← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

Chapter 5

နင်းမုန့်ယောင်က အဲ့လိုအပြောခံလိုက်ရတာကြောင့် စိတ်တိုသွားသည်။သူမလက်ထဲက တံစဉ်ကိုအောက်ချ၍ ယန်ရှိုးအာကို အေးစက်စက်ကြည့်လိုက်သည်။

"ငါ့မှာလည်း ငါ့လုပ်စရာတွေရှိတယ်။နင်ငါ့ကိုမေးတော့ ငါပြန်မဖြေဘူးလား။အေး နင်မသိလို့မေးရင်လည်း သေချာမှတ်မိအောင်လုပ်လေ။အဲ့လောက်တောင် အရည်အချင်းမရှိဘူးလား"

နင်းမုန့်ယောင်ရဲ့စကားတွေကဆိုးပေမယ့် အရှက်ရစရာ‌တော့မဟုတ်ဘူး။ဒါပေမယ့် ယန်ရှိုးအာက တစ်ကယ့်ကိုဆက်ဆံရခက်ခဲပြီးတော့ သူမကို စိတ်မသက်မသာဖြစ်စေတယ်။

ယန်ရှိုးအာ၏ မျက်နှာမှာ ဖြူဖျော့လာ၍ သူမသည် တုန်ရီလာသည်။သူမသည် နင်းမုန့်ယောင်ကို လက်ညှိုးထိုးကာ

"ငါကနင့်ဆီကနေ တစ်ခုခုသင်ချင်ရုံပဲ။နင်ကဘာလို့ ငါ့ကို ဒီလိုပြောရတာလဲ"

"သင်တယ်ဆိုတာက တစ်ဆင့်ချင်းလုပ်ရတယ်။ငါနင့်ကိုငါ့ရဲ့အလုပ်တွေကို အနှောင့်အယှက်မဖြစ်စေဘဲ သင်ပေးလို့ရတယ်။ဒါပေမယ့် ငါကနင့်နားကို နေပေးနေရမှာ မဟုတ်ဘူးလေ"

နင်းမုန့်ယောင်သည် ယန်ရှိုးအာအတွက် စိတ်မကောင်းမဖြစ်ပေ။သူမက အေးစက်စက်ပဲ ပြောသည်။

ယန်ရှိုးအာသည် နင်းမုန့်ယောင်ကို မတရားခံရသောမျက်နှာဖြင့် ခဏလောက်ကြည့်ကာ ပြေးထွက်သွားသည်။နင်းမုန့်ယောင်သည် သူမ ငိုသံကို ကြားလိုက်ရသည်။

သူမ(နင်းမုန့်ယောင်)သည် ယန်ရှိုးအာ၏ နောက်ကျောကိုကြည့်လိုက်ပြီး သူမမျက်လုံးများက အေးစက်နေသည်။နင်းမုန့်ယောင်သည် တံစဉ်ကို မီးဖိုခန်းထဲသို့ထားလိုက်ကာ သစ်သားရေပုံးတစ်ပုံးကိုယူလာ၍ ရေသောက်ရန်နှင့် ချက်ပြုတ်ဖို့အတွက် ချောင်းမှရေခပ်လေသည်။

ယန်ရှိုးအာရွာသို့ပြန်ရောက်သောအခါ သူမ မျက်လုံးများနီရဲနေသည်ကို ရွာကလူတွေမှ မြင်သွားကြသည်။ဒါက နည်းနည်းထူးဆန်းတယ်။သူမ(ယန်ရှိုးအာ)က ဘယ်ကလာမှန်းမသိရတဲ့ တစ်ယောက်ထဲနေတဲ့ အမျိုးသမီးကို သွားရှာတာမဟုတ်ဘူးလား။ဘာလို့ ဒီလိုပုံစံနဲ့ပြန်လာရတာလဲ။

ရုံချဲ့က သူမရဲ့ သမီးကိုကြည့်လိုက်သည်။သူမသည် နင်းမုန့်ယောင်ကို သူမ(ယန်ရှိုးအာ)ကို မသင်ပေးဖို့ တောင်းဆိုရန်စိတ်ကူးထားသော်လည်း သူမ(ယန်ရှိုးအာ)ရဲ့ အခုလိုပုံစံကို မြင်လိုက်ရသောအခါ ရုတ်တရက် မကျေမနပ်ဖြစ်သွားသည်။

"ရှိုးအာ ဘာဖြစ်လို့လဲ။သမီးကို ဘယ်သူက အနိုင်ကျင့်လိုက်လို့လဲ"

"အမေ သူက ဘာလို့အဲ့လိုလုပ်နိုင်ရတာလဲ။သမီးက သူ့ဆီကနေ သင်ချင်ရုံပဲကို သူကဘာလို့ သမီးကို ကျိန်ဆဲပြီး သိက္ခာချရတာလဲ"

သူမတို့သားအမိဘေးတွင် ကြည့်နေသော ရွာသားများရှိသည်။သူတို့က ယန်ရှိုးအာ၏ စကားကိုကြားသောအခါ ချက်ချင်းဝေဖန်ပြောဆိုကြတော့သည်။

ရုံချဲ့၏ရင်ခွင်ထဲတွင်ရှိသော ယန်ရှိုးအာမှာ ငိုနေပုံပေါက်နေပေမယ့် သူမနှုတ်ခမ်းတွေကပြုံးနေခဲ့သည်။

