← Chapters

အခန်း ၃၂

Vol. 2 Ch. 32

အခန်း ၃၂

Vol. 2 Ch. 32

Chapter 32

အန်တီ‌လော်‌လော်ပေးတဲ့ လျန်းသုံးဆယ်ကိုယူပြီး ရန်လဲ့လဲ့ကအမြန်ခေါင်းငြိမ့်လိုက်သည်။သူမဒီလောက်ဈေးကြီးပေးရောင်းရတာ နင်းမုန့်ယောင်ကြောင့်ဆိုတာ သူမသိသည်။

လွန်ခဲ့တဲ့ရက်တွေတုန်းက သူမက နင်းမုန့်ယောင်ဆီကနေ ပန်းထိုးနည်းတွေကိုမပြတ်သင်ယူနေခဲ့တာဖြစ်သည်။သူမကောင်းကောင်းမသိတဲ့နေရာဆို နင်းမုန့်ယောင်ကအကြံပေးပြီး အခုလို ရလဒ်ကောင်းတွေ ထွက်လာတာဖြစ်သည်။

"အန်တီလော် ကျွန်မလုပ်ပါ့မယ်"

ရန်လဲ့လဲ့က အလေးအနက်ခေါင်းငြိမ့်ပြလိုက်သည်။

ရန်လဲ့လဲ့က သူမဘေးနားက အပ်ချည်တွေကိုစိတ်ဝင်တစားရွေးနေတဲ့လူကိုကြည့်လိုက်ပြီး သူမမျက်လုံးတွေက စိုစွတ်လာခဲ့သည်။သူမ(နင်းမုန့်ယောင်)ကသေချာပေါက်ကို အေးတိအေးစက်လူတစ်ယောက်ဖြစ်ပေမယ့် သူမ(ရန်လဲ့လဲ့)ကိုတော့ ကောင်းကောင်းဆက်ဆံတာက သူမ(ရန်လဲ့လဲ့)ရဲ့နှလုံးသားကို နွေးထွေးသွားစေသည်။

"အန်တီလော် ကျွန်မပန်းထိုးဖို့နည်းနည်းလောက်ထပ်ယူသွားချင်သေးတယ် ဘာတွေယူသွားလို့ရလဲပြောပေးပါ့လား?"

ရန်လဲ့လဲ့က သူမလက်ပေါ်မှာရှိတဲ့ အမှတ်တွေကို ရှင်းထုတ်ပစ်လိုက်ပြီး အန်တီလော်ကိုပြုံးပြီးပြောလိုက်သည်။

အန်တီလော်ကစဉ်းစားလိုက်ပြီး သတို့သမီးပုဝါနဲ့ဆင်တူတဲ့ဟာကိုထုတ်လိုက်သည် ဒါပေမယ့် ဒီဟာက အရင်တစ်ခုထက်ပိုပြီး ရှုပ်ထွေးသည်။တစ်ချက်ကြည့်ရုံနဲ့တင် မိသားစုကြီးကလုပ်ခိုင်းထားတယ်ဆိုတာ ထင်ရှားသည်။

ဒါတွေကိုမြင်တော့ ရန်လဲ့လဲ့က စိတ်ဓာတ်ကျသွားပြီး

"အန်တီလော် ကျွန်မဒါကို တကယ်လုပ်နိုင်ပါ့မလား"

"ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိစမ်းပါ။မုန့်ယောင်ရှိနေတာပဲ မင်းသေချာပေါက်လုပ်နိုင်တယ်"

အန်တီလော်က ရန်လဲ့လဲ့လက်တွေကိုပုတ်လိုက်ပြီး ပြုံးကာ သူမကိုနှစ်သိမ့်လိုက်သည်။

အစတုန်းကတော့ သူမက နင်းမုန့်ယောင်ကြောင့် ရန်လဲ့လဲ့ကို ကောင်းကောင်းဆက်ဆံတာဖြစ်ပေမယ့် အခုကတော့ ရန်လဲ့လဲ့ကိုယ်တိုင်ကြောင့်ပဲဖြစ်သည်။သူမက ပင်ကိုယ်အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး စိတ်ထားကလည်းမဆိုးပေ။သူမနဲ့မိတ်ဆွေလုပ်ရတာက ပြဿနာမရှိပေ။

