အခန်း ၃၁
Vol. 2 Ch. 31
Chapter 31
ဒီရာသီကမှိုတွေက သူမနဲ့ယန်ရှိုးအာလာတုန်းကထက် အများကြီးပိုကောင်းသည်။သူတို့အများစုက လမ်းတစ်လျှောက်မှာပေါက်နေကြတာဖြစ်ပြီး စားလို့ရတဲ့ဟာတွေပဲဖြစ်သည်။နင်းမုန့်ယောင်က တစ်ခုချင်းဆီခူးလိုက်ပြီး သူမခြင်းတောင်းထဲထည့်လိုက်သည်။
ခြင်းတောင်းထဲ မဆန့်တော့တဲ့အခါမှသာ နင်းမုန့်ယောင်က ပြန်ဖို့ပြင်လိုက်သည်။တောင်အဆင်းလမ်းမှာ နင်းမုန့်ယောင်က ချောင်ထျန်းကိုတွေ့ရပြီး သူကအရင်လိုပဲ သူ့လက်ထဲမှာသားကောင်တွေကိုင်ထားသည်။
ချောင်ထျန်းက နင်းမုန့်ယောင်ကို အစောကြီးထဲကမြင်ပေမယ့် သူမဆီကိုမသွားပေ။ အခု သူမသူ့ဆီလျှောက်လာတာကိုမြင်တော့ သူမဘက်ကိုခေါင်းငြိမ့်ပြလိုက်ပြီး တောင်ဆင်းလမ်းအတိုင်း နောက်ကနေငြိမ်ငြိမ်လေး လိုက်လာခဲ့သည်။
နောက်ကလိုက်လာတဲ့လူက ဘာသံမှမထွက်တာက နင်းမုန့်ယောင်ကို ထူးဆန်းသလိုခံစားရစေပြီး သူမခေါင်းကိုလှည့်ကာ နောက်လူကိုကြည့်လိုက်သည်။
"ပြန်ရောက်ရင် ရှင့်သားကောင်တွေထဲက နည်းနည်းလောက်ကျွန်မကိုရောင်းပေးလို့ရလား"
သူမက ရုတ်တရက် သူမအရင်ကလုပ်ဖူးတဲ့ အမဲသားအချဉ်ရည်ကိုတွေးမိသွားပြီး ယုန်သား ဒါမှမဟုတ် ရစ်ငှက်သားနဲ့အစားထိုးလိုက်ရင် ပိုပြီးစားကောင်းမလားဆိုတာ သိချင်မိသည်။
"ကောင်းပြီ"
ရိုးရိုးစာကြောင်းလေးပဲပြောပြီး သူတို့နှစ်ယောက်က စကားဆက်မပြောကြတော့ဘဲ ချောင်ထျန်းက နင်းမုန့်ယောင်ကို အကဲခတ်နေသည်။
ဒါက သူမြင်ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေးဖြစ်တယ် သူမရဲ့ ရုပ်အလှကြောင့်မဟုတ်ဘဲ သူမသယ်ဆောင်ထားတဲ့ လေထုကြောင့်ဖြစ်တယ်။ဒါက သူမြင်ဖူးသမျှထဲမှာ အထူးခြားဆုံးပဲ။
သူတို့နှစ်ယောက်လုံးက တောင်အောက်ကို တိတ်ဆိတ်စွာဆင်းလာကြပြီး နင်းမုန့်ယောင်ရဲ့လှပတဲ့ခြံဝင်းကိုရောက်လာခဲ့သည်။
"ကျွန်မ ယုန်နှစ်ကောင်ရယ် ရစ်ငှက်နှစ်ကောင်ရယ်လိုချင်တယ်။သူတို့ကဘယ်လောက်လဲ?"
နင်းမုန့်ယောင်က သူမခြင်းတောင်းကိုချလိုက်ကာ ခေါင်းမော့ပြီး ချောင်ထျန်းကိုကြည့်လိုက်သည်၊။သူမရဲ့ ခေါင်းမော့လိုက်တဲ့ပုံစံက ချောင်ထျန်းကို အနည်းငယ်မှင်သက်သွားစေသည်။
သူ့မျက်လုံးတွေက အသာလေးလင်းလက်သွားပြီး သူကခေါင်းငုံကာပြောလိုက်သည်။
"ဝမ်နှစ်ရာ"
"ခဏစောင့်နော်"
သူမကလှည့်ပြီးသူမအခန်းထဲဝင်သွားကာ သူမထွက်လာတဲ့အချိန်မှာတော့ သူမလက်ထဲမှာ ကြေးပြားလေးတွေပါလာပြီး ချောင်ထျန်းကိုပေးလိုက်သည်။
ချောင်ထျန်းက ကြေးပြားတွေကိုယူလိုက်ပြီး သူ့ရဲ့ အဝဆုံးသားကောင်တွေကို နင်းမုန့်ယောင်ကိုပေးလိုက်သည်။
မြေကြီးပေါ်က ဝဖြီးနေတဲ့ သားကောင်လေးကောင်ကိုမြင်တော့ နင်းမုန့်ယောင်က အနည်းငယ် ကူကယ်ရာမဲ့သွားသည်။ဒါတွေက ဝမ်နှစ်ရာထက်တောင်တန်သေးတယ် သူမတကယ့်ကို ကောင်းတာရတာပဲ...
