← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

Chapter 2

သူမသည် လင်းလော်အတွက် အရာရာလုပ်ပေးခဲ့သော်လည်း သူကတော့ သူမကိုစွန့်ပစ်ခဲ့သည်။သူမမျက်စိများကိုအသာမှိတ်ပြီး ပြန်ဖွင့်လိုက်သောအခါ မျက်ဝန်းများထဲတွင်ဗလာဖြစ်နေခဲ့သည်။သူမက သူမမဟုတ်သလိုပင် ပြိုလဲနေပြီးငြိမ်သက်နေသည်။

နင်းမုန့်ယောင်သည် ခြံဝန်းထဲသို့ဝင်သွားပြီး သူမအခန်းထဲရှိ ကုတင်ကနေ သေတ္တာတစ်လုံးကိုယူ၍ အထဲမှ ကျောက်စိမ်းတုံးတစ်တုံးကိုထုတ်လိုက်သည်။ဖောက်ထွင်းမြင်နေရသောကျောက်စိမ်းနှင့်ပတ်သက်၍ စကားတစ်ခွန်းရှိခဲ့သည်။နင်းမုန့်ယောင်သည် ကျောက်စိမ်းတုံးကိုကြည့်ကာ ရှုံ့ချသံပြုပြီး သေတ္တာထဲကိုပြန်ထည့်၍ သော့ခတ်ထားလိုက်သည်။

သေတ္တာထားလိုက်သောနေရာ၌ပင် အခြားသေတ္တာတစ်လုံးရှိနေသည်။နင်းမုန့်ယောင်သည် ထိုသေတ္တာကို တစ်ချက်ကြည့်၍ ဖွင့်လိုက်သည်။သေတ္တာထဲတွင် စက္ကူအစုတ်တစ်အုပ်ကိုသာ တွေ့ရသည်။သူမသည် သေတ္တာကိုပြန်ပိတ်လိုက်တော့သည်။

နင်းမုန့်ယောင်သည် သေတ္တာကိုယူပြီး ချန်ကျွမ်းဆီသို့ သွားခဲ့သည်။သူမပြန်ထွက်လာသောအခါတွင် သူမလက်ထဲတွင် သေတ္တာပါမလာတော့ပေ။

(ဒီနေရာမှာကလေ သူကသေတ္တာနှစ်လုံးထဲကဘယ်သေတ္တာရယ်မပြောထားဘူး ကိုယ်ထင်တာကတော့ ကျောက်စိမ်းတုံးသေတ္တာဖြစ်မယ်ထင်တယ် ဘာလို့ဆိုသူငွေရဖို့ဆိုရောင်းစားမှဖြစ်မှာမလို့လေ ကိုယ်ထင်တာပြောကြည့်တာ🥲)

လူတွေစည်ကားနေတဲ့လမ်းကိုကြည့်ပြီး တစ်ချို့အရာတွေကိုစွန့်လွှတ်လိုက်ရတာဟာ သူမနှလုံးသားကို ပိုပြီး သက်သာ‌လာစေတယ်ဆိုတာသိလိုက်ရတယ်။သူမက လမ်းပေါ်ကနေ မုန့်တစ်ချို့ဝယ်ပြီး ထမင်းစားဖို့အိမ်ပြန်ခဲ့သည်။မှောင်လာသောအခါတွင် သူမသည် သူမဝယ်လာသော ဆီဘူးကိုယူ၍ တစ်အိမ်လုံးကို ဆီနှင့်ဖြန်းလိုက်သည်။ညရောက်သောအခါတွင် မီးတုတ်ကိုယူ၍ သူမခြောက်နှစ်ကြာနေထိုင်ခဲ့သော အိမ်အား မီးရှို့ခဲ့သည်။

မီးခိုးတွေနဲ့တဖြည်းဖြည်းလောင်ကျွမ်းနေတဲ့ အိမ်ကိုကြည့်ပြီး နင်းမုန့်ယောင်သည် လှည့်ထွက်လာခဲ့သည်။သူမဆီတွင် အထုပ်သေးတစ်ခုမှလွဲ၍ ကျန်တာမပါသွားပေ။

နောက်တစ်နေ့ရောက်သောအခါ လင်းလော်သည် သူ၏လူယုံနှင့်အတူ နင်းမုန့်ယောင်အိမ်သို့ရောက်လာအခါ မီးလောင်ပျက်စီးနေသည့်အပျက်အစီးများကိုသာ တွေ့လိုက်ရသည်။

မီးလောင်ပြာကျနေသောအိမ်ကိုကြည့်ကာ လင်းလော်သည် အလန့်တကြားဖြင့်

"ဒါ...ဘာဖြစ်သွားတာလဲ"

လင်းလော်၏လူယုံသည် အိမ်ကို ခဏလှည့်ပတ်ကြည့်ကာ

"သခင်လေး တစ်အိမ်လုံးကိုဆီတွေနဲ့အဖြန်းခံထားရပါတယ်"

ဒါကြောင့်သာ အိမ်သည် မီးလောင်သွားရခြင်းဖြစ်သည်။

လင်းလော်သည် အနောက်သို့ယိုင်သွားခဲ့သည်။သူမက တကယ်ကြီး ဒီလိုထွက်သွားခဲ့သည်။သူမက သူ့ကို ရက်ရက်စက်စက်ကိုထားသွားခဲ့သည်။

"သခင်လေး.."

