အခန်း ၂၈
Vol. 2 Ch. 28
Chapter 28
သူမကြောင့်သာမဟုတ်ဘူးဆိုရင် သူတို့ကဘယ်လိုလုပ် သူတို့ကလေးတွေကို ပြန်ခေါ်ထားပါ့မလဲ?အခု နင်းမုန့်ယောင်ကိုကြည့်ရတာ သူတို့ကလေးတွေကို ဆက်ပြီးစာသင်ပေးချင်တဲ့ပုံမပေါ်တော့ဘူး။ဒါကိုတွေးမိလိုက်တော့ သူတို့ကနောင်တရသွားကြသည်။သူတို့သာ စောစောကသိခဲ့ရင် သူတို့ယောကျာ်းတွေရဲ့ စကားကိုနားထောင်မှာဖြစ်ပြီး ဒါဆို ဒီလို အခြေအနေကို ကျရောက်မည်မဟုတ်ပေ။
ယန်ရှိုးအာက သူမရှေ့ကမြင်ကွင်းကိုမြင်တော့ အနည်းငယ် တုန်လှုပ်သွားသည်။လူတိုင်းက သူမကို ကျိန်ဆဲနေကြပြီးတော့ သူတို့အားလုံးက သူမကို ရက်စက်တဲ့မိန်းမလို့မှတ်ယူသွားကြသည်။သူမယုံတယ် ဒီနေ့ကနေစပြီး သူမရဲ့ ပုံရိပ်က အကုန်လုံးကို တစ်နေ့ပြီးတစ်နေ့ပျံ့သွားပြီး သူမ လူကောင်းတစ်ယောက်ကိုရှာပြီး လက်ထပ်ချင်ရင်တောင်မှ ခက်ခဲလိမ့်မယ်။
အမုန်း ဒါက နင်းမုန့်ယောင်ပေါ်မှာ ထားတဲ့ ယန်ရှိုးအာရဲ့ တစ်ခုထဲသော ခံစားချက်ပဲ။ဒါတွေအကုန်လုံး နင်းမုန့်ယောင်လုပ်လို့ပဲ သူမ(နင်းမုန့်ယောင်)သာ အဲ့ဒါတွေကို ထုတ်မပြောဘူးဆိုရင် သူမ(ယန်ရှိုးအာ)လည်း ဒီလိုအခြေအနေဖြစ်မှာမဟုတ်ပေ။
ရန်လဲ့လဲ့က နင်းမုန့်ယောင်နောက်ကနေအိမ်ကိုလိုက်သွားပြီး ဒေါသတကြီးပြောလိုက်သည်။
"ယန်ရှိုးအာက ဘယ်လိုလုပ်ဒါမျိုးလုပ်ရတာလဲ!နင်က သူ့ကို ပန်းထိုးတောင်သင်ပေးထားတာကို!"
"ငါစိတ်မဆိုးပါဘူး နင်ကဘာလို့စိတ်ဆိုးနေတာလဲ"
နင်းမုန့်ယောင်က သူမခေါင်းကိုမော့ကာ ရန်လဲ့လဲ့ကိုကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
နင်းမုန့်ယောင်က ဘယ်ကိစ္စကိုမှ စိတ်ထဲမထည့်ဘူးဆိုပြီး ရန်လဲ့လဲ့တစ်ယောက် သံသယဝင်မိတဲ့အကြိမ်တွေရှိတယ်။
"နင်ကဘာလို့ငါ့ကိုအဲ့လိုကြီးကြည့်နေတာလဲ"
ရန်လဲ့လဲ့တိတ်နေပြီး သူမကို စိုက်ကြည့်နေတာကိုမြင်တော့ နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုကြည့်ပြီးပြောလိုက်သည်။
"အာ ငါစဉ်းစားနေတာ နင်ကလေ အမြဲတမ်းအေးစက်စက်ပဲ နင်ဘာကိုမှဂရုမစိုက်တာလား?"
ရန်လဲ့လဲ့က ကြောင်သွားပြီး သူမတောင်မသိလိုက်ပဲနဲ့ စိတ်ထဲကစကားတွေကို ထုတ်ပြောမိသွားသည်။ပြောပြီးတဲ့နောက်မှာတော့ သူမက စိတ်မသက်မသာဖြစ်သွားသည်။
နင်းမုန့်ယောင်ရဲ့ မျက်လုံးတွေ မှေးသွားသည်။အေးစက်တာလား?အခုလက်ရှိသူမကတော့ တကယ့်ကို အေးတိအေးစက်ဖြစ်နေလိမ့်မယ် ဒါပေမယ့် သူမစိတ်ထဲကတော့ အဲ့လိုမဟုတ်ပေ၊သို့ပေမယ့်လည်း သူမရထားတဲ့ ဒဏ်ရာတွေက အရမ်းနက်တာကြောင့် သူမ လောကကြီးကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိခဲ့ပေ။
အေးတိအေးစက်နေတာတစ်ခုထဲကပဲ မင်းကို မနာကျင်စေတာ။
သူမရဲ့ အရင်ဘဝနဲ့အခုမှာ အရေးကြီးဆုံးလူကတောင် အဲ့လိုစကားမျိုးတွေထုတ်ပြောလာနိုင်မှတော့ သူမ အစစ်အမှန်ဂရုစိုက်ရမယ့် အရာရှိသေးရဲ့လားဆိုတာတောင် မသိတော့ပေ။
လင်းလော်အဲ့ဒီစကားတွေပြောပြီးတဲ့နောက်မှာ သူမနှလုံးသားလည်း သေဆုံးသွားခဲ့တယ်။
ရန်လဲ့လဲ့နဲ့ သူမမိသားစုကသာ နင်းမုန့်ယောင်နှလုံးသားကို အနည်းငယ်နွေးထွေးလာစေတာဖြစ်ပြီး ဒါကြောင့်ပဲ သူမက ရန်လဲ့လဲ့နဲ့ သူတို့မိသားစုကို ကူညီခဲ့တာဖြစ်သည်။
"ယောင်ယောင် ငါပြောတာမှားသွားတယ် ဟုတ်တယ်မလား?"
