← Chapters

အခန်း ၃၃

Vol. 2 Ch. 33

အခန်း ၃၃

Vol. 2 Ch. 33

Chapter 33

အဲ့ဒီနောက် ပျော့ညံ့ပြီးတော့အားနည်းပုံရတဲ့ နင်းမုန့်ယောင်က အဲ့ဒီလူယုတ်မာလက်ကိုဆုတ်ကိုင်ပြီး ဘေးကိုတွန်းထုတ်ပစ်လိုက်တာကို ရန်လဲ့လဲ့မြင်လိုက်ရသည်။

ဒီမြင်ကွင်းကို မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားနဲ့ကြည့်နေမိပြီး ရန်လဲ့လဲ့က သူမမျက်လုံးတွေကို ပြန်ပွတ်ကြည့်လိုက်သည်။သူမ ခံစားနေရတာတစ်ခုပဲရှိပြီး ဒါက သူမမျက်လုံးတွေဝါးနေတာပဲဖြစ်ရမယ်။မဟုတ်ရင် နင်းမုန့်ယောင်လိုပျော့ညံ့တဲ့ကောင်မလေးက ဘယ်လိုလုပ်တစ်ခြားလူကိုကိုင်‌ပေါက်လိုက်တာကို သူမမြင်နေရပါ့မလဲ?

နင်းမုန့်ယောင်က ရန်လဲ့လဲ့ရဲ့မျက်နှာအမူအရာကို သတိထားမိအချိန်မရဘဲ တုန်လှုပ်နေတဲ့ လူရမ်းကားကိုသာကြည့်လိုက်သည်။

"ငါတို့ပိုက်ဆံတွေ ခိုးချင်တယ်ပေါ့လေ။ငါတို့နဲ့အပျော်ရှာချင်တာပေါ့?ဒါဆိုရင်တော့ ငါကပဲ ရှင်တို့ကို ဘယ်လိုအပျော်ရှာရမလဲဆိုတာပြပေးမယ်"

သူမ ပြောပြီးတာနဲ့ နင်းမုန့်ယောင်က သူမခြေထောက်ကိုမြှောက်ကာ သူမကို သတိထားကြည့်နေတဲ့ လူရမ်းကားဗိုက်ပေါ်ကို တက်နင်းလိုက်သည်။လူရမ်းကားရဲ့ခန္ဓာကိုယ်က ကြိုးလွှတ်သွားတဲ့စွန်လိုပဲ အဝေးကိုလွှင့်ထွက်သွားသည်။

နင်းမုန့်ယောင်က ပြန်လှည့်လာကာ ‌ရန်လဲ့လဲ့ကိုကြည့်လိုက်ပြီး

"ပစ္စည်းတွေယူပြီးသွားကြရအောင်"

ရန်လဲ့လဲ့က ကြောင်တောင်တောင်နဲ့ခေါင်းငြိမ့်လိုက်ပြီး ပစ္စည်းတွေယူကာထွက်သွားသည်။သူမကလူထူတဲ့နေရာအထိလျှောက်လာပြီးတော့မှ သူမအရမ်းလွန်သွားတယ်ဆိုတာ သိသွားတယ် သူမဘယ်လိုလုက် နင်းမုန့်ယောင်ကိုထားခဲ့ပြီးတစ်ယောက်ထဲထွက်လာနိုင်ရတာလဲ?

သူမပြန်သွားဖို့လုပ်လိုက်တဲ့အချိန်မှာပဲ အော်ဟစ်နေတဲ့အသံတွေကြားလိုက်ရသည်။

"အား!သူခိုး!"

"ဒီသူခိုးကို သေအောင်ရိုက်ပစ်ကြ!"

