← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

Chapter 8

လူအုပ်ကြားထဲက ရန်ကျုးသည် နင်းမုန့်ယောင်ကိုမြင်ပြီး ရွာသူရွာသားများကို ရှင်းပြရန်အတွက် အမြန်နှုတ်ဆက်လိုက်သည်။

"မိန်းကလေးမုန့်ယောင် မင်းကတကယ်ပဲ ကလေးတွေကို စာဖတ်တတ်အောင်သင်ပေးမှာလား?"

သူတိူ့ကလေးများသည် စာလုံးများကိုဖတ်တတ်ပြီးရေတွက်နည်းများကိုလည်း သိရှိနားလည်လာကာ အနာဂတ်တွင် သင့်တော်သော လခဖြင့် စာရင်းကိုင်တစ်ဦးဖြစ်လာနိုင်သည်။သူတို့က ထိုအတွေးဖြင့်ပင် စိတ်လှုပ်ရှားနေကြသည်။

"ဟုတ်ပါတယ် ရွာကကလေးတွေကိုသင်ပေးဖို့ ဦးလေးရဲ့ တောင်းဆိုချက်ကို လက်ခံပြီးပါပြီ။ဒါပေမယ့် ကျွန်မသင်ပေးတာက တော်ဝင်စာမေးပွဲ‌မျိုး ဖြေဖို့အတွက်ဆို မလုံလောက်ဘူး။အကယ်၍ ရှင်တို့က ဒါကိုမျော်လင့်ထားတယ်ဆိုရင် သူတို့ကို ကျောင်းထားလိုက်တာအကောင်းဆုံးပဲ"

နင်းမုန့်ယောင်က စိတ်အားထက်သန်မှုမရှိပေမယ့် ရွာသားများကို ရှင်းပြခဲ့သည်။

"ဒါဆို အခကြေးငွေ.."

"အခကြေးငွေယူဖို့ ကျွန်မ အစီအစဉ်မရှိပါဘူး။အဲ့ဒီပိုက်ဆံကို ရှင်တို့ကလေးတွေ လေ့ကျင့်ဖို့အတွက် စုတ်တံနဲ့မှင်တွေဝယ်ဖို့ ဒါမှမဟုတ် စားကောင်းပြီးအာဟာရရှိတဲ့ မုန့်တွေဝယ်သင့်တယ်"

နင်းမုန့်ယောင်က ကလေးတွေရဲ့ မျက်နှာပေါ်က တောင်းတနေတဲ့ အကြည့်တွေကိုကြည့်လိုက်တယ်။သူတို့က နောက်ဆုံးမှာတော့ စကားလုံးတွေကို စတင်သင်ယူနိုင်ပြီဆိုတာ နားလည်သွားပုံရတယ်။

နင်းမုန့်ယောင်ကို မယုံနိုင်စွာကြည့်ပြီး လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

သူမက ဘယ်အခကြေးငွေကိုမှ လက်ခံမှာမဟုတ်ဘူး...ဒီ..ဒါက.

"သမီး၊မင်း..."

"ဦးလေး အဆင်ပြေပါတယ်၊ကျွန်မက ဒါကို အားလပ်ချိန်မှာပဲ လုပ်တာပါ။ကျွန်မတတ်နိုင်သလောက်သင်ပေးမယ်၊အားလုံးက ကျွန်မရဲ့ သင်ကြားမှုကို စိတ်မပျက်ကြဘူးလို့ ထင်ပါတယ်"

နင်းမုန့်ယောင်က နွေဦးရဲ့သန့်ရှင်းတဲ့ လေနုအေးလေးလို လူအုပ်ရဲ့ နှလုံးသားကို နွေးထွေးသွားစေတဲ့ အပြုံးပါးပါးလေး ပြုံးပြလိုက်သည်။

"ငါတို့ကဘာလို့.."

