အခန်း ၁၃
Vol. 1 Ch. 13
Chapter 13
"ယောင်ယောင် ငါအကြီးကြီးပန်းထိုးနိုင်တဲ့အထိစောင့် အဲ့ဒီအခါကျရင် ငါ့ကိုသင်ပေး ဟုတ်ပြီလား?"
ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို မျှော်လင့်ချက်အပြည့်နဲ့ကြည့်လိုက်သည်။
သူမက နင်းမုန့်ယောင်ဆီကနေသေးသေးလေးကအစသင်ယူပေမယ့် အဲ့ဒါတွေကိုကျွမ်းကျင်အောင်မလုပ်နိုင်ပေ။ဒါကြောင့် သူမအခုလုပ်ဖို့လိုတာကကျွမ်းကျင်ဖို့ပဲဖြစ်သည်။သူမကပိုကြီးတဲ့ပန်းထိုးထည်လာတဲ့အခါမှာ တစ်ခြားအပ်ထိုးတဲ့နည်းလမ်းတွေထပ်သင်နိုင်ပြီဖြစ်သည်။
"ကောင်းပြီ"
နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို သင်ပေးဖို့သဘောတူလိုက်တယ် ဘာလို့လဲဆိုတော့ ရန်လဲ့လဲ့နဲ့ယန်ရှိုးအာက မတူညီကြပေ။ရန်လဲ့လဲ့က ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာသိပြီး ယန်ရှိုးအာလို လောဘကြီးကာတစ်ကိုယ်ကောင်းမဆန်ပေ။ယန်ရှိုးအာကတော့ ရသမျှအခွင့်အရေးအကုန်လိုချင်တာဖြစ်ပြီး ရန်လဲ့လဲ့မလုပ်သင့်ဘူးထင်တာကိုသူမကလုပ်သည်။ရန်လဲ့လဲ့က သူမအရင်ကသင်ထားတဲ့အရာတွေကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်သွားမှ အသစ်သင်ပေးဖို့တောင်းဆိုတာဖြစ်သည်။အဲ့ဒါကြောင့်ပဲ နင်းမုန့်ယောင်ကရန်လဲ့လဲ့နဲ့ နက်ရှိုင်းတဲ့သူငယ်ချင်းဆက်ဆံရေးအလိုရှိတာဖြစ်သည်။
ရန်လဲ့လဲ့က နင်းမုန့်ယောင်သဘောတူတာကြားလိုက်တဲ့အခါမှာ နှလုံးသားလေးကပျော်ရွှင်စွာခုန်ပေါက်သွားသည်။
"ဝါး...ဒါကအရမ်းကောင်းတာပဲ"
"နောက်တစ်ခါကျရင် နင်ခေါင်းအုံးစွပ်အတွက်တဘက်တွေပန်းထိုးလို့ရပြီ"
အခုချိန်မှာ ရန်လဲ့လဲ့က အေမွှးအိတ်၊လက်ကိုင်ပုဝါနဲ့ တစ်ခြားဟာတွေကိုသာပြုလုပ်နိုင်သေးသည်။ဒါပေမယ့် သူမလက်မှုပညာက လုံလုံလောက်လောက်ကောင်းနေပြီး ခေါင်းအုံးစွပ်ကိုပန်းထိုးဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ပေ။
"ကောင်းတယ်"
နင်းမုန့်ယောင်ကိုပြောတဲ့ရန်လဲ့လဲ့ရဲ့စကားတွေက သံသယဝင်စရာမလိုအောင်ကို ယုံကြည်မှုအပြည့်ဖြစ်သည်။နင်းမုန့်ယောင်ကပြောလိုက်ဖို့ပဲလိုပြီးသူမက ယုံကြည်ပေးမှာဖြစ်သည်။
