အခန်း ၂၉
Vol. 2 Ch. 29
Chapter 29
ကလေးတွေက အထဲကိုဝင်လာခဲ့ကြပြီး စားပွဲပေါ်က အရသာရှိတဲ့အစားအသောက်တွေကိုမြင်တော့ ချက်ချင်းပဲ လူတွေခေါ်ကာ သူတို့လက်ကိုဆေးလိုက်ကြပြီး အဲ့ဒီနောက် လိမ္မာစွာထိုင်လိုက်ကြပြီး ဟင်းပွဲတွေကို တအံ့တဩကြည့်နေသည်။
"ကောင်းပြီ ငါတို့စားကြရအောင်"
တစ်ကိုက်စားကြည့်လိုက်ပြီး အရမ်းအရသာရှိတာကြောင့် ရန်လဲ့လဲ့က စားတာကို မရပ်ချင်တော့ပေ။အထူးသဖြင့် ငါးဖြစ်သည်။စားပြီးတဲ့နောက်မှာတော့ ကလေးတွေက သူတို့ကြိုက်တဲ့ငါးတွေကို ရန်လဲ့လဲ့က လုယူစားသွားတယ်လို့ တိုင်တန်းကြပြီး ရန်လဲ့လဲ့ကရှက်သွားသည်။
ကလေးတွေ အပြင်ကိုထွက်ကစားတာစောင့်ပြီးတဲ့နောက်မှာတော့ ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။
"ငါနင့်ဆီကနေ ဟင်းချက်တာသင်ချင်တယ်။နင့်အဆင့်လောက်ထိမသင်ရဘူးဆိုရင်တောင်မှ နည်းနည်းလောက်ဆိုရင်ပဲ အဆင်ပြေပါတယ် ငါကျေနပ်တယ်"
"အချိန်ရရင် ငါနင့်ကို သင်ပေးမယ်"
"တကယ်လား?!"
သူတို့တွေ သန့်ရှင်းရေးလုပ်ပြီး စားပွဲနဲ့ကုလားထိုင်တွေကို သိမ်းပြီးလို့ သိပ်မကြာဘူး အမျိုးသမီးအချို့က သူတို့ရဲ့ ခြံစိုက်သီးနှံတွေကို ယူကာ ရောက်လာကြပြီး သူတို့ရဲ့မျက်နှာတွေက နေရခက်နေသည်၊
ရန်လဲ့လဲ့က ဒီလူတွေကို သိတယ်။သူတို့ကလေးတွေက အရင်တုန်းက နင်းမုန့်ယောင်ဆီမှာ စာသင်ကြတယ် ဒါပေမယ့် ကောလဟာလလည်းသူတို့နားထဲရောက်ကော သူတို့က ယုံကြည်ပြီးတော့ အဲ့ဒီနောက် နင်းမုန့်ယောင်မကောင်းကြောင်းတွေကို လိုက်ပြောကြသည်။ဒါကြောင့်ပဲ ရန်လဲ့လဲ့အနေနဲ့ သူတို့ကို သဘောမကျပေ။
"ကိစ္စရှိကြလို့လား"
လူတွေက ဝင်လာပြီး ဘာမှမပြောကြတာကိုမြင်တော့ နင်းမုန့်ယောင်က ကလေးတွေရှိနေတုန်းကလို သက်သောင့်သက်သာပုံစံမဟုတ်တော့ဘဲ အေးစက်စက်ပုံစံဖြစ်နေသည်။
"မိန်းကလေးမုန့်ယောင် ဒါက....."
နင်းမုန့်ယောင်ရဲ့ အပြုအမူက လူစုကို တုန်လှုပ်သွားစေပြီး ဘာပြောရမှန်းမသိကြတော့ချေ။
"အန်တီတို့အားလုံးကဘာလို့ဒီရောက်လာကြတာလဲ?"
