အခန်း ၁၂
Vol. 1 Ch. 12
Chapter 12
ရန်လဲ့လဲ့ကဝင်လာပြီး ယန်ရှိုးအာကိုမြင်တဲ့အခါမှာ မျက်မှောင်ကြုံ့သွားသည်။
"နင်ကဒီမှာဘာလုပ်နေတာလဲ?"
"ငါကဘာလို့ဒီမှာနေလို့မရရမှာလဲ?ဒါက မုန့်ယောင်အိမ်လေ နင့်အိမ်မဟုတ်ဘူး"
"ဒါက ယောင်ယောင့်ရဲ့အိမ်ဆိုတာငါသိတယ် ဒါပေမယ့် နင်ကသာ သူကိုကျ သိက္ခာကျအောင်လုပ်ပြီး ဘယ်လိုလုပ် သူ့အိမ်ထဲမှာနေနေနိုင်ရတာလဲ"
ယန်ရှိုးအာရဲ့မျက်လုံးတွေက ထိတ်လန့်သွားကာ သူမနင်းမုန့်ယောင်ကို လှမ်းကြည့်လိုက်တော့ နင်းမုန့်ယောင်က သူမကို အေးတိအေးစက်ကြည့်ကာ သူမအလုပ်သူမဆက်လုပ်နေသည်။သူမဒီကိုလာတာက နင်းမုန့်ယောင်က အဲ့ကိစ္စကိုမသိသေးဘူးဆိုတာသေချာလို့ဖြစ်ပေမယ့် အခု ရန်လဲ့လဲ့က ဘာဖြစ်နေလဲဆိုတာ ထုတ်ပြောလိုက်တော့ နင်းမုန့်ယောင်ကြည့်ရတာလည်း သိပြီးသားဖြစ်နေပုံရသည်။
"မုန့်ယောင် သူလိမ်ပြောနေတာကိုနားမထောင်နဲ့၊ငါမလုပ်ဘူး"
ယန်ရှိုးအာက နင်းမုန့်ယောင်သူ့ကိုပြန်မဖြေတာမြင်တော့ ချက်ချင်းပဲ သူမပါးစပ်ကိုဖွင့်လိုက်သည်။ယန်ရှိုးအာကို တစ်ချက်လောက်လှမ်းကြည့်လိုက်ပြီး နင်းမုန့်ယောင်က မထူးခြားတဲ့လေသံနဲ့ပြောလိုက်သည်။
"သူကလိမ်နေတာမဟုတ်ဘူးဆိုတာ နင်ကောင်းကောင်းသိတာပဲ"
ယန်ရှိုးအာက ဘာမှမပြောနိုင်တော့ပေ။သူမလုပ်လားမလုပ်ဘူးလာဆိုတာ သူမက ဘယ်လိုလုပ်မသိဘဲနေပါ့မလဲ?
"မုန့်ယောင် နင်ကငါ့ထက် ရန်လဲ့လဲ့ကို ယုံမလို့လား။ကောင်းကောင်းဆိုးဆိုး ငါတို့က သူငယ်ချင်းတွေလေ"
ယန်ရှိုးအာက နင်းမုန့်ယောင်ကို မကျေမနပ်ကြည့်လိုက်ပြီး နင်းမုန့်ယောင်ကပဲ သူမကိုတစ်ခုခုလုပ်လိုက်လို့ မတရားခံနေရတဲ့ပုံစံလုပ်နေသည်။
နင်းမုန့်ယောင်က လုပ်နေတာကိုခဏရပ်လိုက်ပြီး သူမမျက်လုံးတွေကိုပင့်ကာ ယန်ရှိုးအာကိုကြည့်လိုက်သည်။
"လဲ့လဲ့ကလူကောင်းတစ်ယောက် ငါသူ့ကိုယုံတယ်"
ယန်ရှိုးအာက အစကတော့ ဒီလိုမျိုးပြောပြီးကျော်သွားဖို့လုပ်ကာ နင်းမုန့်ယောင်ကိုပဲ အပြစ်ရှိစိတ်ခံစားစေချင်တာဖြစ်သည်။အဲ့ဒီနောက်မှာတော့ ဒီကိစ္စကိုပြည်ဖုံးကာချလိုက်ပြီး နင်းမုန့်ယောင်ကပဲသူမကိုနားလည်မပေးနိုင်တဲ့ပုံစံနဲ့ သူမက ငိုကြွေးမှာဖြစ်သည်။
"မုန့်ယောင် နင်ငါ့ကို နင့်သူငယ်ချင်းအဖြစ် မသတ်မှတ်တာလားဟင်"
ယန်ရှိုးအာက သူမလက်ကိုဆွဲဆိတ်လိုက်ပြီး မျက်ရည်တွေကျလာစေသည်။ဒီလိုပုံစံမျိုးလုပ်နေတာက ရန်လဲ့လဲ့ကို မသိစိတ်ကနေ အေးစက်တုန်လှုပ်သွားစေသည်။
နင်းမုန့်ယောင်က မျက်မှောင်ကြုံ့လိုက်ပြီး အဲ့မေးခွန်းကိုစဉ်းစားလိုက်သည်။ယန်ရှိုးအာက ရန်လဲ့လဲ့ကို အဓိပ္ပာယ်ပါတဲ့အပြုံးမျိုးပြုံးပြလိုက်ချိန်မှာတော့ နင်းမုန့်ယောင်က လေးလေးနက်နက်ပြောလိုက်သည်။
"နင်နဲ့ငါက သူငယ်ချင်းတွေမဟုတ်ဘူး"
