← Chapters

အခန်း ၁၁

Vol. 1 Ch. 11

အခန်း ၁၁

Vol. 1 Ch. 11

Chapter 11

နင်းမုန့်ယောင်က လင်အာနဲ့မုလေးတို့ရေးထားတဲ့စာလုံးကိုမြင်ပြီး အသာလေးခေါင်းငြိမ့်လိုက်သည်။

"ဒါက ကောင်းကောင်းရေးထားတာပဲ ဒါပေမယ့် ပိုပြီးလေ့ကျင့်ဖို့လိုမယ်နော် ။မရေးနိုင်တဲ့ကလေးတွေကလည်း စိတ်ဓာတ်ကျသွားစရာမလိုဘူးနော်။ကလေးတို့အားလုံးက အခုမှ စာလုံးတွေရေးတာစသင်တာလေ စာလုံးနှစ်လုံးလောက်ရေးနိုင်တာကိုက တော်နေပြီ၊ဒါဆိုရင်တို့ တို့ဆက်ပြောကြရအောင်......"

နင်းမုန့်ယောင်ကသင်ခန်းစာအကြောင်းကြောင်းရှင်းပြနေတုန်းမှာ အပြင်မှာရှိနေတဲ့ရွာသားတွေက ဂရုတစိုက်နားထောင်နေကြသည်။သူတို့ရဲ့ကလေးတွေကို စကားကောင်းကောင်းပြောပြီး ချီးမွမ်းလိုက်တဲ့အခါမှာတော့ သူတို့မျက်နှာတွေက ပျော်ရွှင်သွားကြသည်။

စာလုံးသုံးလုံးကိုသင်ပြီး သူတို့တွေ ရိုးရှင်းတဲ့အတွက်အချက်လေးတွေသင်ပြီးသွားတဲ့အခါမှာ အချိန်က နေ့လယ်ရောက်သွားပြီဖြစ်သည်။

"ကောင်းပြီ အားလုံးအိမ်ပြန်လို့ရပြီ နေ့ခင်းကျရင်တစ်ခေါက်ထပ်လာစရာမလိုတော့ဘူး ဒါပေမယ့် အိမ်စာတော့ပေးလိုက်မယ် ဒီနေ့သင်ပေးလိုက်တဲ့စာလုံးတွေကိုပြန်ပြီးလေ့ကျင့်ခဲ့ကြရမယ် မနက်ဖြန်ကြရင်လေ့ကျင့်ခဲ့လားဆိုတာကိုစစ်မယ်"

နင်းမုန့်ယောင်က သူတို့ကိုနေ့တိုင်း မနက်ခင်းတစ်ပိုင်းလုံးစာသင်ပေးနိုင်ပေမယ့်နေ့ခင်းကျတော့ သူမလည်း သူမအလုပ်တွေရှိတာကြောင့် မသင်ပေးနိုင်ပေ။သူမရဲ့စိတ်အကုန်လုံးကို ကလေးတွေဆီပို့ထားလို့မရပေ။

"ကျွန်တော်တို့နားလည်ပါပြီ မမမုန့်ယောင်"

ကလေးတွေက ပျော်ရွှင်စွာနဲ့ သူတို့စာအုပ်တွေကိုပိုက်ပြီး ပြန်ဖို့ပြင်တော့သည်။သူတို့တွေပြန်ခါနီးမှာ နင်းမုန့်ယောင်ကသူတို့ကိုခေါ်ပြီး သဲပုံးတွေကိုအိမ်ယူသွားလို့ရကြောင်းနဲ့ နောက်နေ့လာရင်တော့ပြန်ယူလာဖို့လိုကြောင်း ပြောလိုက်သည်။ကလေးတွေပြန်သွားတဲ့အခါမှာတော့ နင်းမုန့်ယောင်က စားပွဲနဲ့ကုလားထိုင်တွေအားလုံးကို အခန်းဘေးကိုကပ်လိုက်ပြီး ဟင်းချက်ဖို့အတွက်လုပ်တော့သည်။

ကလေးတွေကအိမ်ပြန်ရောက်တဲ့အခါမှာ ထမင်းစားကြပြီးတော့ သူတို့ရဲ့သဲပုံးကိုထုတ်ကာ စတင်လေ့ကျင့်ကြတော့သည်။သူတို့နောက်ဆံုးမရေးနိုင်တဲ့စာလုံးကို စာအုပ်လှပ်ကြည့်ကာ တစ်ချက်ပြီးတစ်ချက်ရေးဆွဲကြသည်။ပထမတွင်တော့ စာလုံးတွေကဆိုးဝါးပေမယ့် သူတို့တဖြေးဖြေးရေးနိုင်သွားတဲ့အခါမှာတော့ သူတို့တွေကထိုစာလုံးကိုရေးနိုင်သွားသည်။အဲ့ဒီနောက် သူတို့က ဝါကျအနည်းငယ်ဆိုပေမယ့် စာအုပ်ဖတ်ကြသည်။