ရွာထဲကလူတွေက နင်းမုန့်ယောင်နဲ့ပတ်သက်ပြီး ခံစားချက်ကောင်းကောင်းမရှိကြဘူး။သူမက ရွာထဲကို သိပ်မလာဘူး။သူတို့အားလုံးက တောင်ခြေမှာ နေနေတာပဲကို။ရွာထဲက လူတော်တော်များများက နင်းမုန့်ယောင်ကို ထူးဆန်းတယ်လို့ထင်ကြတယ်။ငါ(ယန်ရှိုးအာ)လည်း သူမက လူကောင်းလို့မထင်ဘူး။

ယန်ရှိုးအာနှင့်အတူ ဝေဖန်ပြောဆိုသူများသည် ပိုပိုများလာကြသည်။

"ရှင်တို့အားလုံး အဲ့အကြောင်းကို ဆက်မပြောကြနဲ့။ယောင်ယောင်ကအဲ့လိုလူမျိုးမဟုတ်ဘူး"

ရွာသားတွေပြောနေကြတုန်းမှာ စိတ်အားထက်သန်တဲ့အသံနဲ့ အမျိုးသမီးက နှောင့်ယှက်လိုက်သည်။လူတိုင်း နောက်ကိုလှည့်ကြည်လိုက်ရာ ထိုအမျိုးသမီးသည် ရွာသူကြီး၏သမီး ရန်လဲ့လဲ့ ဖြစ်သည်။

ရန်လဲ့လဲ့သည် အရပ်မရှည်ပေ။သို့သော် သူမ မိသားစုသည် အခြေအနေကောင်းတာကြောင့် သူမသည် ကောင်းကောင်းမွန်မွန်နေရသည်။သူမ၏ မျက်နှာလေးသည် ကလေးမျက်နှာလေးဖြစ်ပြီး ဝတုတ်တုတ်နှင့် စားလို့ကောင်းသော အသားပေါင်မုန့်လိုပင်။

"လဲ့လဲ့ မင်းဒီမှာဘာဝင်ပြောတာလဲ။ငါတို့က ဟန်ဆောင်ပြီး လှည့်စားနေတယ်လို့ပြောချင်တာလား"

ရုံချဲ့သည် ရန်လဲ့လဲ့ကို မပျော်မရွှင်နဲ့ကြည့်လိုက်သည်။သူမ ခံစားချက်တွေ မကောင်းတော့ဘူး။

ရန်လဲ့လဲ့သည် နှာခေါင်းရှုံ့လိုက်ပြီး ယန်ရှိုးအာ ကိုအထင်သေးစွာဖြင့်

"ယောင်ယောင်က အဲ့လိုလူမဟုတ်ဘူး။သူက နည်းနည်း အေးတိ‌အေးစက်နိုင်တယ်ဆိုပေမယ့် အရမ်းကောင်းတယ်။ကျွန်မသူ့ကိုပန်းထိုးတာအတွက် အကူအညီသွားတောင်းရင် သူကကူညီပေးတယ်။အရသာရှိတဲ့ မုန့်တွေလည်းပေးသေးတယ်။ပြီးတော့ ရွာထဲကခွေးက မတော်တဆ သူ့အိမ်ထဲဝင်သွားတုန်းက သူကစိတ်မဆိုးတဲ့အပြင် ရေချိုးပေးပြီး ကလေးတောင်မွေးပေးလိုက်သေးတယ်...................."

နင်းမုန့်ယောင် လုပ်ဆောင်ခဲ့သည်များကို သူမက တစ်ခုပြီးတစ်ခုပြောပြ‌လေသည်။

"ယန်ရှိုးအာက ယောင်ယောင့်အိမ်မှာ ဘာဖြစ်ခဲ့လဲကျွန်မမသိပေမယ့် ကျွန်မယုံတယ် ယောင်ယောင်က အဲ့လိုလူစားမျိုးမဟုတ်ဘူး။ရှင်တို့တွေ သူမကို မ‌ေကာင်းပြောတာမျိုး ခွင့်မပြုဘူး"

ရွာထဲကလူများ နင်းမုန့်ယောင်ကို ဘယ်လိုပြောပြော ရန်လဲ့လဲ့က မယုံကြည်ပေ။နင်းမုန့်ယောင်သည် သူမနှလုံးသားထဲတွင် အကောင်းတကာ့အကောင်းဆုံး လူပင်ဖြစ်သည်။

လူတိုင်းက ရန်လဲ့လဲ့ရဲ့စကားကြောင့် နေရခက်ကုန်ကြသည်။နင်းမုန့်ယောင် မွေးပေးခဲ့သော ခွေးလေးသည် ရန်လဲ့လဲ့စကားကိုကြားသောအခါ အပြေးရောက်လာ၍ လူအုပ်ကို စိုက်ကြည့်လိုက်သည်။

(မမမုန့်ယောင်ကအရမ်းကောင်းတယ်)

"ဟုတ်တယ် မမမုန့်ယောင်ကအရမ်းကောင်းတယ်"

ခွေးလေး၏ အနားတွင်ကစားနေသောကလေးများကလည်း ခွေးလေးကို ချီပြီး ခေါင်းငြိမ့်ကြသည်။

ခွေးလေး နင်းမုန့်ယောင်အိမ်ကို သွားပြီးတဲ့နောက်မှာ သူတို့သည် နင်းမုန့်ယောင်ဆီသို့ ကစားဖို့ သို့မဟုတ် ခြံပြင်ရှိ ပန်းလှလှလေးများအားခူးဖို့ ဒါမှမဟုတ် ခြံထဲမှာ ကစားကြဖို့ မကြာခဏသွားလေ့ရှိသည်။သူတို့ကို သူမက စိတ်မဆိုးသည့်အပြင် သကြားလုံးနှင့် စားကောင်းသောမုန့်များလည်း ကျွေးသေးသည်။

All Chapters