"မှန်တယ်။ဒါမှငါတို့ကမင်းကို ကြိုပြီးကျေးဇူးတင်ထားရမှာ"

"မလိုပါဘူးရှင်။ဒါပေမယ့် ငါးနှစ်နဲ့ငါးနှစ်အထက်ကလေးတွေပဲ တက်လို့ရမယ်နော်"

နင်းမုန့်ယောင်က သူမအရင်ဘဝက ကလေးတွေစာသင်တဲ့အရွယ်ကိုတွေးပြီး အချက်တစ်ခုပြောလိုက်သည်။

"ဘာလို့လဲ"

လူတွေက သူမကဘာကြောင့် ဒီအချက်ကိုပြောရလဲဆိုတာ နားမလည်ကြဘူး။

"အသက်ငါးနှစ်အရွယ်ကလေးတွေက သင်ယူနိုင်တဲ့အရွယ်ကိုရောက်နေပြီ။သူတို့က သင်ယူဖို့စိတ်ပိုင်းဖြတ်ထားနိုင်ပြီး ငြိ့မ်ငြိမ်လေးထိုင်နေနိုင်တယ်"

နင်းမုန့်ယောင်က စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်။

ရွာသားတွေက ချက်ချင်းပဲ သဘောတူလိုက်ကြသည်။အရမ်းငယ်တဲ့ကလေးတွေက ငြိမ်ငြိမ်မနေနိုင်ကြဘူး။သူတို့ကအမြဲတမ်း အပြင်ထွက်ပြီးကစားချင်နေကြတာ။ဒီအကြောင်းပြချက်က သူတို့လက်ခံလို့ရတယ်။

နင်းမုန့်ယောင်က သူတို့ကို ပြုံးပြလိုက်သည်။ရန်လဲ့လဲ့က လက်သမားအိမ်ကိုသွားပြီး တစ်ချက်ကြည့်ကြည့်ချင်နေသည်။

"ယောင်ယောင်၊ဟိုနားက အဘိုးလီက လက်သမားဆရာပဲ။သူ့လက်ရာတွေက အရမ်းကောင်းတယ်"

ရန်လဲ့လဲ့က သူတို့နဲ့မနီးမဝေးမှာရှိတဲ့ အဘိုးအိုကို လက်ညှိုးထိုးပြီး ပြုံးပြလိုက်တယ်။အဘိုးအိုက ခေါင်းမော့ပြီး နင်းမုန့်ယောင်ကို ကြည့်လိုက်ကာ

"မိန်းကလေး မင်းဘာလုပ်ချင်လို့လဲ"

"ကျွန်မ စားပွဲနဲ့ ကုလားထိုင်တွေ အများကြီးလိုချင်တယ်။အိမ်မှာ အများကြီးမရှိလို့"

နင်းမုန့်ယောင်က ကူကယ်ရာမဲ့ ပြောလိုက်သည်။

"ဟေ ငါက ကြီးကြီးမားမားဖြစ်မယ်လို့ထင်ထားတာ။နှစ်ရက်အတွင်း မင်းလိုတဲ့ ကုလားထိုင်နဲ့စားပွဒတွေကို ငါပြီးအောင်လုပ်ပေးမယ်။မင်းစိတ်မပူနဲ့"

အဘိုးလီကချက်ချင်းပြန်ဖြေလိုက်သည်။သူ့မှာ မြေးနှစ်ယောက်ရှိသည်။တစ်ယောက်က အသက်ခုနစ်နှစ်၊ကျန်တစ်ယောက်က ငါးနှစ်။နှစ်ယောက်လုံးက စာသင်လို့ရတဲ့အရွယ်ရောက်နေပြီ။ဒါကြောင့် သူက ကူညီနိုင်တာကိုပဲ ဝမ်းသာမိတယ်။

"အဘိုးလီ ဒါဆိုရင် ကျွန်မတို့လိုအပ်တဲ့စားပွဲနဲ့ကုလားထိုင်အမျိုးအစားတွေကိုဆွေးနွေးဖို့ အဘိုးအိမ်ကိုသွားကြမယ်"

"ကောင်းတယ် ဒါဆို အားကျူးရေ ငါကောင်မလေးနဲ့သွားလိုက်ဦးမယ်"

အဘိုးလီက ရန်ကျူးဘက်ကိုလှည့်ပြီးပြောလိုက်သည်။

"ကောင်းပါပြီ"

