အခန်း ၂၂၉
Vol. 10 Ch. 229
Chapter 229
⚠️⚠️⚠️-သွေးထွက်သံယိုမြင်ကွင်းတွေ ပါပါတယ်။
အော်သံတွေက ဆက်တိုက်ထွက်ပေါ်လာပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သူတို့ရဲ့ သခင်တွေကိုတောင် နိုးသွားစေခဲ့သည်။
ချောင်ကျန်းဟုန်က ချောင်လင်းကို တစ်ညလုံးစောင့်နေခဲ့ပေမယ့် သူက ပြန်မလာခဲ့ပေ။သူက အစတုန်းက စိုးရိမ်နေပေမယ့် အပြင်ဘက်နေ ကျယ်လောင်တဲ့အော်ဟစ်သံတွေ ထွက်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
"နင်တို့တွေ ဘာကိစ္စ ဒီလောက်ဆူညံနေကြတာလဲ"
ဒေါသထွက်စွာနဲ့ ချောင်ကျန်းဟုန်က တံခါးကို တွန်းဖွင့်ပြီးတော့ ဒေါသတကြီး ထွက်လာသည်။သူက အဆက်မပြတ် အော်ဟစ်နေတဲ့ အစေခံကို စိတ်ပျက်မှုအပြည့်နဲ့ စိုက်ကြည့်လိုက်သည်။
"အား....."
ချောင်ကျန်းဟုန်က သူမကို မေးတော့မယ့် အချိန်မှာပဲ စူးရှတဲ့ ကျယ်လောင်သံက ထပ်ပေါ်လာခဲ့ပြီး အဲ့ဒါကိုကြားတော့ မတတ်နိုင်ဘဲ မျက်ခုံးတွန့်သွားသည်။
အဲ့ဒါက သူ့အမေရဲ့အသံ မဟုတ်လား?ဘာလို့ သူမကပါ မနက်ခင်းအစောကြီး ဒီလောက်ဆူညံနေတဲ့ထဲကို ဝင်ပါရတာလဲ?
"ဘာဖြစ်နေကြတာလဲ"
ချောင်ကျန်းဟုန်က သူ့ဆီ အမြန်ပြေးလာတဲ့ ချောင်လင်းပြီးရင် ဒုတိယဖြစ်တဲ့အစေခံကို စိုက်ကြည့်လိုက်သည်။
အစေခံရဲ့မျက်နှာက ဖြူဖျော့နေပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်နေကာ
"သခင်ကြီး.........အပြင်ဘက်ကို......သခင်ကြီး လာကြည့်သင့်တယ်လို့........ကျွန်တော်ထင်တယ်"
အပြင်ဘက်က ရှုပ်ထွေးနေပြီးတော့ ထိန်းချုပ်မှုကနေ လွတ်နေပြီဖြစ်သည်။
ချောင်ကျန်းဟုန်က အစေခံခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး ချက်ချင်း ထွက်သွားသည်။ဘာတွေဖြစ်နေတာလဲဆိုတာ သူ မြင်ချင်မိတယ်။
သူ ထွက်မသွားခင် ချောင်ကျန်းဟုန်က ပြင်းထန်တဲ့ သံအနံ့ကို ခံစားမိပြီး ၎င်းက သူ့ကို မကောင်းတဲ့ခံစားချက် ရစေသည်။
သူက အရှိန်မြှင့်လိုက်ပြီး မြင်ကွင်းနေရာကို သူရောက်တဲ့အခါ သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး သွေးရောင်လွှမ်းသွားသည်။
တံခါးဖွင့်တဲ့နေရာမှာ အရမ်းမကြီးတဲ့ မြေအိုးကြီးတစ်လုံးရှိနေပြီး အထဲမှာ လူတစ်ယောက်ရှိနေသည်။အဲ့ဒီလူက အခြားလူမဟုတ်ဘဲ သူ့ရဲ့ လူယုံ ချောင်လင်း ဖြစ်သည်။