ရန်လဲ့လဲ့က ထူးဆန်းသလိုခံစားလိုက်ရသည်။ဘယ်လိုလုပ်သူခိုးပေါ်လာတာလဲ?သူမလှမ်းကြည့်လိုက်တော့ သူမမျက်လုံးတွေမကန်းနေတာကိုပဲမုန်းသွားရသည်။ကမ္ဘာကြီးကဘာတွေဖြစ်ကုန်တာလဲ?လူနှစ်ယောက်က ကိုယ်လုံးတီးနဲ့ဘာလို့လမ်းပေါ်မှာပြေးနေရတာလဲ?

"နင်ဘာတွေကြည့်နေတာလဲ"

ရုတ်တရက် အသံထွက်လာတာကြောင့် ရန်လဲ့လဲ့ကလန့်သွားပြီး သူမလက်ထဲက ပစ္စည်းတွေလွတ်ကျမလိုတောင်ဖြစ်သွားသည်။အဲ့ဒီနောက် သူမခေါင်းကိုလှည့်ကြည့်လိုက်ပြီး တစ်ဖက်လူက နင်းမုန့်ယောင်ဖြစ်နေမှန်းသိတော့မှ သူမရင်ဘတ်ကိုအသာလေးပုတ်လိုက်သည်။

"နင်ငါ့ကိုလန့်အောင်လုပ်တာပဲ"

"အသည်းငယ်တာလား?လာ ငါတို့ပြန်သင့်ပြီ။"

နင်းမုန့်ယောင်က ကျီစယ်ပြီးပြောလိုက်သည်။

ရန်လဲ့လဲ့က သူမခေါင်းကိုလှည့်ကာ နောက်ကအရှုပ်အထွေးကိုကြည့်လိုက်ပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ကိုပြန်ကြည့်ကာ နောက်ဆုံးမှာတော့ ဘာမှမမေးခဲ့ပေ။

"နင်မမေးချင်ဘူးလား"

"ငါက တကယ်တော့ နင်ကိုယ်ခံပညာတတ်နေတာကို ပိုပြီးစိတ်ဝင်စားတယ်"

ရန်လဲ့လဲ့က ရှက်ရွံ့စွာပြောလိုက်သည်။

"ငါသင်လာတာ နည်းနည်းတော့ကြာပြီ။ကိုယ့်ကိုကိုယ်ကာကွယ်ဖို့လေ"

နင်းမုန့်ယောင်က ဗြောင်ကျကျစိုက်ကြည့်ပြီး ရန်လဲ့လဲ့မေးခွန်းကို ပေါ့ပေါ့ပါးပါးပဲဖြေလိုက်ပေမယ့် သူမမျက်လုံး‌တွေကတော့ အနည်းငယ်မှိုင်းညို့သွားသည်။

သူမကို ကိုယ်ခံပညာသင်ပေးခဲ့တဲ့လူက လင်းလော်ဖြစ်ပြီးတော့ သူက သူမကိုယ်သူမ ကောင်းကောင်းကာကွယ်နိုင်ဖို့အတွက်ဆိုပြီး ပြောခဲ့သည်။အဲ့ဒီအချိန်ထဲက သူမက သူနဲ့အတူ အဖော်ပြုကာ ကိုယ်ခံပညာလေ့ကျင့်ခဲ့သည်။အခုတော့ သူမကိုယ်သူမကာကွယ်နိုင်နေပြီဖြစ်ပေမယ့် အဲ့လူကိုတော့ မမြင်ရတော့ပေ။

ချောင်ထျန်းက ထွက်သွားတဲ့ပုံရိပ်နှစ်ခုကို အပြုံးတွေပြည့်နေတဲ့မျက်လုံးနဲ့ကြည့်နေသည်။

နင်းမုန့်ယောင်နဲ့ရန်လဲ့လဲ့ အနှောင့်ယှက်ခံရတာမြင်တော့ သူက အစကတော့ ဆင်းသွားဖို့လုပ်ပေမယ့် သူခြေတစ်လှမ်းနောက်ကျသွားတာကြောင့်ပဲ ထိုမိန်းကလေးရဲ့ သန့်ရှင်းစင်ကြယ်တဲ့အသွင်အပြင်ရဲ့ တခြားတစ်ဖက်ကိုမြင်လိုက်ရသည်။သူက မတတ်နိုင်ပေမယ့် သူမရဲ့ဒီဘက်ခြမ်းက တစ်ခြားလူတွေကို အမှန်တကယ်စွဲလမ်းသွားစေသည်။

