← Chapters

အခန်း ၂၂

Vol. 1 Ch. 22

အခန်း ၂၂

Vol. 1 Ch. 22

Chapter 22

"ကောင်းပြီ မြန်မြန်သွားရအောင် နင့်အစ်ကိုဒဏ်ရာတွေက ကုဖို့နှောင့်နှေးလို့မရဘူး"

နင်းမုန့်ယောင်ကပြုံးပြီး ခေါင်းငြိမ့်ပြကာ အဲ့ဒါကိုစိတ်ထဲမထည့်ထားပေ။သူမ မသိခဲ့တာက ဒီနေ့ပြီး နောက်နေ့ကနေစပြီး ရန်လဲ့လဲ့က သူမပြောတဲ့အတိုင်း နင်းမုန့်ယောင်ကို အမြဲတမ်းကာကွယ်ပေးကာ အမြဲတမ်းနင်းမုန့်ယောင် ဘေးမှာနေပြီး သူမကို ကူညီကာ ကိစ္စအားလုံးကိုဆောင်ရွက်ပေးသည်။

ရန်လဲ့လဲ့ နင်းမုန့်ယောင်ဆီကနေ ပိုက်ဆံချေးတဲ့ ကိစ္စပြီးသွားတဲ့နောက်မှာ ယန်ရှိုးအာ နင်းမုန့်ယောင်ကိုကြည့်တဲ့အကြည့်က ရတနာတစ်ပါးကိုကြည့်နေသလိုဖြစ်သည်။အဲ့ဒီ ဟန်ဆောင်ထားခြင်းမရှိတဲ့အကြည့်က နင်းမုန့်ယောင်ကို အတော်လေး မပျော်မရွှင်ဖြစ်စေသည်။

ယန်ရှိုးအာကိုတစ်ချက်ကြည့်ပြီး နင်းမုန့်ယောင်က သူမရဲ့ပန်းထိုးခြင်းကိုနောက်ပို့ကာ တံခါးကို အေးအေးဆေးဆေးသော့ခတ်ကာ သူမရဲ့ခြံဝင်းထဲမှာရှိနေဆဲဖြစ်တဲ့ ယန်ရှိုးအာကိုကြည့်လိုက်ပြီး အဲ့ဒီနောက် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"နင့်မှာပြောစရာကိစ္စမရှိတော့ဘူးဆိုရင် နင်သွားလို့ရပြီ"

ယန်ရှိုးအာရဲ့ မျက်နှာအမူအရာကတောင့်တင်းသွားပြီး သူမမျက်နှာက ရှက်ရွံ့မှုတွေပြည့်နှက်လာသည်။နင်းမုန့်ယောင်က သူမကို ဒီလိုနှင်ထုတ်တာတဲ့လား....

ဒါပေမယ့် သူမရဲ့ထွက်သွားချင်တဲ့ပုံစံကိုကြည့်ပြီး ယန်ရှိုးအာရဲ့စိတ်ထဲမှာ ဒေါသတွေထူထပ်လာသည် ဒါပေမယ့် သူမဘာမှမပြောနိုင်ဘဲ သူမရဲ့ပန်းထိုးခြင်းကိုသာယူကာ ထွက်သွားရသည်။ဒါပေမယ့် သူမစိတ်ထဲက အကြံအစည်က နည်းနည်းလေးတောင် မလျော့သွားပေ။

ယန်ရှိုးအာထွက်သွားတာကိုကြည့်ပြီး နင်းမုန့်ယောင်က အသာလေးသက်ပြင်းချလိုက်ကာ ယန်ရှိုးအာ သူမကို မနှောင့်ယှက်နိုင်လောက်ပါဘူးဟု မျှော်လင့်ထားလိုက်သည်။

နင်းမုန့်ယောင်က အသားတစ်ချို့နဲ့ အရိုးတွေကိုဝယ်ကာ ရန်လဲ့လဲ့အိမ်ဆီယူသွားခဲ့သည်။သူမရောက်လာတဲ့အခါ သမားတော်က ရန်လဲ့လဲ့အစ်ကိုကို သူ့ဒူးခေါင်းကိုကုသပေးဖို့အတွက် ကူညီနေသည်။

ကုတင်ဘေးမှာ မရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်ရှိနေပြီး အသက်ခြောက်နှစ် ဒါမှမဟုတ် ခုနစ်နှစ်အရွယ်ကလေးတစ်ယောက် ရှိနေသည်။တစ်ချက်ကြည့်ရုံနဲ့တင် သူတို့က ရန်လဲ့လဲ့ရဲ့ ယောင်းမနဲ့ တူလေးဖြစ်တယ်ဆိုတာ သူမသိလိုက်သည်။

"ရန်လဲ့လဲ့ အစ်ကိုကြီးရန်ဘယ်လိုနေသေးလဲ?"