ချောင်ကျန်းဟုန်က အမြန်လျှောက်သွားပြီးတော့
"ဘာတွေဖြစ်နေတာလဲ"
"သခင်ကြီး........သူတို့တွေ........အဲ့ဒီအကြောင်းကို........သိပြီးနေပြီ"
ချောင်ကျန်းဟုန် သွေးရူးသွေးတန်းနဲ့ ပြေးလာတဲ့အထျိန် မြေအိုးထဲကလူက သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး အက်ကွဲပြီးမရှင်းလင်းတဲ့အသံနဲ့ ညီးကာ ပြောလိုက်သည်။
လူအုပ်ကြီးက သူ့ကို သေပြီလို့ ထင်ထားပေမယ့် သူက မြေအိုးထဲမှာ အသက်ရှင်နေတုန်းဖြစ်ပြီး စကားပြောလာခဲ့သည်။
တုန်လှုပ်ခြောက်ခြားနေတဲ့လူတွေက မေ့လဲသွားကြသည်။
သတ္တိရှိကြတဲ့လူတွေက ကြောက်ရွံ့စွာနဲ့ ဘေးမှာရပ်နေပြီးတော့ မလှုပ်ရဲကြပေ။
ချောင်ကျန်းဟုန်က ချောင်လင်းနဲ့ အနီးကပ်ဆုံးဖြစ်ပြီး စူးရှတဲ့အနံ့တစ်ခုကို ရလိုက်သည်။သူ့ခေါင်းကိုငုံ့ကာ ကြည့်လိုက်တော့ မြေအိုးထဲမှာ ငရုတ်သီးတွေအရည်ဖျော်ပြီး ထည့်ထားတာကို တွေ့လိုက်ရသည်။
"*******သူတို့တွေ ဘယ်လိုလုပ် ဒီလိုလုပ်ရဲတာလဲ*
ချောင်လင်းရဲ့ ခြေလက်လေးဖက်လုံးက အဖြတ်ခံထားရပြီး ငရုတ်သီးရေထဲမှာ အထားခံထားရတာ။သူ ဘယ်လောက်တောင် နာကျင်နေလိုက်မလဲ?
ချောင်လင်းက သူ့အကြောတွေက နာကျင်မှုကြောင့် ထုံထိုင်းသွားပြီ ဖြစ်တဲ့အတွက်ကြောင့် ၎င်းကို လုံးဝ ဂရုမစိုက်ပေ။
"သခင်ကြီး........ထွက်ပြေးဖို့.......နည်းလမ်းစဉ်းစားပါ........အရှင်မင်းကြီးက........အားလုံး.......သိသွားပြီ"
ချောင်ကျန်းဟုန်က သူ စောနတုန်းကပြောတာကို မကြားလိုက်ပေမယ့် အခု သူပြောတဲ့ အရှင်မင်းကြီးက ထိုအကြောင်းကို သိနေပြီဆိုတာကို ရှင်းရှင်းလင်းလင်း ကြားတဲ့အချိန် သူ့ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းအေးခဲသွားသည်။
"ဒီနေရာကိုရှင်းလိုက်"
သူက ခြံဝင်းထဲက အလောင်းတွေကိုကြည့်ကာ အမိန့်ပေးလိုက်သည်။
အစေခံတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးတော့ အချို့က မလုပ်ရဲကြပေ။သို့ပေမယ့် သူတို့မှာ ရွေးစရာမရှိဘဲ လုပ်ရမှာပဲ ဖြစ်သည်။
တုန်လှုပ်နေတဲ့အစေခံတွေထဲက တစ်ယောက်က အလောင်းတွေထဲကတစ်ခုဆီကို လျှောက်သွားလိုက်သည်။၎င်းရဲ့ မျက်ခွံတွေက ရုတ်တရက် ပွင့်လာပြီးတော့ ၎င်းက သူမကို အသက်မရှိစွာ စိုက်ကြည့်နေတဲ့အတိုင်းပင်။
"အား!!......"
