← Chapters

အခန်း ၂၇

Vol. 2 Ch. 27

အခန်း ၂၇

Vol. 2 Ch. 27

Chapter 27

လူအုပ်ကြားထဲမှာ ပုန်းနေတဲ့ ယန်ရှိုးအာက တွေဝေသွားပြီး ခဏနေတော့ ပြောလိုက်သည်။

"အဲ့လိုမဟုတ်ဘူးဆိုရင် သူမကဘယ်ကနေ အဲ့လောက်ပိုက်ဆံအများကြီးရတာလဲ"

ယန်ရှိုးအာပြောတာကိုကြားတော့ လူအုပ်ကြီးရဲ့အမြင်က သူမဘက်မှာရပ်တည်လိုက်ကြပြီး ဒါကိုမြင်တော့ ယန်ရှိုးအာက ခပ်ချေချေပြောလိုက်သည်။

"သူမက အရင်တုန်းက ရန်လဲ့လဲ့ကို လျန်းငါးဆယ်ကို အလွယ်လေးချေးလိုက်တာလေ သူမက မိဘမဲ့တစ်ယောက်လေ အဲ့လောက်ပိုက်ဆံအများကြီးဘယ်ကနေရတာလဲ?"

လျန်းငါးဆယ်ဆိုတဲ့စကားက လူတိုင်းကို ထိတ်လန့်သွားစေသည်။လူတိုင်းရဲ့ အကြည့်တွေက နင်းမုန့်ယောင်ဆီကို ကျရောက်သွားပြီး သူတို့မျက်လုံးတွေက သိချင်စိတ်တွေပြည့်နှက်နေသည်။

နင်းမုန့်ယောင်စကားပြောတာကိုမစောင့်ဘဲ ရန်လဲ့လဲ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"နင်ကိုယ်တိုင်ကလုပ်နိုင်စွမ်းမရှိတာနဲ့ပဲ တစ်ခြားလူတွေမလုပ်နိုင်ဘူးလို့ထင်နေတာလား?ယောင်ယောင်ရဲ့ပန်းထိုးလုပ်ငန်းအကြောင်းကို နင်ရှင်းရှင်းလင်းလင်းအသိဆုံးမဟုတ်ဘူးလား"

ယန်ရှိုးအာရဲ့မျက်နှာကချက်ချင်းဖြူဆုတ်သွားသည်။သူမက နင်းမုန့်ယောင်ရဲ့ပန်းထိုးလက်ရာဘယ်လောက်ကောင်းတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိတယ် ဒါပေမယ့် သူ့ရဲ့ပန်းထိုးတာ‌ကနေ အဲ့ဒီပိုက်ဆံတွေအကုန်လုံးရတာဖြစ်နိုင်ပါ့မလား?

"ဟမ် အဲ့တော့ဘာဖြစ်လဲ?သူ့ရဲ့ပန်းထိုးတာကပိုတော်နေရင်တောင်မှ ပန်းထိုးထည်တွေကို ရောင်းတာ ဘယ်လောက်ရမှာမလို့လဲ"

ယန်ရှိုးအာက သူမကိုယ်သူမ အခိုင်အမာယုံကြည်ပြီး မကျေမနပ်ပြောလိုက်သည်။

ယန်ရှိုးအာက ခဏလောက် အသက်ရှူလိုက်ပြီး ဆက်ပြောချင်သေးတယ် ဒါပေမယ့် ယန်ရှိုးအာကိုအသာလေးကြည့်နေတဲ့ နင်းမုန့်ယောင်က ကြားဖြတ်ပြောလိုက်သည်

"နင့်မှာ နောက်ထပ် သွားပုတ်လေလွင့်ပြောစရာတွေရှိသေးရင် ဒုက္ခနည်းအောင်လို့ တစ်ခါတည်းပြီးအောင်ပြော"

"နင်းမုန့်ယောင် နင်သိပ်ပြီးမောက်မာမနေနဲ့"

ယန်ရှိုးအာက နင်းမုန့်ရဲ့လှပတဲ့မျက်လုံးတွေကနေ သူမကို ပေါ့ပေါ့လေးကြည့်နေတာခံရတာ တကယ့်ကိုမုန်းသည်။ဒါက သူမကပဲ အကြောင်းရင်းမရှိ ပြဿနာရှာတဲ့လူလို့ ထင်စေနိုင်သည်။