နင်းမုန့်ယောင်က သူမလက်ထဲက ပစ္စည်းတွေကို ရန်လဲ့လဲ့ဆီ လှမ်းပေးကာ ကုတင်ပေါ်ကလူကို တစ်ချက်ကြည့်လိုက်ပြီး ထူးဆန်းစွာမေးလိုက်သည်။

ရန်လဲ့လဲ့က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူမခေါင်းကိုရမ်းလိုက်သည်။

"ငါလည်းအခုချိန်မှာမသိသေးဘူး။သမားတော်ကတော့ ငါ့အစ်ကိုကြီးကို သူ့ဒူးခေါင်းတွေဆက်ပေးဖို့လုပ်နေတာပဲ*

နင်းမုန့်ယောင်က "အင်း" လို့ပြန်ဖြေလိုက်ပြီး သမားတော်ရဲ့ လှုပ်ရှားမှုတွေကိုကြည့်လိုက်သည်။သူမ ဘယ်လိုပဲကြည့်ကြည့် သမားတော်က အတွေ့အကြုံရှိတဲ့ သမားတော်တစ်ယောက် ဖြစ်ပုံမပေါ်ပေ။

ရန်လဲ့လဲ့ကို သူမလက်နဲ့ လှမ်းဆွဲလိုက်ပြီး သူမနားနားကိုကပ်ကာ တိုးတိုးလေးမေးလိုက်သည်။

"လဲ့လဲ့ နင်ဒီသမားတော်ကို ဘယ်ကရှာတွေ့လာတာလဲ?"

"သူက ငါ့အစ်ကိုကြီးအလုပ်လုပ်တဲ့ဆီက သူဌေးကခေါ်ပေးတာ။ပြောတာတော့ မြို့မှာအတော်ဆုံးသမား‌တော်ပဲတဲ့"

ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို သံသယရှိစွာမေးလိုက်သည်။

"ပြဿနာရှိလို့လား?"

"ဟုတ်တယ် သမားတော်က မြို့မှာအတော်ဆုံးသမားတော်ဆိုရင် ဘာလို့ သူကနင့်အစ်ကိုကြီးရဲ့ဒူးကို အခုထိသက်သာအောင် မကုပေးနိုင်ရတာလဲ?ထပ်ပြောရရင် ငါသူလုပ်တာတွေကို လေ့လာကြည့်တာ သူ့လုပ်နေတာတွေက မသွက်လက်ဘူး ဆန့်ကျင်ဘက်ဆိုရင် မြို့ရဲ့အတော်ဆုံးသမားတော်ပုံစံ ဘယ်လိုမှမပေါက်ဘူး"

နင်းမုန့်ယောင်က မျက်ခုံးတွန့်လိုက်ပြီး ရန်လဲ့လဲ့ကိုကြည့်ကာ အဲ့ဒီနောက်ပြောလိုက်သည်။

"ဆန့်ကျင်ဘက်အနေနဲ့ သူက အတွေ့အကြုံမရှိတဲ့ အလုပ်သင်တစ်ယောက်နဲ့တူတယ်"

"တကယ်လား?ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ဒါသာ အမှန်ဆိုရင် အဲ့ဒါဆို ငါ့အစ်ကိုကြီးကပိုဆိုးသွားမှာမဟုတ်ဘူးလား?ဒါမျိုးဖြစ်လို့မရဘူး ငါသူ့ကိုတားရမယ်"

ရန်လဲ့လဲ့က ကြားလိုက်ရတဲ့အခါမှာ ပေါက်ကွဲသွားခဲ့သည်။သူမအခန်းထဲကို ပြန်လှည့်ဝင်သွားတော့မယ့်အချိန်မှာပဲ နင်းမုန့်ယောင်က သူမကိုဆွဲလိုက်သည်။

"နင်ဘာတွေစိုးရိမ်နေတာလဲ?နင်ကအခုစောင့်ကြည့်ထားလိုက် ငါမြို့ကိုသွားပြီး ပေါင်ဟဲထန်က သမားတော်ကို ပင့်လာခဲ့မယ်။မှတ်ထားနော် အရေးတကြီးမဟုတ်ရင် အဲ့သမားတော်ကို နင့်အစ်ကိုဒူးကိုမလှုပ်စေနဲ့"

နင်းမုန့်ယောင်က အစကတော့ တစ်ချက်လောက် လာကြည့်ရုံဆိုပေမယ့် ဘယ်သူကသိနိုင်မှာလဲ သူမသမားတော်အတုကို တွေ့မယ်လို့လေ။

ရန်လဲ့လဲ့ကဒူးတုန်နေပြီး သူမဒါကိုမြင်နိုင်တယ် ဒါပေမယ့် ဒါက သူတို့ပြောသလောက်မပြင်းထန်ပေ။ဒီသမားတော်ကိုသာတကယ် ကုသခွင့်ပေးလိုက်ရင် မပြင်းထန်တဲ့ဒဏ်ရာက ပြင်းထန်သွားမှာကိုတောင်ကြောက်ရသည်။

