အခန်း ၁၈
Vol. 1 Ch. 18
Chapter 18
သူမကိုလည်းအသေးအမွှားလေးကအစသင်ပေးပေမယ့် ယန်ရှိုးအာရဲ့ပန်းထိုးတာတွေကတောင့်တင်းပြီးလုံးဝအသက်မပါဘူး။ဒီလိုမျိုးကိုသာအန်တီလော်ကစိတ်နှစ်ပြီးလက်ခံလိုက်ရင်အဲ့ဒါကတော်တော်ထူးဆန်းနေလိမ့်မယ်။
ဒါပေမယ့် ရန်လဲ့လဲ့ကတော့မတူညီပေ။ရန်လဲ့လဲ့ကအရမ်းအရည်အချင်းရှိပြီးနည်းနည်းလောက်သာထပ်သင်ပေးလိုက်ရင်သူမက ဆရာတစ်ဆူဖြစ်လာနိုင်တယ်။ဒီလိုအရေးပါတဲ့အချက်ကြောင့်ပဲ အန်တီလော်ကသူမကိုမျက်နှာသာပေးပြီးတစ်ချိန်ထဲမှာပဲရန်လဲ့လဲ့ကို အကျိုးအမြတ်တွေပေးနေခဲ့တာ။
ရန်လဲ့လဲ့ကဒါကိုကြားတဲ့အခါမှာရယ်လိုက်သည်။ယန်ရှိုးအာကအမြဲတမ်းသူမရဲ့ပန်းထိုးတာကကောင်းတယ်ပြောနေတာ ဒါပေမယ့် သူမရဲ့ပန်းထိုးတာက ယောင်ယောင်ဆီမှာ အသိအမှတ်ပြုတာခံရမှာမဟုတ်ဘူးလို့သူမဘယ်တုန်းကမှစဉ်းစားမိမှာမဟုတ်ပေ။
သူတို့နှစ်ယောက်လုံးမသိလိုက်တာက သူတို့တွေအဝေးကိုထွက်သွားပြီးတဲ့နောက်မှာ ယန်ရှိုးအာကသူမရဲ့ပန်းထိုးထည်ကိုယူပြီး လော်ယွင်အိမ်တော်ကိုသွားခဲ့ပြီး နင်းမုန့်ယောင်ရဲ့နာမည်ကိုသုံးကာ သူမရဲ့အထည်ကိုရောင်းချင်ခဲ့တယ်။
ဒါပေမယ့် သူမမထင်ထားခဲ့တာက အန်တီလော်ကသူမရဲ့ပန်းထိုးထည်ကဘာမှမဟုတ်ဘူးလို့ပြောပြီးသူမနဲ့ငြင်းခုန်ခဲ့တယ်။ယန်ရှိုးအာက စိတ်တိုသွားပြီး သူမပစ္စည်းကိုယူကာ တစ်ခြားအိမ်တော်မှာရောင်းခဲ့သည်။
ယန်ရှိုးအာထွက်သွားတာကိုကြည့်လိုက်တယ်။ဒီလူကိုအန်တီလော်အရင်တုန်းကနင်းမုန့်ယောင်နဲ့အတူလာတာမြင်ဖူးတယ်။အဲ့ဒီအချိန်တုန်းက သူမက နင်းမုန့်ယောင်က သူတို့ကိုမိတ်ဆက်ပေးမယ်ထင်ခဲ့ပေမယ့် နင်းမုန့်ယောင်ကမလုပ်ခဲ့ဘူး။ထပ်ပြောရရင် သူမ(ယန်ရှိုးအာ)ရဲ့ပန်းထိုးထည်ကလည်းကောင်းနေတာမဟုတ်တာကြောင့်သူမလက်မခံနိုင်ပေ။
အပ်ထိုးထားတဲ့နည်းလမ်းကနင်းမုန့်ယောင်ဆီကသင်ထားတာနဲ့တူပေမယ့် အဲ့ဒါကတောင့်တင်းနေပြီး ပျော့ပျောင်းမှုလေးတောင်မရှိပေ။ထိုဟာ ရန်လဲ့လဲ့နဲ့လုံးဝမယှဉ်နိုင်ဘူး။
ဒီနေ့ပိုက်ဆံရှာနိုင်ခဲ့တာကြောင့် ရန်လဲ့လဲ့ကအရမ်းပျော်နေပြီး နင်းမုန့်ယောင်ကိုအရသာရှိတဲ့မုန့်တွေဝယ်ကျွေးမယ်ဟုပြောကာ ခေါ်သွားသည်။
နောက်ဆုံးတော့ သူတို့ကလမ်းဘေးဆိုင်တွေထဲက သန့်ရှင်းတဲ့တစ်ဆိုင်မှာ ခေါက်ဆွဲတစ်ပန်းကန်ဝင်စားဖို့ဆုံးဖြတ်လိုက်ကြသည်။အရသာက တကယ့်ကိုမဆိုးပေ။
"ယောင်ယောင်နင်တစ်ခုခုဝယ်ဖို့လိုသေးလား"
"ဆန်နဲ့ခေါက်ဆွဲနည်းနည်းဝယ်ရဦးမယ် အိမ်မှာမကျန်တော့ဘူး"
