← Chapters

အခန်း ၂၀

Vol. 1 Ch. 20

အခန်း ၂၀

Vol. 1 Ch. 20

Chapter 20

ကလေးတွေထွက်သွားပြီးတဲ့အထိစောင့်ပြီးတဲ့နောက်မှာတော့ နင်းမုန့်ယောင်က ခြံထဲက စားပွဲခုံတွေနဲ့ကုလားထိုင်တွေကိုသိမ်းလိုက်သည်။ယန်ရှိုးအာက နင်းမုန့်ယောင် သူမကိုလျစ်လျှူရှုထားတာမြင်တဲ့အခါမှာ စိတ်တိုလာခဲ့သည်။သူမက နင်းမုန့်ယောင်ဆီကိုလျှောက်သွားပြီး နင်းမုန့်ယောင်မြေကြီးပေါ်မှာခေါက်သိမ်းထားတဲ့ စားပွဲနဲ့ထိုင်ခုံတွေကို လွှင့်ပစ်လိုက်သည်။

"နင်းမုန့်ယောင် နင်ကဘာသဘောလဲ?နင်က ငါအရူးလုပ်ခံနေရတာကို ပျော်နေတာလား?"

ယန်ရှိုးအာကို နင်းမုန့်ယောင်ကို ဒေါသတကြီးလက်ညှိုးထိုးပြီးပြောလိုက်သည်။

ရွာထဲက ဘယ်သူကမှ မြို့မှာဘာဖြစ်ခဲ့လဲဆိုတာ မသိကြတာမလို့ သူမက ဘာမှမဖြစ်သလိုနေလို့ရတယ်။ဒါပေမယ့် ရွာထဲမှာတော့ သူမက ဘယ်လိုလုပ်နေလို့ရမှာလဲ??အဲ့ဒီလူတွေက သူတို့ရွာပြန်ရောက်ရင် ဒီအကြောင်းကိုလျှောက်ပြောတော့မယ်ဆိုတာ သူမသေချာသိတယ်။

နင်းမုန့်ယောင်က သူမကိုယ်ကိုယန်ရှိုးအာဘက်ကိုလှည့်ပြီးကြည့်လိုက်သည်။သူမမျက်နှာကတည်ငြိမ်နေပြီး ဒေါသထွက်နေတဲ့အရိပ်အယောင်မတွေ့ရပေ။ဒါပေမယ့် အဲ့ဒါက ယန်ရှိုးအာကို ကြက်သီးထသွားစေသည်။

"ငါက အနိုင်ကျင့်ခံရဖို့လွယ်တဲ့ပုံပေါက်နေလား"

"ငါ.....မုန့်ယောင်.....ငါ မဟုတ်ဘူး......."

ယန်ရှိုးအာရဲ့ မသိစိတ်ကရှင်းပြဖို့ကြိုးစားလိုက်သည်။

နင်းမုန့်ယောင်က လှောင်ပြုံးပြုံးလိုက်ပြီး ခါးကုန်းကာ မြေကြီးပေါ်က စားပွဲနဲ့ကုလားထိုင်တွေကိုကောက်လိုက်သည်။

"ဒါပြီးရင် နင့်ကိုငါ့အိမ်မှာမမြင်ချင်တော့ဘူး နားလည်လား?"

ယန်ရှိုးအာရဲ့မျက်နှာကဖြူဖျော့သွားသည်။

"မုန့်ယောင် ငါနင့်ကိုစိတ်ဆိုးအောင်လုပ်မိဖို့ တကယ်မရည်ရွယ်ပါဘူး"

"ယောင်ယောင်ရေ ငါနင့်ကိုလာရှာတာ"

ရန်လဲ့လဲ့က သူမရဲ့ပန်းထိုးပစ္စည်းတွေကိုယူကာ အထဲကိုပြေးဝင်လာခဲ့ပြီး ယန်ရှိုးအာရဲ့မျက်နှာကဖြူဖျော့နေကာ နင်းမုန့်ယောင်ရဲ့လက်ကိုဆွဲထားတာမြင်လိုက်ရသည်။

ယန်ရှိုးအာကို မသင်္ကာသလိုကြည့်ပြီး ထူးဆန်းနေလို့မေးလိုက်သည်။

"ယောင်ယောင် သူကဘာဖြစ်တာလဲ"

"ဘာမှမဟုတ်ပါဘူး။ယန်ရှိုးအာ နင်ငါ့စကားတွေကိုမှတ်ထားမယ်လို့မျှော်လင့်ပါတယ်"