ရွာသားတွေက ကလေးတွေစိတ်အားထက်သန်နေပြီး ဒီနေ့သင်လိုက်တဲ့သင်ခန်းစာက သူတို့ကိုအရာအများကြီးသင်ပေးလိုက်ကာ သူတို့ရဲ့မျက်နှာတွေကလည်း အံ့ဩစရာကောင်းအောင် ပျော်ရွှင်နေတာကိုမြင်ကြရသည်။ရွာသားတွေအတွက်တော့ စာလုံးတွေရေးရတာက အရမ်းကိုရှည်ကြာလွန်းတယ် ဒါပေမယ့် တစ်မနက်ထဲနဲ့ ကလေးတွေက စာလုံးအချို့ကိုရေးနိုင်နေပြီဖြစ်တယ်။သူတို့တွေ ဘယ်လိုလုပ်မပျော်ဘဲနေပါ့မလဲ?

နောက်ရက်တွေမှာ ကလေးတွေက နင်းမုန့်ယောင်ဆီကို မနက်တိုင်းစာလာသင်ပြီး နေ့ခင်းပိုင်းကျ ကိုယ့်ဘာသာလေ့ကျင့်ကြသည်။ငါးရက်ကျောင်းဖွင့်ပြီး နှစ်ရက်ပိတ်သည်။နှစ်ရက်ပိတ်တဲ့အချိန်မှာ နင်းမုန့်ယောင်က ကလေးတွေကို ချောင်းနားမှာ ကစားဖို့ဒါမှမဟုတ် စာဖတ်ဖို့နဲ့ တစ်ခြားကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဖို့ ခေါ်သွားလေ့ရှိသည်။

မျက်စိတစ်မှတ်အတွင်းမှာပဲ တစ်လကုန်သွားပြီးတော့ ရွာသားအများစုက သူတို့ရဲ့ကလေးတွေပိုနားလည်လာပြီး စာလုံးတွေအများကြီးသိလာကာ စာရင်းလုပ်နိုင်လာတာကို သတိပြုမိကြသည်။ဒါတွေအားလုံးကသူတို့ကိုပျော်ရွှင်စေပြီး နင်းမုန့်ယောင်ကိုသူတို့ဆက်ဆံတာပိုပြီးကောင်းလာသည်။အိမ်မှာကောင်းတဲ့အရာတွေရှိလာရင် သူတို့ပထမဆုံးတွေးမိတဲ့လူက နင်းမုန့်ယောင်ပဲဖြစ်သည်။နင်းမုန့်ယောင်ရဲ့အိမ်မှာ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေက ပြတ်လပ်မသွားဘဲ တောင်ပေါ်ကမှိုတွေကိုတောင် ပို့လာတဲ့ရွာသားအချို့ရှိသည်။ထိုဟာတွေကို ကုန်အောင်မစားနိုင်ဘူးဆိုရင် အခြောက်ခံပြီးသိမ်းထားလို့ရသည်။

နင်းမုန့်ယောင်က ကလေးတွေကိုစာသင်ပေးဖို့လိုတာကြောင့် ပန်းထိုးချိန်မရှိပေ။ဒီနေ့မှာတော့ ကလေးတွေအိမ်ပြန်သွားတာနဲ့ သူမက ပန်းထိုးဖို့ပြင်တော့သည်။သူမခဏလောက်ပန်းထိုးနေတုန်းမှာပဲ မ‌တွေ့ရတာကြာပြီဖြစ်တဲ့ ယန်ရှိုးအာတစ်ယောက် သူမရဲ့ပန်းထိုးအိတ်ကိုဆွဲကာ နင်းမုန့်ယောင်ဆီပြေးလာခဲ့သည်။နင်းမု့န်ယောင်ပန်းထိုးနေတာကိုမြင်ပြီး ယန်ရှိုးအာမျက်လုံ၊တွေကအရောင်တောက်သွားသည်။

ယန်ရှိုးအာက မသိမသာ ပန်းထိုးထားတဲ့အဝတ်ကိုပွတ်သပ်လိုက်သည်။ဒီမှာ သူမအရင်တုန်းကမမြင်ဖူးတဲ့နည်းလမ်းတွေအများကြီးပဲ။

