အခန်း ၇
Vol. 1 Ch. 7
Chapter 7
"အဲ့ဒါက ဦးလေးဒီနေ့ ကလေးတွေပြောတာကြားခဲ့ရတယ်။သမီးက သူတို့ကို စာသင်ပေးပြီး ရေးတတ်ဖတ်တတ်အောင်သင်ပေးတယ်တဲ့။ဒါကြောင့် ဦးလေးကသမီးကို ရွာထဲကကလေးတွေကို စာဖတ်တတ်အောင်သင်ပေးနိုင်မလားလို့မေးတာပါ"
နင်းမုန့်ယောင်ကို ကြည့်ပြီး ပြောလိုက်တယ်။
နင်းမုန့်ယောင်က သဘောပေါက်သွားသည်။သူမက ကလေးတွေကို စာလုံးတွေမှတ်မိအောင် သင်ပေးတာပဲရှိတာလေ။အခု ရွာသူကြီးက ရွာကကလေးတွေကို စာသင်ပေးစေချင်နေတယ်။ဒါက....
"ရွာသူကြီး ကျွန်မ..."
"သမီးမှာ အခက်အခဲရှိလို့လား"
နင်းမုန့်ယောင်က ကူကယ်ရာမဲ့ခံစားနေရသည်။
"ကျွန်မကြောင့်သူတို့အနာဂတ်တွေနှောင့်နှေးသွားမှာစိုးရိမ်တယ်"
"အဲ့ဒါကကိစ္စမရှိဘူး။ဦးလေးတို့ကလည်း သူတို့ကို ကျောင်းမသွားစေချင်ဘူး။သူတို့ စာလုံးတွေမှတ်မိရင်ပဲရပြီ။အဲ့ဒါဆို သူတို့တွေ ကိစ္စအများကိုပိုလုပ်နိုင်တယ် ပြီးတော့ အနာဂတ်မှာ နည်းလမ်းတွေအများကြီးရတာပေါ့"
ရန်ကျူးသည် နင်းမုန့်ယောင်ပြောတာကြား၍ အလျင်အမြန်ရှင်းပြလိုက်သည်။
နင်းမုန့်ယောင်က အဲ့ဒီအကြောင်းကို ခဏလောက်စဉ်းစားပြီးတော့ နောက်ဆုံးမှာ ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။
"သူတို့ရဲ့မိသားစုတွေက သဘောတူတယ်ဆိုရင် ကျွန်မသူတို့ကိုသင်ပေးဖို့ ကတိပေးပါတယ်။ဒါပေမယ့် ကျွန်မက သူတို့ကို ရေးတတ်၊ဖတ်တတ်အောင်နဲ့ ဂဏန်းတွေ ရေတွက်တတ်အောင်ပဲ သင်ပေးလို့ရမယ်။ဦးလေးတို့ သူတို့ကို စာမေးပွဲ ဖြေစေချင်တယ်ဆိုရင် တရားဝင်ကျောင်းကို သွားမှရမယ်"
နင်းမုန့်ယောင် သဘောတူလိုက်တာက အကြောင်းပြချက်ရှိသည်။သူမသည် ပိုင်ရှန်းရွာနဲ့အတူ ပူးပေါင်းနိုင်မည့် အခွင့်အရေးကို ရှာနေတာကြာပြီဖြစ်သည်။သူမ ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့ဘူး။ဒါက အချိန်အနည်းငယ်ကြာသွားပေမယ့် အခုက အကောင်းဆုံးအခွင့်အရေးပဲဖြစ်သည်။
ရန်ကျူး၏ အိုရင့်နေသောမျက်နှာမှာ ပြုံးနေသည်။သူက ဆက်ပြီး ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ ဒါဆို ရွာကကလေးတွေအတွက် ဦးလေးသမီးကိုကျေးဇူးတင်ပါတယ်"
