← Chapters

အခန်း ၂၆

Vol. 2 Ch. 26

အခန်း ၂၆

Vol. 2 Ch. 26

Chapter 26

"သူမလား?ဘယ်လိုလုပ် သူမဖြစ်ရတာလဲ?ဒါမဖြစ်နိုင်ဘူး ငါသူမကိုရှာမှရမယ်။"

ရန်လဲ့လဲ့ကနားထောင်ပြီး စားပွဲကိုရိုက်ကာ မတ်တပ်ရပ်ပြီး ယန်ရှိုးအာကိုရှာဖို့သွားလိုက်သည်။ဒါပေမယ့် နင်းမုန့်ယောင်က တားလိုက်သည်။

ယန်ရှိုးအာကို အခုသွားရှာလိုက်ရင် သူမက သေချာပေါက်ဝန်ခံမှာမဟုတ်ပေ ပြီးတော့ သူမကသေချာပေါက် အပြစ်ရှိတဲ့ပုံစံပြောမှာဖြစ်သည်။ဒါက ဒီလိုဆိုမှတော့ သူမက ယန်ရှိုးအာ ဘယ်လိုလှည့်ကွက်မျိုးတွေနဲ့ လာဦးမလဲဆိုတာ စောင့်ကြည့်ချင်သေးသည်။

"သူမက နင့်ကိုဘာလို့ ဒီလိုဆိုးဆိုးရွားရွားပြောရတာလဲ"

ရန်လဲ့လဲ့ ပြန်ဆွဲထားခံလိုက်ရပြီး အစကတော့မပျော်ရွှင်ပေ ဒါပေမယ့် နင်းမုန့်ယောင်ရဲ့ရှင်းပြတာကိုကြားပြီးတဲ့နောက်မှာတော့ သူမစိတ်ထဲက ဒေါသမီးကို ဖိနှိပ်နေရသည်။

"သူမက အရင်ရက်တွေတုန်းက ငါ့ဆီလာပြီး အိမ်ဆောက်ဖို့ဆိုပြီးတော့ ပိုက်ဆံချေးတယ်လေ။သူက ငါ့ကို လျန်းတစ်ရာချေးစေချင်ပြီး ငါကမချေးလိုက်ဘူး။"

နင်းမုန့်ယောင်က ဘာမှမဖြစ်သလိုပြောလိုက်ပေမယ့် ရန်လဲ့လဲ့ကတော့ နင်းမုန့်ယောင်ကို မျက်လုံးပြူးပြီးကြည့်လိုက်သည်၊

"လျန်းတစ်ရာ! ယန်ရှိုးအာက တကယ်ကြီးဒီလိုတွေးရဲတယ်ပေါ့လေ အာ....သူ့အိမ်ကဆောက်ထားတာ သိပ်မကြာသေးဘူးမလား?သူမက ဘယ်လောက်တောင်ကြီးတဲ့အိမ်ကိုဆောက်ချင်လို့ ဒီလောက်ပိုက်ဆံအများကြီးလိုရတာလဲ?"

သူမက တကယ်ကြီး တွေးရဲတယ်!!?

နင်းမုန့်ယောင်က ပြုံးလိုက်ပြီး နောက်ထပ်ဘာမှဆက်မပြောပေ။သူမ မတွေးရဲတာလား??

နင်းမုန့်ယောင်က တိတ်နေခဲ့တာကြောင့် ကောလဟာလကပိုပြီး မြန်မြန်ပျံ့လာပြီး အခုဆို နင်းမုန့်ယောင်ရဲ့အိမ်မှာ စာသင်ဖို့ရောက်လာတဲ့ကလေးတွေက မုလေး၊ရန်ကျီ အပါအဝင် ခြောက်ယောက် ခုနစ်‌ယောက်လောက်ပဲရှိတော့ပြီး ကျန်ကလေးတွေက ရွာထဲက ဆင်းရဲနွမ်းပါးတဲ့မိသားစုကဖြစ်ကြသည်။

