← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

Chapter 4

"ဒီမယ် ခဏလောက်စောင့်ဦး"

နင်းမုန့်ယောင်က အဲ့ဒီလူကတောင်ခြေကနေထွက်သွားတော့မယ်ပုံစံမြင်လိုက်၍ အမြန်လှမ်းခေါ်လိုက်သည်။

ချောင်ထျန်းချန်သည် နင်းမုန့်ယောင်သူ၏ဘေးနားရောက်မလာခင် အသံကြား၍အရင်ရပ်လိုက်သည်။ထို့နောက် တည်ငြိမ်၍လေးနက်နေသော သူ၏ မျက်လုံးများက သူမကို သံသယဖြစ်စွာကြည့်နေသည်။

လူတစ်ယောက်ရဲ့နှာခေါင်းကိုထိပြီးမှတောင်းပန်သလို နင်းမုန့်ယောင်သည် သူမလေသံအနည်းငယ်ရိုင်းသွားသည်ကို သတိထားမိသွားသည်။

"ရှင့်ရဲ့အကောင်တွေထဲက ရစ်ငှက်တစ်ကောင်လောက်ကို ကျွန်မကိုရောင်းပေးလို့ရလား"

နင်းမုန့်ယောင်သည် ချောင်ထျန်းချန်ဆီသို့သွားကာ သူ့ကိုမော့ကြည့်လိုက်သည်။သူမ စောစောကအထိ မသိသေးဘူး။အနီးကပ် လျှောက်သွားသောအခါမှသာ ဒီလူက တော်တော်အရပ်ရှည်တာပဲ။သူမ၏ 160စင်တီမီတာလောက်ရှိသောအရပ်တောင် သူ၏ရှေ့တွင် ကလေးတစ်ယောက်လိုပင်။

ချောင်ထျန်းချန်ကခေါင်းငြိ့မ့်ကာ ရစ်ငှက်တစ်ကောင်ယူ၍ နင်းမုန့်ယောင်အား ပေးလိုက်သည်။

"ဒါဘယ်လောက်လဲ"

နင်းမုန့်ယောင်သည် ချောင်ထျန်းချန် လှမ်းပေးလာသော ရစ်ငှက်ကိုယူကာ မေးလိုက်သည်။

"ငွေစငါးဆယ်"

"အိုး ကောင်းပြီ ၊ကျွန်မကို စောင့်နေနော် ကျွန်မပိုက်ဆံသွားယူပြီး ပြန်လာခဲ့မယ်"

သူမသည် အိမ်ထဲဝင်သွားပြီး မကြာမီမှာပင် ကြေးပြားတစ်ပြားကိုယူ၍ ထွက်လာခဲ့သည်။နင်းမုန့်ယောင်ပေးသော ကြေးပြားကိုယူကာ ချောင်ထျန်းချန်သည် လှည့်ထွက်လာခဲ့သည်။သူသည် အနံ့သင်းသင်းလေးအား မရသလို နေနေသည်။သူ့လက်ထဲတွင်ရှိသော ကြေးပြားလေးမှာ နင်းမုန့်ယောင်၏ အနွေးဓာတ်ရှိနေသေးသည်။

နင်းမုန့်ယောင်သည် ရစ်ငှက်အား စတင်ဆေးကြောတော့သည်။နေ့လယ်စာအတွက် သူမသည် ကြက်သားနှင့် မှိုကင်စားသည်။နေ့ခင်းတွင် အပြင်ထွက်ချင်စိတ်မရှိတာကြောင့် နေ့လယ်စာစားပြီးသောအခါ ပန်းထိုးရန်ပြင်လိုက်သည်။သူမ ပန်းထိုးရန်ပြင်နေတုန်းတွင် ယန်ရှိုးအာသည် သူမ၏ ပန်းထိုးပစ္စည်းများပါသောခြင်းတောင်းကိုယူကာ ရောက်လာခဲ့သည်။ခြင်းထဲတွင် ပန်းထိုးချည်များနှင့် ပိုက်ဆံအိတ်များရှိသည်။

နင်းမုန့်ယောင်သည် သူမကိုမြင်သောအခါ ပန်းထိုးချင်စိတ်မရှိတော့ဘဲ သူမပစ္စည်းများကို စတိုခန်းထဲသို့ ပြန်သိမ်းလိုက်သည်။သူမပြန်ထွက်လာသောအခါတွင် တံစဉ်တစ်ချောင်းလက်ထဲတွင် ကိုင်လာခဲ့သည်။

ယန်ရှိုးအာသည် နင်းမုန့်ယောင်လက်ထဲမှ ပစ္စည်းကိုမြင်သောအခါ နှုတ်ခမ်းစူသွား၍ ‌မကျေမနပ်ပြောတော့သည်။

"နင်ဘာလို့ပန်းမထိုးတာလဲ"

သူမသည် နင်းမုန့်ယောင်ဆီမှ ပန်းထိုးနည်းများကို လေ့လာရန် လာခဲ့သော်လည်း နင်းမုန့်ယောင်ကတော့ ပေါင်းပင်ရိတ်ဖို့ စိုက်ခင်းထဲဆင်းသွားသည်။နင်းမုန့်ယောင်သည် မကျေမနပ်ဖြစ်နေသော ယန်ရှိုးအာကိုမော့ကြည့်ကာ ပြုံးလိုက်၍

"စိုက်ခင်းထဲမှာ ပေါင်းပင်တွေအများကြီးဖြစ်နေတာလေ။ငါအဲ့ဒါတွေကို ရိတ်ပစ်ရမယ်"