နင်းမုန့်ယောင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ငါက မောက်မာတာလား?ငါကနင့်ကို ပိုက်ဆံချေးဖို့ငြင်းလိုက်တာနဲ့ပဲ နင်ကဒီလိုမျိုးငါ့ကိုအပုတ်ချတယ်ပေါ့လေ?ငါလဲ့လဲ့ကိုပိုက်ဆံချေးလိုက်တာက ငါသူ့ကိုယုံလို့ ပြီးတော့ ဦးလေးရန်တို့မိသားစုကလည်းတကယ်လိုနေတာလေ ဒါပေမယ့် ငါကနင့်ကိုဘာလို့ပိုက်ဆံချေးပေးရမှာလဲ?"

လူအုပ်ကြီးက ဒါကိုကြားတဲ့အခါမှာ လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။အဲ့ဒီ ကောလဟာလတွေနဲ့ အတင်းအဖျင်းတွေက ယန်ရှိုးအာဆီကနေစလာခဲ့တာလား?ပြီးတော့ နင်းမုန့်ယောင်က သူမကိုပိုက်ဆံမချေးလို့ပေါ့လေ?

ဒါက တအားကို ယုတ်မာတာမဟုတ်ဘူးလား?

"ငါ...ငါလည်းလိုတာပဲလေ။နင်ကဘာလို့ ငါ့ကိုနည်းနည်းလေးတောင်မချေးရတာလဲ?"

ယန်ရှိုးအာက လူတွေရဲ့အကြည့်ကြောင့် ဒေါသထွက်လာခဲ့ပြီး မသိလိုက်ပဲ ပါးစပ်ကဖွင့်ပြောမိသွားကာ အဲ့ဒီနောက် သူမရဲ့မျက်နှာက ဖြူဆုတ်သွားသည်။

သူမဒီလိုပြောလိုက်တာက တစ်ခြားလူတွေကို ကောလဟာလတွေက သူမဆီကနေထွက်လာတယ်လို့ ဝန်ခံလိုက်တာနဲ့ အတူတူပဲမဟုတ်ဘူးလား?

"ဟက် နင်လည်းလိုတာပေါ့လေ?အိမ်ဆောက်ဖို့လား?လျန်းတစ်ရာချေးတာလေ?ငါလေ နင့်မိသားစုကို တကယ်ပဲမေးကြည့်ချင်လိုက်တာ ဘယ်လောက်တောင်ကြီးတဲ့အိမ်ကိုဆောက်မှာမလို့ လျန်းတစ်ရာတောင်လိုရတာလဲလို့ ပြီးတော့ ငါနင့်ကိုပိုက်ဆံချေးတာ မချေးတာက ငါ့စိတ်ခံစားချက်မလို့ အဲ့ဒါကအဆင်ပြေတယ်"

"ဘယ်လို?ယန်ရှိုးအာ နင်ကတော်တော်လေးကိုအရှက်မရှိတာပဲ"

ရန်လဲ့လဲ့က အံ့ဩသွားပြီး ယန်ရှိုးအာကို မယုံနိုင်စွာကြည့်လိုက်သည်။

လူအုပ်ကြီးက ယန်ရှိူးအာကို မျက်လုံးပြူးတွေနဲ့ကြည့်နေကြပြီး သူမရဲ့ထိတ်လန့်နေတဲ့ပုံစံကနေ စောနက နင်းမုန့်ယောင်ပြောသွားတာတွေအားလုံးက အမှန်ပဲဆိုတာ သဘောပေါက်သွားကြသည်၊ယန်ရှိုးအာက တကယ့်ကိုပြောရဲတာပဲ။

မိသားစုတစ်ခုက တစ်နှစ်ကို အိမ်တစ်လုံးဆောက်ဖို့ လေးလျန်းကနေငါးလျန်းလောက်ပဲလိုတာ ဒါပေမယ့် သူမက လျန်းတစ်ရာလိုချင်တယ်။တစ်ဖက်လူက သူမကို ပိုက်ဆံမချေးချင်တာ မထူးဆန်းတော့ပါဘူး။ဘာကို ယုံကြည်ပြီးတော့ သူမကိုချေးပေးလိုက်ရမှာလဲ?

