← Chapters

အခန်း ၁၄

Vol. 1 Ch. 14

အခန်း ၁၄

Vol. 1 Ch. 14

Chapter 14

နင်းမုန့်ယောင်က အဲ့ဒါကိုကြည့်လိုက်ကာ အသာလေးခေါင်းငြိမ့်လိုက်သည်။

"အဲ့ဒီနည်းပဲ ဒါကသိပ်မကျွမ်းကျင်သေးဘူးဆိုပေမယ့်နောက်တစ်ခါကျရင် ခေါင်းအုံးဖုံးကိုယူပြီး ဒီပန်းထိုးတဲ့နည်းလမ်းကိုသုံးလို့ရတယ် လေ့ကျင့်ခန်းလိုမျိုးပေါ့"

ရန်လဲ့လဲ့လက်ကနေ ပန်းထိုးနေတဲ့ပန်းထိုးအပ်ကိုယူလိုက်ပြီး သူမဘေးနားကိုထိုင်ကာ ပန်းထိုးတာကိုပြလိုက်သည်။

သူမက ရန်လဲ့လဲ့ကိုဒီလိုနည်းနဲ့ဘာကြောင့်ထိုးသင့်တယ်ဆိုတာသင်ပေးလိုက်သည်။

ရန်လဲ့လဲ့က ဂရုတစိုက်နားထောင်ပြီး သူမနားမလည်တာရှိရင်မေးသည်။ဒီလိုမျိုးသင်ယူတာက နင်းမုန့်ယောင်ကို စိတ်ကျေနပ်သွားစေသည်။

တစ်ညနေမှာတော့ နင်းမုန့်ယောင်က သူမရဲ့ပန်းထိုးတာပြီးသွားခဲ့သည်။ရန်လဲ့လဲ့ကကြည့်လိုက်ပြီး သူမမျက်လုံးတွေက သဘောကျမှုတွေနဲ့ပြည့်နှက်နေသည်။

"ဒါကတကယ့်ကိုလှတာပဲ"

"နင်လည်းနောက်ကျရင်ဒါမျိုးထိုးတတ်သွားမှာပါ စိတ်မပူနဲ့"

အထည်ကိုခေါက်လိုက်ကာ ဘေးချထားလိုက်ပြီး နင်းမုန့်ယောင်ကကြည့်လိုက်တော့ ရန်လဲ့လဲ့ရဲ့အကြည့်တွေကိုမြင်တာကြောင့် သဘောကောင်းစွာပြောလိုက်သည်။

ရှက်ရှက်နဲ့သူမနှာခေါင်းကိုပွတ်ကာ ရန်လဲ့လဲ့ကနင်းမုန့်ယောင်ကို ရိုးရှင်းတဲ့အပြုံးလေးပြုံးပြလိုက်သည်။

"ငါကဒါကိုသဘောကျတာပါ။ပြီးတော့ ငါစိတ်မပူပါဘူး။နင်ငါ့ကိုဒီလောက်သင်ပေးထားတာပဲ ငါကျေနပ်နေပြီ"

ယန်ရှိုးအာနဲ့ယှဉ်လိုက်ရင် နင်းမုန့်ယောင်က သူမကို သူမသိသင့်တဲ့ဟာတွေကိုလုံလုံလောက်လောက်ပိုသင်ပေးသည်။

"ကောင်းပြီ ကလေးတွေကမနက်ဖြန်နားတယ်ဆိုတော့ ငါတို့မြို့ကိုအတူတူသွားကြရအောင်"

ရန်လဲ့လဲ့ရဲ့ကျေနပ်နေတာကိုကြည့်ပြီး နင်းမုန့်ယောင်က သူမခေါင်းကိုအသာလေးရမ်းလိုက်သည်။

ဒီရန်လဲ့လဲ့က နားလည်မှုရှိပြီး ရောင့်ရဲတင်းတိမ်နိုင်သည်။

နောက်တစ်နေ့နေ့မနက်မှာတော့ ရန်လဲ့လဲ့က နင်းမုန့်ယောင်အိမ်ကိုသွားခဲ့သည်။ဒါပေမယ့် သူမနောက်ကို လိုက်လာတဲ့လူတစ်ယောက်ရှိနေပြီး အဲ့ဒီလူကတော့ ယန်ရှိုးအာပဲ ဖြစ်တယ်။