အန်တီလော်ပေးတဲ့ သတို့သမီးပုဝါကိုယူလိုက်ပြီး ရန်လဲ့လဲ့က သူမကိုပြုံးပြလိုက်ကာ အဲ့ဒီနောက် အပ်ချည်အချို့ရွေးဖို့ သွားလိုက်ပြီး နင်းမုန့်ယောင်နောက်ကိုလိုက်သွားသည်။

လော်ယွင်အိမ်တော်ကထွက်လာပြီးတော့ ရန်လဲ့လဲ့က သူမရလာတဲ့ လျန်းသုံးဆယ်ထဲက လျန်းနှစ်ဆယ်ကိုထုတ်ပြီး နင်းမုန့်ယောင်ကိုပေးလိုက်သည်။

"နင်သုံးဖို့အလျင်မလိုဘူးလို့တော့ငါ့ကိုမပြောနဲ့နော် ယောင်ယောင် အခုဆိုငါ့မိသားစုက ငွေစတွေရှိနေပါပြီ ငါ့အစ်ကိုဆေးကုဖို့အတွက်အများကြီးလိုတယ်ဆိုပေမယ့် ငါအခုပိုက်ဆံရှာနိုင်နေပြီလေ ဒါကြောင့်ငါနင့်ကို နည်းနည်းပြန်ပေးထားမယ် နင်စိတ်ထဲမထားပါနဲ့နော်"

ရန်လဲ့လဲ့က ရှက်ရွံစွာပြောလိုက်သည်။

ကျန်တဲ့ ဆယ်လျန်းက ရန်ရိအတွက်‌ဆေးဝယ်ဖို့နဲ့ ငါးနဲ့အရိုးတစ်ချို့အိမ်ပြန်ဝယ်သွားဖို့ဖြစ်သည်။ထပ်ပြောရရင် သူမတူလေးကိုလည်း မင်ဝယ်ပေးရဦးမှာဖြစ်သည်။

နင်းမုန့်ယောင်က ရန်လဲ့လဲ့ရဲ့စိတ်အားထက်သန်တဲ့အမူအရာကိုတွေ့တော့ သူမလက်ထဲကလျန်းနှစ်ဆယ်ကိုယူလိုက်ဖို့ပဲ တတ်နိုင်တော့သည်။

"ကောင်းပြီ နင်တစ်ခုခုလိုတာရှိရင် ငါ့ကိုပြောရမယ်နော်"

"ဒါပေါ့ ငါနင့်ကိုမပြောပြဘဲနေမှာမဟုတ်ဘူး"

မိန်းကလေးနှစ်ယောက်က လမ်းပေါ်မှာ ရယ်မောနေကြပေမယ့် လူရမ်းကားနှစ်ယောက်က ဒါကိုမြင်သွားခဲ့သည်။မိန်းကလေးနှစ်ယောက်က ပိုက်ဆံအများကြီးပါလာတာပဲ။သူတို့သာ ခိုးနိုင်ရင် ခဏလောက်တော့ အေးဆေးနေလို့ရတယ်.....

ဒါကိုတွေးမိတော့ သူတို့နှစ်ယောင်က နင်းမုန့်ယောင်နဲ့ရန်လဲ့လဲ့နောက်ကို လိုက်လာကြသည်။

နင်းမုန့်ယောင်ရဲ့ခြေလှမ်းတွေက ဖြည်းဖြည်းချင်းနှေးသွားပြီး သူမနောက်ကိုမသိမသာလှမ်းကြည့်လိုက်ကာ ရန်လဲ့လဲ့ကို သူတို့လိုတာတွေဝယ်ဖို့ ဆွဲခေါ်လိုက်သည်။

တစ်နာရီလောက် အချိန်ဖြုန်းပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်လုံး လိုချင်တာတွေ ဝယ်ပြီးသွားကြပြီဖြစ်သည်။

"ယောင်ယောင် နင်ငါ့အိမ်မှာလာစားလိုက်ပါ့လား?"