ဒါက ပိုက်ဆံကိုမီးရှို့တာ‌တောင်မဟုတ်ဘူး ဒါပေမယ့် အခုကျ တစ်ဖက်လူက သူမကိုပိုက်ဆံမချေးတာနဲ့ပဲ အဲ့ဒီလူရဲ့ပုံရိပ်ကို သူမက ဖျက်ဆီးပစ်လိုက်သည်။

ရန်ကျူးနဲ့ကျန်တဲ့လူတွေက လုံလုံလောက်လောက်ဆွေးနွေးခဲ့ကြပြီး အဲ့ဒီနောက် သူတို့ကပြောလိုက်သည်။

"ဒါက တကယ်ပဲ နားလည်မှုလွဲနေတာကိုမြင်တော့ မိန်းကလေးရှိုးအာ မင်းကမှားတဲ့လူပဲ။မိန်းကလေးမုန့်ယောင်က မင်းကိုပိုက်ဆံမချေးဘူးဆိုရင်တောင်မှ မင်းဒီလိုမျိုးလုပ်လို့မရဘူး။သူမသာ အလေးအနက်ထားရင် ဒါဆို မင်းကို သူမက တရားရုံးကိုပို့ပစ်လိုက်လို့ရတယ်"

ယန်ရှိုးအာက တရားရုံးအပို့ခံရမယ်ဆိုတဲ့ စကားကိုကြားတဲ့အခါမှာ ထိတ်လန့်လာပြီး ချက်ချင်း အသနားခံတော့သည်။

"မုန့်ယောင် ငါသိပါတယ် ငါမှားသွားပါတယ် ငါ့ကိုတရားရုံးတော့မပို့ပါနဲ့နော် ငါနင့်ကိုတောင်းပန်ပါတယ်"

နင်းမုန့်ယောင်က ယန်ရှိူးအာဆွဲထားတဲ့ သူမလက်ကို ပွတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ဒါပြီးရင် ငါ့အိမ်ကို ထပ်မလာနဲ့တော့"

ပြောပြီးတဲ့နောက်မှာတော့ သူမက လူတွေရဲ့တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ထွက်လာခဲ့သည်။

ရန်လဲ့လဲ့က ယန်ရှိူးအာကို ဒေါသတကြီးစိုက်ကြည့်ပြီး နင်းမုန့်ယောင်နောက်ကို ပြေးလိုက်သွားသည်။

နင်းမုန့်ယောင်ထွက်သွားတာကို စောင့်ပြီးတဲ့နောက်မှာ အရင်က နင်းမုန့်ယောင်ဆီမှာ စာသင်နေတဲ့ သူတို့ကလေးတွေကို ပြန်ခေါ်ထားခဲ့တဲ့မိဘတွေက သူတို့ရဲ့အတွေးတိမ်တာကြောင့် နောင်တရနေပြီး မကောင်းဘူးလို့ခံစားနေရသည်။

"ယန်ရှိုးအာ နင်ကမိန်းမတစ်ယောက်ပါ။နင့်မှာ ဘယ်လိုလုပ် ဒီလို ရက်စက်တဲ့စိတ်ထားရှိရတာလဲ?အဲ့ဒီလူက နင့်ကို ပန်းထိုးလည်းသင်ပေးတာကို နင်က သူမရဲ့ဂုဏ်သိက္ခာကိုဒီလိုဖျက်ဆီးပစ်လိုက်တယ်။အမှန်တကယ်ကြီးကို ရက်စက်တဲ့စိတ်ထားရှိတာပဲ"

ကောလ‌ဟာ‌ဟာလကြောင့် လူနည်းနည်းလေးတောင်မဟုတ်ဘဲ သူတို့ကလေးတွေကို ပြန်ခေါ်ထားခဲ့ကြတာဖြစ်ပြီး သူတို့က အံကြိတ်ကာ ယန်ရှိုးအာကို စိုက်ကြည့်နေကြသည်။

All Chapters