အဘိုးအိုနဲ့ကောင်မလေးက လှည့်ထွက်သွားပြီး ကျန်ခဲ့တဲ့သူတွေက အချင်းချင်းဝမ်းသာအားရ ဆွေးနွေးနေကြသည်။တစ်ချို့က နင်းမုန့်ယောင်ဆီကနေ ကောင်းကောင်းသင်ယူဖို့ သူတို့ကလေးတွေကို သတိပေးဖို့တောင် သွားကြသည်။နင်းမုန့်ယောင် အဘိုးလီအိမ်ကို ရောက်တဲ့အခါမှာ အထဲမှာ ပရိဘောဂလုပ်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်ရှိသည်။

"အဖေ ပြန်လာပြီလား?ရွာသူကြီးက ဘာပြောတာလဲ"

သူတို့က ပရိဘောဂတွေ လုပ်စရာရှိတာကြောင့် မသွားနိုင်ဘူး။

"ငါတို့ လင်အာနဲ့မုလေးက စာသင်ရတော့မယ်"

အဘိုးလီက အဲ့ဒါကိုတွေးပြီး အရမ်းပျော်သွားသည်။အမျိုးသားနှစ်ယောက်လုံးက အဲ့စကားကိုကြားတာနဲ့ သူတို့အလုပ်တွေကို ချက်ချင်းရပ်ပြီး အသေးစိတ်အချက်အလက်ကို သူတို့အဖေကို မေးမြန်းတော့သည်။အဘိုးလီပြောပြီးတာနဲ့ နှစ်ယောက်လုံးက တောက်ပတဲ့မျက်လုံးတွေနဲ့ နင်းမုန့်ယောင်ကိုကြည့်လိုက်သည်။

"ဒါဆို အဘိုးလီ၊ကျွန်မတို့ ကုလားထိုင်နဲ့စားပွဲတွေအကြောင်း ဘယ်လိုပြောကြမလဲ" နင်းမုန့်ယောင်က အဲ့လိုအကြည့်ခံလိုက်ရတာကြောင့် ရှက်ရွံ့သွားတယ်။

အဘိုးလီက သူမသတိပေးလိုက်တော့မှ သူမဝင်လာဖို့ မြန်မြန်လက်ပြလိုက်သည်။သူတို့က စားပွဲနဲ့ကုလားထိုင်တွေကို ဆွေးနွေးပြီး အဘိုးလီကနင်းမုန့်ယောင်ပြောတဲ့အတိုင်း ခေါက်လို့ရတဲ့ ကုလားထိုင်နဲ့စားပွဲတွေကို အမြန်လုပ်နိုင်ခဲ့သည်။

"ဒါပါပဲ အဘိုးလီ၊ကျွန်မ စားပွဲဆယ့်ငါးလုံးနဲ့ကုလားထိုင် သုံးဆယ်ယူမယ်။သူတို့ကိုဘယ်လောက်ပေးရမလဲ"

နင်းမုန့်ယောင်က ကုန်ချောပစ္စည်းတွေကို ကျေနပ်အားရတာကြောင့် အဘိုးလီကိုမေးလိုက်သည်။အဘိုးလီက သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး

"မင်းကိုပိုက်ဆံဘယ်လိုလုပ်တောင်းရမှာလဲ။မင်းက ကလေးတွေကို အလကားသင်ပေးတာလေ။ဒါကို ငါတို့ကမင်းဆီကနေ ပိုက်ဆံမယူနိုင်ဘူး"

"မှန်တယ် မိန်းကလေး မင်းငြင်းရင်ငါတို့ကိုနှိမ့်ချတာပဲနော်" ဘေးကလူနှစ်ယောက်က မကျေမနပ်ဖြစ်ပြသည်။

သူတို့နှစ်ယောက်က ကလေးတွေကို ကျောင်းကိုပို့ချင်ပေမယ့် ဈေးအရမ်းကြီးလွန်းတယ်။အခုသူတို့ကလေးတွေမှာ စာသင်ရမယ့်အခွင့်အရေးရှိလာပြီဆိုတော့ သူတို့တွေ သံသယကင်းကင်းနဲ့ပျော်နိုင်ပြီ။

All Chapters