← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

Chapter 10

အတန်းတွေဖျက်သိမ်းမှာလားဆိုတဲ့မေးခွန်းများပေါ်ပေါက်လာခဲ့သည်။ရန်ကျူးကသူတို့ကိုချက်ချင်းပဲ နင်းမုန့်ယောင်ကကလေးတွေအတွက် စာအုပ်တွေပြင်ဆင်နေပြီဖြစ်တဲ့အကြောင်း အာမခံခဲ့သည်။ရန်ကျူးရဲ့အာမခံချက်နှင့်အတူ အမျိုးသမီးအချို့ကသူတို့အိမ်တွေကနေ ဖရဲသီးတွေယူလာပြီး နင်းမုန့်ယောင်ကိုပေးဖို့သွားကြသည်။သူတို့နင်းမုန့်ယောင်အိမ်ကိုရောက်တော့ နင်းမုန့်ယောင်နဲ့ရန်လဲ့လဲ့ကခြံဝင်းထဲမှာ အလုပ်များနေကြတာကို တွေ့လိုက်ရသည်။စားပွဲတစ်ခုလုံးက စော‌နလေးကမှ အပြီးသတ်ထားတဲ့ စာအုပ်တွေနဲ့ပြည့်နေသည်။

"ဒါတွေအားလုံးကိုနောက်ဆုံးတော့လုပ်ပြီးသွားပြီ"

နင်းမုန့်ယောင်က ကျောဆန့်ပြီး သူမပုခုံးကိုမတ်လိုက်သည်။

"ဟုတ်တယ် နင်ဘယ်တော့စမလဲ"

ဒီရက်တွေအတွင်းမှာ ရန်လဲ့လဲ့ကနင်းမုန့်ယောင်နဲ့ပိုရင်းနှီးလာတယ်။နင်းမုန့်ယောင်ကသူမကို စာလုံးအချို့ကိုလည်းသင်ပေးသေးတယ်။ထိုဟာက သူမကိုအရမ်းပျော်ရွှင်စေတယ်။

နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုပြန်မပြောခင် ခဏလောက်စဉ်းစားလိုက်သည်။

"ဦးလေးရန်ဆီကိုပြန်သွားပြီး မနက်ဖြန်ရွာသားတွေကသူတို့ကလေးတွေကိုခေါ်လာလို့ရပြီလို့ ဦးလေးရန်ကို ပြောခိုင်းလိုက်တော့။သူတို့နာမည်တွေကိုမှတ်ပြီးသွားရင် သူတို့ကိုစာအုပ်တွေဝေပေးရမယ်"

"စာအုပ်တွေအကုန်လုံးလား???"

"မဟုတ်ဘူး သုံးအုပ်ပဲ ၊သူတို့အဲ့ဒါတွေကို သင်လို့ပြီးသွားမှ ကျန်တဲ့စာအုပ်တွေကိုဝေမယ်" နင်းမုန့်ယောင်က သူမခေါင်းကိုရမ်းလိုက်တယ်။သူမက သူတို့ကို မော်ဒန်ခေတ်ကစာသင်နည်းစနစ်နဲ့သင်ဖို့တွေးထားတာဖြစ်တယ်။

ရန်လဲ့လဲ့ကသူမခေါင်းကိုသဘောတူတဲ့အနေနဲ့ငြိမ့်လိုက်တယ်။စာအုပ်တွေအာလုံးကူးဖို့ကအချိန်ယူရတယ်။ကလေးတွေကသာ စာအုပ်တွေကိုလွှင့်ပစ်လိုက်ရင် နင်းမုန့်ယောင်က နောက်ထပ်တစ်ကြိမ်ပြန်ကူးနေရလိမ့်မယ်။အဲ့ဒါလုပ်တာက ဘာအန္တရာယ်မှမရှိဘူးဆိုပေမယ့် သူတို့အချိန်တွေအလကားဖြစ်‌ေစတယ်။

ရန်လဲ့လဲ့က နေ့ခင်းမှာအိမ်ပြန်သွားပြီးတော့ နင်းမုန့်ယောင်သူမကိုပြောလိုက်တာကို ရန်ကျူးကိုပြန်ပြောပြလိုက်သည်။ရန်ကျူးကချက်ချင်းပဲ သတင်းကောင်းကိုပြောဖို့အတွက် ရွာသားတွေကိုစုခိုင်းလိူက်သည်။

