အခန်း ၁၉
Vol. 1 Ch. 19
Chapter 19
"ရှိုးအာ သမီးဘာတွေပြောနေတာလဲ?အမေ့ကိုဘာဖြစ်တာလဲဆိုတာသေချာပြောပြစမ်းပါ"
သခင်မလုက သူမသမီးကိုစိုက်ကြည့်လိုက်တယ်။ယန်ရှိုးအာရဲ့သူမကိုစကားပြောတဲ့လေသံက မကောင်းဘူးဆိုပေမယ့် သူမသမီးလေးကို မဆူရက်မရိုက်ရက်ပေ။
ယန်ရှိုးအာက သခင်မလုက သူမအတွက်စိုးရိမ်နေပြီး သူမကိုဟာသလုပ်တာမမြင်ရတော့ သူမစောနက ပြောတာလွန်သွားတယ်ဆိုတာသိလိုက်ပြီး သူမကပဲနစ်နာသူလိုပြောလိုက်တယ်။
"အမေ နင်းမုန့်ယောင်ကဘယ်လိုလုပ်သမီးကိုအဲ့လိုစကားတွေပြောနိုင်ရတာလဲ"
မြို့ထဲမှာဖြစ်ခဲ့တဲ့အရာတွေကိုပြန်တွေးပြီးတော့ သူမအရမ်းနစ်နာတယ်လို့ခံစားရတယ်!
အခုချိန်မှာ သူမမျက်နှာကို လှည်းခကြောင့်နဲ့ လူတွေအားလုံးရှေ့မှာပစ်လိုက်ပြီး လော်ယွင်အိမ်တော်မှာလည်း ရက်ရက်စက်စက်မောင်းထုတ်တာခံခဲ့ရတာတွေက အကုန်လုံး နင်းမုန့်ယောင်ရဲ့အမှားတွေပဲ!
"အာ?လောကကြီးကဘာတွေဖြစ်ကုန်တာလဲ"
သူမသမီးရဲ့ ဝမ်းနည်းနေတဲ့မျက်နှာနဲ့ မျက်ရည်တွေကျလာတာကိုမြင်တော့ သခင်မလုက စိုးရိမ်သွားပြီး ချက်ချင်းပဲမေးလိုက်သည်။
ယန်ရှိုးအာက မြို့မှာဖြစ်ခဲ့တဲ့အရာအားလုံးကို သခင်မလုကိုပြောပြလိုက်ပြီး အဲ့ဒီနောက် ဘာဖြစ်လဲဆိုတာ သခင်လုသိသွားတယ်။
ဒါလေးက နှစ်ဝမ်လောက်ပဲမလား?နင်းမုန့်ယောင်ကသူ့မှာပိုက်ဆံမရှိတာလည်းမဟုတ်ပဲနဲ့။ဘယ်လိုလုပ်သူမသမီးကိုမျက်နှာသာမပေးရတာလဲ?အရမ်းလွန်သွားပြီ.....
ပြီးတော့ ဘာအကြောင်းကြောင့်နဲ့ သူမသမီးကိုလော်ယွင်အိမ်တော်ကိုမခေါ်သွားရတာလဲ?
ဒါတွေကိုတွေးလိုက်တော့ သခင်မလုရဲ့မျက်လုံးတွေက ပေါက်ကွဲထွက်မတတ်မီးတောက်လာပြီး ယန်ရှိုးအာကိုဆွဲကာ နင်းမုန့်ယောင်ကိုသွားရှာဖို့လုပ်တော့တယ်။
"အဲ့ဒီ မ_သာ_မ အခုချက်ချင်းသွားရှာပြီး မေးကြမယ် သူကဘာကိစ္စသမီးကိုဒီလိုဆက်ဆံရတာလဲဆိုတာ?"
