အခန်း ၁၆
Vol. 1 Ch. 16
Chapter 16
ရန်လဲ့လဲ့က စိတ်ပူလာပြီး နင်းမုန့်ယောင်ရဲ့ အင်္ကျီလက်ကိုဆွဲလိုက်သည်။
"ငါ့ဟာကကောင်းလို့လား"
"စိတ်မပူပါနဲ့ အဆင်ပြေသွားလိမ့်မယ် သွားရအောင်"
ရန်လဲ့လဲ့လက်ကိုပုတ်လိုက်ပြီး နင်းမုန့်ယောင်ကပြုံးလိုက်သည်။
ရန်လဲ့လဲ့ရဲ့ ပန်းထိုးတာကို သူမမြင်ပြီးပြီဖြစ်ပြီး ထိုဟာက အရမ်းကောင်းသည်။အဲ့ဒါကို ဒီနေရာမှာရောင်းဖို့ယူလာတာက လုံးဝအဆင်ပြေသည်။ရန်လဲ့လဲ့က ယုံကြည်မှုမရှိတာတစ်ခုလေးပဲဖြစ်သည်။
"ရား...ဒါမုန့်ယောင်မလား?မင်းဒီရောက်နေတာပဲ။ဒီတစ်ခေါက်ရော ဘယ်လိုပစ္စည်းကောင်းတွေယူလာလဲ"
ပန်းထိုးရုံက အကြီးအကဲက နင်းမုန့်ယောင်ကိုမြင်တော့ သူမမျက်လုံးတွေတောက်ပသွားသည်။နင်းမုန့်ယောင်သူမဆီကိုအရင်ကပို့လိုက်တဲ့ ပန်းထိုးထည်ကအရမ်းကောင်းတာကြောင့် သူမကနင်းမုန့်ယောင်ကို ဈေးကြီးပေးလိုက်သည်။ဒါပေမယ့် သူမကပိုကြီးတဲ့ဈေးနဲ့ရောင်းလိုက်သည်။သူမကိုနောက်ထပ်ရှိသေးလားလို့မေးတဲ့လူများတောင်ရှိသည်။ဒါပေမယ့် နင်းမုန့်ယောင်ကမလာတာကြောင့် သူမစိတ်မကျေမနပ်ဖြစ်သွားရသည်။
"အန်တီလော် အခုတလော အိမ်မှာကိစ္စလေးတွေရှိနေလို့ ကျွန်မလာတာနောက်ကျသွားခဲ့တာ။ဒီတစ်ခေါက်တော့ ကျွန်မ ပန်းထိုးထည်ရောင်းချင်လို့။လဲ့လဲ့ ဒါက ပန်းထိုးရုံက အကြီးအကဲ မျိုးရိုးနာမည်ကလော်။နင်သူ့ကိုအန်တီလော်လို့ခေါ်လို့ရတယ်"
နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုအန်တီလော်နဲ့မိတ်ဆက်ပေးလိုက်သည်။
ရန်လဲ့လဲ့က အနည်းငယ် ရှက်ရွံနေပြီး ပြောလိုက်သည်။
"မင်္ဂလာပါအန်တီလော်"
အဲ့ဒီရှက်ရွံနေတဲ့အကြည့်ကအန်တီလော်ကိုမတတ်နိုင်ဘဲရယ်သွားမိစေသည်။