"ငါအဆင်ပြေတယ် ယောင်အာကဘာလို့ငါ့ကိုနားမလည်နိုင်ရတာလဲ"

လင်းလော်သည် တစ်ယောက်တည်း ရေရွတ်မိနေသည်။

မင်ဖုန်းသည် လင်းလော်၏ ပုံစံကိုမြင်သောအခါ မည်သို့နှစ်သိမ့်ပေးရမည်ကို မသိချေ။

"မမလေးနင်းကဘယ်လိုလူလဲဆိုတာ သခင်လေးကောင်းကောင်းသိတယ်မလား"

လွန်ခဲ့သည့် ငါးနှစ်တုန်းက သခင်လေးက ဘာကြောင့် မိဘမဲ့ရွာသူတစ်ယောက်ကို ကောင်းကောင်းဆက်ဆံရလဲဆိုတာ သူနားမလည်ခဲ့ဘူး။နောက်တော့ သူသိလာခဲ့သည် မမလေးနင်းက အဲ့လောက်မဆိုးရွားဘူးဆိုတာကို။အနည်းဆုံးတော့ သူမက ရွာသူတစ်ယောက်ပုံစံဖြစ်မနေခဲ့ဘူး။

လင်းလော်ရဲ့လက်တွေက အနည်းငယ်တောင့်တင်းသွားသည်။ဟုတ်တယ် သူမအကြောင်းကို သူကောင်းကောင်းအသိဆုံးပဲ။သူမသာ တကယ်သူ့ရဲ့ဇနီးဖြစ်ချင်တယ်ဆိုရင် သူမအရာအားလုံးကိုစွန့်လွှတ်မှာ။အခုတော့ အားလုံးပြီးသွားပြီ။သူမက ရက်စက်စွာနဲ့ပဲ သူတို့နှစ်ယောက်အချစ်တွေကို ဖြတ်တောက်ပစ်လိုက်ပြီ။

မြို့တော်နှင့် မိုင်ထောင်ချီဝေးသော ဝေးလံခေါင်သီသည့် တောင်ပေါ်ရွာလေး၏ တောင်ခြေတွင် သစ်သားအိမ်တစ်လုံးရှိနေသည်။ခြံစည်းရိုးတွင် နွယ်ပင်များရစ်ပတ်နေ၍ ဟင်းသီးဟင်းရွက်ပင်များ ပျိုးပင်အချို့နှင့် အိမ်ရှေ့တွင် စိုက်ခင်းလေးရှိနေသည်။

သစ်သားအိမ်တံခါးသည် ရုတ်တရက်ပွင့်လာ၍ အထဲမှ ငယ်ရွယ်၍ လှပသော မိန်းကလေးတစ်ဦးထွက်လာခဲ့သည်။မိန်းကလေးသည် ပန်းရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားကာ လက်ထဲတွင် ဝါးခြင်းတောင်းတစ်လုံးကိုင်ထားသည်။သူမ၏ ဆံပင်များသည် ခါးအထိရှည်ပြီး ကင်းမြီးကောက်ပုံ(ဒီနားကိုသိပ်နားမလည်)ထုံးထားကာ ကျန်ဆံပင်များကို ဖြန့်ချထားသည်။ထိုမိန်းကလေးသည် မြို့တော်မှ ရုတ်တရက်ပျောက်ကွယ်သွားသော နင်းမုန့်ယောင်ပင်ဖြစ်သည်။

လွန်ခဲ့သော တစ်လခွဲခန့်က နင်းမုန့်ယောင်သည် တောင်ပေါ်ရွာလေးကို ရောက်လာခဲ့ပြီး မြင်ကွင်းလှလှလေးများကို ကြည့်ရန်အတွက် တောင်ခြေရှိ အိမ်တစ်လုံးကိုဝယ်ယူခဲ့သည်။

သူမ ဒီနေရာကိုရောက်နေတာ တစ်လခွဲရှိပြီဖြစ်သည်။သူမရဲ့နှလုံးသားကလည်း တဖြည်းဖြည်းငြိမ်သက်လာခဲ့သည်။သူမကနေ့တိုင်း သူမလုပ်ချင်တဲ့အရာတွေ၊အပင်တွေစိုက်တာ၊ပန်းထိုးတာနဲ့ ရွာကို လှည့်ပတ်သွားတာမျိုးတွေ လုပ်သည်။နေ့ရက်တိုင်းကပင်ပန်းပေမယ့် သူမပျော်နေသည်။

နင်းမုန့်ယောင်သည် လက်ထဲမှခြင်းတောင်းအား အိမ်ထောင့်သို့ချကာ အိမ်နှင့်သိပ်မဝေးသော ချောင်းဆီမှရေများကို ရေပုံးနှင့်သယ်လာကာ အပင်များကိုရေလောင်းသည်။ထို့နောက် မီးဖိုချောင်သို့ဝင်၍ သူမ၏တစ်နေ့တာကို စတင်တော့သည်။

ထမင်းစားပြီးသောအခါ နင်းမုန့်ယောင်သည် ပန်းထိုးရန်အတွက်ပစ္စည်းများကိုယူလိုက်သည်။စင်ပေါ်တွင် ပန်းထိုးတာနှင့်ဆိုင်သည့် ပစ္စည်းများရှိနေခဲ့၍ တစ်ဝက်နီးပါးမှာ သံချေးများပင်တက်နေသည်။

ခြံထဲတွင် သံချေးတက်နေသောပန်းထိုးပစ္စည်းများနှင့်အတူ ပန်းထိုးရန်ထိုင်နေစဉ် တံခါးပေါက်မှနေ၍ မိန်းကလေးအသံတစ်ခုအားကြားလိုက်ရသည်။

All Chapters