သူမက လူတစ်ယောက်စာပဲစားတာဖြစ်လို့ သူမဝယ်တဲ့အခါတိုင်း အဲ့ဒါကသိပ်မများပေ။ဒါကြောင့်ပဲ သူမကဆန်မကြာခဏဝယ်ရတာဖြစ်သည်။
"ဒါဆိုသွားရအောင်"
သူတို့ကဆန်ဆိုင်ကိုရောက်ပြီးတဲ့နောက်မှာဆန်ဆယ်ပေါင်ဝယ်လိုက်ပြီးအဲ့ဒီနောက်မှာတော့ ဝက်သားနဲ့အရိုးတစ်ချို့ဝယ်ခဲ့သည်။
"နင်ဘာလို့ဒီအရိုးကိုဝယ်ရတာလဲ?ဒါကအသားမပါတာကို"
ရန်လဲ့လဲ့ကနင်းမုန့်ယောင်လက်ထဲကအရိုးကိုမကြိုက်တဲ့ပုံစံနဲ့ကြည့်ပြီး သူမဘာကြောင့်ဒီအရိုးကိုပိုက်ဆံသုံးပြီးဝယ်ရတာလဲဆိုတာနားမလည်ပေ။တစ်ခြားလူတွေကတော့သူတို့ရဲ့ခွေးတွေကိုကျွေးကြသည်။
နင်းမုန့်ယောင်ကရန်လဲ့လဲ့နားထဲကိုအသံတိုးတိုးလေးနဲ့ပြောလိုက်ပြီးရန်လဲ့လဲ့ရဲ့မျက်လုံးတွေကပြူးလာကာ သူမကိုကြည့်လိုက်သည်။
"တကယ်လား?"
"ဒါပေါ့ ငါကနင့်ကိုဘာလို့လိမ်ရမှာလဲ"
"ဒါဆိုငါလည်းအိမ်ပြန်ရင်နည်းနည်းဝယ်သွားပြီးစွပ်ပြုတ်လုပ်သောက်ရမယ်"
သူမကပြောကာ အရိုးကြီးနှစ်ချောင်းကိုယူလိုက်သည်။အရိုးခေါင်းတွေမှာအသားတစ်ချို့ရှိနေသေးပြီးနှစ်ခုပေါင်းကိုဆယ်ဝမ်ကျသွားသည်။
လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးတဲ့နောက်မှာတော့ သူတို့ကအိမ်ပြန်ဖို့ပြင်လိုက်ကြပြီး မြို့တံခါးဝမှာ လှည်းသမားအဖိုးအိုစောင့်နေတာကိုတွေ့ရကာ ယန်ရှိုးအာကိုတော့အရိပ်အယောင်တောင်မမြင်ရပေ။
"ငါတို့ပြန်ကြရအောင်"
အိမ်ကိုပြန်ရောက်ပြီးတဲ့နောက်မှာတော့ နင်းမုန့်ယောင်ကရန်လဲ့လဲ့ကိုအရိုးစွပ်ပြုတ်ဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးပြီးတော့ သူမကိုထည့်ရမယ့်အမှုန့်တစ်ချို့ပေးလိုက်သည်။
"ဒါကနင်ပြောသလိုတကယ်ကြီးကောင်းတာလား"
ရန်လဲ့လဲ့ကသိပ်မသေချာတာကြောင့်မေးလိုက်သည်။
နင်းမုန့်ယောင်ကခေါင်းငြိမ့်ပြလိုက်သည်။
"ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေအရိုးစွပ်ပြုတ်သောက်ပေးတာကောင်းတယ်။နင်ကတကယ်လို့အရိုးတစ်ခုထဲနဲ့မကောင်းဘူးထင်ရင် မှိုတို့မုန်လာဉနီတို့ထည့်လို့ရတယ်"
"ဒါဆိုကောင်းပြီ ငါဒီညကြိုးစားကြည့်လိုက်မယ်"
ရန်လဲ့လဲ့ကနင်းမုန့်ယောင်ဒီလိုပြောတာကိုမြင်လိုက်ရတာကြောင့်မသေချာမှုမရှိတော့ဘဲ သူမရဲ့ပစ္စည်းတွေကိုယူကာ အိမ်ကိုပြန်သွားခဲ့ပြီး သူမမနက်ဖြန်ကျရင်လည်းအတူတူပန်းထိုးဖို့လာမယ်ဖြစ်ကြောင်းပြောသွားခဲ့သေးသည်၊
အိမ်ပြန်ရောက်တြော ရန်လဲ့လဲ့ကမစောင့်နိုင်တော့ဘဲ သူမအမေကိုဆွဲကာ ပျော်ရွှင်စွာပြောလိုက်သည်။
"အမေဒီတစ်ခေါက်သမီးရဲ့ပိုက်ဆံအိတ်တွေနဲ့လက်ကိုင်ပုဝါတွေရောင်းခဲ့တာ ငွေစနှစ်ဆယ်ရတယ်!!"
