← Chapters

အခန်း ၂၅၉

Vol. 11 Ch. 259

အခန်း ၂၅၉

Vol. 11 Ch. 259

Chapter 259

ဒါကိုလုပ်တဲ့ လူမိုက်တွေက အမတ်ကြီးအိမ်တော်ကဆိုတာ နန်ကုန်းချီ စဉ်းစားစရာတောင် မလိုပေ။သူတို့တွေက စစ်သူကြီးအိမ်တော်ကိုတောင် သွားကြတယ်ပေါ့လေ!သူတို့က ချိုးဖောက်ဝင်ရောက်ပြီးတော့ တစ်ယောက်ယောက်ကို သတ်ပစ်ဖို့ဆိုတာ လွယ်တယ်လို့ ထင်နေကြတာလား?

လုပ်ကြံသူကို အမြန်ဆွဲခေါ်လာခဲ့ပြီး တစ်ချက်ကြည့်ရုံနဲ့တင် ထိုသူက မေးစေ့အောက်စိုက်ကျနေတာကို မြင်နိုင်သည်။

"သူ့သွားတွေကြားထဲမှာ အဆိပ်ရှိနေတယ်။သူက အသေခံတပ်သားပဲ"

"အရှင်မင်းကြီး ကျွန်မကို ဒီလူကို လက်လွှဲပေးလို့ရလား"

နင်းမုန့်ယောင်က ရုတ်တရက် သူမပါးစပ်ကိုဖွင့်ကာ မေးလိုက်သည်။

"မင်းက သူနဲ့ဘာလုပ်ချင်လို့လဲ" ရှောင်ချီဖုန်း သိချင်မိသွားတယ်။

"ချင်းရွှန်းက စမ်းသပ်ဖို့လူလိုနေတာ။ကျွန်မကြားဖူးတာတော့ အသေခံတပ်သားတွေက ခံနိုင်ရည်မြင့်မားကြတယ်တဲ့၊သူ့ကို သုံးလိုက်တာကလည်း မဆိုးပါဘူး"

နင်းမုန့်‌ယောင်‌က ပြောပြလိုက်သည်။

ရှောင်ချီဖုန်း မျက်ခုံးလှုပ်သွားတယ်။သူမက အရမ်းကြောက်စရာကောင်းတာမျိုး မပြောလို့ မရဘူးလား?

"ကောင်းပြီ ဒါပေမယ် သူ့ဆီကနေ သတင်းအချက်အလက်တွေ ညှစ်ထုတ်ဖို့ သတိရနော်"

"စိတ်မပူပါနဲ့.....ချင်းရွှမ် သူ့ကို ချင်းရွှန်းဆီ ခေါ်သွားလိုက်။သူ့ကို မသေစေဘဲနဲ့ ကြိုက်တဲ့နည်းလမ်းနဲ့ နှိပ်စက်လို့ရတယ်လို့ သူ(မ)ကို ပြောလိုက်"

နင်းမုန့်ယောင်က တည်တည်ငြိမ်ငြိမ်နဲ့အမိန့်ပေးလိုက်ပြီး ချင်းရွှမ်ရဲ့ တုန်လှုပ်သွားတဲ့ ခန္ဓာကိုယ်ကို လျစ်လျှူရှုထားလိုက်သည်။

"နားလည်ပါပြီ"

ချင်းရွှမ်က လျင်မြန်စွာ ထွက်သွားပြီးတော့ ရှောင်ချီဖုန်းက အံ့အားသင့်သွားရတယ်။ကြည့်ရတာ ချင်းရွှန်းက ဆေးပညာအတော်လေးတတ်ကျွမ်းတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်။

"မင်းသားနန်ကုန်း မင်း ဒီကိစ္စကို ဘယ်လိုထင်လဲ"

ရှောင်ချီဖုန်းက သူ့ကိုပြုံးကာကြည့်လိုက်ပြီး သူ့အကြည့်တွေက အထင်သေးစက်ဆုပ်မှုတွေနဲ့ ပြည့်နှက်နေတယ်။ဒီတစ်ခေါက် ဒီအခြေအနေကနေ နန်ကုန်းချီ ဘယ်လိုရှုံးနိမ့်သွားမလဲဆိုတာ သူ ကြည့်ချင်သေးတယ်။

နန်ကုန်းချီက သူ့သွားတွေကို တင်းတင်းစေ့လိုက်ပြီး

"ကျွန်တော် ဒီကိစ္စကို သတိမထားမိဘူး" ဟု ပြောလိုက်သည်။

"အဲ့လိုလား?ငါကိုယ်တော်က မင်း တစ်ယောက်ယောက်ကို တိတ်တဆိတ် သတ်ချင်တယ်လို့ ထင်သွားတာ"