နင်းမုန့်ယောင်ကို လျှပ်တစ်ပြက်ကြည့်လိုက်ပြီး ရန်လဲ့လဲ့နှလုံးသားက မတည်ငြိမ်တော့ပေ။
နင်းမုန့်ယောင်က သူမခေါင်းကို အသာလေးရမ်းလိုက်သည်။
"ဘာမှမဖြစ်ပါဘူး"
"ကျွန်တော်တို့လာတယ် အစ်မကြီးမုန့်ယောင်!ကျွန်တော်တို့ မြစ်ထဲကနေ ငါးတွေဖမ်းလာနိုင်ခဲ့တယ်။တော်တယ်မလား?"
သူမတို့နှစ်ယောက်လုံး ဘာမှဆက်ပြောစရာမရှိဖြစ်နေတဲ့အချိန်မှာ အပြင်ကနေရယ်သံတွေထွက်လာပြီး နင်းမုန့်ယောင်ဆီကို စာလာသင်တဲ့ကလေးတွေက သူတို့လက်ထဲငါးတွေကိုင်ကာ ရောက်လာတာဖြစ်သည်။
ကလေးတွေကိုမြင်တော့ နင်းမုန့်ယောင်က ဖျော့တော့တော့ပြုံးလိုက်ပြီး မတ်တပ်ရပ်ကာ သူတို့ဆီလျှောက်သွားလိုက်သည်။
"အိမ်ပြန်ပြီးတော့ မင်းတို့ဖမ်းမိလာတဲ့ငါးတွေကို ချက်ကြလေ ဘာလို့ဒီကိုယူလာကြတာလဲ?"
"ကျွန်တော်တို့ အများကြီးဖမ်းမိပြီးသွားပြီ ပြီးတော့ဒါက အစ်မကြီးမုန့်ယောင်ကိုပေးခိုင်းလိုက်တာ"
အသက်အကြီးဆုံးဖြစ်တဲ့ လင်အာက ရိုးရိုးသားသားပြောလိုက်ပြီး သူ့ခေါင်းကိုပွတ်ကာ ပြောနေရင်းရှက်နေသည်။
နင်းမုန့်ယောင်က ဖြူစင်တဲ့ကလေးတစ်သိုက်ကိုကြည့်လိုက်ပြီး သူမစိတ်ထဲ တစ်ဖြေးဖြေးပေါ့ပါးသွားပြီး ရုတ်တရက်ပြောလိုက်သည်။
"အိမ်ပြန်ပြီးတော့ လူကြီးတွေကိုသွားပြောလိုက် မင်းတို့ဒီနေ့မမဆီမှာ နေ့လည်စာစားမှာလို့"
"အိုး!အရမ်းကောင်းတယ်!ကျွန်တော်တို့ မမမုန့်ယောင်ဆီမှာ စားလို့ရတယ်!"
ကလေးတွေက ငါးတွေကို ချခဲ့ပြီး ချက်ချင်းလျင်မြန်တဲ့အရှိန်နဲ့ ထွက်သွားကြကာ နင်းမုန့်ယောင်က မတတ်နိုင်တော့ဘဲ သူမခေါင်းကိုရမ်းကာ ရယ်မိသွားသည်။
ပြီးတော့ နောက်ဆုံးကျ နင်းမုန့်ယောင်က ရန်လဲ့လဲ့နဲ့အတူ အစားအသောက်တွေလုပ်တော့သည်။
နင်းမုန့်ယောင် အစားအသောက်တွေကို စားပွဲပေါ်တင်လိုက်တဲ့အချိန်မှာ ရန်လဲ့လဲ့တစ်ယောက် သူမတံတွေးကို အပြင်းအထန်မျိုချလိုက်ရသည်။
"ကလေးတွေက နင်သူတို့အတွက်ဟင်းချက်ပေးမယ်ဆိုတုန်းက ဘာလို့ အဲ့လောက်ပျော်သွားရလဲဆိုတာကို ငါအခုသိသွားပြီ"
အရောင်၊အနံ့၊အရသာက တအားကောင်းပြီး ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို အံ့ဩတကြီးကြည့်လိုက်သည်။
"ယောင်ယောင် နင်ဘယ်လိုလုပ် အားလုံးလုပ်နိုင်နေရတာလဲ?နင်ကငါ့ကို အားငယ်စေတာပဲ"
သူမလက်ကိုဆန့်ထုတ်ကာ ရန်လဲ့လဲ့ခေါင်းကိုပွတ်သပ်လိုက်ပြီး နင်းမုန့်ယောင်ကပြောလိုက်သည်။
"နင် အသားကျသွားပါလိမ့်မယ်"
ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို အရူးလေးလိုကြည့်လိုက်ပြီး ထိုင်ခုံပေါ်မှာလဲကျသွားချင်ယောင်ဆောင်ကာ အဝေးကိုမသွားဘဲနေနေသည်။
သူမရဲ့အခုလိုပုံစံကိုကြည့်ပြီး နင်းမုန့်ယောင်က ပျော်ရွှင်စွာရယ်မောလိုက်သည်။