"ဘာကြည့်နေတာလဲ သခင်လေး"

ချောင်ထျန်းရဲ့ဘေးကလူကလည်း အပြုံးတွေနဲ့အောက်ထပ်ကိုလှမ်းကြည့်လိုက်သည်။သူက အောက်ထပ်ကို အံ့ဩတစ်ကြီးကြည့်ပေမယ့် ဘယ်သူသိမှာလဲ သူဘာမှမမြင်လိုက်ရဘူးလို့လေ။

သူ့ဘေးနားကလူကို အသာလေးကြည့်လိုက်ပြီး ချောင်ထျန်းရဲ့မျက်နှာအမူအရာက မှုန်ကုပ်သွားကာ

"ဒီအောက်ဘာဆင်းလုပ်တာလဲ?"

"သခင်လေး ဒီလိုမလုပ်လို့မရဘူးလားဗျာ။ကျွန်တော်သခင်လေးကိုရှာဖို့ စိတ်ရောကိုယ်ရောပင်ပန်းထားရတာ။"

အဲ့ဒီလူက ချောင်ထျန်းကို ဝမ်းနည်းစွာကြည့်လိုက်ပြီး မကျေမနပ်ရေရွတ်လိုက်သည်။

ချောင်ထျန်းရဲ့အမူအရာက အေးစက်သွားကြီး သူ့မျက်လုံးတွေက နက်မှောင်လာကာ သူကကြည့်ပြီးပြောလိုက်သည်

"လဲ့အန်း ငါမင်းကိုဘာတွေပြောခဲ့လဲဆိုတာမေ့သွားပြီလား"

လဲ့အန်းက တောင့်တင်းသွားပြီး စားပွဲကိုအားလျော့တဲ့ပုံစံနဲ့မှီကာ

"သခင်လေး ကျွန်တော်တို့အားလုံးမှတ်မိပါတယ် ဒါပေမယ့် သခင်လေးဘာလို့ဒီလိုဖြစ်နေတာလဲဆိုတာ ကျွန်တော်တို့သိချင်တယ်။ကျွန်တော်တို့တင်မဟုတ်ဘူး အဲ့ဒီလူကလည်းသိချင်နေတာ"

"ပင်ပန်းနေတယ်မလား နားဖို့သွားတော့။ငါ့ကို နောက်ထပ်လာမရှာနဲ့"

ဒါပြောပြီးတာနဲ့ ချောင်ထျန်းက ထကာထွက်သွားသည်။

လဲ့အန်းက ငိုချင်ပေမယ့် မျက်ရည်ကျမလာဘဲ ချောင်ထျန်းထွက်သွားတာကိုကြည့်ရင်း သူ့မျက်လုံးတွေက ဒေါသထွက်လာသည်။

"ချီးပဲ ဟိုလူတွေက သခင်လေးကိုတစ်ခုခုပြောလိုက်လို့ သခင်လေးကဒီလိုနေရာကို‌ပြေးလာတာပဲဖြစ်ရမယ်။ထပ်ပြောရရင် သူတို့ကိုတောင် သူ့ကိုလာမရှာခိုင်းတော့ဘူး"

ချောင်ထျန်းက လဲ့အန်းဒီနေရာမှာ သူ့ကိုရှာဖို့ အပြေးရောက်လာမယ်လို့ မထင်ထားပေ။ကြည့်ရတာတော့ သူတို့တွေ စိတ်မရှည်တော့ပုံပဲ။သူ့လက်ကိုဆန့်ထုတ်ကာ သူ့ရဲ့မျက်ခုံးတွေကိုနှိပ်လိုက်ပြီး သူ့မျက်လုံးတွေကပင်ပန်းမှုတွေနဲ့ပြည့်နေသည်။

All Chapters