"မုန့်ယောင် ငါနင်နဲ့အတူတူသွားချင်တယ်။ငါ့ရဲ့ပန်းထိုးတာကလည်းပြီးသွားပြီ"

ယန်ရှိုးအာရဲ့လက်တွေက တင်းကြပ်စွာဆုပ်ကိုင်ထားပြီး နင်းမုန့်ယောင်ကို အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ပုံစံနဲ့ကြည့်လိုက်သည်။

ယန်ရှိုးအာကြည့်မနေတဲ့အချိန်မှာ ရန်လဲ့လဲ့ကနင်းမုန့်ယောင်ကို နှုတ်ခမ်းကွေးပြလိုက်သည်။

သူ့ဘာသာတစ်ယောက်ထဲမသွားနိုင်ဘူးလား?သူမက ဘာကိစ္စသူတို့နှစ်ယောက်နောက်ကနေလိုက်လာမှာလဲ?တကယ့်ကိုစိတ်ရှုပ်စရာကောင်းတယ်....

နင်းမုန့်ယောင်က ယန်ရှိုးအာကိုခေါင်းငြိမ့်ပြလိုက်ပြီး သူမခေါင်းကိုရန်လဲ့လဲ့ဘက်လှည့်ကြည့်လိုက်သည်။

"လဲ့လဲ့ နင်ဒီကိုအစောကြီးပဲရောက်နေတာ။နင်စားပြီးပြီလား?"

"ငါစားခဲ့ပြီးပြီ"

သူမတို့တွေဒီနေ့မြို့ကိုသွားမယ်ဆိုတာသိတာကြောင့် သူမအမေကမနက်အစောကြီးထဲက မနက်စာလုပ်ပေးထားတာဖြစ်သည်။စားပြီးတဲ့နောက်မှ သူမကဒီကိုလာခဲ့တာဖြစ်သည်။

နင်းမုန့်ယောင်ကအဲ့ဒါကိုကြားတဲ့အခါမှာ သူမပစ္စည်းတွေကိုယူပြီး အိမ်တံခါးကိုသော့ခတ်လိုက်သည်။အဲ့ဒီအပြုအမူက ယန်ရှိုးအာမျက်နှာကိုရုပ်ဆိုးသွားစေသည်။

ဒီမနက်တုန်းက အမေလုက သူမကိုအိမ်မှာစားသွားစေချင်ပေမယ့်သူမကမစားခဲ့ပေ။ဘာလို့လဲဆိုတော့ နင်းမုန့်ယောင်ဆီမှာစားချင်တာကြောင့်ဖြစ်တယ်။နင်းမုန့်ယောင်က စားကောင်းတဲ့ဟာတွေချက်ထားမယ်ဆိုတာသူမသိတယ်။

ဒါပေမယ့် အခုကျ သူမကမစားရရုံတင်မကဘဲ တစ်ဖက်လူက သူမကိုဘာမှတောင်မမေးဘူး။

ရန်လဲ့လဲ့က ယန်ရှိုးအာက မိုးကြိုးပစ်ခံရလိုက်သလိုရုပ်ပျက်ဆင်းပျက်ဖြစ်နေတာမြင်တဲ့အခါမှာ ထိန်းမထားနိုင်တော့ဘဲ တိတ်တိတ်လေးရယ်လိုက်သည်။သူမ အဲ့ဒါကိုခံစားသင့်တယ်။ကြည့်ရသေးတာပေါ့ သူမဆက်လိုက်ချင်သေးလားဆိုတာကို။

သူမကတမင်တကာအဲ့လိုမျိုးပြောလိုက်တာဖြစ်သည်။သူမ မစားခဲ့ရဘူးဆိုရင်တောင်မှ သူမကစားခဲ့ပြီးပြီလို့ပြောမှာဖြစ်သည်။မဟုတ်ရင် နင်းမုန့်ယောင်ကသာ သူမကိုစားဖို့အထဲခေါ်ရင် ယန်ရှိုးအာကပါ လိုက်ဝင်လာမှာမလား??ရန်လဲ့လဲ့ကသိတာပေါ့ ယန်ရှိုးအာက သူမအိမ်မှာမစားခဲ့ဘဲ နင်းမုန့်ယောင်ဆီကနေ အလကားရတာအကုန်စားဖို့စောင့်နေတယ်ဆိုတာ။

