အခန်း ၃၀
Vol. 2 Ch. 30
Chapter 30
မဒမ်တုက သူမခြေလှမ်းတွေကိုရပ်ပြီး ကြည့်နေတာမြင်တော့ နင်းမုန့်ယောင်က အေးစက်စွာပြောလိုက်သည်။
"ရှင်ထုတ်မပြောနိုင်ဘူးဆိုရင် လူတစ်ယောက်ကို စွပ်စွဲအပုတ်ချမှုနဲ့တရားစွဲမှ ကျွန်မကိုအပြစ်မတင်နဲ့"
နင်းမုန့်ယောင်က ဒီနေရာမှာ အဲ့လိုတရားဉပဒေရှိလားဆိုတာ သေချာမသိပေမယ့် မဒမ်တုရဲ့မျက်နှာ ချက်ချင်းဖြူဖျော့လာတာကိုမြင်တော့ သူမနှုတ်ခမ်းထောင့်တွေ ကွေးတက်သွားသည်။ကြည့်ရတာဒီနေရာမှာ အဲ့လိုတရားဉပဒေရှိတဲ့ပုံပဲ။
မဒမ်တုရဲ့မျက်နှာက ထိတ်လန့်တုန်လှုပ်လာခဲ့သည်။ကျေးဇူးတရားအကြောင်းပြောမယ်ဆိုရင် သူတို့မိသားစု နင်းမုန့်ယောင်ဆီကနေရခဲ့တဲ့ အကူအညီတွေက သူတို့သူမကို ကူညီတာထက်ပိုများသည်။နင်းမုန့်ယောင်က သူမမိသားစုကကလေးတွေကို စာအုပ်တွေ၊မင်တွေ၊စုတ်တံတွေနဲ့မင်ကျောက်တုံးတွေကို ပိုက်ဆံမယူပဲ အလကားပေးတာကိုက လုံလောက်နေပြီဖြစ်သည်။
"ဒီနေ့ကိစ္စကတော့ဒီလောက်ပဲ။ကျွန်မအိမ်က အရမ်းသေးတာကြောင့် ရှင်တို့လို ဂုဏ်သိက္ခာရှိပြီးသန့်ရှင်းတဲ့လူတွေအတွက် နေရာမဆန့်ပါဘူး။ကျေးဇူးပြုပြီး သွားပါတော့"
နင်းမုန့်ယောင်က ဘေးနားမှာရပ်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ မိန်းမတွေကိုကြည့်လိုက်သည်။မဒမ်တုလည်းအတူတူပဲဖြစ်သည်။အဲ့ဒီနောက် သူမက အေးစက်စွာပြောလိုက်သည်။
"ဒီနေ့ကစပြီး ယန်ရှိုးအာက ကျွန်မကိုအကြောင်းမဲ့သပ်သပ်စွပ်စွဲတာကိုနောက်ကနေ လိုက်ပြီးတော့ ပြောဆိုတဲ့လူရှိရင် ဖြစ်လာမယ့်အကျိူးဆက်တွေကို ရှင်တို့မြင်ချင်ကြမှာမဟုတ်ဘူးလို့တော့ကျွန်မထင်တယ်"
သူမက ပြောပြီးတာနဲ့ နင်းမုန့်ယောင်အကြည့်က မဒမ်တုပေါ်ရောက်သွားသည်၊အဲ့ဒီအကြည့်ကြောင့် မဒမ်တုက ကြောက်ရွံ့သွားပြီး အသီးအနှံတွေယူကာ ပြေးထွက်သွားသည်။
ကျန်တဲ့ မိန်းမတွေကလည်း အော်ပြီးပြေးထွက်သွားကြသည်။နောက်ဆုံးတော့ သူတို့အားလုံး ထွက်သွားခဲ့ပြီ။
"သူတို့က တကယ့်ကို လွန်တာပဲ......"
ဒါက မဆိုင်တဲ့ လူတစ်စုသာဖြစ်ပြီး နင်းမုန့်ယောင်က သူမခေါင်းကိုအသာလေးရမ်းလိုက်ကာ မထူးခြားနားပြောလိုက်သည်။
နင်းမုန့်ယောင်ကို ဒီလိုမြင်လိုက်ရတော့ ရန်လဲ့လဲ့ရဲ့နှလုံးသားက ရုတ်တရက်နာကျင်သွားသည်။နင်းမုန့်ယောင်က ဘာတွေကိုများကြုံတွေ့ခဲ့ရလို့ ဒီလိုပြောင်းလဲသွားရတာလဲ ဒါက သူမနှလုံးသားကို တကယ်နာကျင်စေတယ်....
