← Chapters

အခန်း ၃၄

Vol. 2 Ch. 34

အခန်း ၃၄

Vol. 2 Ch. 34

Chapter 34

နင်းမုန့်‌ယောင်နဲ့ရန်လဲ့လဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့ တင်းမာတဲ့မျက်နှာထားနဲ့အိမ်တံခါးရှေ့မှာစောင့်နေတဲ့ ယန်ရှိုးအာကိုမြင်လိုက်ရသည်။

ယန်ရှိူးအာကို ဘာမှမဖြစ်သလိုကြည့်ပြီး နင်းမုန့်ယောင်ကသူမကိုလျစ်လျှူရှုလိုက်ကာ သူမသော့ကိုထုတ်ပြီး တံခါးဖွင့်ကာရန်လဲ့လဲ့ကိုအထဲခေါ်သွားသည်။

"ငါအရင်ကပြောပြီးပြီလေ။ငါ့အိမ်ထဲကိုမဝင်နဲ့"

ယန်ရှိုးအာအိမ်ထဲဝင်ဖို့လုပ်တဲ့အချိန်မှာ နင်းမုန့်ယောင်က ချက်ချင်းပြောလိုက်သည်။

ယန်ရှိုးအာရဲ့မျက်နှာအမူအရာကတောင့်တင်းသွားပြီး နင်းမုန့်ယောင်ကိုကြည့်ကာ သူမ မတရားခံရသလိုပြောလိုက်သည်။

"မုန့်ယောင် ငါမှားမှန်းသိနေပါပြီ နင်ဘာလို့ငါ့ကိုခွင့်မလွှတ်ရတာလဲ?ငါအဲ့လိုမျိုးနောက်ထပ်မလုပ်တော့ပါဘူး"

ဒီရက်တွေမှာ ယန်ရှိုးအာက သူမနေ့ရက်တွေကို ကောင်းကောင်းမဖြတ်ကျော်နိုင်ပေ။ဘာကြောင့်လဲဆိုတော့ သူမလုပ်လိုက်တဲ့ကိစ္စကြောင့် ရွာထဲက ကလေးတော်တော်များများနင်းမုန့်ယောင်ဆီမှာ စာသင်လို့မရတော့ပေ။

ဒီကိစ္စက သူတို့အပြစ်လည်းပါတယ်ဆိုပေမယ့် သူမကိုပဲ အကုန်လုံးအပြစ်လွှဲချကြတယ်။ဒါကြောင့်ပဲ ယန်ရှိုးအာက သွားတဲ့နေရာတိုင်း လက်ညှိုးထိုးခံရသည်။ဒီလိုဘဝမျိုးကို သူမ မလိုချင်ဘူး!

သူမက ခက်ခက်ခဲခဲစဉ်းစားခဲ့ပြီး သူမဆန္ဒမရှိပေမယ်လို့ နင်းမုန့်ယောင်ကိုတောင်းပန်လိုက်သည်။ဘာကြောင့်လဲဆိုတော့ နင်းမုန့်ယောင်သာ သူမကိုခွင့်လွှတ်ရင် သူမအနေနဲ့ နင်းမုန့်ယောင်ဆီကနေသင်လို့ရပြီး သူတို့တွေသူမကိုအထင်သေးနေတာကိုရပ်လို့ရပြီဖြစ်သည်။

"နင်ဘယ်လိုနေလဲဆိုတာငါနဲ့မဆိုင်ဘူး။ငါနင့်ကိုအခွင့်အရေးပေးခဲ့ပြီးပြီ"

ပထမဆုံးအကြိမ် သူမအစွပ်စွဲခံရတုန်းက နင်းမုန့်ယောင်က ဘာမှမပြောဘဲ ထိုကိစ္စကိုမသိချင်‌ယောင်ဆောင်ပေးနေခဲ့သည်။

ဒါပေမယ့် ယန်ရှိုးအာက သူမက အနိုင်ကျင့်ဖို့လွယ်တယ်လို့တွေးပြီး ဒုတိယအကြိမ်ထပ်လုပ်ပြန်သည်၊နင်းမုန့်ယောင်က မအပေ။သူမ အခွင့်အရေးနှစ်ခါပေးပြီးသားဖြစ်တာကြောင့် နောက်ထပ်ရှိတော့မှာမဟုတ်ပေ။