ရန်လဲ့လဲ့က နင်းမုန့်ယောင်ကိုကြည့်ပြီး ဖိတ်လိုက်သည်။

"ကောင်းပြီ"

မိန်းကလေးနှစ်ယောက်က လူသိပ်မများတဲ့နေရာလျှောက်လာတော့ ယောကျာ်းနှစ်ယောက်က သူတို့လမ်းကိုပိတ်ဆို့ထားပြီး သူတို့ပုံစံတွေက မသင်္ကာစရာကောင်းသည်။

ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို သူမနောက်ပို့လိုက်ပြီး သူတို့ကို စူးစိုက်ကြည့်ကာ

"ရှင်တို့ဘာလိုချင်လို့လဲ"

"ငါတို့ဘာလိုချင်တာလဲ?အစ‌ကတော့ မင်းတို့ရဲ့ပိုက်ဆံကိုပဲလိုချင်တာ ဒါပေမယ့် မင်းတို့နှစ်ယောက်ဘယ်လောက်လှတယ်ဆိုတာ မြင်လိုက်ရတော့ မင်းတို့နဲ့မသာယာရင် ငါတို့မှားသွားမှာပေါ့"

သူတို့ထဲကတစ်ယောက်က သူမေးစေ့ကိုပွတ်သပ်လိုက်ပြီး သူမတို့ကိုရိုင်းစိုင်းတဲ့မျက်လုံးတွေနဲ့ကြည့်နေသည်။

ဒီလိုရွံစရာကောင်းတဲ့အကြည့်မျိုးက ရန်လဲ့လဲ့ကို ဒေါသထွက်စေပြီး သူမမျက်နှာကနီရဲလာကာ နင်းမုန့်ယောင်ကိုလှည့်ပြောလိုက်သည်။

"ယောင်ယောင် သတိထားနော် အခွင့်အရေးရှာပြီးတော့သာပြေး"

နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်သည်။ရန်လဲ့လဲ့ဘာကိုဆိုလိုတာလဲဆိုတာ သူမနားလည်တယ်။ရန်လဲ့လဲ့က သူမကို တစ်ယောက်ထဲထွက်ပြေးစေချင်တာ။

သူမလက်ကိုဆန့်ထုတ်ကာ ရန်လဲ့လဲ့ကိုပုတ်လိုက်ပြီး နင်းမုန့်ယောင်ကပြောလိုက်သည်။

"သွားရအောင်"

သူမလက်တစ်ဖက်က ပစ္စည်းတွေကိုင်ထားပြီး နောက်တစ်ဖက်က ရန်လဲ့လဲ့လက်ကိုကိုင်ထားကာ လူနှစ်ယောက်ဘေးကနေရှောင်ထွက်ဖို့လုပ်လိုက်သည်။

လူရမ်းကားနှစ်ယောက်က နင်းမုန့်‌ယောင်သူတို့ကို ဂရုမစိုက်တာမြင်တော့ ဒေါသထွက်သွားပြီး နင်းမုန့်ယောင်ကို ရိုက်ဖို့လုပ်လိုက်သည်။

ရန်လဲ့လဲ့ ထိတ်လန့်ပြီးအော်လိုက်တဲ့အချိန်မှာပဲ နင်းမုန့်ယောင်က သူမကိုင်ထားတဲ့ရန်လဲ့လဲ့လက်နဲ့ပစ္စည်းတွေကို လွှတ်ချလိုက်သည်။ရန်လဲ့လဲ့ နောက်ကိုဆုတ်ကာ ပစ္စည်းတွေကောက်ရင်းအလုပ်များနေတုန်းမှာပဲ နာကျင်ဖွယ်အသံကိုကြားလိုက်ရသည်။

All Chapters