အခန်း ၁၅
Vol. 1 Ch. 15
Chapter 15
သူမရဲ့ ပင်ကိုယ်ဒေါသထွက်တဲ့ဗီဇက ယန်ရှိုးအာကိုနှိုးဆော်လိုက်ပြီး သူမက နင်းမုန့်ယောင်ကိုလက်ညှိုးထိုးကာပြောလိုက်သည်။
"သူငါ့ကိုအနိုင်ကျင့်နေတာကိုနင်ဒီတိုင်းပဲကြည့်နေတော့မှာလား"
သူမကို လက်ညှိုးထိုးတာက နင်းမုန့်ယောင်ကို မျက်မှောင်တွန့်သွားစေပြီး သူမမျက်လုံးတွေက ရေခဲတုံးလိုအေးစက်လာသည်။
"အမှန်ပြောရင် နင့်ကိုအနိုင်ကျင့်တယ်လား?"
ယန်ရှိုးအာက နင်းမုန့်ယောင်နဲ့မျက်လုံးချင်းဆုံလိုက်တဲ့အခါမှာ ထိုးထားတဲ့သူမလက်ချောင်းကို ပြန်ချလိုက်သည်။အဲ့ဒီအကြည့်ကြီးကကြောက်ဖို့ကောင်းတယ်...
"ငါ....ငါ...."
"ယောင်ယောင် စိတ်မတိုပါနဲ့ သူ့ကြောင့်စိတ်ရှုပ်ခံမနေနဲ့"
ရန်လဲ့လဲ့က သူမလက်ကိုထုတ်ကာ နင်းမုန့်ယောင်လက်ကိုဆွဲယူလိုက်ပြီး နင်းမုန့်ယောင်ရဲ့လက်ကအနည်းငယ်အေးစက်နေကာ မျက်နှာပျက်နေပြီး ခဏအတွင်းမှာပဲ ယန်ရှိုးအာရဲ့အပြုအမူက နင်းမုန့်ယောင်ကိုဒေါသထွက်သွားစေတယ်ဆိုတာသိသွားသည်။
တကယ်တော့ ရန်လဲ့လဲ့ကတစ်ဝက်လောက်မှန်သည်။ယန်ရှိုးအာရဲ့မေးတဲ့လေသံက နင်းမုန့်ယောင်ကိုမသက်မသာဖြစ်စေတယ် ဒါပေမယ့် သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတာကလက်ညှိုးထိုးတာဖြစ်သည်။
သူမရဲ့ အတိတ်ဘဝတုန်းကဖြစ်ဖြစ်၊အခုလက်ရှိဘဝမှာဖြစ်ဖြစ် သူမမျက်နှာကို လက်ညှိုးထိုးပြီးပြောရဲတဲ့လူတစ်ယောက်မှမရှိခဲ့ဘူး။
ဒီတစ်ကြိမ်ပြီးရင်တော့ ယန်ရှိုးအာကနင်းမုန့်ယောင်နဲ့စကားပြောချင်တိုင်း သူမရဲ့ရေခဲတုံးလိုအေးစက်နေတဲ့အကြည့်ကိုပြန်တွေးမိသွားပြီး သူမနှလုံးခုန်ရပ်သွားနိုင်လောက်သည်။
မြို့ကိုရောက်တဲ့အခါမှာတော့ နင်းမုန့်ယောင်က ရန်လဲ့လဲ့အတွက် လှည်းခရှင်းပေးလိုက်ပြီး ယန်ရှိုးအာကိုလုံးဝဂရုမစိုက်ပေ။