"အာ?အဲ့လောက်တောင်လား?အရင်တုန်းကဆိုရင်သုံးရာဝမ်လောက်ပဲရတာမလား?"
ရန်လဲ့လဲ့ရဲ့အမေဖြစ်တဲ့သခင်မရန်က ရန်လဲ့လဲ့ကိုမယုံနိုင်စွာကြည့်ပြီးမေးလိုက်သည်။
ရန်လဲ့လဲ့ကသခင်မရန်ကို နင်းမုန့်ယောင်သူမကိုလော်ယွင်အိမ်တော်ကိုခေါ်သွားတဲ့အကြောင်းပြောပြလိုက်သည်။အဆုံးထိနားထောင်ပြီးတဲ့အခါမှာတော့ သခင်မရန်ကပြုံးပြီးပြောလိုက်သည်။
"မုန့်ယောင် အဲ့ဒီကလေးမလေးကသမီးကိုကူညီချင်မှတော့ သမီးပိုပြီးကြိုးစားသင့်တယ် ဒါဆိုသမီးကသူ့ကိုမျက်နှာမပျက်စေတော့ဘူးပေါ့"
"အမေသမီးသိပါတယ်နော် သမီးသေချာပေါက်ကိုအဲ့လိုလုပ်မှာပါ"
ရန်လဲ့လဲ့ကသူမခေါင်းကိုအလေးအနက်ငြိမ့်လိုက်သည်။သူမသိတာပေါ့ နင်းမုန့်ယောင်ကသူမကိုကူညီနေတယ်ဆိုတာ မဟုတ်ရင် သူမကို လော်ယွင်အိမ်တော်ကိုခေါ်သွားမှာမဟုတ်ဘူး။
ယန်ရှိုးအာကတော့ ရန်လဲ့လဲ့လိုပျော်ရွှင်မနေဘဲ အိမ်ကိုပြန်ရောက်လာခဲ့သည်။သူမလော်ယွင်အိမ်တော်မှာအရှက်ရခဲ့တာနဲ့နင်းမုန့်ယောင်ရန်လဲ့လဲ့ကိုလော်ယွင်အိမ်တော်ကိုခေါ်သွားပြီး သူမကိုသူဌေးနဲ့အထဲမှာမိတ်ဆက်ပေးတာကို တစ်ကြိမ်ပြန်တွေးမိလိုက်တိုင်းသူမစိတ်ထဲမှာပိုပိုပြီးမုန်းတီးလာသည်။
"ရှိုးအာ သမီးဘာဖြစ်လာတာလဲ?သမီးနင်းမုန့်ယောင်နဲ့မြို့ကိုမသွားဘူးလား"
သခင်မလုကသူ့သမီးကအိမ်ကိုဒေါသအပြည့်ဖြစ်နေတဲ့မျက်နှာနဲ့ပြန်လာတာကိုမြင်တဲ့အခါမှာ စိတ်ပူသွားပြီးမေးလိုက်သည်။
အဲ့ဒါကိုကောင်းတယ်လို့ခေါ်မရပေမယ့် တစ်ခါပြောလိုက်တဲ့အကြိမ်မှာ ယန်ရှိုးအာရဲ့မျက်လုံးထဲကမီးတောက်တွေကပိုကြီးလာပြီး သူမအမေကိုဒေါသတကြီးစိုက်ကြည့်လိုက်သည်။
"အမေ့ကိစ္စမပါဘူး"
သခင်မလုကအံ့အားသင့်သွားပြီး ယန်ရှိုးအာကိုစိတ်တိုစွာကြည့်လိုက်သည်။သူမရဲ့ကလေးကမျက်နှာမကောင်းတာမြင်လို့သူမမေးမိလိုက်တာလေ အဲ့ဒါမှားသွားလို့လား??
####