နှစ်ယောက်လုံးက ခြံဝင်းထဲမှာ စကားပြောရင်းရယ်မောနေကြပြီး ယန်ရှိုးအာရဲ့ကိစ္စကိုစိတ်ထဲကနေမေ့သွားကြသည်။
"အမေ သမီးအခုမှသိခဲ့ရတာ နင်းမုန့်ယောင်ဆီမှာ ပစ္စည်းတွေရော ပန်းထိုးနည်းတွေရောအများကြီးရှိတယ်။သမီးကိုသင်ပေးစေချင်တာကို သူက သမီးကိုမသင်ပေးချင်ဘူး"
အဲ့ဒါတွေကိုတွေးမိတော့ ယန်ရှိုးအာက သူမနှလုံးသားကစိတ်တိုရလွန်းလို့ သွေးအန်တော့မလိုဖြစ်လာသည်။
မဒမ်လုက သူမသမီးကိုအံ့အားသင့်စွာကြည့်လိုက်သည်။မထင်မှတ်ထားတာကြီးမလို့ သူမကမေးလိုက်သည်။
"အဲ့ဒါကဘယ်လိုဖြစ်ရတာလဲ?အကြောင်းပြချက်ကဘာတဲ့လဲ"
ယန်ရှိုးအာက အေးစက်စက်ပြန်ဖြေလိုက်သည်။
"တစ်ခြားအကြောင်းပြချက်ရှိဦးမလား။အဲ့ဒါတွေအကုန်လုံးက ရန်လဲ့လဲ့ဆိုတဲ့ခွေးမလုပ်သွားတာတွေချည်းပဲ သူ့အမှားတွေပဲ"
အပြင်ဘက်မှာတော့ ယန်ရှိုးအာက လိမ္မာပြီး နားလည်လွယ်တဲ့ ယဉ်ကျေးတဲ့ကောင်မလေးလိုနေပေမယ့် သူမက တကယ်တမ်းတော့ ကြမ်းတမ်းပြီးတော့ရိုင်းစိုင်းသည်။
"ပါးစပ်ကိုသတိထား ရန်လဲ့လဲ့ကမကောင်းဘူးဆိုပေမယ့် သူက ရွာသူကြီးသမီးလေ တစ်ခြားလူတွေသိသွားရင် ငါတို့ကောင်းကောင်းနေရလိမ့်မယ်လို့ထင်နေလား"
မဒမ်လုကချက်ချင်းပဲ သူမသမီးပါးစပ်ကိုလှမ်းပိတ်လိုက်သည်။
ဒီလိုစကားလုံးတွေက အိမ်ထဲတစ်ယောက်ထဲရှိတုန်းပြောတာအဆင်ပြေပေမယ့် တစ်ခြားလူတွေသာ ဒါကို ကြားသွားရင် သူတို့တွေဝင်ဆန့်နိုင်မှာမဟုတ်တော့ပေ။
ရန်လဲ့လဲ့က သူမအိမ်မှာအလိုလိုက်ခံထားရတာဖြစ်သည်။ရွာသူကြီးနဲ့သူ့ဇနီးတင်မကဘဲ သူမရဲ့အစ်ကိုကြီးတွေနဲ့ဒေါ်လေးတွေကပါ အလိုလိုက်ထားကြတာဖြစ်သည်။
"အမေ ကျွန်မဂရုမစိုက်ဘူး"
ယန်ရှိုးအာက သူမစကားပြောမှားသွားတာေကြာင့်အေးစက်နေတဲ့မျက်နှာထားနဲ့မပျော်မရွှင်ပြောလိုက်သည်။
သူမရဲ့ဘယ်အပိုင်းကများ ရန်လဲ့လဲ့ထက်မသာလို့လဲ?သူမက ရန်လဲ့လဲ့ထက်ပိုကြည့်ကောင်းတယ် သူမရဲ့ပန်းထိုးလက်ရာကလည်း ရန်လဲ့လဲ့ထက်တော်တယ်။ရန်လဲ့လဲ့ရဲ့မိသားစုက သူမထက်ပိုကောင်းနေတာကြောင့်သာ ရန်လဲ့လဲ့ကပိုပြီးကောင်းကောင်းမွန်မွန်နေရတာမလား???
"အမေသိပါတယ်သမီးသာ နင်းမုန့်ယောင်ဆီကနေလက်မှုပညာတွေသင်နိုင်နေသရွေ့ ပိုက်ဆံရှာနိုင်ပြီး အချိန်ကျလာတဲ့အခါ လူကောင်းတစ်ယောက်ကိုလက်ထပ်နိုင်တယ်...."