ယန်ရှိုးအာသည် သူမခြင်းတောင်းကို ဘေးချကာ ထိုင်လိုက်သည်။

"မုန့်ယောင် ငါစိုးရိမ်တာတစ်ခုရှိတယ်။ပေါင်းသင်တာက ဘယ်အချိန်ဖြစ်ဖြစ်လုပ်ရတယ်လေ။ပိုက်ဆံရှာဖို့က အရေးအကြီးဆုံးပဲ"

သူမက နင်းမုန့်ယောင်၏ပန်းထိုးတာက ပိုက်ဆံဘယ်လောက်ရလဲမသိပေမယ့် အများကြီးလို့တော့မထင်ဘူး။

"ငါက ပိုက်ဆံလိုနေတာမှမဟုတ်တာ"

နင်းမုန့်ယောင်သည် ခေါင်းရမ်းလိုက်ကာ ယန်ရှိုးအာကို အာရုံမစိုက်တော့ဘဲ သူမအလုပ်သာဆက်လုပ်နေသည်။ယန်ရှိုးအာသည် အနည်းငယ်တောင့်သွားပြီ သူမလက်ထဲကအပ်အား ဆုပ်ကိုင်ကာ လက်ချောင်းထိပ်များဖြူဖျော့လာသည်။သူမ၏ မျက်နှာသည်လည်း ကြည့်ရဆိုးနေသည်။

ဒီနည်းနှင့်ပင် နင်းမုန့်ယောင်သည် သူမအလုပ်လုပ်နေကာ ယန်ရှိုးအာသည် ပန်းထိုးနေရင်းနှင့် နင်းမုန့်ယောင်အား လှမ်းလှမ်းကြည့်နေသည်။သို့သော် ခဏသာကြည့်၍ အကြာကြီးဆက်မကြည့်ရဲပေ။နင်းမုန့်ယောင်သည် ခဏခဏ သူမအားကြည့်နေသည်ကို ခံစားလာရသောအခါ သူမအား ဘာမှမသိသောပုံစံဖြင့်‌ကြည့်နေသော ယန်ရှိုးအာကို မော့ကြည့်လိုက်သည်

"နင်ငါ့ကိုဘာပြောချင်လို့လဲ"

ယန်ရှိုးအာသည် အသာလေးခေါင်းရမ်းလိုက်ပြီး သူမလက်ထဲတွင်ရှိသော ပန်းထိုးထားသောအထည်အားကြည့်ကာ မျက်လုံးအရောင်တစ်ချက်လက်သွားသည်။

"မုန့်ယောင် နင်ငါ့ကို ဒီနေရာမှာ ဘယ်လိုပန်းထိုးရမလဲဆိုတာ ကူကြည့်ပြီးပြောပြပေးပါ့လား။ငါဘယ်လိုထိုးရင်ကောင်းမလဲ"

သူမလက်ထဲတွင် ပိုးထည်ပုဝါတစ်ခုရှိ၍ ပန်းထိုးထားသည်မှာလှသော်လည်း အ‌ေရာင်အဆင်းကင်းမဲ့နေသည်။နင်းမုန့်ယောင်သည် သူမလက်ထဲကအလုပ်များကို ခဏချကာ ယန်ရှိုးအာဆီသို့သွား၍ သူမလက်ထဲက ပုဝါအား ကြည့်လိုက်သည်။

"ဒီနေရာမှာ အပ်ပြားကိုမသုံးနဲ့ အဲ့ဒါကိုဖြတ်ပြီးထိုးကြည့်လိုက်"

"ကောင်းသားပဲ"

ယန်ရှိုးအာသည် နင်းမုန့်ယောင်ပြောသည့်အတိုင်း ပန်းထိုးလိုက်သည်။အနည်းငယ်ထိုးပြီး၍ ကြည့်လိုက်သောအခါ သူမထိုးတာထက် အများကြီးပိုကောင်းသည်။သူမက ကျေကျေနပ်နပ်ကြီး ခေါင်းငြိမ့်ပြီး ဆက်ထိုးပေမယ့် သူမနားမလည်တိုင်း နင်းမုန့်ယောင်ကိုလှမ်းခေါ်တာကြောင့် နင်းမုန့်ယောင်က သူမအလုပ်ဆက်မလုပ်နိုင်တော့‌ဘူး။

နင်းမုန့်ယောင်သည် ဒေါသအနည်းငယ်ထွက်လာကာ သူမကို ထပ်ခေါ်နေသော ယန်ရှိုးအာကို မော့ကြည့်လိုက်ပြီး

"နင်စောနကပြောသလိုပဲ မထိုးတက်ဘူးဆိုရင် မထိုးနဲ့တော့"

သူမသည် ယန်ရှိုးအာ၏ အမူအရာကို ဂရုမစိုက်ဘဲ ခေါင်းပြန်ငုံ့ကာ သူမအလုပ် ဆက်လုပ်သည်။ယန်ရှိုးအာ၏ မျက်နှာသည် ဆိုးရွားနေပြီး သူမက နင်းမုန့်ယောင်သည် တွန့်တိုစိတ်ရှိသည်ဟု ခံစားလိုက်ရသည်။သူမကို ဒီလို ကိစ္စသေးသေးလေးတောင် မကူညီချင်ဘူး။သူမကဖြင့် သူငယ်ချင်းကောင်းလို သဘောထားတာကို။

သူမလိုချင်တာမရတာကြောင့် သူမက နင်းမုန့်ယောင်ကို စားတော့မတတ် စိုက်ကြည့်နေသည်။

"မုန့်ယောင် ငါကနင့်ကို ပန်းဘယ်လိုထိုးရလဲပဲမေးတာကို နင်ကဘာလို့ ဒီလိုပြောရတာလဲ"

ယန်ရှိုးအာသည် မကျေမနပ်ဖြင့် နင်းမုန့်ယောင်အားကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။

All Chapters