ရန်ကျူးကနင်းမုန့်ယောင်ကို ကိုင်းညွှတ်ပြီး ပြောလိုက်သည်။
"ရွာသူကြီး၊ ရွာသူကြီးက ကျွန်မကို ရိုက်နေသလိုပဲနော်။ဦးလေးက အကြီးတစ်ယောက်ပါ ကျွန်မက ဘယ်နေရာကနေ ကျေးဇူးတင်တာကို လက်ခံလို့ဖြစ်ပါ့မလဲ"
နင်းမုန့်ယောင်က မျက်မှောင်ကြုံ့ပြီး ပြောလိုက်သည်။
"အိုးးကောင်းပြီ ရှေ့လျှောက်ရွာသူကြီးလို့မခေါ်နဲ့တော့ ဦးလေးလို့ပဲ ခေါ်တော့"
ရန်ကျူးကရယ်ပြီးပြောလိုက်သည်။
"ကောင်းပါပြီ ဦးလေး"
"အဲ့ဆို ဦးလေးတို့ စကားပြောရအောင်"
သူတို့တွေ ဆွေးနွေးအပြီးတွင် ရွာသူကြီးက ပြန်သွားပြီး ရန်လဲ့လဲ့ကနေခဲ့သည်။
"ယောင်ယောင် သူကဒီလိုပဲ။နင်စိတ်ထဲမထားပါနဲ့"
ရန်လဲ့လဲ့က သူမနှာခေါင်းကိုကိုင်ရင်း အားနာစွာပြောလိုက်သည်။
နင်းမုန့်ယောင်က ခေါင်းအသာရမ်းပြီး
"ဘာမှမဖြစ်ပါဘူး။ပိုင်ရှန်းရွာမှာ ဒီလို ရွာသူကြီးကောင်းရှိနေတာပဲ"
ရန်လဲ့လဲ့ရဲ့ မျက်နှာက အရမ်းပျော်သွားသည်။သူမကပျော်တဲ့အတွက် လူတစ်ချို့ကို ချီးကျုးပေမယ့် တစ်ခုကို စဉ်းစားမိပြီး သူမမျက်ခုံးကအနည်းငယ် ရှုံ့သွားသည်။
"ယောင်ယောင် နင်ကလေးတွေကို စာဖတ်တတ်အောင်သင်ပေးတယ်ဆိုတာ ငါတို့ဘာလို့သိသွားလဲ နင်သိလား"
ရန်လဲ့လဲ့က ရုတ်တရက်မေးလိုက်သည်။နင်းမုန့်ယောင်ကလည်း ထူးဆန်းနေလို့
"ဘာလို့လဲ"
"ယန်ရှိုးအာကြောင့်ပဲပေါ့"
ရန်လဲ့လဲ့က မကျေမနပ်ပြောလိုက်သည်။
နင်းမုန့်ယောင်က တိုက်ဆိုင်တယ်လို့ ထင်သည်။
"သူလား။သူကဘာလုပ်ခဲ့လို့လဲ"
နင်းမုန့်ယောင်ကမေးလိုက်တော့ ရန်လဲ့လဲ့က ယန်ရှိုးအာလုပ်ခဲ့တာတွေကို သူမကို ပြောပြလိုက်သည်။
နင်းမုန့်ယောင်က လှောင်ပြောင်လိုက်သည်။ယန်ရှိုးအာက ဘယ်လိုလူစားမျိုးလဲဆိုတာ သိပြီးသားဖြစ်လို့ ဒီတစ်ကြိမ်လုပ်တာကို မအံ့ဩတော့ဘူး။ဒါပေမယ့် ယန်ရှိုးအာလုပ်လိုက်တာက သူမအတွက် ကောင်းသွားတယ်။သူမ တတ်နိုင်သမျှ ပိုင်ရှန်းရွာထဲကို ပိုပြီး ဝင်ဆံ့လာတယ်။
"ယောင်ယောင် နင် ပိုက်ဆံဘယ်လို ယူဖို့စဉ်းစားထားလဲ"
ရန်လဲ့လဲ့က အဲ့ဒါကို မမေးမိဘဲ အလောတကြီးထွက်လာမိတာပဲ။သူမ အကူအညီမဲ့နေတယ်လို့ ခံစားနေရတယ်။