သူမကိုယ်သူမ နင်းမုန့်ယောင်ရဲ့သူငယ်ချင်းဖြစ်ချက်နေတာလား??ဒီလောက်မလွယ်ဘူး။ဒီလိုမျိုး တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းကလေးမျိုးကို သူမက သူငယ်ချင်းအဖြစ်လက်ခံမယ်ထင်နေတာလား??သူမက ယန်ရှိုးအာကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။သူမ ဒီနေရာကိုစရောက်တုန်းက ယန်ရှိုးအာကရှိနေခဲ့ပြီး သူမကိုလည်း မကောင်းတာမလုပ်တာကြောင့် သူမဟန်ဆောင်နေတာကို မသိကျေးကျွန်ပြုပေးထာဖြစ်တယ်။အဲ့လိုဆိုပေမယ့် ယန်ရှိုးအာကို ဘယ်တုန်းကမှ သူငယ်ချင်းအနေနဲ့မတွေးခဲ့ပေ။သူငယ်ချင်းအကြောင်းပြောမယ်ဆိုရင်တော့ အဲ့ဒါကရန်လဲ့လဲ့ပဲဖြစ်လိမ့်မည်။
နင်းမုန့်ယောင်ရဲ့ ပြတ်သားတဲ့စကားလုံးတွေက ယန်ရှိုးအာရဲ့မျက်နှာကို ဆိုးဆိုးရွားရွားဖြစ်လာစေသည်။အခုလေးတင်ပဲ သူမက ရန်လဲ့လဲ့ကို လှောင်ကြည့်ကြည့်လိုက်ပေမယ့် အခုကျ သူမမျက်နှာကိုဖြတ်ရိုက်သွားသလိုပဲ။
"မုန့်ယောင် နင်အရမ်းလွန်သွားပြီ"
ထွက်သွားတဲ့ ယန်ရှိုးအာရဲ့နောက်ကျောကိုကြည့်ပြီး နင်းမုန့်ယောင်က အေးစက်စက်ပြုံးလိုက်ကာ အဲ့ဒါကို စိတ်ထဲမထားဘဲ ရန်လဲ့လဲ့ဘက်ကိုလှည့်ကာ
"နင် ဘယ်လိုလုပ်ဒီနေ့လာဖို့အချိန်ရှိတာလဲ"
"အိုင်းး..ငါအခုဆိုနင့်ဆီကိုနေ့ခင်းဘက်ပဲလာလည်လို့ရတယ်လေ မနက်ခင်းကျ နင်ကအလုပ်များနေတာကို"
သူမ အရင်က မနက်ခင်းကိုလာခဲ့သေးတယ်။နင်းမုန့်ယောင်က ကလေးတွေကို သေချာတစ်လုံးချင်းဆီဂရုစိုက်ပြီးသင်နေတာမြင်လိုက်ရတဲ့အတွက် မနှောင့်ယှက်တော့ဘဲ ပြန်ထွက်လာခဲ့တာဖြစ်သည်။
နင်းမုန့်ယောင်က ရယ်လိုက်သည်။
"နင်ဒီကိုလာချင်တဲ့အချိန်လာလို့ရပါတယ်"
"နင်ကလေးတွေကို အားလပ်ချိန်ကျရင် ဂိမ်းကစားဖို့မခေါ်ဘူးလား" ရန်လဲ့လဲ့ကမေးလိုက်သည်။
"သွားစရာမလိုဘူး မသွားလည်းအဆင်ပြေတယ်"
"ကောင်းပြီ ဒါဆို နောက်တစ်ခါအားလပ်ရက်ကျရင် မြို့ထဲကိုသွားကြရအောင်"
ရန်လဲ့လဲ့ကဒီနေ့နင်းမုန့်ယောင်ဆီကိုလာခဲ့တာက သူမကိုအဖော်ပြုပြီးသွားဖို့ဖြစ်သည်။နင်းမုန့်ယောင်သူမကို ကူဆွဲပေးခဲ့တဲ့ ပန်းထိုးကြောင်းတွေကြောင့် သူမက ပန်းထိုးပြီးနေပြီပဲဖြစ်သည်။သူမစိုးရိမ်နေတာက သူတို့တွေကိုဘယ်လောက်နဲ့ရောင်းရမလဲဆိုတာပဲဖြစ်သည်။
နင်းမုန့်ယောင်ကစဉ်းစားလိုက်သည်။ကြည့်ရတာ အိမ်ကဆန်ကလည်း ဝယ်ဖို့လိုနေပြီဖြစ်သည်။ဒါကြောင့် သူမက ခေါင်းအသာလေးငြိမ့်လိုက်သည်။
"ကောင်းပြီ ငါတို့သွားတဲ့အခါကျ ငါပန်းထိုးတာပြီးမပြီးကြည့်လိုက်မယ်၊ပြီးရင်တော့ အတူတူသွားရောင်းကြတာပေါ့"
သူမပန်းထိုးနေတာကအတော်ကိုကြာနေပြီဖြစ်သည်။ကောင်းသွားတာတစ်ခုက သူမမှာအချိန်ကန့်သတ်ထားတာမရှိတာပဲ။မဟုတ်ရင် ဒုက္ခများကုန်မှာဖြစ်သည်။
စကားပြောနေရင်းနဲ့ နင်းမုန့်ယောင်က သူမသိမ်းလိုက်တဲ့ ပန်းထိုးပစ္စည်းကိုပြန်ထုတ်လိုက်သည်။နင်းမုန့်ယောင်ထိုးထားတဲ့ ပန်းထိုးထည်ကိုကြည့်ပြီး ရန်လဲ့လဲ့ရဲ့မျက်လုံးတွေက အံ့အားသင့်မှု၊ပျော်ရွှင်သွားမှုတွေနဲ့ ပြည့်နှက်လာသည်။