အခန်း ၆
Vol. 1 Ch. 6
Chapter 6
သူတို့တွေက နင်းမုန့်ယောင်ကို ပြဿနာမရှာသရွေ့ သူမက စိတ်ဆိုးမှာမဟုတ်ဘူး။သူတို့တွေ ကစားစရာမရှိဘူးဆိုရင်တောင်မှ သူမက သူတို့လက်ထဲကို ကစားစရာထည့်ပေးပြီး ခြံထဲမှာ ကစားနေတာကို ကြည့်နေလိမ့်မယ်။တစ်ခါတစ်လေဆို သူမက သူတို့နဲ့အတူတူ ကစားပေးလိမ့်မယ်။
"ဟုတ်တယ် မမမုန့်ယောင်က ကျွန်တော်တို့ကို စာရေးတတ်အောင်လည်း သင်ပေးသေးတယ်။ကျွန်တော်တို့ ကိုယ့်နာမည်ကိုယ်ရေးတတ်တယ်"
ခွေးလေးက ယန်ရှိုးအာကို မကျေမနပ်ကြည့်လိုက်သည်။
(မမမုန့်ယောင်ကို သိက္ခာချဖို့မကြိုးစားနဲ့!!!)
ကလေးများသည် တစ်ယောက်ပြီးတစ်ယောက် ဝန်ခံပြောဆိုကြသည်။တစ်ချို့ကလေးများသည် စာလုံးသုံးလုံးကိုပင် ရေးပြသေးသည်။မယုံကြသော ရွာသားများမှာ ယုံသွားကြသည်။ကလေးများသည် လိမ်မှာမဟုတ်ပေ။အခုက ကလေးအများကြီးက ပြောတာဖြစ်သည်။သူတို့အရွယ်ကလေးများသည် ကျောင်းစတက်ကာစအရွယ်ဖြစ်၍ ကျောင်းကနေ ပညာသင်ယူနိုင်သည်။သို့သော် ကလေးများသည် ကျောင်းမတက်ဖူးကြချေ၊ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ နင်းမုန့်ယောင်ပင်ဖြစ်သည်။
အဲ့ဒီနောက်တွင် နင်းမုန့်ယောင်၏ပုံရိပ်သည် ရွာသူရွာသားများ၏ နှလုံးသားထဲတွင် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။တစ်ချို့က သူမသည် အရမ်းကောင်းသော မိန်းကလေးဟူ၍ပင် ထင်ကြသည်။
ယန်ရှိုးအာသည် ရုံချဲ့၏လက်မောင်းများကိုမှီကာ ကလေးများပြောသည်ကို ကြားနေရသည်။သူမသည် အနည်းငယ် ရှက်ရွံ့သွားသည်။သူမသာ နင်းမုန့်ယောင်ကိုဆက်ပြီး သိက္ခာချလျှင် ဘယ်သူမှ သူမကို ယုံတော့မည်မဟုတ်ကြောင်း သူမသိသည်။သူမ စိတ်ထဲကနေ ရန်လဲ့လဲ့ကို မုန်းနေသည်။ဒါတွေအကုန်လုံး သူ့ကြောင့်ပဲ။သူ့ကြောင့်သာမဟုတ်လျှင် သူမ ဒီလို အရှက်ရမည်မဟုတ်ချေ။
"ကောင်မလေး နင်ကြည့်။အနာဂတ်မှာ တစ်ခြားသူကို ညစ်ပတ်တာတွေမပြောနဲ့။အဲ့ဒါမကောင်းဘူး"
"ဟုတ်တယ် အမှန်ပဲ"
"လူတွေက မင်းကို သင်ပေးဖို့ ဆန္ဒရှိကြပါတယ် ဘာလို့ဆို အဲ့ဒါ လူလူချင်းပဲလေ။ပြီးတော့ သင်တယ်ဆိုတာက ကိစ္စတစ်ခုပဲ"
ရွာသားများ တစ်ယောက်ပြီးတစ်ယောက် ယန်ရှိုးအာကိုပြောကြသည်။ယန်ရှိုးအာ၏ မျက်နှာသည် ပြာနှမ်း၍ရုပ်ဆိုးလာသည်။
ယန်ရှိုးအာ၏ ပိုးဟပ်လိုမျက်နှာ မည်သည့်ပုံစံဖြစ်နေသည်ကို ရန်လဲ့လဲ့ မသိပေ။သူမသည် နှာခေါင်းရှုံ့ကာ အထင်သေးစွာကြည့်၍ လှည့်ထွက်သွားသည်။ခွေးလေးကလည်း ခုန်ပေါက်၍ ကလေးများနှင့်အတူ မြစ်ဆီသို့ထွက်သွားသည်။
အားလုံးထွက်သွားပြီးနောက်တွင် ယန်ရှိုးအာသည် ဟန်မဆောင်နိုင်တော့ပေ။သူမသည် အနည်းငယ်ရှက်ရွံ့စွာဖြင့် ရုံချဲ့၏ လက်မောင်းများကြားမှ ရုံချဲ့အား မော့ကြည့်လိုက်သည်။
"သမီးက နင်းမုန့်ယောင်ကို ရွာသားတွေအမြင်မှာ ပိုဆိုးသွားအောင် လုပ်နိုင်မယ်လို့ထင်ခဲ့တာ။ဘယ်သူကသိမှာလဲ သူမက ပြန်အနိုင်ယူသွားလိမ့်မယ်လို့"
"လာ ဖြေးဖြေးထ"