ရန်လဲ့လဲ့က ဆက်ပြီးသည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။
"မုန့်ယောင် ငါတို့ဒီကိုရောက်လာတာက မင်းငါတို့ကလေးတွေကို စာဆက်သင်ပေးနိုင်မလားလို့ မေးချင်လို့ပါ"
လူစုထဲက အမျိုးသမီးတစ်ယောက်ကပြောလိုက်ပြီး ကျန်လူအားလုံးက နင်းမုန့်ယောင်ကို စိုးရိမ်တကြီးကြည့်နေကြသည်။
သူမရဲ့ခေါင်းကိုမော့ကာ သူတို့ကိုကြည့်လိုက်ပြီး ခဏနေတော့ နင်းမုန့်ယောင်ကပါးစပ်ဖွင့်ပြီးပြောလိုက်သည်။
"ကျွန်မမှာ အဲ့လောက်အချိန်နဲ့ အားအင်မရှိဘူး"
လူစုက ဒါကိုကြားတဲ့အခါမှာ သူတို့ရဲ့မျက်နှာတွေက ဖြူဆုတ်သွားသည်၊ဒါဘာကိုဆိုလိုတာလဲ?သူမပြောချင်တဲ့အဓိပ္ပာယ်က သူတို့ကလေးတွေကို စာဆက်မသင်ပေးနိုင်တော့ဘူးလို့ပြောချင်တာလား?"
"ဒါပေမယ့် မင်းအရင်က..."
"အရင်တုန်းကလည်း ကျွန်မပြောခဲ့တယ်"
နင်းမုန့်ယောင်က သူတို့ရဲ့မိုးကြိုးပစ်ခံရသလိုဖြစ်နေတဲ့ မျက်နှာတွေကိုကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
အစတုန်းကတော့ သူမက ကလေးတွေကို သင်ပေးချင်တယ် ဘာလို့လဲဆိုတော့ သူတို့ရဲ့ ပညာသင်ချင်စိတ်ကြောင့်ရယ် သူမလည်း အချိန်ဖြုန်းဖို့တစ်ခုခုလုပ်ချင်တာရယ် ဒါ့အပြင် ရွာထဲကလူတွေနဲ့လည်း ပေါင်းစည်းနိုင်ဖို့ဖြစ်သည်။
သူမရဲ့ ကိုယ်ပိုင်ပိုက်ဆံကိုသုံးပြီး စာအုပ်တွေ၊စာရွက်တွေ၊စုတ်တံနဲ့ မှင်တွေကိုဝယ်ခဲ့တယ် ပြီးတော့ အခကြေးငွေလည်း မယူခဲ့ဘူး၊ဒါပေမယ့် ကောလဟာလပြန့်လိုက်တာနဲ့ အဲ့ဒီလူတွေရဲ့ အပြုအမူတွေက သူမကို မပျော်မရွှင်ဖြစ်သွားစေသည်။
သူမကို သူတို့ကာကွယ်ပေးတာ မလိုချင်ပါဘူး ဒါပေမယ့် ယန်ရှိုးအာ သူမကို သိက္ခာချတဲ့အချိန်မှာ သူတို့က သူတို့ကလေးတွေကို စာမသင်ဖို့ပြန်ခေါ်သွားကြတယ်လေ အဲ့လိုဆိုမှတော့ သူတို့ကအခုဘာလို့လာနေသေးတာလဲ?
"မုန့်ယောင် ဒီကိစ္စက ငါတို့အမှားဆိုတာသိပါတယ် ဒါပေမယ့်.....ဒါပေမယ့်....."