ယန်ရှိူးအာက တုန်လှုပ်သွားပြီး နင်းမုန့်ယောင်ကို တောင်းပန်လိုက်သည်။

"ငါတကယ် ငါမှားတာတွေသိပါပြီ။ငါ စိတ်ရှုပ်သွားခဲ့လို့ပါ၊ဒါကြောင့် ငါ့ကိုခွင့်လွှတ်ပါနော် ဟုတ်ပြီလား"

"လဲ့လဲ့ နင့်အိမ်ကိုသွားကြရအောင်"

နင်းမုန့်ယောင်က ယန်ရှိုးအာစကားတွေကိုထပ်မကြားချင်တော့တာကြောင့် ပစ္စည်းတွေဘေးချပြီး ရန်လဲ့လဲ့ကိုပြောလိုက်သည်။

ရန်လဲ့လဲ့က ခေါင်းငြိမ့်လိုက်ပြီး သူမပစ္စည်းတွေယူကာ အဲ့ဒီနောက် ယန်ရှိုးအာကိုကြည့်လိုက်သည်

"ယန်ရှိုးအာ နင်တစ်ယောက်ထဲဉာဏ်ကောင်းပြီး လူတိုင်းကို အရူးတွေလို့မထင်နေနဲ့"

သူမဒီနေ့ဘာ‌ကြောင့်ဒီလိုလုပ်ရလဲဆိုတဲ့ အကြောင်းပြချက်ကိုနားလည်ဖို့အချိန်အနည်းငယ်လိုသည်။သူမက နင်းမုန့်ယောင်ကို စိတ်ရင်းနဲ့တောင်းပန်ချင်တာမဟုတ်ပေ။သူမက နင်းမုန့်ယောင်နဲ့အကြောင်းမဲ့စကားလာပြောတာတော့မဟုတ်လောက်ချေ။

"ရန်လဲ့လဲ့ နင်သူမနဲ့သူငယ်ချင်းဖြစ်ချင်တာက ပိုက်ဆံကြောင့်ပဲလေ ဟုတ်တယ်မလား"

ယန်ရှိုးအာက ရန်လဲ့လဲ့စကားတွေကြောင့် နေရကျဉ်းကျပ်သွားပြီ သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊

ရန်လဲ့လဲ့က သူမကပဲ မြင့်မြတ်ပြီးကြင်နာတတ်သလိုပြောနေပေမယ့် သူမ(ယန်ရှိုးအာ)နဲ့ ရည်ရွယ် ချက်ချင်းအတူတူပဲမဟုတ်ဘူးလား?

"လူတိုင်းကို နင့်လိုညစ်ပတ်တယ်ထင်မနေနဲ့"

ရန်လဲ့လဲ့ကကြားလိုက်ရတဲ့စကားကြောင့် ဒေါသထွက်သွားပေမယ့် သူမကအဲ့ဒါကို မျက်နှာပေါ်မှာပေါ်မသွားအောင်ထိန်းထားခဲ့သည်။

နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို ဒီလိုမြင်လိုက်ရတော့ သူမမျက်လုံးထဲအပြုံးတစ်ခုလက်သွားသည်၊ကန်လဲ့လဲ့နဲ့ဆို ဘယ်တုန်းကမှ သူမအပေါ်ယုတ်မာမယ်ဟု ခံစားချက်မျိုးမရပေ။ရန်လဲ့လဲ့က သူမဆီကနေ အများကြီးရယူထားတာဆိုပေမယ့် ညီတူညီမျှပြန်ပေးဆပ်သည်။

သူတို့လမ်းပေါ်မှာ လူရမ်းကားတွေနဲ့တွေ့တုန်းကလိုမျိုးဖြစ်သည်။ရန်လဲ့လဲ့က သူမတစ်ယောက်ထဲ ထွက်မပြေးဘဲ နင်းမုန့်ယောင်ကို အရင်ထွက်ပြေးစေခဲ့သည်၊ယန်ရှိုးအာသာဆို ဒီလိုမျိုးလုပ်နိုင်မှာမဟုတ်ဘူးဆိုတာ သူမယုံတယ်။ယန်ရှိုးအာက သူမကို တွင်းထဲတောင်တွန်းချသွားနိုင်တယ်