ရုံချဲ့သည် သူမသမီး၏ ပုခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။မိဘမဲ့မိန်းကလေးတစ်ယောက်က အရမ်းအစွမ်းထက်နေတယ်ဆိုရင်တောင် ဘယ်မှာဒီလောက်အထိ အစွမ်းထက်နိုင်မလဲ။သူတို့အလှည့်မရောက်သေးဘူးလား။
ရန်လဲ့လဲ့သည် အိမ်ပြန်ရောက်သော် ကလေးများပြောသည်ကိုတွေးပြီး လူအိုကြီးကို ပြောလိုက်သည်။
"ယွီယောင်ယောင်က စာတတ်တယ်။အဖေ သူ့ကို ရွာထဲကကလေးတွေကို စာသင်ပေးဖို့မေးကြည့်ပါ့လား"
"ဒါက,..သူကလုပ်ချင်ပါ့မလား"
ကျောင်းစရိတ်များသည် အရမ်းမြင့်သည်။ပြီးတော့ သူတို့ရွာများသည် မချမ်းသာပေ။ရွာထဲရှိ ကလေးအများစုတွင် ကျောင်းတက်ရန် အခွင့်အရေးမရှိကြပေ။နင်းမုန့်ယောင်သာ ကလေးများကို စာသင်ရန်ကူညီမည်ဟု ကတိပေးလိုက်လျှင် အရမ်းကောင်းသည်။
ရန်လဲ့လဲ့သည် ပြုံးလိုက်သည်
"ယောင်ယောင်က ကလေးတွေကိုစာသင်ပေးတယ်။သူတို့က ရေးတတ်၊ဖတ်တတ်တယ်။ယောင်ယောင်က အရမ်းတော်တာပဲမလား။သမီးလုံးဝသဘောတူတယ်။ယောင်ယောင့်ကို သွားတွေ့ပြီး မေးလိုက်မယ်လေ။သူက သဘောတူတယ်ဆိုရင် အဖေသူ့ကို နောက်တစ်ခေါက်ထပ်တွေ့ပြီး ပြောလိုက်ပေါ့"
"အဲ့ဒါမကောင်းဘူး လူကိုယ်တိုင်သွားရမယ်"
ရန်ကျူးသည် ထိုသို့တွေးကာ ရန်လဲ့လဲ့စကားများကို ခေါင်းရမ်းပြီး ငြင်းပယ်လိုက်သည်။နင်းမုန့်ယောင်ကို သူတို့ရွာက ကလေးတွေကို စာဖတ်တတ်အောင်သင်ပေးဖို့ တောင်းဆိုတာဖြစ်လို့ လူကိုယ်တိုင်သွားမေးတာက ပိုပြီးရိုးသားတယ်။မဟုတ်ရင် ကလေးတွေက သဘောမတူတာက မရိုးသားဘူးလို့ ခံစားနေရလိမ့်မယ်။သူသည် နင်းမုန့်ယောင်ကို ကလေးများကို စာသင်ပေးစေချင်သည် ဒါပေမယ့် သူတို့ကိုမှီခိုဖို့မဟုတ်ဘူး။သူတို့တွေ စာလုံးတွေကို မှတ်မိနေသရွေ့ ကောင်းတဲ့နည်းလမ်းတစ်ခုရှိတယ်။အနည်းဆုံးတော့ သူ့တို့လို လုပ်ကိုင်စားစရာမလိုတော့ပေ။
"အဲ့ဒါကောင်းတယ် နေ့လယ်ကျရင်အတူတူသွားရအောင် ။ သမီးလည်းသူနဲ့ကစားချင်သေးတယ်"
ရန်လဲ့လဲ့သည် ပြုံးပြီးပြောသည်။သူမ နင်းမုန့်ယောင်နဲ့ ကစားရတာကို အရမ်းကြိုက်တယ်။သူမနားနေရတာက သက်သောင့်သက်သာရှိတယ်။
နေ့လယ်တွင် ရန်ကျူးသည် သစ်သီးတစ်ခြင်းကိုယူကာ ရန်လဲ့လဲ့နှင့်အတူ နင်းမုန့်ယောင် အိမ်သို့သွားသည်။ရန်လဲ့လဲ့နှင့် ရန်ကျူးလာတာမြင်လျှင် နင်းမုန့်ယောင်သည် သူမလက်ထဲမှ ပစ္စည်းများကိုချကာ ကြိုဆိုသည်။
"ရွာသူကြီးက ဒီကိုဘယ်လိုရောက်လာတာလဲ"
သူမ ဒီနေရာကို အခြေချဖို့လာစဉ်က ရန်ကျူးသည် များစွာကူညီပေးခဲ့သည်။သူမသည် ဤလူအိုကြီးကို အရမ်းလေးစားသည်။
"ဦးလေးဒီနေ့လာတာက..သမီးကို မေးချင်တာလေးရှိလို့ပါ"
ရန်ကျူးသည် အနည်းငယ်တုန်ရီနေသောအသံဖြင့် နင်းမုန့်ယောင်ကိုကြည့်ကာ ပြောလိုက်သည်။
နင်းမုန့်ယောင်သည် ထူးဆန်းသောကြောင့် ရန်လဲ့လဲ့ကို လှည့်ကြည့်လိုက်သော် သူမသည် အပြစ်ကင်းစင်သောပုံလေးနဲ့ ကြည့်နေသည်။
"ရွာသူကြီးဘာပြောချင်တာလဲရှင့်။ကျွန်မကူညီနိုင်တာရှိရင်ကူညီပါ့မယ်”