"ပြောစရာမလိုပါဘူး"
နင်းမုန့်ယောင်က သူမခေါင်းကိုရမ်းလိုက်ပြီး တစ်ဖက်လူရဲ့စကားကိုဖြတ်ပြောလိုက်သည်။သူတို့ကလေးတွေက အတူတူစာသင်နေခဲ့တာဖြစ်ပြီး တစ်ခြားအိမ်တွေက သူမကိုယုံကြည်ကြတဲ့အချိန်မှာ သူတို့ကမယုံခဲ့ဘူး?သူတို့စိတ်ထဲမှာ အထင်သေးတယ်ဆိုတာ ထင်ရှားပြီး ပြဿနာရှာဖို့ပဲဖြစ်သည်။
သူမက ဒါကိုသည်းခံပေးလို့ရတယ် ဘာလို့လဲဆိုတော့ ယန်ရှိူးအာလွှင့်တဲ့သတင်းကလည်း နားထောင်ရတာမကောင်းဘူးလေ။ဒါကြောင့် သူတို့စဉ်းစားတဲ့ပုံစံကို နားလည်ပေးလို့ရတယ် ဒါပေမယ့် ဒီကိစ္စကပဲ သူမကို မင်းလူတွေကို ဘယ်လောက်ပဲ စိတ်ရင်းနဲ့ကောင်းပေးပါစေ သူတို့မင်းအမြင်နဲ့တူမှာမဟုတ်ဘူးဆိုတာကိုလည်း သတိပေးလိုက်သည်။
ဒါကြောင့်ပဲ နင်းမုန့်ယောင်က ဘယ်သူတွေဘယ်လိုပြောပြော ရွာကကလေးတွေကို စာဆက်မသင်တော့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
မိခင်တွေထဲကခေါင်းဆောင်ဖြစ်တဲ့ မဒမ်တုက သူတို့ယဉ်ယဉ်ကျေးကျေးပြောနေတာကို နင်းမုန့်ယောင်က ခေါင်းမာနေသေးတာမြင်တော့ မကျေမနပ်ဖြစ်လာသည်။သူမရဲ့ စူးရှပြီးကြမ်းတမ်းတဲ့အသံထွက်ပေါ်လာသည်။
"မသင်ချင်ဘူးဆိုရင်လည်း မသင်နဲ့ပေါ့?ဘာမဟုတ်တဲ့ စာသင်တာလေးပဲကို!ဘာမှလည်း ထူးခြားနေတာမရှိဘူး"
ပြောပြီးတာနဲ့ သူမယူလာတဲ့ အသီးအနှံတွေကို ပြန်ယူသွားကာ ထွက်သွားသည်။
သူမကပြောရင်းထွက်သွားသည်။သူမ ဒီအသီးအနှံတွေကို ခွေးကျွေးရရင်တောင်မှ ကျွေးလိုက်ဦးမယ် ကျက်သရေမရှိတဲ့လူကိုတော့ ဒါတွေမပေးနိုင်ဘူး။
နင်းမုန့်ယောင်က မဒမ်တုရဲ့စကားတွေကို တိတ်တိတ်လေးနားထောင်နေပြီး ဘာမှပြန်မပြောပေ။ဒါကြောင့်ဘဲ မဒမ်တုရဲ့စကားတွေက နားထဲမှာပိုပြီးမသက်မသာဖြစ်လာသည်။
မဒမ်တုက နင်းမုန့်ယောင်က ကျေးဇူးမသိတတ်တဲ့လူဆိုပြီး ဆက်တိုက်ပြောနေတော့ နင်းမုန့်ယောင်က ရုတ်တရက် ပါးစပ်ဖွင့်လိုက်သည်။
"ရှင့်ဆီမှာ ဘယ်လိုကျေးဇူးရှိတာလဲ ကျွန်မလည်းမသိရပါ့လား ရှင်ကျွန်မကိုပေးဖူးလို့လား ပြောကြည့်ပါဦး နားထောင်ကြည့်ရအောင် ကျွန်မများအမှတ်မှားနေတာလားလို့"
မဒမ်တုက အစတုန်းကတော့ နင်းမုန့်ယောင်သူမကိုပြန်မပြောတော့ ဆက်ပြီးကျိန်ဆဲနေခဲ့သည် ဒါပေမယ့် သူမကျိန်ဆဲတဲ့အချိန်မှာပဲ နင်းမုန့်ယောင်က အဲ့ဒီစကားတွေပြောလိုက်တော့ ချက်ချင်းပဲ မဒမ်တုရဲ့ထွက်လာတော့မယ့်စကားတွေက လည်ချောင်းထဲတစ်ဆို့သွားသည်။