သူမခေါင်းကိုလှည့်ကာ ထွက်သွားတဲ့ ချောင်ထျန်းကိုကြည့်လိုက်ပြီး နင်းမုန့်ယောင်စိတ်ထဲ စနိုးစနောင့်ဖြစ်သွားကာ သူမလုပ်မယ့်အချဉ်ရည်နည်းနည်းလောက် သူ့ကိုပေးသင့်တယ်...
အဲ့လိုစဉ်းစားလိုက်တော့ နင်းမုန့်ယောင်က ဒီကိစ္စအတွက် စိတ်မရှုပ်တော့ဘဲ သားကောင်တွေကိုသာ အသေအချာဆေးကြောတော့သည်။ရစ်ငှက်တစ်ကောင်ကို ချန်ထားခဲ့ပေမယ့်ပေါ့။
ဆေးကြောပြီးတဲ့နောက်မှာတော့ နင်းမုန့်ယောင်က သူမဝယ်ထားတဲ့ ရေနွေးကရားကိုယူလိုက်ပြီး ထိုဟာကိုလည်းသန့်ရှင်းကာ အဲ့ဒီနောက်မှာတော့ ယုန်သားအချည်ရည်စလုပ်တော့သည်။
တစ်နေလုံး အလုပ်များပြီးတဲ့နောက်မှာတော့ သူမက နောက်ဆုံးတော့ ယုန်နှစ်ကောင်နဲ့ရစ်ငှက်တစ်ကောင်ကို အသားအချဉ်ရည်လုပ်နိုင်ခဲ့ပြီ....
လုပ်ပြီးတဲ့နောက်မှာတော့ နင်းမုန့်ယောင်က အရသာမြည်းစမ်းကြည့်လိုက်ပြီး မဆိုးဘူးလို့ထင်တယ်။ဒါက အမဲသားအချဉ်ရည်ကိုမယှဉ်နိုင်ပေမယ့် သူ့အရသာကလည်းတစ်မျိုးကောင်းသည်။
အသားအချဉ်ရည်ကို ဂရုတစိုက်တင်လိုက်ပြီး နင်းမုန့်ယောင်က အိုးသေးသေးနှစ်လုံးကိုထုတ်ကာ အချဉ်ရည်အချို့ကို သူတို့ထဲ ခွဲထည့်လိုက်သည်။သူမက ဒါတွေကို ရန်လဲ့လဲ့တို့အိမ်နဲ့ ချောင်ထျန်းချန်ဆီကို ပေးဖို့စီစဉ်ထားတာဖြစ်သည်၊
ရန်လဲ့လဲ့က နင်းမုန့်ယောင်ပေးတဲ့ အသားအချဉ်ရည်ကို ရှက်ရွံ့စွာယူလိုက်ပြီး
"ယောင်ယောင် ဒါက...."
"ဒါကနင်ယူဖို့လေ"
နင်းမုန့်ယောင်က အိုးကိုဘေးချပြီး ရန်လဲ့လဲ့ကို မကျေမနပ်ကြည့်လိုက်သည်၊ဒီလို ကိုယ်နေဟန်ထားက ရန်လဲ့လဲ့ကို မတတ်နိုင်ဘဲ အော်ရယ်မိသွားစေသည်၊
"ဟုတ်သားပဲ ယောင်ယောင်နင်မြို့သွားချင်လား?ငါ့ပန်းထိုးတာပြီးသွားပြီ"
"ကောင်းပြီးလေ အတူတူသွားကြတာပေါ့ ငါ့ဟာလည်းပြီးသွားပြီ"
ရန်လဲ့လဲ့ကချက်ချင်းသူမခေါင်းကိုငြိမ့်လိုက်ပြီး သူမတို့ပန်းထိုးတာမပို့ခင် ကလေးတွေပိတ်ရက်အထိစောင့်ကာ အဲ့နောက်မှာတော့ အပ်ချည်အချို့ဝယ်ပြီး အိမ်ပြန်လာခဲ့ဖို့ စီစဉ်လိုက်သည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ချောင်ထျန်းတောင်အောက်ဆင်းတာကို နင်းမုန့်ယောင်မတွေ့တာကြောင့် သူ့ရဲ့အသားအချဉ်ရည်ကိုတဖြေးဖြေးမေ့သွားခဲ့သည်။
ဒီနေ့ ကလေးတွေပိတ်ရက်ဖြစ်သည်။နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို လော်ယွင်ပွဲကြည့်စင်ကိုခေါ်သွားခဲ့သည်၊သူတို့ဝင်သွားတဲ့အချိန်မှာ အန်တီလော်ကအရင်ကလိုပဲ ပစ္စည်းတွေမိတ်ဆက်နေသည်။
မိန်းကလေးနှစ်ယောက်ဝင်လာတာကိုမြင်တော့ သူမက ချက်ချင်းပဲ သူတို့ကို နှုတ်ဆက်လိုက်သည်။
"နှစ်ယောက်လုံးလာကြပြီလား..."