ဒီသိသာတဲ့အပြုအမူက ယန်ရှိုးအာရဲ့မျက်နှာကို ဖြူဖျော့သွားစေသည်။သူမက ဒီနေ့ဘာပိုက်ဆံမှယူမလာခဲ့ဘဲ နင်းမုန့်ယောင်ကိုသူမအတွက်ကူညီပေးစေချင်တာဖြစ်သည်။
လှည်းသမားကြီးရဲ့အကြည့်က သူမပေါ်ရောက်လာတဲ့အခါမှာတော့ ယန်ရှိုးအာကနင်းမုန့်ယောင်ကို စိတ်ဆင်းရဲစွာကြည့်လိုက်သည်။
"မုန့်ယောင် နင်ငါ့အတွက်လှည်းခပေးပေးလို့ရလား"
ဒါကိုထုတ်ပြောလိုက်ရတာက ယန်ရှိုးအာရဲ့မျက်နှာကပူလောင်သွားသလိုခံစားရပြီး မျက်နှာကိုလွှင့်ပစ်ချင်သွားသည်။
နင်းမုန့်ယောင်က သာသာလေးပြုံးလိုက်ကာ ယန်ရှိုးအာကို လှောင်ပြုံးနဲ့ကြည့်လိုက်သည်။သူမပြန်ပြောတာကိုမစောင့်ဘဲ ရန်လဲ့လဲ့ကမကျေမနပ်ဝင်ပြောလာသည်။
"ဘာကိစ္စယောင်ယောင်ကနင့်အတွက်ပေးရမှာလဲ"
"သူကနင့်အတွက်ပေးတယ်လေ ဘာလို့ငါ့အတွက်လည်းမပေးရမှာလဲ"
ယန်ရှိုးအာက ရန်လဲ့လဲ့ကို မယုံနိုင်စွာကြည့်လိုက်ပြီး သူမကိုခွဲခြားဆက်ဆံတာမလုပ်ဖို့ နင်းမုန့်ယောင်ကို ပြောင်ပြောင်တင်းတင်းသတိပေးလိုက်သည်။
"ဟမ့် ငါနဲ့ယောင်ယောင်မြို့ကိုသွားတိုင်း ဒါကအမြဲတမ်းဒီလိုပဲ။ရောက်တဲ့အခါကျရင် သူပေးပြီးတော့ ပြန်တဲ့အခါကျရင် ငါပေးတယ်။နင်က သူ့ကိုနင့်အတွက်ပေးစေချင်တယ်ဆိုတော့ သူ့ကိုထမင်းစားဖိတ်ချင်လို့လား?"
သူမက ယန်ရှိုးအာရဲ့နင်းမုန့်ယောင်ဆီကနေရသမျှခွာယူနေတာကို သဘောမတွေ့ပေ။
"ငါဒီနေ့ပိုက်ဆံမယူခဲ့ရဘူး။ငါနောက်ကျရင်ပြန်ပေးပါ့မယ်"
ယန်ရှိုးအာရဲ့မျက်နှာက ကသိကအောက်ဖြစ်နေသည်။ဒါပေမယ့် သူမက ကသိကအောက်ဖြစ်ရတာထက် ပိုစိတ်တိုနေသည်။နင်းမုန့်ယောင်က အရမ်းလွန်နေပြီလို့ သူမခံစားရသည်။သူမက သိသိသာသာကိုပိုက်ဆံမရှိတာမဟုတ်ဘဲနဲ့ ဘာလို့သူမအတွက် မပေးရတာလဲ??
ဒါပေမယ့် သူမက သူမနဲ့တစ်ဖက်လူရဲ့ဆက်ဆံရေးကိုမတွေးခဲ့ပေ။ဘာအကြောင်းကြောင့်တစ်ဖက်လူက သူမကိုကူပြီးပေးရမှာလဲ??