"ဒီကလေးမက အရမ်းရှက်နေတာပဲ ဒါပေမယ့် သူမကကလေးပဲရှိသေးတာပဲလေ။ငါတို့ပန်းထိုးထည်ကိုအရင်ကြည့်ကြမယ်လေ နောက်မှ စကားအေးဆေးပြောကြတာပေါ့"
"ကောင်းပြီ"
နင်းမုန့်ယောင်က သူမရဲ့ အမျိုးသမီးတွေယပ်တောင်ကိုင်တာကိုဆွဲထားတဲ့ ပန်းထိုးထည်ကိုထုတ်ပြလိုက်သည်။
အန်တီလော်က သူမခေါင်းကိုလှည့်လိုက်ပြီး နင်းမုန့်ယောင်ကိုကြည့်လိုက်သည်။
"မင်းရဲ့ဒီပန်းထိုးထည်ကမပြီးသေးတာလား"
"မှန်တယ်။အမျိုးသမီးတွေကိုဆွဲတာက ဆယ့်ရှစ်ခုရှိပြီးတော့ ဒါကသူတို့ထဲကတစ်ခုပဲ"
နင်းမုန့်ယောင်ရဲ့ပန်းထိုးထည်က ကျင်းလင်ဆယ့်ရှစ်ဆံထိုးထဲက တစ်ခုဖြစ်သည်။
"တကယ့်ကိုမဆိုးဘူး"
တစ်ပုံထဲနဲ့ကို ဒီပန်းထိုးထည်က သာမန်မဟုတ်ဘူးဆိုတာအန်တီလော်သိသည်။ပန်းထိုးထည်တစ်ခုလုံးသာပြီးသွားလို့ကတော့ အဲ့ဒါကိုမရောင်းရင်တောင် သူမဆိုင်မှာထားထားတာကလည်း လူတွေကိုဆွဲဆောင်နိုင်လို့ ကောင်းသည်။
ထိုအကြောင်းကိုတွေးမိတော့ အန်တီလော်က အစီအစဉ်တစ်ချို့ရှိပြီး နင်းမုန့်ယောင်ကိုကြည့်လိုက်သည်။
"မုန့်ယောင် အန်တီလော် ဒီပန်းထိုးထည်ကိုလိုချင်တယ်။တစ်ပိုင်းဆီတိုင်းအတွက် တစ်ရာလျန်းပေးမယ်"
"ကောင်းပြီ ကျွန်မကတစ်ပုံပြီးဖို့တော့လဝက်လောက်အချိန်ယူရတယ်"
"အန်တီစောင့်ဖို့အချိန်ရှိပါတယ်။ဒီပစ္စည်းသာဆိုင်ထဲမှာချိတ်ဆွဲထားလိုက်ရင် ဒါကချက်ချင်းပဲ ကွက်ကွက်ကွင်းကွင်းဆိုင်းဘုတ်တစ်ခုဖြစ်သွားလိမ့်မယ်"
အန်တီလော်က သူမအစီအစဉ်ကို ချက်ချင်းပဲထုတ်ပြောလိုက်သည်။
နင်းမုန့်ယောင်က ထိုဟာကိုကြားတဲ့အခါမှာ မတတ်နိုင်ဘဲရယ်မိသွားပြီး ရန်လဲ့လဲ့ကတော့ ရူးခါနီးနေပြီပဲဖြစ်သည်။ပန်းထိုးထည်တစ်ပိုင်းကို တစ်ရာလျန်းတောင်???ဒီ ပုံဆယ့်ရှစ်ခုလုံးသာ ပန်းထိုးပြီးသွားရင် တစ်ထောင့်ရှစ်ရာလျန်းပဲမလား???ပန်းထိုးတာက ဘယ်တုန်းကဒီလောက်ပိုက်ဆံရသွားတာလဲ?