ရှောင်ချီဖုန်းက ရယ်ပြီးတော့ ပြောလိုက်သည်။

နန်ကုန်းချီ အရင်တုန်းက ဒီလောက်အထိ အရှက်ကွဲရတာမျိုးကို တစ်ခါမှ မခံစားခဲ့ရပေ။သူက တကယ်ကြီး ဒီလို ရိုက်ချခံနေရတယ်။

ကောင်းကင်ကြီး မှောင်စပြုလာတဲ့ အချိန်မှာပဲ 'လင်'က နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီး တစ်ချိန်ထဲမှာပဲ ကျူးဝေ့နဲ့ပတ်သက်ပြီးတော့ သူ ရှောင်တိုင်းပြည်ထဲ ဝင်လာပြီးတဲ့နောက် လုပ်ခဲ့တဲ့ အရာအားလုံးကို သတင်းပြန်ယူလာခဲ့သည်။

"ကောင်းတယ်......အရမ်းကောင်းတယ်......"

ရှောင်ချီဖုန်းက သူ့လက်ထဲက စာရွက်တွေကို စားပွဲပေါ်ရိုက်ချပြီးတော့ သူ့အမူအရာက အုံ့မှိုင်းနေသည်။

နန်ကုန်းချီက ရှောင်ချီဖုန်းကို ဒီလိုမြင်ရတော့ ထိုအကြောင်းနဲ့ပတ်သက်ပြီး မကောင်းတဲ့ခံစားချက် ရနေမိသည်။

"မင်းသားနန်ကုန်း တစ်ချက်ကြည့်ကြည့်ပါဦး"

ရှောင်ချီဖုန်းမှာ စောနတုန်းကလိုမျိုး ကောင်းမွန်တဲ့ မျက်နှာထားမရှိတော့ပေ။သူ့မျက်နှာထားက ဆိုးဝါးနေပြီး မျက်နှာက မည်းနက်နေ၏။

နန်ကုန်းချီက သူ့ကို ပစ်ပေးလိုက်တဲ့ စာရွက်ကို လှမ်းယူလိုက်သည်။စာရွက်ပေါ်က အရာအားလုံးကို ဖတ်ပြီးတဲ့နောက် သူ မျက်ခွံတွေ လှုပ်သွားသည်။

ဒါက သူလုပ်တာမဟုတ်ပေမယ့်လည်း အဲ့ဒီမှာ ရေးထားတာတွေ အကုန်လုံးက အမှန်တွေဖြစ်၏။

"မင်းသားနန်ကုန်း ကျူးဝေ့ကို ကာကွယ်ပေးတာ ကောင်းရဲ့လား?လင်တိုင်းပြည်မှာ သူ ဘယ်လောက်အထိ ဉပဒေချိုးဖောက်ပြီး နေလဲဆိုတာ ငါကိုယ်တော်မသိဘူး......ဒါပေမယ့် ဒါက ငါ့ရဲ့တိုင်းပြည်လေ"

ရှောင်ချီဖုန်းက ဒီအကြိမ်မှာတော့ အမှန်တကယ်ကို ဒေါသထွက်နေတယ်။သူ(ကျူးဝေ့) ရှောင်တိုင်းပြည်ကို ရောက်လာတဲ့အချိန်ကစလို့ ဆင်းရဲတဲ့မိသားစုက လှပတဲ့မိန်းမပျိုလေးတွေ ထိခိုက်နာကျင်ရပြီး နန်ကုန်းချီက သူ့အရှိန်အဝါကိုသုံးကာ ဒီကိစ္စကို ဖိနှိပ်ထားခဲ့တယ်။အဲ့ဒါ‌ကြောင့် ရှောင်ချီဖုန်း ပြောလာရတာဖြစ်တယ်။

နန်ကုန်းချီက အခု အနည်းငယ် ခေါင်းကိုက်‌နေတယ်။ဒီကိစ္စကို တစ်‌ယောက်မှ ရှာမတွေ့ရင် အဆင်ပြေတယ် ဒါပေမယ့် အခု ရှာတွေ့သွားကြပြီ။သူသာ အလျှော့မပေးရင် အဲ့ဒါက အလုပ်မဖြစ်မှာ ကြောက်ရတယ်။

