အခန်း ၇၆
Vol. 4 Ch. 76
Chapter 76
ထွက်သွားတဲ့ ရန်လဲ့လဲ့ရဲ့ နောက်ကျောပြင်ကိုစိုက်ကြည့်ပြီး ယန်ရှိုးအာက ကြိမ်းမောင်းလိုက်သည်
"ရန်လဲ့လဲ့ ဘာကိစ္စနင်ကငါ့ကို ဒီလိုပြောရတာလဲ!နင်ဒီနေ့ရထားတဲ့ အရာအားလုံးက ငါ့ဟာဖြစ်သင့်တာ!"
ရန်လဲ့လဲ့ ဝင်နှောင့်ယှက်တာကြောင့်သာ မဟုတ်ရင် ဒီနေ့ ရန်လဲ့လဲ့ရထားတဲ့အရာတွေက သူမဟာဖြစ်သင့်ပြီး အခုလိုမျိုးမဟုတ်ပေ။
ယန်ရှိုးအာက နောင်တရမဘဲ ပိုခေါင်းမာလာတာမြင်တော့ လူတွေက ခေါင်းခါလိုက်ကြသည်။ဒီလိုကလေးမျိုးကို ဘာလုပ်လို့ရမှာလဲ?
လူတွေက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြပြီး ကိစ္စတစ်ခုလုံးက တစ်ရွာလုံးကိုပြန့်သွားသည်။သူတို့နှစ်ယောက်ရဲ့ မကောင်းတဲ့ ဂုဏ်သိက္ခာက ပိုမို ဆိုးရွားလာခဲ့သည်၊ဒါပေမယ့် ဒါက နင်းမုန့်ယောင်နဲ့ ဘာမှမဆိုင်ပေ။
ချင်းရွှယ်နဲ့တစ်ခြားလူတွေက သူတို့သခင်မလေး အုံ့မှိုင်းမှိုင်းအမူအရာနဲ့ ပြန်လာတာမြင်တော့ မပျော်မရွှင်ဖြစ်သွားကြသည်။သခင်မလေးက အပြင်ခဏလေးသွားတာကို ဘယ်လိုလုပ်ဒေါသထွက်လာရတာလဲ?
"သခင်မလေး ဘာဖြစ်လာလို့လဲ"
"ဘာမှမဟုတ်ပါဘူး။မဆီမဆိုင်လူတွေနဲ့တွေ့လာလို့"
"သူတို့က ဘာမှမဆိုင်တဲ့လူတွေဆိုမှတော့ သခင်မလေးကဘာလို့ စိတ်တိုလာသေးတာလဲ"
ချင်းကျူးက နင်းမုန့်ယောင်ကို မျက်တောင်တဖြတ်ဖြတ်ခပ်ကာ မေးလိုက်သည်။
နင်းမုန့်ယောင်က မရယ်ခင် ကြောင်သွားသည်
"ငါကပဲ မှားတွေးမိသွားတဲ့သူပါ ဟူတ်ပြီလား?ငါ ဒေါသမထွက်သင့်ပါဘူး"
ဒီကိစ္စကို သူမခေါင်းထဲကနေ အမြန်ထုတ်ပစ်လိုက်သည်။
နောက်တစ်နေ့မှာ နင်းမုန့်ယောင်က ရန်ကျူးအိမ်ကို နှစ်သစ်ကူးလက်ဆောင်တွေပေးဖို့ သွားခဲ့ပြီး ချောင်ထျန်းချန်ဆီကိုလည်း သွားပို့ခဲ့သည်။
ဒါပေမယ့် သူမပို့တဲ့အချိန်မှာပဲ ရန်ကွေ့ကဒါကိုမြင်သွားခဲ့သည်။ရန်ကွေ့ရဲ့ ရုပ်ဆိုးနေတဲ့ အမူအရာက နင်းမုန့်ယောင်ကို ကူကယ်ရာမဲ့သလို ခံစားရစေသည်။သူမသွားတဲ့နေရာတိုင်း ဘာလို့ပြဿနာတွေလိုက်နေရတာလဲ?