နောက်တစ်နေ့မနက်မှာတော့ လူအုပ်ကြီးတစ်အုပ်က နင်းမုန့်ယောင်အိမ်ရှေ့တံခါးပေါက်မှာ မတ်တပ်ရပ်နေကြသည်။အဲ့ဒီမှာ ကလေးတွေနဲ့အတူ မိဘ‌ေတွကလည်း စာအုပ်ဝေတာကို ကြည့်ဖို့ ရောက်လာခဲ့ကြသည်။

နင်းမုန့်ယောင်က တံခါးပေါက်ကိုဖွင့်လိုက်ပြီးသူတို့ကို တစ်ယောက်ပြီးမှတစ်ယောက်တန်းမစီခိုင်းခင် အရင်ဆုံးနှုတ်ဆက်လိုက်သည်။ရန်လဲ့လဲ့က နင်းမုန့်ယောင်ဘေးနားမှာ ရပ်နေသည်။နာမည်တစ်ခုတပ်လိုက်တိုင်း သူမကထိုကလေးကို စာအုပ်သုံးအုပ်ပေးလိုက်သည်။ထိုနေရာမှာ စုစုပေါင်း ကလေး နှစ်ဆယ့်ခြောက်ယောက်ရှိသည်။သူတို့အားလုံးက သူတို့စာအုပ်တွေကိုပျော်ရွှင်စွာပိုက်ထားကြပြီး ထပ်ကာထပ်ကာထိတွေ့နေကြ၍ လက်ထဲမှမချချင်ကြပေ။

"မနက်ဖြန်ကြရင် ဒီစာအုပ်တွေယူလာဖို့ သတိရကြနော် နားလည်လား???" နင်းမုန့်ယောင်က ပျော်ရွှင်နေကြတဲ့ကလေးတွေကိုကြည့်ပြီး ပြုံးလိုက်သည်။

"ဟုတ်ကဲ့!!"

စာအုပ်တွေရပြီးတဲ့အခါမှာ ရွာသားတွေက ကလေးတွေကို အိမ်ပြန်ခေါ်သွားကြသည်။သူတို့ကအိမ်ပြန်ရောက်တာနဲ့ သည်းမခံနိုင်တော့ဘဲ စာအုပ်များကိုလှပ်ကြည့်လိုက်ပြီး လှပစွာရေးထားတဲ့စာလုံးတွေကို မြင်လိုက်ရသည်။နင်းမုန့်ယောင်က တကယ့်ကို တော်တဲ့လူတစ်ယောက်ပဲဖြစ်သည်။ဒီစာအုပ်တွေကဝယ်မယ်ဆိုရင် ပိုက်ဆံရာချီကုန်ကျနိုင်သည်။ဒါတွေက ကူးယူထားတာဆိုပေမယ့်လို့ အကုန်လုံးလုပ်ပြီးဖို့ဆိုရင် အချိန်တွေအများကြီးယူရလိမ့်မည်ဖြစ်သည်။

နောက်တစ်နေ့တွင် နာမည်စာရင်းပေးထားကြသောကလေးများသည် မနက်စာစားပြီးနောက် စောစောသွား၍ တံခါးပေါက်ရှေ့တွင် စောင့်နေကြသည်။နင်းမုန့်ယောင်က နည်းနည်းနောက်ကျမှစချင်ပေမယ့်လည်း ရွေးချယ်စရာမရှိဘဲ သူတို့ကိုအထဲဝင်ခိုင်းလိုက်ပြီး စားပွဲတွေ ကုလားထိုင်တွေသေချာစီထားတဲ့ခြံဝင်းထဲကို ဝင်ခိုင်းလိုက်သည်။

"အရပ်အနိမ့်အမြင့်နဲ့လိုက်ပြီးထိုင်ကြမယ်နော်"

