမ်းက လင်းလော်ကိုကြည့်ကာ

"ကျွန်မ....ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး"

"တော်ပြီ ငါ့မှာတစ်ခြားလုပ်စရာတွေ ရှိသေးတယ်။မင်းခြံဝင်းကို မင်းဘာသာပြန်လိုက်တော့"

သည်းခံစိတ်ကုန်သွားပြီး လင်းလော်က သူမကို နှင်ထုတ်လိုက်သည်။ဒီကိစ္စကို အဖြေပေးဖို့အတွက် သူ့မှာ သူမကို ဖျော်ဖြေပေးနေဖို့ အချိန်ပိုမရှိပေ။

ရှောင်ကျီရွှမ်းက သူ သူမကို ဆက်ဆံတဲ့ပုံစံကို စိတ်တိုသွားပေမယ့် သူ့ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကိုမြင်တော့ ရွေးချယ်စရာမရှိတော့ဘဲ နာခံစွာနဲ့ ထွက်သွားရသည်။

လင်းလော်က တစ်နေ့လုံး စာကြည့်ခန်းထဲက ထွက်မလာခဲ့ဘဲ နေဝင်သွားတဲ့အထိ သတင်းစောင့်နေခဲ့ကာ နောက်ရက်ကျရင် ဧကရာဇ်နဲ့မင်းသားချီကို အဖြေမပေးနိုင်မှာ စိုးရိမ်နေသည်။

နောက်ဆုံးတော့ သန်းခေါင်ယံအချိန်မှာ သူ့လူယုံက ပြန်ရောက်လာခဲ့ပြီး သူ့အမူအရာက စုံစမ်းမှုရဲ့ ရလဒ်ကို ပြောသင့်လား မပြောသင့်ဘူးလားဆိုတာ မသေချာဘဲ ချိတုံချတုံဖြစ်နေ၏။

"စုံစမ်းတာ ဘယ်လိုလဲ"

မင်ဖန်းက သူ့ရဲ့ သခင်လေးကိုကြည့်ကာ စဉ်းစားလိုက်တယ်။စုံစမ်းမှုရဲ့ရလဒ်ကို သခင်လေးကို အမှန်အတိုင်းပြောပြသင့်လား?ဒီအဖြစ်အပျက်က မင်းသားချီတစ်ယောက်ထဲ ပါဝင်သက်နေတာမဟုတ်ဘဲ ဧကရာဇ်လည်းပါနေတယ်။ကိစ္စတွေက သေချာမကိုင်တွယ်ရင် အလွန်မှားယွင်းနိုင်တယ်။

"စုံစမ်းမှုရလဒ်တွေက မရှင်းဘူးလား"

သူ့လူယုံရဲ့ တုံ့ဆိုင်းမှုကို ခံစားမိပြီး လင်းလော်က မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်သွားတယ်။သူက သူ့ရဲ့အရည်အချင်းနဲ့လုပ်နိုင်စွမ်းကို ယုံကြည်ပြီး ရလဒ်က အဆိုးမဖြစ်နိုင်ပေ။

မင်ဖန်းက သူ့ခေါင်းကိုရမ်းလိုက်ပြီး

"မဟုတ်ပါဘူး အမွေဆက်ခံသူ စုံစမ်းတာက တရားခံကို ဖော်ထုတ်နိုင်ပါပြီ"

"တရားခံဘယ်သူလဲဆိုတာ မင်းသိနေရင် ဘာလို့ ဒီလောက် တွန့်ဆုတ်နေတာလဲ?ထုတ်ပြောစမ်းပါ"

"အဲ့ဒါက.....အမွေဆက်ခံသူသခင်မပါ"

#####

All Chapters