ချောင်ထျန်းချန်က ရန်ကွေ့က သူတို့ကို စိုက်ကြည့်နေတယ်ဆိုတာ သတိထားမိသွားပြီး သူ့မျက်လုံးတွေက ရွံရှာမှုကိုပြသနေသည်။
"သူ့(မ)ကို စိတ်ထဲထားမနေနဲ့"
"အင်း ကျွန်မသိပါတယ်။ကျွန်မအရင်သွားတော့မယ်"
"ကောင်းပြီ ပြန်တဲ့လမ်းကိုဂရုစိုက်ဦး"
လွန်ခဲ့တဲ့ ရက်အတွင်း နှင်းကျနေခဲ့ပြီး လမ်းတွေကချော်နေသည်၊ချောင်ထျန်းချန်က သူမလဲကျသွားမှာကို စိတ်ပူသည်။
"ကျွန်မသိပါတယ်။ရှင်ပြန်ဝင်တော့လေ တော်တော်အေးတယ်"
နင်းမုန့်ယောင်က မပြန်ခင် ချောင်ထျန်းချန်ကို တာ့တာပြခဲ့သည်။
နင်းမုန့်ယောင်ရဲ့ နှစ်သစ်ကူးလက်ဆောင်ကိုယူပြီး ချောင်ထျန်းချန်က သူမရဲ့ထွက်သွားတဲ့ကျောပြင်ကို စိုက်ကြည့်နေခဲ့သည်။သူမရဲ့ ပုံရိပ်ပျောက်ကွယ်သွားပြီဆိုမှ သူက ပြန်လှည့်ပြီး ထွက်သွားဖို့ပြင်ဆင်လိုက်သည်။
ဒါပေမယ့် ရန်ကွေ့က မနာလိုမှုကြောင့် ရူးသွပ်နေပြီဖြစ်သည်။
"အစ်ကိုချောင် အစ်ကိုက ဘာလို့ အဲ့မိန်းမပျက်မကို အရမ်းကောင်းပေးနေရတာလဲဆို ညီမစဉ်းစားလို့မရဘူး"
ချောင်ထျန်းချန်ရဲ့ မူလကကောင်းနေတဲ့ စိတ်ခံစားချက်က ရန်ကွေ့စကားတွေကြောင့် ပျောက်ကွယ်သွားသည်။သူက ရန်ကွေ့ကို အေးစက်စက်စိုက်ကြည့်လိုက်ပြီးမူလကကောင်းနေတဲ့ စိတ်ခံစားချက်က ရန်ကွေ့စကားတွေကြောင့် ပျောက်ကွယ်သွားသည်။သူက ရန်ကွေ့ကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး
"မင်း သူ(မ)ကို စော်ကားတာ နောက်ထပ်ငါကြားရရင် ငါမင်းလျှာကိုဖြတ်ပစ်မယ်ဆိုတာ ယုံထားလိုက်"
သူက ရန်ကွေ့လိုမျိုး သေတဲ့အထိ အတင်းတွယ်ကပ်နေတဲ့ မိန်းမမျိူးကို မကြိုက်ပေ။သူ့ကို အမှန်တကယ် စိတ်အနှောင့်အယှက်ပေးလွန်းတယ်။
သူက လက်တလော တောင်ပေါ်ကို မသွားဖြစ်တာကြောင့် ဒိမိန်းမက ဒါကို အခွင့်အရေးယူပြီး သူ့ဆီနေ့တိုင်းလာကာ သူ့ကို လုံးဝ စိတ်ရှုပ်စေသည်။အဆုံးမှာတော့ သူက အိမ်ထဲမှာ ပုန်းအောင်းနေခဲ့ပြီး ဒီမိန်းမဆီကနေရှောင်ဖို့အတွက် အပြင်မထွက်ခဲ့ပေ။
ရန်ကွေ့က သူမလက်သီးတွေကိုဆုပ်ကာ ပစ္စည်းတွေယူပြီးထွက်သွားတဲ့ ချောင်ထျန်းချန်ကို ဆိုးရွားတဲ့အမူအရာနဲ့ ကြည့်နေခဲ့သည်။
"ချောင်ထျန်းချန် ရှင်နောင်တရအောင် ကျွန်မလုပ်ပြမယ်"
ဒီ ယောကျာ်းက သူမအပိုင်ပဲ။ဘယ်သူကမှ သူ့ကို လုယူသွားလို့မရဘူး။သူ့ကို လုယူတဲ့ ဘယ်သူ့ကိုမဆို သူမသတ်ပစ်မှာ။
နင်းမုန့်ယောင်မရှိတုန်းက ချောင်ထျန်းချန်က သူမကို ကောင်းခဲ့တယ်။သူမစိတ်ထဲမှာတော့ နင်းမုန့်ယောင်ပေါ်လာတာကြောင့်သာ ချောင်ထျန်းချန်က ဒီလိူဖြစ်သွားခဲ့တာပဲ။ဒါက သူမကို ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေစေမှာလဲ?