ရန်လဲ့လဲ့က ခေါင်းငြိမ့်ပြပြီး အခန်းထဲဝင်သွားသည်။နင်းမုန့်ယောင်က နွားလှည်းရှာဖို့ ရွာထဲကိုသွားပြီး အဲ့ဒီနောက် မြို့ကိုသွားကာ အတွေ့အကြုံရှိဆုံး သမားတော်ကိုပင့်ဖိတ်ကာ ပိုင်ရှန်းရွာကို မြင်းလှည်းနှစ်စီးငှား၍အမြန်ပြန်လာခဲ့သည်၊

သူတို့တံခါးပေါက်ကိုရောက်တဲ့အချိန်မှာပဲ နာကျင်တဲ့အော်ဟစ်သံကိုကြားလိုက်ရသည်။အသံကိုကြားလိုက်ပြီး နင်းမုန့်ယောင်က ပြီးပြီဆိုတာသိလိုက်သည်။

"ကျွန်မ သမားတော်လီကို ဒုက္ခပေးရတော့မှာပဲ"

နင်းမုန့်ယောင်က သူမခေါင်းကိုလှည့်ကာ စိုးရိမ်နေတဲ့ လူအိုကြီးကိုကြည့်လိုက်သည်။

သမားတော်လီက ရယ်လိုက်သည်။

"နင်းရှောင်ကျဲက ယဉ်ကျေးနေတာပဲ ငါတို့အထဲကိုမြန်မြန်ဝင်ပြီးကြည့်ရအောင်"

ကုတင်ဘေးမှာရပ်နေတဲ့ ရန်လဲ့လဲ့က မျက်နှာဖြူဖျော့နေတဲ့ ရန်ရိကိုကြည့်ပြီး အဲ့ဒီနောက် ထိတ်လန့်သွားပြီး ဘာမှထပ်မလုပ်ရဲတော့တဲ့ ဆရာဝန်ကိုကြည့်လိုက်ကာ နင်းမုန့်ယောင်ပြောတာကိုပြန်စဉ်းစားပြီး တစ်ဖက်လူကို လက်ညှိုးထိုးကာ ဒေါသတကြီးပြောလိုက်သည်။

"ရှင်က လူယုတ်မာသမားတော်ပဲ!"

သမားတော်က ရန်ရိရဲ့နာကျင်နေတဲ့ပုံစံကိုမြင်တဲ့အခါမှာ သူက ဝိဉာဉ်ခြောက်ခုလွှင့်သွားသလို ထိတ်လန့်ကြောက်ရွံ့နေပြီဖြစ်ပြီး အဲ့ဒီနောက် ရန်လဲ့လဲ့ရဲ့စကားတွေကိုကြားတဲ့အခါမှာ မြေကြီးပေါ်ကိုလဲကျသွားသည်။

"ငါ.....ငါ..."

သူသာ စောစောကသိခဲ့ရင် ဒီလုပ်ငန်းကိုလက်ခံခဲ့မှာမဟုတ်ပေ။အခုတော့ အကုန်လုံးသွားပြီ...

"ရှင် ဘာလဲရှင်က?ကျွန်မရှင့်ကိုပြောမယ် ကျွန်မအကိုသာ နစ်နာရတာတစ်ခုခုဖြစ်သွားကြည့် ရှင့်ကိုတရားရုံတော်ကိုတိုင်ချက်ဖွင့်မယ်။ရှင်မကုနိုင်ပေမယ့် ရှင်ဒီနေရာကနေထွက်သွားပြီး တစ်ခြားလူတွေရဲ့ဘဝကို ပျက်ဆီးစေတယ်"

ရန်လဲ့လဲ့က သူ့ပုံစံကိုကြည့်ကာ နင်းမုန့်ယောင်ပြောတာအမှန်ဆိုတာ သိသွားသည်။သူမ ဒါကို အရမ်းမုန်းတာပဲ။သူမသာ စောစောကသိရင် သူ့ကိုဒါကိုကိုင်တွယ်တာကနေ တားခဲ့မှာ။

ရန်ကျူးရဲ့မိသားစုတစ်ခုလုံးက ရန်လဲ့လဲ့ပြောတာကိုကြားတဲ့အခါမှာ သူတို့ရဲ့မျက်နှာတွေက ဖြူစုတ်လာသည်။သမားတော်က မြို့ရဲ့အတော်ဆုံးသမားတော်မဟုတ်ဘဲ လူမိုက်တစ်ဦးပဲဖြစ်နေတယ်ဆိုတာကို သူတို့နားလည်သွားသည်။

ရန်မိသားစုက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ မသိတဲ့အချိန်မှာ နင်းမုန့်ယောင်က သမားတော်လီကို အထဲခေါ်လာခဲ့သည်။

All Chapters