ယန်ရှိုးအာက သဘောကျနေတုန်းမှာ နင်းမုန့်ယောင်ကစိတ်တိုလာပြီး သူမရဲ့အဝတ်ကိုဆုပ်ကိုင်လိုက်သည်။သူမရဲ့အဝတ် ရှုံ့သွားတာမြင်တဲ့အခါမှာ မျက်မှောက်ကြုံ့သွားပြီး

"နင့်လက်တွေကိုလွှတ်လိုက်"

သူမရဲ့ အေးစက်နေတဲ့အသံက ယန်ရှိုးအာကို ကြက်သီးထသွားစေပြီး သူမခေါင်းကိုမော့ကြည့်လိုက်တော့ နက်မှောင်နေတဲ့မျက်လုံးတစ်စုံကိုမြင်လိုက်ရသည်။အဲ့ဒီမျက်လုံးတွေက သူမတစ်ကိုယ်လုံး ဝါးစားပစ်တော့မလို အေးစက်နေသည်။

"ငါ ဒါက..ငါမရည်ရွယ်ပါဘူး၊မုန့်ယောင် နင်ငါ့ကို ဒီပန်းထိုးနည်းလေးသင်ပေးပါ့လား?ဒါကတကယ့်ကိုလှတယ်" ယန်ရှိုးအာရဲ့မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ပြည့်နေသည်။

"မရဘူး ပန်းထိုးနည်းကအပြင်ကိုပြန့်သွားလို့မရဘူး"

နင်းမုန့်ယောင်က ယန်ရှိုးအာကို ပါးစပ်ဖြေးဖြေးချင်းဖွင့်ပြီးပြောလိုက်သည်။

"ငါတို့ကသူငယ်ချင်းတွေမဟုတ်ဘူးလား?ဒါကဘယ်လိုလုပ်အပြင်ကိုဖြန့်တာဖြစ်ပါ့မလဲ?မုန့်ယောင် သဘောသာတူလိုက်စမ်းပါ နော်"

ယန်ရှိုးအာက နင်းမုန့်ယောင်ကိုကြည့်ကာ တောင်းပန်လိုက်သည်။

သူမ ဒီပန်းထိုးနည်းကို သင်နိုင်နေသရွေ့ သူမဘာစိုးရိမ်စရာလို့လဲ??

နင်းမုန့်ယောင်ရဲ့လက်တွေကရပ်တန့်သွားပြီး ယန်ရှိုးအာကို ဖြေးဖြေးချင်းကြည့်လိုက်သည်။သူမဆက်ပြီး ပန်းထိုးလို့မရတော့တာကြောင့် အိမ်ထဲပဲပြန်သိမ်းလိုက်တော့သည်။နင်းမုန့်ယောင်က သူမရဲ့စိုက်ခင်းထဲကိုသွားပြီး အလုပ်လုပ်လိုက်တော့သည်။

"နင်ဘာလို့ ပန်းဆက်မထိုးတော့တာလဲ"

ယန်ရှိုးအာက မေးလိုက်သည်။သူမက နင်းမုန့်ယောင်ဆီကနေ ခိုးပြီးကြည့်ချင်သေးတယ်လေ။

သူမကို အပေါ်ယံလေးလှမ်းကြည့်လိုက်ပြီး နင်းမုန့်ယောင်က ပျင်းရိစွာပြောလိုက်သည်။

"အရမ်းဆူတယ်"

စကားလုံးလေးနှစ်လုံးက ယန်ရှိုးအာကို သွေးအန်သွားစေနိုင်တယ် ဒီနင်းမုန့်ယောင်က သူမကို မထီမဲ့မြင်ပြုနေတာလား?

"မုန့်ယောင် နင်.."

"ယောင်ယောင် ငါနင့်ကိုလာရှာတာ"

ယန်ရှိုးအာမပြောရသေးခင်မှာပဲ အပြင်ကလာတဲ့ ရန်လဲ့လဲ့ရဲ့အသံကို ကြားလိုက်ရသည်။

အဲ့အသံကိုကြားလိုက်ရတဲ့အခါမှာ ယန်ရှိုးအာနှလုံးသားထဲကနေ အဲ့အသံကိုအရမ်းမုန်းတယ်။ရန်လဲ့လဲ့ကြောက့်သာမဟုတ်ရင် ဘယ်လိုလုပ်သူမကိစ္စတွေက မအောင်မြင်ဘဲနေမှာလဲ?သူမက နင်းမုန့်ယောင်ရဲ့ပုံရိပ်ကို ဆိုးရွားသွားစေရုံတင်မကဘူး ပိုင်ရှန်းရွာမှာရှိတဲ့ ရွာသားတွေရဲ့ ချစ်ခင်လေးစားမှုကိုတောင်ရနိုင်တယ်။

All Chapters