နင်းမုန့်ယောင်က ယန်ရှိုးအာကို တစ်ချက်ကြည့်လိုက်ပြီး နှစ်ဝမ်ထုတ်ကာ လှည်းသမားကိုပေးလိုက်ပြီး ရန်လဲ့လဲ့ကိုဆွဲကာ ထွက်လာခဲ့သည်။
နင်းမုန့်ယောင်က ဘာမှမခံစားရပေမယ့် ရန်လဲ့လဲ့ကတော့မကျေမနပ်ဖြစ်နေပြီး မပျော်ရွှင်စွာပြောလိုက်သည်။
"နင်ဘာလို့သူ့ကိုကူညီပြီးလှည်းခပေးလိုက်ရတာလဲ?သူကတမင်ပိုက်ဆံယူမလာတာဆိုတာငါသိတယ် နင့်ဆီကနေရအောင်ယူနေတာ"
တစ်ကြိမ်၊နှစ်ကြိမ်ကအဆင်ပြေပေမယ့် ဒီလိုဆက်ဖြစ်နေမယ်ဆိုရင်တော့ လူတွေက ဒါကို ပေါ့ပေါ့တန်တန်သဘောထားကြလိမ့်မည်။
"အကျိုးမရှိတာကိုငါလုပ်မယ်လို့ထင်နေတာလား"
နင်းမုန့်ယောင်က အသာလေးပြုံးလိုက်ပြီး သူမပိုက်ဆံပေးပြီးတဲ့နောက်မှာသူမတို့နောက်ကိုလိုက်လာတဲ့ ယန်ရှိုးအာကိုကြည့်လိုက်သည်။
ရန်လဲ့လဲ့က တွေးတွေးပြီးခေါင်းရမ်းလိုက်သည်။
"ဒါဆိုရင်တော့ကောင်းပါတယ်။ဒါပေမယ့်နင်နောက်တစ်ခါမလုပ်သင့်ဘူး။မဟုတ်ရင် လူတွေက နင့်ကို လွယ်လွယ်လေးအနိုင်ကျင့်လို့ရတယ်လို့ထင်သွားကြလိမ့်မယ်"
ရန်လဲ့လဲ့က မကျေမနပ်တိုးတိုးလေးပြောလိုက်သည်။
သူမခေါင်းကိုအသာငြိမ့်လိုက်ရင်း ရန်လဲ့လဲ့က သူမအတွက်တွေးပေးနေတယ်ဆိုတာ နင်းမုန့်ယောင်သိသည်။သူမရန်လဲ့လဲ့နဲ့မြို့ကိုအတူတူသွားတိုင်း သူမကအတူတူပဲပြောတာဖြစ်သည်။ရောက်တဲ့အခါကျရင် သူမကပေးပြီး ပြန်တဲ့အခါကျရင်တော့ ရန်လဲ့လဲ့ကပေးသည်။
သူမက ရန်လဲ့လဲ့အတွက်ပေးချင်တဲ့အချိန်တိုင်းမှာ ရန်လဲ့လဲ့ကသဘောမတူပဲ ညီအစ်မတွေက ဘာလို့ငွေကိစ္စပြောရမှာလဲဟုပြောလေ့ရှိသည်။သူတို့က သူငယ်ချင်းကောင်းတွေပဲဖြစ်တယ်။သူမဆီကနေ မျှော့လိုသွေးစုပ်နေမှာမဟုတ်ပေ။
"သွားရအောင် ငါနင့်ကိုပန်းထိုးထည်ရောင်းဖို့အိမ်တစ်အိမ်ဆီခေါ်သွားပေးမယ်"
ရန်လဲ့လဲ့က နင်းမုနိ့ယောင်သဘောမကျတဲ့လူမျိုးဆိုပေမယ့် တကယ်မှာတော့ သူမသဘောကျခဲ့သည်။ဒါပေမယ့် ဒီလိုသူငယ်ချင်းမျိုးက အတော်လေးတော့စိတ်ရှုပ်ဖို့ကောင်းသည်။ကံကောင်းစွာနဲ့ပဲ ပိုက်ဆံကိစ္စမဟုတ်သရွေ့ ရန်လဲ့လဲ့က သိပ်ပြီးစိတ်မရှုပ်တတ်ပေ။
နင်းမုန့်ယောင်နောက်ကိုလိုက်လာတာ ပန်းထိုးအိမ်ကိုရောက်တဲ့အထိဖြစ်ပြီးတော့ အဲ့ကျမှသာ ထိုဟာကမြို့ရဲ့အကောင်းဆုံး ပန်းထိုးရုံဖြစ်တယ်ဆိုတာသတိထားမိသွားသည်။