ပြောပြီးတာနဲ့ နင်းမုန့်ယောင်က စားပွဲနဲ့ကုလားထိုင်တွေကိုပြန်စီတော့သည်။

ရန်လဲ့လဲ့က ဒါကိုမြင်တဲ့အခါမှာ သူမရဲ့ပန်းထိုးခြင်းကိုဘေးချပြီး နင်းမုန့်ယောင်ကို ကူပြီး စားပွဲနဲ့ကုလားထိုင်တွေသိမ်းပေးလိုက်သည်။

သူတို့တွေ စားပွဲနဲ့ကုလားထိုင်တွေသိမ်းနေတုန်းမှာ ယန်ရှိုးအာက ရန်လဲ့လဲ့ရဲ့ပန်းထိုးခြင်းထဲကပစ္စည်းတွေကိုမြင်သွားသည်။အဲ့ဒီဟာတွေက အရွယ်အစားကြီးမားပြီး ခေါင်းအုံးဖုံးတွေနဲ့ မန်ဒရင်းဘဲခေါင်းအုံးဖုံးတွေကိုမြင်တဲ့အခါမှာ ယန်ရှိုးအာရဲ့မျက်နှာက စက္ကန့်ပိုင်းအတွင်းကို ပြောမပြနိုင်အောင်ကို ရုပ်ဆိုးလာခဲ့သည်။

ဒါတွေအကုန်လုံးက နင်းမုန့်ယောင်ကြောင့်ပဲဖြစ်ရမယ် မဟုတ်ရင် ရန်လဲ့လဲ့ရဲ့ ပန်းထိုးစွမ်းရည်နဲ့ ဒါမျိုးတွေကိုဘယ်လိုလုပ်ထိုးနိုင်မှာလဲ?

မနာလိုမှုနဲ့မုန်းတီးမှုက သူမစိတ်ထဲကြီးထွားလာခဲ့ပြီး ယန်ရှိုးအာက ပန်းထိုးခြင်းထဲကပစ္စည်းတွေကိုတစ်စစီသွားဆွဲယူပြီးလွှင့်ပစ်ချင်တဲ့အထိဖြစ်လာခဲ့တယ်။ဒါပေမယ့် အဆုံးမှာတော့ သူမသည်းခံလိုက်ရတယ်။

နှစ်ယောက်လုံးပစ္စည်းတွေသိမ်းတာကိုစောင့်နေလိုက်ပြီး ထွက်လာတော့ ယန်ရှိုးအာက ရန်လဲ့လဲ့ရဲ့ ပန်းထိုးခြင်းထဲက ချည်ထည်တွေကိုကြည့်လိုက်ပြီး

"နင်ကဒါတွေလုပ်နေတာပေါ့လေ ကြောက်စရာကောင်းတဲ့ပုံစံတွေထွက်လာမှာမစိုးရိမ်ဘူးလား။ပိုက်ဆံပြန်လျော်နေရဦးမယ်"

အရင်တုန်းကဆိုရင်တော့ ရန်လဲ့လဲ့ကသေချာပေါက် စိုးရိမ်ပြီး သူမကိုယ်သူမ ယုံကြည်ချက်ရှိမှာမဟုတ်ပေ။ဒါပေမယ့် အခုကမတူတော့ဘူး။သူမက ယန်ရှိုးအာရဲ့စကားတွေကိုယုံမှာမဟုတ်ဘူး။

"ပိုက်ဆံလျော်တာမလျော်တာက ငါ့ကိစ္စပါ။ငါကနင့်ပိုက်ဆံသုံးနေတာလည်းမဟုတ်ပဲနဲ့ကို"

ရန်လဲ့လဲ့က နှုတ်ခမ်းတွေကိုကွေးလိုက်ပြီး ဟမ့်ခနဲ့လုပ်လိုက်သည်။

ယန်ရှိုးအာရဲ့မျက်နှာအမူအရာပျက်ယွင်းသွားပြီး သူမက ရန်လဲ့လဲ့ကို အံ့အားသင့်စွာကြည့်လိုက်သည်။

အရင်တုန်းက သူမဒါမျိုးတွေပြောရင် ရန်လဲ့လဲ့က သေချာပေါက် စိုးရိမ်ပြီးကြောက်လာတာပါ ဒါပေမယ့် အခုကျတော့ ရန်လဲ့လဲ့က မစိုးရိမ်တဲ့အပြင် သူမ(ယန်ရှိုးအာ)ကိုတောင် ပြန်ငြင်းလိုက်သေးတယ်။