ချောင်ထျန်းချန်က ရန်ကွေ့စကားတွေကိုကြားပြီး သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။သူ့ရဲ့ အေးစက်စက် ကျောက်တုံးမျက်နှာထားက ရုတ်တရက်အပြုံးတစ်ခုပေါ်လာပေမယ့် အဲ့ဒီအပြုံးက တစ်ဖက်လူကို ဆံပင်မွှေးတွေထောင်သွားစေနိုင်သည်။
"ရန်ကွေ့ ငါမင်းကိုပြောမယ်၊မင်း နင်းမုန့်ယောင်ကို တစ်ခုခုလုပ်လိုက်တာနဲ့ မင်းမိသားတစ်စုလုံး ဒုက္ခရောက်ပြီးခံစားရအောင် ငါလုပ်ပြမယ်။ငါပြောတဲ့စကားတွေအတိုင်း ငါလုပ်တတ်တယ်နော်၊မင်းငါ့ကို မယုံဘူးဆိုရင် စမ်းကြည့်လိုက်"
အဲ့ဒီအခိုက်အတန့်မှာ ရန်ကွေ့က သူမသွေးတွေအေးခဲသွားသလို ခံစားလိုက်ရသည်။သူမက ချောင်ထျန်းချန်က ကောင်းမွန်တဲ့အမူအရာမရှိပေမယ့်လို့ သူမအတွက် ခံစားချက်အချို့ရှိနိုင်တယ်လို့ ထင်ခဲ့ပေမယ့် ဒါတွေအားလုံးက သူမစိတ်ကူးတွေပဲဆိုတာ သဘောပေါက်သွားခဲ့သည်။
ဒီအချိန်မှာ အရာအားလုံးက သူမတစ်ဦးတည်းသာဖြစ်ကြောင်း သိလိုက်ရသည်။
"ချောင်ထျန်းချန် ရှင်ကျွန်မကို မလုပ်ရဲပါဘူး"
ချောင်ထျန်းချန်က လှောင်ပြုံးပြုံးလိုက်ပြီး
"ငါ လုပ်ရဲလား မလုပ်ရဲဘူးလားဆိုတာ မင်းမသိရင် ကြိုးစားကြည့်လိုက်လေ"
ချောင်ထျန်းချန်တံခါးပိတ်သွားသည်အထိ ရန်ကွေ့က အသိပြန်ဝင်မလာခဲ့ပေ။
သခင်မချန်းခေါ်တဲ့အချိန်မှာ သတိလစ်သွားခဲ့ပေမယ့် သူမခန္တာကိုယ်က အေးခဲနေသည်။
ချောင်ထျန်းချန်က ထိုင်ခုံပေါ်မှာ ထိုင်နေခဲ့ပြီး စားပွဲကိုလက်နဲ့ခေါက်နေခဲ့သည်။သူက ဒီနေရာမှာ ဆက်နေလို့မဖြစ်တော့ဘူးလို့ ခံစားရသည်။နေ့တိုင်း နှောင့်ယှက်ခံနေရတာက နည်းလမ်းမဟုတ်ပေ။
သူက အခန်းတစ်ခန်းဆောက်ချင်ပေမယ့် အေးပြီး နှင်းကျနေတာကြောင့် ထိုဟာ အတော်ခက်ခဲနိုင်သည်။
နှစ်သစ်ကို စောင့်တာ ပိုကောင်းသည်၊
ဒီလိုမျိုးတွေးလိုက်ပြီး ချောင်ထျန်းချန်က နင်းမုန့်ယောင် သူ့ကိုပို့ခဲ့တဲ့ ပစ္စည်းတွေကို ဖွင့်ကြည့်လိုက်သည်။ငါးအသားနဲ့ တစ်ခြားအသားတွေရှိနေပြီး သူမပြုလုပ်ထားတဲ့ အိမချက်ဟင်းလျာတွေမနည်း ပါရှိသည်။