အရင်ကဆိုရင်တော့ ယန်ရှိုးအာကသေချာပေါက်သွားမှာဖြစ်သည်။ဒါပေမယ့် သူမအခုတော့ မလုပ်ရဲပေ။သူတို့သွားတဲ့အခါကျရင် နင်းမုန့်ယောင်ကို ဒုက္ခမပေးနိုင်ဘဲ သူတို့ကိုယ်သူတို့ပြန်ပေးမိမှာကိုကြောက်သည်။
သူမခြေလှမ်းတွေကိုရပ်လိုက်ပြီး သခင်မလုလက်ကိုဆွဲကာ ယန်ရှိုးအာက နှစ်သိမ့်လိုက်သည်။
"အမေ သမီးတို့အခုချိန်မှာတော့ နင်းမုန့်ယောင်ကိုသွားပြီးပြဿနာရှာလို့မရသေးဘူး။သမီးရက်နည်းနည်းလောက်ငြိမ်ငြိမ်လေးနေပြီး အဲ့နောက်ကျမှ စကားပြောကြမယ်"
အဲ့ဒီအချိန်ကျရင် သူမ နင်းမုန့်ယောင်ကိုပြဿနာရှာပြီး ဘယ်လိုပြောရမလဲဆိုတာ သိနေပြီပဲဖြစ်တယ်။
ဒီအချိန်သွားတာက သူမကိုယ်သူမ တစ်ဖက်လူရဲ့လက်ထဲ လည်စင်းပေးလိုက်တာပဲမဟုတ်ဘူးလား?
သခင်မလုကအဲ့ဒါကိုကြားလိုက်ပြီး သူမသမီး ပြောတာတွေက မှန်တယ်လို့ယူဆလိုက်ပြီး သဘောတူလိုက်သည်။
"ဒါဆို အဲ့လိုပဲလုပ်ကြတာပေါ့ ဒါပေမယ့် သမီးဒီလိုနစ်နာရတာကို ဒီအတိုင်းပဲလက်ခံလိုက်တော့မလို့လား?"
ယန်ရှိုးအာက နှာခေါင်းရှုံ့လိုက်တယ်?သူမက အနစ်နာခံရမှာလား??ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?သူမ နင်းမုန့်ယောင်ရဲ့လျှို့ဝှက်ချက်တွေကို အကုန်တူးဖော်ပြီးတဲ့အထိပဲစောင့်နေ သူမက နင်းမုန့်ယောင်ကို သူမကိုဆန့်ကျင်တာရဲ့ရလဒ်ကို ပြပေးလိုက်မယ်...
ပြဿနာရှာတတ်တဲ့ အမေနဲ့သမီးအတွဲက ဘာတွေကြံစည်နေလဲဆိုတာ နင်းမုန့်ယောင်ကတော့မသိပေ။သူမက သူမရဲ့ပန်းထိုးထည်ပေါ်က ပုံစံတွေကိုပဲ ပြန်လည်ပြင်ဆင်နေခဲ့သည်။
ယန်ရှိုးအာက ရည်ရွယ်ချက်ရှိရှိနဲ့ နင်းမုန့်ယောင်ကို ရက်အနည်းငယ်လောက်ပစ်ပယ်ထားပြီး သူမကို အချိန်တော်ကြာအောက် သွားမရှာခဲ့ပေ။ဒီနေ့တော့ ယန်ရှိုးအာရဲ့မျက်နှာတစ်ခုလုံးကအပြုံးတွေပြည့်နေပြီးတော့ သူမရဲ့ပန်းထိုးပစ္စည်းတွေကိုယူကာ နင်းမုန့်ယောင်ဆီကိုလာခဲ့သည်။
တံခါးကနေဝင်လိုက်ပြီး နင်းမုန့်ယောင်ကလေးတွေကို စာသင်နေတာကိုမြင်လိုက်ရတာကြောင့် သူမက မကျေမနပ်ဖြစ်သွားတယ်။
"မုန့်ယောင် နင်ဘာလုပ်နေတာလဲ?ဒီနားလာလေ အတူတူပန်းထိုးကြရအောင်"
နင်းမုန့်ယောင်က ယန်ရှိုးအာကို အရူးတစ်ယောက်လိုကြည့်လိုက်သည်။သူမ ဒီနေ့အထိဘယ်လိုများကြီးလာတာပါလိမ့်?အရမ်းတုံးတာပဲ...
အဲ့ဒီအချိန်မှာ နင်းမုန့်ယောင်က ကလေးတွေကို စာအုပ်ဘယ်လိုဖတ်ရမလဲဆိုတာ သင်ပေးနေတာဖြစ်ပြီး စကားလုံးတွေမှတ်တတ်အောင်သင်ပေးနေတာဖြစ်သည်။ဘာမှလုပ်စရာမရှိတဲ့ ရွာသားတွေကလည်း လာပြီးတော့နားထောင်ကြသည်။ဒါပေမယ့် သူတို့က အပြင်မှာငြိမ်ငြိမ်လေးရပ်ပြီးနားထောင်ကြတာဖြစ်သည်။
ဒါပေမယ့် ဘယ်လိုကံလဲကြည့်ပါဦး ယန်ရှိုးအာက သူမလာတာနဲ့ နင်းမုန့်ယောင်ကလေးတွေကိုစာသင်နေတာကိုဖြတ်ခိုင်းပြီး ကလေးတွေရဲ့စာလုံးတွေသင်နေတဲ့ကိစ္စကိုဘေးချထားပြီး သူမနဲ့အတူပန်းထိုးစေချင်နေတယ်??ဒါက သူတို့ကလေးတွေရဲ့ကိစ္စကြီးကိုနှောင့်နှေးအောင်လုပ်တာပဲ......