"ယောင်ယောင် နင်"
"အမ်?"
"ဘာမှမဟုတ်တော့ဘူး"
ရန်လဲ့လဲ့က သူမခေါင်းကိုချက်ချင်းရမ်းလိုက်ပြီး သူမစိတ်ထဲမှာတော့ နင်းမုန့်ယောင်အပေါ်ကောင်းပေးမယ်ဆိုပြီး သူမကိုယ်သူမဆက်တိုက်ပြောနေသည်။
မဒမ်တုကအိမ်ပြန်ရောက်တော့ သူမစိတ်ထဲ တအားကိုမကျေနပ်ပေ။သူမက ထပ်ပြီးပြောချင်သေးပေမယ့် နင်းမုန့်ယောင်ရဲ့အရိုးထိတောင်စိမ့်ဝင်သွားနိုင်တဲ့အေးစက်စက်အကြည့်ကိုတွေးမိတော့ သူမ သူ့ကိုအပုတ်ချချင်ရင်တောင်မှ သူမအဲ့စကားတွေကို ပြောမထွက်ပေ။ဒီလိုခံစားချက်မျိုးက တကယ့်ကို မသက်မသာဖြစ်စေပြီး မဒမ်တုက တစ်နေ့လုံး မပျော်ရွှင်ပေ။
ကလေးတွေက သူမကို သူတို့စာဆက်သင်လို့ရလားမေးလာတဲ့အခါမှာတော့ သူမကပေါက်ကွဲသွားပြီး ကလေးတွေကို အကြောင်းပြချက်မရှိ ရိုက်ပစ်ကာ စိတ်ပြေအောင်လုပ်လိုက်သည်။
ယန်ရှိုးအာကိစ္စက နင်းမုန့်ယောင်ရဲ့ နေ့စဉ်ဘဝကိုသက်ရောက်မှုမရှိဘဲ သူမက ပိုပြီးလွတ်လပ်ပေါ့ပါးတဲ့နေ့တွေကိုတောင် ဖြတ်သန်းနေသည်။
ဒီနေ့မှာတော့ နင်းမုန့်ယောင် ကလေးတွေစာဖတ်ဖို့အတွက် စာအုပ်တွေထုတ်ပြီးပြင်ဆင်နေတဲ့အချိန်မှာ ရုတ်တရက် မိုးကြီးရွာချလာခဲ့သည်။နင်းမုန့်ယောင်က အကူအညီမဲ့စွာနဲ့ပဲ သူတို့ကိုအပြင်ထုတ်မယ့်အတွေးကို စွန့်လွှတ်လိုက်သည်။
ကောင်းတာတစ်ခုက သူမအိမ်မှာ ထပ်ခိုးရှိသည်။သူမက ကလေးတွေကို ထပ်ခိုးထဲမှာနေခိုင်းလိုက်ပြီး ကစားနည်းတွေသင်ပေးသည်။
နေ့လည်ရောက်တဲ့အခါမှသာ နင်းမုန့်ယောင်က သူတို့ကိုအိမ်ပြန်ပို့ပေးပြီး အဲ့ဒီနောက် ထပ်ခိုးမှာထိုင်ကာ အပြင်ဘက်က စည်းချက်ညီညီကျနေတဲ့ မိုးရေစက်တွေကို ကြည့်နေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နင်းမုန့်ယောင်ဒီရွာကိုရောက်လာခဲ့တာ သုံးလေးလလောက်ရှိပြီဖြစ်သည်။သူမ ဒီကိုရောက်လာတုန်းက နှစ်စပိုင်းဖြစ်ပြီး အခုဆို နှစ်ဝက်တောင်ရောက်နေပြီဖြစ်သည်။အချိန်တွေကုန်တာ တကယ့်ကိုမြန်တာပဲ.......