"ငါအဲ့ဒါကို လက်ခံဖို့ အစီအစဉ်မရှိဘူး။ငါ့မှာ သူတို့ကို စာဖတ်တတ်အောင်သင်ပေးဖို့ ဘာမှမရှိဘူး။ဒါကြောင့် ငါအဲ့ပိုက်ဆံကို လက်မခံဘူး"
နင်းမုန့်ယောင်က သူမခေါင်းကို အသာရမ်းလိုက်သည်။ပြီးတော့ သူမကစားသောက်ဖို့ အဲ့ဒါကို မှီခိုနေရတာမဟုတ်ဘူး။ဒါပေမယ့် ရွာထဲကလူတွေအတွက်တော့ ပိုက်ဆံက အရမ်းတန်ဖိုးရှိတယ် သူတို့အဲ့ဒါကိုရဖို့ တစ်လ ဒါမှမဟုတ် အဲ့ထက်ကြာအောင် အလုပ်လုပ်ကြရတယ်။
ရန်လဲ့လဲ့က အနည်းငယ် ရှုပ်ထွေးနေတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။သူမသိတယ် နင်းမုန့်ယောင်က အရမ်းတော်တယ်ဆိုတာကို ဒါပေမယ့် သူမက ကိုယ့်ကိုကိုယ် အနိုင်ယူသွားနိုင်တယ်။
"နင်နဲ့သိရတာ သိပ်ကောင်းတာပဲ ယောင်ယောင်"
"ငါမနက်ဖြန်မနက်ကျရင် မြို့ကိုသွားမှာ၊နင်မသွားဘူးလား"
နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုကြည့်ပြီး မေးလိုက်သည်။သူမ ရန်လဲ့လဲ့ ပန်းထိုးတာပြီးသွားပြီဆိုတာ မှတ်မိတယ်။
ရန်လဲ့လဲ့က အလျင်အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
"ငါသွားမှာ ငါပန်းထိုးထားတာကပြီးသွားပြီ။ငါအဲ့ဒါကိုရောင်းချင်တယ် ပြီးတော့ ပန်းပြန်ထိုးရမယ်။ယောင်ယောင် နင်ငါ့ကိုဘယ်အချိန်ကျရင် လှည့်ထိုးတာကိုသင်ပေးမှာလဲ"
"နင်အဲ့ဒါကိုရရင်ပေါ့။နင်တို့ ရွာမှာ လက်သမားရှိလား"
နင်းမုန့်ယောင်သည် အိမ်တွင်ရှိသော စားပွဲနှင့်ထိုင်ခုံများသည် မလုံလောက်ဘူးဟု ရုတ်တရက်တွေးမိသွားသည်။ကလေးများကို စာသင်ဖို့ဆိုလျှင် ၎င်းတို့ကို ပထမဆုံးပြင်ဆင်ထားရမည် ဖြစ်သည်။
"ငါသိတယ် လာ ငါနဲ့လိုက်ခဲ့"
သူတို့နှစ်ယောက် ရွာထဲကို အတူတူသွားကြသည်။ရွာထဲကို ရောက်လျှင် လူရိပ်လူယောင် မမြင်ရပေ။သူတို့နှစ်ယောက် ရန်လဲ့လဲ့၏အိမ်တံခါးရှေ့ကိုရောက်လျှင် လူများအထဲမှာရှိနေသည်ကို တွေ့လိုက်ရသည်။သူတို့ ငြင်းခုံနေကြသည်ကို သူမတို့နှစ်ယောက်လုံးကြားသည်။ထိုဟာသည် နင်းမုန့်ယောင် ကလေးများအား စာသင်ပေးသည်နှင့်ပတ်သက်၍ ဆွေးနွေးနေကြသည်ဖြစ်သည်။