ထိုအကြောင်းတွေကိုတွေးမိလိုက်တဲ့အခါမှာတော့ မဒမ်လုက ဘဝင်မြင့်သွားသည်။သူမသမီးက အရည်အချင်းရှိပြီး ပေါင်းသင်းဆက်ဆံရေးကနေလည်း အကျိုးအမြတ်တွေရတာမလို့ သူမဘယ်လိုမိန်းမလဲဆိုတာ ကောင်းကောင်းသိကြသည်။
ယန်ရှိုးအာက ရှက်ရှက်နဲ့ခေါင်းငြိမ့်လိုက်သည်။ဒါပေမယ့် နင်းမုန့်ယောင်ရဲ့သူမကိုဆက်ဆံပုံကိုတွေးမိလိုက်တော့ စိတ်မကျေမနပ်ဖြစ်သွားသည်။
"ဒါပေမယ့် နင်းမုန့်ယောင်ကသမီးကိုပိုကောင်းတဲ့နည်းလမ်းတွေမသင်ပေးချင်ဘူး သူကအပြင်လူတွေကိုသင်မပေးချင်ဘူးလို့ပြောတယ်"
"သူကအပြင်လူတွေကိုသင်မပေးချင်ဘူးဆိုတော့အပြင်လူတွေကိုမသင်ဘူးပေါ့လေ??အမေတို့တွေသူသမီးကိုလိမ်လိမ်မာမာနဲ့သင်ပေးလာအောင်လုပ်ဖို့နည်းလမ်းရှာရမယ်"
မဒမ်လုက သူမသမီးကိုနှစ်သိမ့်လိုက်သည်။မိဘမဲ့မိန်းကလေးတစ်ယောက်က ဒီလောက်အထိတတ်ကျွမ်းနေမယ်လို့မထင်မှတ်ထားပေ။
ယန်ရှိုးအာက သူမအမေကိုကြည့်လိုက်ပြီး သူမအမေပြောတာတွေကိုမယုံဘူးဖြစ်နေသည်။
ဒါပေမယ့် နင်းမုန့်ယောင်ရဲ့ထူးချွန်တဲ့ပန်းထိုးနည်းကိုမြင်ပြီးသွားတဲ့အခါမှာတော့ သူမတကယ်ကြီးကိုသင်ချင်သည်။အဲ့ဒါသင်ပြီးသွားတဲ့အခါကျရင် သူမကပိုတော်လာပြီး ပိုက်ဆံပိုရှာနိုင်လာလိမ့်မယ်။ဒါကြောင့်ပဲ နင်းမုန့်ယောင်သူမကိုပန်းထိုးသင်ပေးတာက ရပ်သွားလို့မဖြစ်ဘူး။
သူမကအရင်တုန်းက ရန်လဲ့လဲ့နဲ့နင်းမုန့်ယောင်ရဲ့ဆက်ဆံရေးက အဲ့လောက်ကောင်းနေမယ်လို့မသိထားဘူး။ဒါပေမယ့်အခုသူမသိလိုက်တာကြောင့် သူမစိုးရိမ်သွားသည်။နင်းမုန့်ယောင်ကရန်လဲ့လဲ့ကြောင့်ပဲ သူမဆီကနေအဝေးကိုခွာသွားတာ။ဒီလိုနည်းနဲ့တော့ သူမအဆုံးရှုံးမခံနိုင်ဘူး နည်းလမ်းမြန်မြန်ရှာမှရမယ်။
ယန်ရှိုးအာက နင်းမုန့်ယောင်သူမကိုသင်ပေးအောင်ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားနေတဲ့အချိန် နင်းမုန့်ယောင်ကတော့ ရန်လဲ့လဲ့ကို ပန်းထိုးနည်းတွေသင်ပေးနေသည်။
"ယောင်ယောင် ဒါကဒီလိုမျိုးလား?"
တစ်ချိုဟာတွေကိုထိုးကြည့်ပြီးတော့ ရန်လဲ့လဲ့က စိုးရိမ်စွာနဲ့ နင်းမုန့်ယောင်ကိုကြည့်ဖို့ခေါင်းမော့လိုက်သည်။
သူမက ပန်းထိုးတာမှားသွားပြီး သူမရဲ့ပန်းထိုးထည်တစ်ခုလုံးကိုဖျက်ဆီးမိသွားမှာကြောက်သည်။