သူမစိတ်ထဲမှာ ဒီနှစ်တွေမှာဖြစ်ခဲ့တာကိုပြန်တွေးပြီး သူမမျက်နှာပေါ်တွင် ခါးသက်သက်အပြုံးတစ်ခုပေါ်လာခဲ့သည်။
ဒါကိုတွေးမိတော့ သူမက ဒီနှစ်တွေမှာဘာမှမလုပ်ခဲ့ပဲ လင်းလော်အနားမှာပဲ ကပ်တွယ်နေခဲ့မိတာကို အသိဝင်သွားသည်။ပြီးတော့ သူမဘဝက အခုချမ်းသာကြွယ်ဝနေတယ်ဆိုပေမယ့်လည်း တစ်ခုခုလွဲမှားနေတယ်လို့ခံစားနေရပြီး တွေဝေမိန်းမောနေမိသည်။
မိုးကသုံးရက်ဆက်တိုက်ရွာသွန်းပြီး လေးရက်မြောက်နေ့လည်ကျမှသာ ရပ်တန့်သွားသည်။ကောင်းကင်ပေါ်မှာ တိမ်တွေတဖြည်းဖြည်းကင်းစင်သွားပြီး နေမင်းကြီးရဲ့ပြုံးနေတဲ့မျက်နှာပေါ်ထွက်လာခဲ့သည်။ကြည်လင်နေတဲ့ကောင်းကင်ကိုမြင်တော့ နင်းမုန့်ယောင်က သူမကိုယ်သူမ အနည်းငယ်အခြေအမြစ်မရှိသလို ခံစားလိုက်ရသည်။
ဘာကိစ္စတွေပဲရှိရှိ အချိန်တွေကတော့သွားနေမှာပဲ...ဒီနေရာမှာနေရတာကလည်း အရမ်းကြီးတော့မဆိုးပါဘူး သူမ အဝတ်အစားနဲ့အစားအသောက်အတွက် ပူပန်နေစရာမလိုဘူး။
ညရောက်တဲ့အချိန်မှာတော့ ရန်လဲ့လဲ့က သူမစိုက်ထားတဲ့ ဖရဲသီးချိုချိုလေးကိုယူပြီး အပြင်ကရောက်လာခဲ့သည်။
"ယောင်ယောင် ငါတို့တောင်ပေါ်တက်ပြီး မှိုကောက်ရင်ဘယ်လိုလဲ?နင်ဘယ်လိုထင်လဲ?"
နင်းမုန့်ယောင်က ဒီကိစ္စကို စဉ်းစားလိုက်ပြီး ပြဿနာမရှိတာမလို့ သူမခေါင်းကိုငြိမ့်ကာ သဘောတူလိုက်သည်။
"သွားကြမယ်လေ"
"ကောင်းပြီ ဒါဆို ငါဒီကိုမနက်ဖြန်မနက်ကျရင်လာခဲ့မယ်"
ရန်လဲ့လဲ့က နင်းမုန့်ယောင်နဲ့ စကားအနည်းငယ်လောက်ဆက်ပြောနေလိုက်ပြီး အဲ့ဒီနောက်မှာတော့ အိမ်မှာတစ်ခုခုဖြစ်နေသလို အမြန်ပြန်သွားခဲ့သည်။
ဒါပေမယ့် ရန်လဲ့လဲ့က ဒုတိယရက်တွင် သူမ ယောင်းမ သခင်မချောင်က ရန်ကျီကို သူမတို့မိသားစုအိမ်ကိုပြန်ခေါ်သွားတာကြောင့် ရောက်မလာခဲ့ပေ။သခင်မရန်နဲ့ ရန်ကျူးကလည်း ကိုင်တွယ်ဖို့ကိစ္စလေးအချို့ရှိတာကြောင့် အိမ်မှာ ရန်ရိကိုစောင့်ရှောက်မယ့်လူမရှိဘဲဖြစ်နေတာကြောင့် ရန်လဲ့လဲ့သာ ကျန်နေခဲ့ရသည်။
နင်းမုန့်ယောင်က ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှမလုပ်နိုင်ပေ။သူမရဲ့ နောက်ကျောခြင်းကို လွယ်ကာ တောင်ပေါ်ကိုတက်သွားလိုက်ပြီး တောင်ပေါ်ကလေထုက တောင်အောက်ထက်ပိုကောင်းသည်။ခြောက်သွေ့နေပြီဖြစ်တဲ့အတွက်ကြောင့် တောင်လမ်းတွေက ချော်မနေတော့ဘဲ လမ်းလျှောက်လို့ကောင်းသည်။