သူမရဲ့ ပန်းထိုးထည်ရောင်းပြီးတဲ့အထိစောင့်ပြီးတဲ့နောက်မှာ နင်းမုန့်ယောင်က ရန်လဲ့လဲ့ပန်းထိုးထားတာဖြစ်တဲ့ ဘီရိုပေါ်က ပိုက်ဆံအိတ်နဲ့လက်ကိုင်ပုဝါကိုပြလိုက်သည်။
"အန်တီလော် ကျွန်မကိုကူပြီးဒါတွေကိုကြည့်ပေးပါဦး။ကျွန်မကြောင့်ဆိုပြီး ဈေးမြှင့်ပေးဖို့မလိုပါဘူး အန်တီကိုယ်ပိုင်စံနှုန်းတွေနဲ့ဆုံးဖြတ်ပါ"
သူမက ရန်လဲ့လဲ့ကို ကိုယ်ပိုင်ယုံကြည်မှုရရှိစေချင်ပြီး သူမရဲ့ပန်းထိုးတာကအရမ်းကောင်းတယ်ဆိုတာသိစေချင်သည်။
အန်တီလော်ကကြည့်လိုက်ပြီး နင်းမုန့်ယောင်ကိုကြည့်လိုက်သည်။အဲ့ဒီနောက် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ ရန်လဲ့လဲ့ကိုကြည့်လိုက်ပြီး ခဏအတွင်းမှာပဲ သူမက နင်းမုန့်ယောင်ဘာကိုဆိုလိုလဲဆိုတာနားလည်သွားသည်။
ပိုက်ဆံအိတ်နဲ့လက်ကိုင်ပုဝါကိုယူပြီး အပ်ထိုးထားတဲ့နည်းလမ်းကိုလေ့လာလိုက်သည်။
တစ်ချို့ကိုရွေးလိုက်ပြီးညွှန်ပြလိုက်သည်။
"ဒီအပ်ထိုးထားတာတွေက နည်းနည်းမကျွမ်းကျင်ဘူး။ပန်းထိုးထားတဲ့ပုံစံတွေကသိပ်အသက်မဝင်ပေမယ့် ကျန်တာတွေအရမ်းကောင်းတယ်။အပ်ထိုးနည်း၊ပုံစံနဲ့ ဆေးရောင်တွေလိုက်ထားတာက တကယ့်ကိုမဆိုးဘူး။ငါဒါတွေကလွဲရင်ကျန်တာအကုန်လိုချင်တယ် သူတို့ကကျမလုပ်နိုင်ဘူး"
ပိုက်ဆံအိတ်အချို့နဲ့လက်ကိုင်ပုဝါအချို့ကလွဲရင် ကျန်တာတွေကတော်တော်ကောင်းတယ်။ပြန်တွေးကြည့်လိုက်တော့ အဲ့ဒီဟာတွေက နင်းမုန့်ယောင်သူမကို သင်ပေးထားတာပဲဖြစ်ရမယ်။
ရန်လဲ့လဲ့က အန်တီလော်ရဲ့ဈေးဖြတ်တာကိုကြားတော့ အစကသူမကစိုးရိမ်နေခဲ့ပေမယ့် အန်တီလော်ရဲ့တစ်ချို့ကလွဲရင်ဆိုတာကြားတဲ့အခါမှာတော့ သူမက နားမလည်နိုင်ဖြစ်သွားပြီး မရှင်းပြနိုင်တဲ့အခြေအနေဖြစ်သွားသည်။
သူမရဲ့အဲ့ဒီပုံစံကိုကြည့်ပြီး နင်းမုန့်ယောင်က အန်တီလော်ကိုရှင်းပြလိုက်သည်။
"ဒီကိုကျွန်မနဲ့လာတော့ သူမကအမြဲတမ်းသူမရဲ့ပန်းထိုးထည်တွေကရောင်းဖို့အဆင့်မမှီမှာကိုစိုးရိမ်နေခဲ့တာ"
"ဒီလိုကိုး။သူမက မင်းရဲ့တပည့်လား"
အန်တီလော်ကရယ်ပြီးစလိုက်သည်။အပ်ထိုးထားတဲ့နည်းလမ်းတွေကနေ ဒီကောင်မလေးက အရည်အချင်းရှိတဲ့မျိုးစေ့ကောင်းဆိုတာသိနိုင်သည်။
"တပည့်တစ်ဝက်ပေါ့ ဒါပေမယ့် ကျွန်မတို့ကသူငယ်ချင်းကောင်းတွေ။ဒါကြောင့်မလို့ အန်တီလော်ကိုပဲ လဲ့လဲ့ကိုစောင့်ရှောက်ပေးဖို့ဒုက္ခပေးရတော့မယ်"
နင်းမုန့်ယောင်ကပြုံးလိုက်ပြီး သူမမျက်နှာတစ်ခုလုံးနွေးထွေးနေသည်။