"ရှောင်တိုင်းပြည်ထဲက မိန်းကလေး ဆယ်ယောက်အထက်ကို ထိခိုက်နစ်နာအောင် လုပ်ထားတယ်.........မင်းသားနန်ကုန်းက ရှောင်တိုင်းပြည်က လူတွေရဲ့အသက်နဲ့ဘဝတွေကို လူသားတွေလို့ မမြင်ဘူးပဲ"

နင်းမုန့်‌ယောင်‌က ကြမ်းပြင်ပေါ်က စာရွက်ကို ကောက်ယူကာ ကြည့်လိုက်ပြီး သူမပါးစပ်ဖွင့်ကာ လှောင်ပြောင်သရော်လိုက်သည်။

နင်းမုန့်ယောင်ရဲ့စကားတွေက သံသယဝင်စရာမလိုအောင်ကိုဘဲ မီးထဲကို လောင်စာထည့်ပေးနေတာ ဖြစ်သည်။

"ဒါ........ငါမင်းတို့အားလုံးကို ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်"

ရှောင်ချီဖုန်းက နန်ကုန်းချီကို စိုက်ကြည့်ပြီးတော့ နှာခေါင်းရှုံ့ကာ

"မလိုတော့ဘူး။ဒီကိစ္စကို ငါ ကိုင်တွယ်မယ်"

သူက ဒီလိုပြောလာပြီဆိုမှတော့ သဘာဝကျစွာနဲ့ ကျူးဝေ့က အသက်ရှင်နိုင်တော့မှာ မဟုတ်ချေ။

"ဒါက......"

"မင်းသားနန်ကုန်းက ဧကရာဇ်က ရှောင်တိုင်းပြည်မှာ ကျူးဝေ့ရဲ့အပြုအမူကို အပြစ်ပေးပိုင်ခွင့်မရှိဘူးလို့ ထင်လို့လား"

နင်းမုန့်ယောင်က နန်ကုန်းချီရဲ့ တွန့်ဆုတ်နေမှုကို မြင်ရသည်။အဲ့ဒါကြေင့်ပဲ သူက ဒီလိုအရာမျိုးကို ပြောလာခဲ့တာ။

သူတို့သာ သူ့ကို ပြန်လွှတ်ပေးလိုက်ရင် ဒီကိစ္စက မဖြေရှင်းပဲနဲ့ နေသွားရလိမ့်မယ်။

ရှောင်ချီဖုန်းရဲ့ အေးစက်တဲ့အကြည့်က နန်ကုန်းချီပေါ်ကို ကျရောက်သွားပြီး သူ့အကြည့်က ထိုအဓိပ္ပာယ်ကို တိတိကျကျပင် သယ်ဆောင်ထားသည်။

ရှောင်ချီဖုန်းရဲ့ အဲ့လိုအေးစက်တဲ့အကြည့်နဲ့ နန်ကုန်းချီက ဘာပြောနိုင်မှာလဲ?သူက ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းငြိမ့်ကာ

"အရှင်မင်းကြီးပဲ သူ့ကို ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ပေးပါ"

ရှောင်ချီဖုန်းက အေးစက်စက်ရယ်လိုက်ပြီး ချောင်ထျန်းချန်ဘက်ကို လှည့်ကြည့်ကာ

"ထျန်းချန် ငါ သူ့ကို မင်းဆီလွှဲလိုက်မယ်။နောက်သုံးရက်ကြာရင် ပြည်သူတွေရှေ့မှာ သူ့ကို ခေါင်းဖြတ်မယ်"

"ဟုတ်ကဲ့ အရှင်မင်ကြီး"

ချောင်ထျန်းချန်က သဘာဝကျစွာနဲ့ပဲ ၎င်းက ဘာအဓိပ္ပာယ်လဲဆိုတာ သိသည်။သူက အခြားလူတွေအတွက် ဉပမာအနေနဲ့ ကျူးဝေ့ကို အပြစ်ပေးချင်တာ။ပြီးတော့ ရှောင်တိုင်းပြည်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ အကြံအစည်ရှိနေကြတဲ့လူတွေကို ဒီနေရာမှာ ပြဿနာရှာပြီး ဒုက္ခမပေးတာ ပိုကောင်းတယ်ဆိုတာကို သိစေချင်တာ။အချိန်ရောက်တဲ့အခါကျရင် ပြဿနာကို ဖိတ်ခေါ်ထားတဲ့ သူတို့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။

နန်ကုန်းချီရဲ့အမူအရာ ဆိုးဝါးသွားတယ်၊ရှောင်ချီဖုန်းက သူ့ကို သတိပေးနေတာပဲ။

All Chapters