သူတို့ကနေ့တိုင်း စာကိုလိုလိုချင်ချင်လာသင်ကြပြီး တစ်နေ့တော့ လင်အာရဲ့မျက်နှာတစ်ခုလုံးကရှုပ်ထွေးနေပြီး ပြောလိုက်သည်။

"မမ အပြင်ကလူတွေကဘာလို့ မမ မကောင်းကြောင်းတွေပြောနေရတာလဲ"

သူတို့က နင်းမုန့်ယောင်နဲ့အရင်းနှီးဆုံးလူတွေဖြစ်ပြီး ဒီနေရာမှာဆိုရင် ရန်လဲ့လဲ့ကလွဲပြီး တစ်ခြားလူကိုမတွေ့ရပေ၊ယောကျာ်းဆိုတာမပြောနဲ့တော့။ဒါပေမယ့် အပြင်ဘက်မှာတော့ ကောလဟာလတွေက ဒီလိုပျံ့နေသည်။

"ပါးစပ်က လူတွေကိုယ်ပေါ်မှာပဲရှိတယ်။သူတို့တွေက ပြောချင်နေမှတော့ မမက သူတို့ကိုမတားတော့ဘူးလေ"

နင်းမုန့်ယောင်က သူမလက်ထဲကစာအုပ်ကိုအောက်ချကာ ပြောလိုက်သည်။

မုလေးက မပျော်ရွှင်တဲ့မျက်နှာနဲ့ကြည့်ပြီးပြောလိုက်သည်။

"ဒါပေမယ့် ကလေးတွေရဲ့အမေတွေကလည်း မမအကြောင်းမကောင်းတာတွေပြောကြတယ်။ကလေးတွေ စာသင်ဖို့မလာတော့တာက မုလေးကိုမပျော်မရွှင်ဖြစ်သေတယ်။ဒါက သူတို့ကသေချာပေါက် မမသင်ပေးထားတဲ့ အကြင်နာတရားနဲ့သီလရှိတာကိုမေ့ပစ်ကြတာပဲ"

နင်းမုန့်ယောင်က သူမ‌လက်ဆန့်ထုတ်ကာ မုလေးခေါင်းကိုပွတ်လိုက်ပြီး စိတ်ရင်းကောင်းကောင်းနဲ့ပြောလိုက်သည်။

"လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်တွေရှိတယ် ပြီးတော့ တစ်ချို့အရာတွေက သူ့ဘာသာပဲပြေလည်သွားလိမ့်မယ်။မမဘယ်တုန်းကမှ မလုပ်ခဲ့တဲ့အရာက ဘယ်တုန်းကမှမလုပ်ဖူးလို့ပဲ။မမအကြောင်းပြောတဲ့ တစ်ခြားလူတွေကိုတော့ မမက ဂရုမစိုက်ပါဘူး"

လင်အာက နားမလည်သေးပေ။

"ဘာလို့လဲ"

"ပိုင်ရှန်းရွာကလူတွေရဲ့ပါးစပ်ပေါက်တွေကအများကြီးပဲလေ ပြီးတော့ သူတို့တစ်ယောက်ချင်းဆီတိုင်းက မမအကြောင်းကိုပြောနေကြပြီး မမက သူတို့ကိုသွားပြီးဒေါသထွက်ရင် မမရဲ့နေ့စဉ်ဘဝကိုပဲအနှောင့်အယှက်ဖြစ်လိမ့်မယ်။"

သူမက ဒေါသထွက်ချင်ရင်တောင်မှ အဲ့ဒီ ကောလဟာလကိုပဲနားထောင်တဲ့ရွာသားတွေကို လုပ်မှာမဟုတ်ပေ။ဒါပေမယ့် ပြဿနာကိုနားယောင်မိတဲ့အနေနဲ့ နောင်တရအောင်လုပ်မှာဖြစ်ပြီး အခုက အချိန်မတန်သေးပေ။