ဘေးမှာရပ်နေတဲ့ နင်းမုန့်ယောင်ကိုကြည့်လိုက်ပြီး ဘာဖြစ်တာလဲဆိုတာ ယန်ရှိုးအာက နားလည်သွားသည်။နင်းမုန့်ယောင်သာ ကူညီရင် ရန်လဲ့လဲ့ကသေချာပေါက်အဲ့ဒါကိုတွေကို ပန်းထိုးနိုင်မှာပဲ။

နင်းမုန့်ယောင်ကို မေးဖို့ ပါးစပ်ဖွင့်လိုက်ချင်ပေမယ့် နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုကြည့်လိုက်သည်။

"လဲ့လဲ့ ဒီနေ့တော့ တောင်ပေါ်သွားပြီး မှိုခူးရအောင် အိမ်မှာကုန်တော့မယ်"

ရန်လဲ့လဲ့က ခေါင်းညိမ့်ပြလိုက်သည်။

"ကောင်းတယ် ငါ့ကိုခဏစောင့်ဦးနော် ငါအိမ်ပြန်ပြီးတော့ငါ့ခြင်းတောင်းသွားယူလိုက်ဦးမယ်"

ရန်လဲ့လဲ့က သူမရဲ့ပန်းထိုးခြင်းကို ကောက်ယူကာ လှည့်ပြန်သွားသည်။

ရန်လဲ့လဲ့ထွက်သွားတဲ့အထိစောင့်ပြီး ယန်ရှိုးအာကနင်းမုန့်ယောင်ကိုကြည့်ကာ သူမပါးစပ်ကိုဖွင့်လိုက်သည်။

"နင်က သူ့ကိုအဲ့ခေါင်းအုံးစွပ်တွေပန်းထိုးဖို့ကူညီနေတာလား"

ယန်ရှိုးအာရဲ့မေးခွန်းကို နင်းမုန့်ယောင်က လျစ်လျှူရှုထားလိုက်သည်။သူမက ပြဿနာရှာဖို့အရမ်းအားနေတာပဲဖြစ်ရမယ်။

နင်းမုန့်ယောင်က သူမကိုလျစ်လျှူရှုထားတာမြင်တော့ သူမထင်တာမှန်တယ်ဆိုတာ ယန်ရှိုးအာကသိသွားပြီး သူမစိတ်ထဲကဒေါသကိုထိန်းချုပ်ကာ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။

"နင်ကငါ့ကိုကျတော့ အဲ့အပ်ထိုးနည်းကိုမသင်ပေးချင်ဘူး ဒါပေမယ့် ရန်လဲ့လဲ့ကျ ပန်းထိုးဖို့ကူညီပေးတယ်။နင်းမုန့်ယောင် နင်ဘာလို့ဒီလိုလုပ်ရတာလဲ"

နင်းမုန့်ယောင်က ပြောစရာစကားကင်းမဲ့သွားပြီး ယန်ရှိုးအာကိုကြည့်လိုက်သည်။ဒီတစ်ယောက်ရဲ့ ဦးနှောက်ထဲကအပေါက်ကတော်တော်ကြီးနေတာပဲဖြစ်ရမယ်။ဒါကြောင့်မလို့လည်း ဒီလို‌အတွေးမျိုးတွေးတာပေါ့......နင်းမုန့်ယောင်က ဘာပြန်ပြောရမယ်မှန်းမသိတော့ပေ။

"လဲ့လဲ့မှာ သူ့လက်တွေရှိတယ် ငါသူ့ကိုကူစရာမလိုဘူး။နင်က ဒီကိုပန်းထိုးဖို့ရောက်လာတာဆိုရင်တော့ တောင်းပန်ပါတယ် ငါတို့ကတောင်ပေါ်သွားတော့မှာမလို့ နင်နဲ့မနေပေးနိုင်ဘူး"

ပြောပြီးတာနဲ့ နင်းမုန့်ယောင်က မီးဖိုချောင်ထဲကိုဝင်သွားပြီး ဟင်းချက်နေလိုက်သည်။သူမက ရန်လဲ့လဲ့လာတာကိုစောင့်နေပြီး ရန်လဲ့လဲ့ကိုအတူစားဖို့ခေါ်လိုက်သည်။အဲ့ဒီနောက်တော့ နှစ်ယောက်အတူတူထွက်သွားကြသည်။

All Chapters