ယန်ရှိုးအာက ခဏလောက်ပြန်မတုံ့ပြန်နိုင်လိုက်ဘဲ ဘာဖြစ်သွားလဲဆိုတာ သူမသတိပြုမိတဲ့အချိန်မှာ နင်းမုန့်ယောင်ကတံခါးသော့ခတ်ပြီး ရန်လဲ့လဲ့နဲ့ထွက်သွားပြီဖြစ်သည်။

ထွက်သွားတဲ့သူတို့နောက်ကျောတွေကိုကြည့်ပြီး သူမကအံကြိတ်လိုက်သည်။ယန်ရှိုးအာက ရန်လဲ့လဲ့ကို နှလုံးသားထဲကနေကိုမုန်းတာဖြစ်သည်။အခွင့်အရေးသာပေးလို့ရှိရင် သူမက ရန်လဲ့လဲ့ကို သူမ(ရန်လဲ့လဲ့)ရဲ့အပြုအမူတွေအတွက် နောင်တရအောင်လုပ်မှာဖြစ်သည်။

ရန်လဲ့လဲ့ကအိမ်ကိုပစ္စည်းတွေအများကြီးနဲ့ပြန်လာတော့ ရန်ကျူးနဲ့တစ်ခြားလူတွေက မျက်မှောင်ကြုတ်ကာ ရန်လဲ့လဲ့ကို ကဲ့ရဲ့လိုက်သည်။

"လဲ့လဲ့ နင်ဘယ်လိုလုပ်ဒီလိုလုပ်ရတာလဲ?နင်းမုန့်ယောင်ပိုက်ဆံ‌တွေကလေထဲကရတာမဟုတ်ဘူး"

ရန်ကျူးက ထိုပစ္စည်းတွေကို နင်းမုန့်ယောင်က သူမအတွက်ဝယ်ပေးတယ်လို့ထင်တာကြောင့် သူကမပျော်တော့ပေ။

ရန်လဲ့လဲ့က သူမအဖေကို ပြောစရာစကားကင်းမဲ့စွာကြည့်လိုက်ပြီး စိတ်ဓာတ်ကျစွာပြောလိုက်သည်။

"သမီး‌ပြောမယ် အဖေ။ဒီပစ္စည်းတွေကလေ သမီးကိုယ်တိုင်ရှာထားတဲ့ပိုက်ဆံကိုသုံးပြီးဝယ်လာခဲ့တာ"

"အမ်"

သခင်မရန်က သူ့သမီးအနည်းငယ်ထူးဆန်းနေတယ်လို့မြင်သည်။

"သမီးရဲ့ပန်းထိုးတာကဘယ်လောက်ရောင်းရလို့လဲ?ပြီးတော့ ပိုက်ဆံကိုဘာလို့မုန့်ယောင်ကို ပြန်မဆပ်လိုက်ရတာလဲ"

ရန်ကျူးရဲ့ပြစ်တင်ရှုတ်ချတာပြီးတော့ သခင်မရန်ကလည်းနောက်ကလိုက်လာခဲ့သည်။

"အဲ့ဒါမှန်တယ် လဲ့လဲ့"

ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ရန်ရိကလည်း သူ့ညီမကိုကြည့်ပြီး စိတ်မကျေမနပ်ဖြစ်စွာနဲ့ မျက်မှောင်ကြုတ်ထားသည်။

ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို မတရားခံနေရတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး ဝမ်းနည်းစွာပြောလိုက်သည်။

"ယောင်ယောင်နင်မြင်တယ်မလား နင်အိမ်တစ်ခါလာလိုက်တာနဲ့ ဒီနေရာမှာငါ့ဖို့နေရာမရှိတော့ဘူး။အဖေနဲ့အမေကလည်းနင့်ဘက်ကပဲ အစ်ကိုကြီးကလည်းနင့်ဘက်ကပဲ။ငါလေး ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ?"

ရန်လဲ့လဲ့ကပြောလိုက်ပြီး ထွက်မလာတဲ့မျက်ရည်ကို ဟန်ဆောင်သုတ်လိုက်သည်။သ

All Chapters