"ဒါဆိုသွားကြရအောင် ကောင်းတာတစ်ခုက ငါလာတဲ့အချိန်တုန်းက မြို့ကိုသွားမယ့်နွားလှည်းတစ်စီးတွေ့ခဲ့တယ်"

ရန်လဲ့လဲ့က နင်းမုန့်ယောင်လက်မောင်းကိုဆွဲလိုက်ကာ ပြုံးလိုက်သည်။ရန်လဲ့လဲ့ကပြောနေတုန်းမှာ ယန်ရှိုးအာကိုစောင်းကြည့်လိုက်ပြီး အဓိပ္ပာယ်ကတော့ထင်ရှားပါတယ်။

ယန်ရှိုးအာရဲ့မျက်နှာက ရန်လဲ့လဲ့ကြောင့်စိမ်းဖန့်လာပြီး ရန်လဲ့လဲ့ကို သတ်ဖြတ်မတတ် စိုက်ကြည့်လိုက်တယ် ဒါပေမယ့် တစ်ဖက်လူကသူမကို ကြည့်မနေဘူးဆိုတာ သတိထားမိသွားသည်။

နွားလှည်းပေါ်မှာထိုင်နေရင်း ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို မနားတမ်း စကားတွေ တစ်တွတ်တွတ်ပြောနေခဲ့ပြီး နင်းမုန့်ယောင်နဲ့စကားပြောချင်တဲ့ယန်ရှိုးမှာပြောဖို့အခွင့်အရေးမရပေ။နောက်ဆုံးမှာတော့ သူမက ရန်လဲ့လဲ့ကိုဒေါသတကြီးပြောလိုက်သည်။

"ရန်လဲ့လဲ့ နင်ပါးစပ်လေးပိတ်ထားလို့မရဘူးလား။ဆူညံနေတာပဲ"

"ငါက ယောင်ယောင်နဲ့ပြောနေတာလေ နင်နဲ့ဘာဆိုင်လို့လဲ?နင်နားမထောင်ချင်ရင်နားမထောင်နဲ့ပေါ့။ယောင်ယောင်ကဘာမှမပြောတာ နင်ကဘာလို့လာပြောနေရတာလဲ?"

ရန်လဲ့လဲ့က ဟမ့် ခနဲ့အသံပြုကာ ယန်ရှိုးအာကို မကျေမနပ်စိုက်ကြည့်နေသည်။

အဲ့တော့ သူမယောင်ယောင်ကိုစကားပြောတော့ရောဘာဖြစ်လဲ?သူမက တားနိုင်မယ်များထင်နေတာလား?ယန်ရှိုးအာဘာတွေစီစဉ်နေလဲဆိုတာသူမ မသိဘူးမထင်လိုက်နဲ့...

နင်းမုန့်‌ယောင်‌ရဲ့ မျက်လုံးအောက်ခြေကနေ ပြုံးယောင်သမ်းသွားသည်။ဒီရန်လဲ့လဲ့ကတော့ လူတွေကို ငိုရမလား ရယ်ရမလားဖြစ်အောင် တကယ်လုပ်နိုင်တာပဲ။ဒီကောင်မလေးက အရမ်းရိုင်းပေမယ့် သူမနဲ့ပေါင်းသင်းရတာက သက်သောင့်ဖြစ်စေတဲ့ လူမျိုးဖြစ်သည်။

"ရန်လဲ့လဲ့ နင်လွန်မလာနဲ့"

"ငါကဘာလုပ်နေလို့လဲ"

ရန်လဲ့လဲ့က ယန်ရှိုးအာကို အပြစ်မရှိသလိုကြည့်လိုက်ပြီး သူမဘာပြောလဲဆိုတာ နားမလည်တဲ့ပုံစံလုပ်နေသည်။

ယန်ရှိုးအာရဲ့လက်တွေက သူမအင်္ကျီစကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး နင်းမုန့်ယောင်ကိုကြည့်လိုက်သည်။ဒါပေမယ့် နင်းမုန့်ယောင်က သူမဘာမှမြင်လိုက်သလိုနေနေကာ တိတ်တိတ်လေးထောင့်တစ်ထောင့်မှာထိုင်နေလေသည်။

All Chapters