အပြင်ဘက်မှာ နင်းမုန့်ယောင်ရဲ့သင်ခန်းစာကိုနားထောင်နေတဲ့ အမျိုးသမီးတွေက မကြိုက်တော့ဘဲ အထဲဝင်လာကာ ယန်ရှိုးအာကိုပျော်ပျော်ကြီးကြည့်ပြီး ပြောလိုက်သည်။
"မိန်းကလေးရှိုးအာ အချိန်တွေလည်းကြာနေပြီလေ မုန့်ယောင်ကနေ့ခင်းဆိုရင် ကလေးတွေကို စာသင်ပေးနေကျဆိုတာ မင်းသိထားသင့်တယ်မလား။မင်းက သူ့ကိုကိစ္စတွေကိုဘေးချပြီး မင်းကိုအဖော်ပြုခိုင်းတော့ မင်းရဲ့ကိစ္စက ကလေးတွေစာသင်တာထက်ပိုအရေးကြီးတယ်ထင်နေတာလား?"
"အဲ့ဒါမှန်တယ် ကလေးတွေကကြိုးကြိုးစားစားစာသင်နေတာမင်းမမြင်ဘူးလား?မင်းကဒီနေရာကိုပြဿနာရှာဖို့ရောက်လာတာလား?"
"ကျွန်မ....ကျွန်မ...."
ယန်ရှိုးအာက ရွာသားတွေဆီကနေ ဖိနှိပ်ခံနေရပြီး သူမမျက်နှာက ရုပ်ဆိုးလာကာ နင်းမုန့်ယောင်ကိုလှမ်းကြည့်လိုက်ပေမယ့် နင်းမုန့်ယောင်ရဲ့အကြည့်က သူမကိုကြည့်နေကျပုံစံအတိုင်း ဘာမှမသက်ဆိုင်တဲ့လူတစ်ယောက်လိုကြည့်နေတာဖြစ်သည်။
"အားလုံးပဲ ဒေါသမထွက်ကြပါနဲ့ ကျွန်မတို့ဆက်သင်ရအောင်"
နင်းမုန့်ယောင်က သူမပါးစပ်ကိုဖွင့်ကာ ဒေါသထွက်နေကြတဲ့အမျိုးသမီးတွေကို စိတ်လျှော့ခိုင်းလိုက်ပြီး အဲ့ဒီနောက်တော့ ယန်ရှိုးအာကိုကြည့်လိုက်သည်။
"နင်ငြိမ်ငြိမ်လေးနေမယ်လို့ငါမျှော်လင့်တယ်"
စကားပြောပြီးတာနဲ့ ကလေးတွေကိုကြည့်ကာ သူတို့ကို ဖတ်လက်စ စာမျက်နှာကိုလှန်ခိုင်းပြီး စာဆက်သင်နေချိန်မှာတော့ ယန်ရှိုးအာရဲ့မျက်နှာက နီရဲနေပြီဖြစ်သည်။
အချိန်ကစောနေသေးတာကြောင့် နင်းမုန့်ယောင်က ကလေးတွေကို စာလုံးအချို့သင်ပေးလိုက်ပြီး အဲ့ဒီနောက်တော့ သူတို့ကိုဘယ်လိုရေတွက်ရမယ်ဆိုတာသင်ပေးတာ နေ့လယ်ရောက်တဲ့အထိပဲဖြစ်သည်။အဲ့ဒီနောက်မှာမှ ကလေးတွေကိုအိမ်စာပေးလိုက်ပြီး သူတို့ကိုအိမ်ပြန်ခိုင်းလိုက်သည်။
နင်းမုန့်ယောင်ရဲ့ စာသင်တဲ့နည်းလမ်းကို ကလေးတွေက အရမ်းသဘောကျကြသည်။ကျောင်းကိုစာသင်ဖို့သွားပေမယ့် သူတို့တွေက နေ့ခင်းမှာအနားယူပြီး ကစားလို့ရသေးတယ် သူတို့တွေ အရမ်းပျော်ရတယ်။