နင်းမုန့်ယောင်က ကလေးတွေကိုကြည့်လိုက်ပြီး လေးလေးနက်နက်ပြုံးကာ ညွှန်ကြားလိုက်သည်။ထို့နောက်တွင် နင်းမုန့်ယောင်က သူတို့ကို စာဘယ်လိုဖတ်ရမယ်ဆိုတာကို တစ်လုံးချင်းဆီညွှန်ပြ ပြောပြပြီးသင်တော့သည်။ကလေးများကလည်း ဂရုတစိုက်လိုက်နာကြသည်။သူတို့က စာအုပ်သုံးအုပ်လုံးကိုဖတ်ဖို့ အချိန်တစ်နာရီလောက်ကုန်သွားသည်။သူတို့အားလုံးကိုဖတ်ပြီးတဲ့နောက်မှာတော့ နင်းမုန့်ယောင်က ရိုးရိုးစာလုံးလေးတွေဘယ်လိုရေးရမလဲဆိုတာကို သူတို့ကိုသင်ပေးခဲ့သည်။

ကလေးတွေရဲ့ရှေ့မှာ သဲပုံးနဲ့ တုတ်ချောင်းတစ်ခုရှိသည်။နင်းမုန့်ယောင်က တုတ်ချောင်းအရွယ်လောက်ရှိတဲ့ စုတ်တံကိုယူပြီး ကလေးတေ‌ွကို သူမကိုင်သလို လိုက်ကိုင်စေခဲ့သည်။သူတို့တွေ တုတ်‌ေချာင်းကိုကိုင်တဲ့အခါမှာတော့ သူမက မှားကိုင်တဲ့ကလေးတွေကို အမှန်လိုက်ပြင်ပေးသည်။ကလေးတွေအားလုံးက သူတို့ရဲ့တုတ်ချောင်းတွေကို မှန်မှန်ကိုင်နိုင်သွားတဲ့အခါမှာတော့ နင်းမုန့်ယောင်က မြေဖြူခဲကိုအသုံးပြုပြီးတော့ သင်ပုန်းပေါ်မှာ "人“ဆိုတဲ့စကားလုံးကြီးကိုရေးပေးလိုက်သည်။

သူမက ကလေးများကို ဆွဲချက်တွေကိုရှင်းပြပြီးတော့ သူတို့ကဂရုတစိုက်နားထောင်ကြသည်။နင်းမုန့်ယောင်က သူတို့ကို လေ့ကျင့်လို့ရပြီလို့ပြောတဲ့အခါမှာတော့ သူတို့အားလုံးကကြိုးစားကြည့်ချင်နေကြသည်။

လင်အာက အလွန်အရည်အချင်းရှိသည်။သူက သင်ပုန်းပေါ်ကစာလုံးကိုကြည့်လိုက်ပြီး ထိုစာလုံးကိုသူသေသေသပ်သပ်ရေးနိုင်ဖို့အတွက် နှစ်ခါပဲကြိုးစားလိုက်ရသည်။ထိုဟာက စာလုံးကရိုးရှင်းတာကြောင့်လည်းပါသည်။

ကလေးတွေကို 人ဘယ်လိုရေးရမလဲသင်ပြီးတဲ့အခါမှာတော့ နင်းမုန့်ယောင်က သူတို့ကို 之ဆိုတဲ့စကားလုံးကိုသင်လိုက်သည်။ထိုစာလုံးက ကလေးတွေအတွက် နည်းနည်းခက်ခဲတဲ့ပုံပေါ်သည်။မရေးနိုင်တဲ့ကလေးများကို နင်းမုန့်ယောင်က သူမလက်ကိုင်ပေးပြီး လမ်းညွှန်ကာ သူတို့တွေနှစ်ကြိမ်သုံးကြိမ်လောက်ကြိုးစားပြီးတဲ့နောက်မှာ ရေးနိုင်လာခဲ့သည်။

之ပြီးတော့ လာတဲ့စာလုံးက 初ဖြစ်သည်။ထိုစာလုံးက ရေးဖို့ခက်ခဲတဲ့စာလုံးပဲဖြစ်သည်။တစ်နာရီကြာပြီးတဲ့နောက်မှာ လင်အာနဲ့ မုလေးအပါအဝင် လက်သေချာကိုင်နိုင်တဲ့ကလေးအချို့လောက်ပဲ ရေးနိုင်ကြသည်။

All Chapters