နင်းမုန့်ယောင်ပို့လိုက်တဲ့ ပန်းထိုးစကိုသူမအခုထိမရောင်းရသေးပေမယ့် လူတွေက ဝယ်ဖို့စောင့်နေကြပြီး သူတို့ပေးတဲ့ဈေးကမနိမ့်ပေ။ဒါပေမယ့် သူမကထုတ်မရောင်းဘဲနဲ့ အားသာချက်ဖြစ်လာအောင်ထားလိုက်သည်။
"အန်တီလော်"
"အန်တီလော်"
နင်းမုန့်ယောင်နဲ့ရန်လဲ့လဲ့က နှုတ်ဆက်လိုက်သည်။နင်းမုန့်ယောင်က သူမရဲ့ ပန်းထိးထည်ကိုထုတ်လိုက်ပြီး အန်တီလော်မျက်လုံးတွေက တစ်ချက်ကြည့်လိုက်တာနဲ့ အရောင်တောက်သွားသည်။ဒီတစ်ခုက အရင်ကဟာတွေနဲ့မတူပေမယ့် အံ့ဩဖွယ်ကောင်းတာကတော့ အတူတူပဲဖြစ်သည်။
"ဈေးပြင်ထားတာတော့ လျန်းတစ်ရာ့ငါးဆယ်"
နောက်ဆုံးအကြိမ်က ပန်းထိုးထည်ရဲ့ရလဒ်ကြောင့် အန်တီလော်ကချက်ချင်းပဲ နင်းမုန့်ယောင်ကို လျန်းငါးဆယ်တိုးပေးလိုက်သည်။ဒါက ရန်လဲ့လဲ့ရဲ့မျက်လုံးအစုံကိုပြူးသွားစေသည်။လျန်းတစ်ရာနဲ့ထပ်ပြီးတော့တောင်တိုးသေးတယ်?
"ထပ်ကြည့်မနေနဲ့တော့ နင့်ဟာတွေကို အန်တီလော်ကိုကြည့်ခိုင်းလိုက်ပြီး အကြံဉာဏ်ပေးခိုင်းလိုက်ဦး"
ရန်လဲ့လဲ့က မျက်လုံးပြူးပြီး သူမနဲ့အန်တီလော်ကိုစိုက်ကြည့်နေတာမြင်တော့ နင်းမုန့်ယောင်က စနောက်ပြီးပြောလိုက်သည်။
ရန်လဲ့လဲ့က ရှက်သွားပြီး သူမနှာခေါင်းကိုပွတ်ကာ အဲ့ဒီနောက်ရယ်လိုက်သည်။သူမရဲ့ ခေါင်းအုံးဖုံးနဲ့တစ်ခြားအလုပ်တွေကို ထုတ်ပြလိုက်သည်။
အန်တီလော်က သူတို့တစ်ခုချင်းဆီကို စစ်ကြည့်ပြီး အရမ်းကောင်းတယ်လို့ခံစားရတာကြောင့် ရန်လဲ့လဲ့ကို သေချာအကဲဖြတ်ပေးလိုက်သည်။
"အရမ်းကောင်းတယ်"
နောက်ဆုံးမှာတော့ ရန်လဲ့လဲ့ရဲ့ မင်္ဂလာမောင်နှံလက်ကိုင်ပုဝါခြောက်စုံက လျန်းသုံးဆယ်နဲ့ရောင်းလိုက်ရပြီး ရန်လဲ့လဲ့ကို ကြောင်အသွားစေသည်။
"ဒါက ဒီလောက်တောင်လား"
"လဲ့လဲ့ မင်းမုန့်ယောင်ဆီကနေ သေချာသင်ထားသင့်တယ် ဒါဆို မင်းအဆင်မြင့်ပန်းထိုးတာတွေ မကြာခင်လုပ်လာနိုင်လိမ့်မယ်"
အန်တီလော်က ရန်လဲ့လဲ့ရဲ့ ကြောင်တောင်တောင်ဖြစ်နေတဲ့ပုံစံကိုမြင်တော့ မတတ်နိုင်ဘဲ ရယ်မိသွားသည်။