စူးရှကျယ်လောင်စွာ အော်ဟစ်ပြီးတော့ သူမ မေ့လဲသွားခဲ့သည်။
ဒါပေမယ့် သူမ အကြာကြီး သတိလစ်မသွားပေ။သူမ နောက်တစ်ကြိမ် နိုးလာတဲ့အချိန် ရူးသွပ်သွားပြီးတော့ သူမစကားတွေက ရှုပ်ထွေးလာသည်။
ဒီလိုမိသားစုမျိုးအတွက် အစေခံတစ်ယောက်ကို ထိတ်လန့်ရာကနေ ရူးသွပ်သွားစေတဲ့အထိ ဘာဖြစ်တာလဲ?
ချောင်ကျန်းဟုန်က လျှောက်လာပြီးတော့ အလောင်းက သူ့ကို မျက်လုံးတွေမရှိတော့ဘဲ မျက်ခွံတွေဘဲဖွင့်ကာ စိုက်ကြည့်နေတာကို မြင်လိုက်ရသည်။
မျက်လုံးတွေက ဖောက်ထုတ်ခံထားရပြီး အပေါက်နှစ်ပေါက် ချန်ထားခဲ့သည်။၎င်းကို သူကိုယ်တိုင်မြင်ရတာ တကယ်တော့ အတော်လေးကို ကြောက်ဖို့ကောင်းသည်။
"မင်းတို့တွေ ဒီမှာ ဘာရပ်လုပ်နေကြတာလဲ?ဒါကို မြန်မြန် သန့်ရှင်းရေးလုပ်ကြလေ"
ချောင်ကျန်းဟုန် မျက်မှောင်ကြုတ်လိုက်တယ်။ကြည့်ရတာ ချောင်ထျန်းချန်က အတော်လေးရက်စက်ပြီးတော့ သူ့ကို ရင်ဆိုင်ဖို့ တကယ့်ကို ဒီလိုနည်းလမ်းမျိုးကို သုံးလာခဲ့တယ်။
ရှောင်ချီထျန်းက သူ့ရဲ့ သတင်းပေးပြောတာကို ကြားပြီးတဲ့နောက် ထိုင်ခုံပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
"မင်း ဘာပြောလိုက်တယ်?ချောင်လင်းက အဲ့လိုအခြေအနေမျိုး ရောက်နေတာတောင် အသက်ရှင်နေသေးတယ်ပေါ့?သူ့အပြင် အစေခံတစ်ယောက်ကလည်း စိတ်လွတ်သွားတယ်"
ရှောင်ချီထျန်းက သူနားကြားမှားတယ်ဆိုတာ သေချာတယ်။
ချောင်လင်းက သူ့ရဲ့ ခြေလက်လေးဖက်လုံး အဖြတ်ခံလိုက်ရပြီးတော့ ဝက်တစ်ကောင်လိုမျိုး ညှစ်ခံထားရတာလေ။သူ့ပါးစပ်ကလွဲ သူ့မျက်လုံးတွေနဲ့နားတွေ အကုန်လုံးကို သူ့ဆီကနေ ယူသွားတာ။ဒါပေမယ့် အရေးအကြီးဆုံးက သူ့ကို ငရုတ်သီးနဲ့ဆားတွေရောထည့်ထားတဲ့ ရေတွေနဲ့ မြေအိုးတစ်လုံးထဲမှာ ထည့်သိပ်ထားတာပဲ။
အဲ့ဒါက ဘယ်လိုခံစားရလဲဆိုတာ ဘယ်သူသိမှာလဲ?ထိုအကြောင်းကိုတွေးမိတော့ ၎င်းက ရက်စက်လွန်းသွားလားဆိုပြီး ရှောင်ချီထျန်း တွေးမိတယ်။