လင်အာနဲ့ကလေးတွေက နင်းမုန့်ယောင်ကိုကြည့်လိုက်ကြပြီး သူမစကားလုံးတွေရဲ့အဓိပွာယ်ကိုစဉ်းစားနေကြသည်။သူတို့သာဆိုရင် ဒေါသထွက်ပြီးရင်းထွက်မှာပဲ သူတို့က အဲ့ဒီလူနဲ့အကျယ်ကြီးရန်ဖြစ်မှာ။အဆက်မပြတ် ရန်တွေ့ဒေါသထွက်တာက သူတို့ရဲ့ဘဝတွေကို ရှုပ်ယှက်ခတ်သေလိမ့်မည်။

"မမ သားအခုနားလည်ပြီ"

"ကောင်းတယ် ဒါဆို မမမင်းတို့ကိုပေးထားတဲ့ တွက်ရမှာကို သေချာကြည့်"

နင်းမုန့်ယောင်က ကလေးတွေကို စာသင်နေတဲ့အချိန်မှာ ပိုင်ရှန်းရွာသားအများစုက ရန်ကျူးရဲ့အိမ်ထဲမှာ စုဝေးနေကြသည်။

"ရွာသူကြီး ကျွန်တော်တို့ နင်းမုန့်ယောင်လိုမိန်းမမျိုးကို ရွာမှာနေခိုင်းမယ်ဆိုရင် ဒါက ငါတို့ရွာရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်တယ်။"

လူအုပ်ထဲက တစ်ယောက်က ဒေါသတကြီးပြောလိုက်သည်။

"မင်းပြောတာမှန်တယ်!ငါတို့ရွာက ဘယ်လိုလုပ် သူမလို အရှက်မဲ့တဲ့လူမျိုးရှိနေရတာလဲ?"

သူတို့တစ်ယောက်ချင်းဆီက တစ်ယောက်တစ်မျိုးပြောကြပြီး သူတို့စကားတွေက သံသယဝင်စရာမလိုအောင်ကို နင်းမုန်ယောင်ကို ရွာကနေ မောင်းထုတ်ခိုင်းနေတာဖြစ်သည်။

ရန်ကျူးက သူတို့ကိုကြည့်လိုက်ပြီး သူတိူ့ပြောတာစောင့်ကာ လုံလောက်ပြီဆိုမှ သူကပြောလိုက်သည်။

"မင်းတို့အားလုံးပြောလို့ပြီးပြီလား"

လူအုပ်ကအဲ့ဒါကိုကြားပြီး တစ်ခုခုမှားနေသလို ခံစားရကာ ရန်ကျူးကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်ကြသည်။

"မင်းတို့အားလုံးပြောပြီးပြီဆိုတော့ အခုငါ့အလှည့်ပဲ။မင်းတို့က ပြောတယ်နော် မိန်းကလေးမုန့်ယောင်က ငါတို့ရွာရဲ့သိက္ခာကိုထိခိုက်စေတယ်လို့ ဒါဆို ငါမင်းတို့ကိုမေးမယ် သူမကဘာလုပ်လို့လဲ?သူမနဲ့ အဲ့ဒီသူစိမ်းယောကျာ်းအဆက်အသွယ်လုပ်နေတယ်ဆိုတာကို ဘယ်သူမြင်လဲ?"

ရန်ကျူးက သူတို့ကို အေးအေးဆေးဆေးကြည့်ကာ သူ့ပါးစပ်ကိုအသာလေးဖွင့်ပြီး မေးလိုက်သည်။

လူအုပ်ကြီးက ရန်ကျူးရဲ့မေးခွန်းကိုကြားပြီး အနည်းငယ် ကြောင်အသွားကြသည်။

နင်းမုန့်ယောင် ပိုင်ရှန်းရွာကိုလာတဲ့အချိန်ထဲက သူမက ရွာထဲမှာ တစ်ခုခုလုပ်ဖို့လာခဲသည်။ကလေးတွေ သူမအိမ်ကိုသွားပြီး စာသွားသင်တဲ့အခါ သူမအိမ်ကိုလာကြည့်တဲ့ လူအုပ်ကမနည်းပေ ပြီးတော့ သူမအိမ်ထဲမှာ သူစိမ်းယောကျာ်းဆိုတာလည်း မတွေ့ရပေ။ဒါဆို.......

All Chapters