← Chapters

အခန်း ၃၅

Vol. 2 Ch. 35

အခန်း ၃၅

Vol. 2 Ch. 35

Chapter 35

နင်းမုန့်ယောင်က ရန်လဲ့လဲ့ရဲ့ ဒီရတနာလေးကမင်းကိုလှည့်စားနေတာပဲဆိုတဲ့ပုံစံလေးကို သဘောကျပြီး သူမကို ပုတ်လိုက်သည်။

"ကောင်းပြီ နင်ဘာလို့ဟန်ဆောင်နေတာလဲ?ဦးလေးရန်နဲ့ဒေါ်လေးရန် ဦးလေးတို့ ရန်လဲ့လဲ့ကိုမှားပြီးအပြစ်တင်နေတာပဲ သူကျွန်မကိုပိုက်ဆံတစ်ချို့ပြန်ပေးပြီးသွားပါပြီ"

"အမ်?လဲ့လဲ့ အမေကိုပြောစမ်း ဒီတစ်ခေါက်ပန်းထိုးထည်သွားရောင်းတာဘယ်လောက်ရတာလဲ"

သခင်မရန်က သူမသမီးကြည့်ကာ သိချင်တာကြောင့်မေးလိုက်သည်။

ရန်လဲ့လဲ့က ဝင့်ကြွားစွာနဲ့ လက်သုံးချောင်းထောင်ပြလိုက်သည်။

"ငွေစသုံးစလား"

ရန်လဲ့လဲ့မျက်နှာက မည်းမှောင်သွားသည်။

"အမေ သမီးကအဲ့လောက်ဆိုးလို့လား"

"ဒေါ်လေးရန် ဒီတစ်ခေါက် လဲ့လဲ့ရဲ့ပန်းထိုးထည်တွေက လျန်းသုံးဆယ်နဲ့ရောင်းခဲ့ရတာ"

နင်းမုန့်ယောင်ကပြုံးလိုက်ပြီး သူမဆက်ပြီးမကြည့်နိုင်တော့ပေ။

ဒါက သခင်မရန်တင်မဟုတ်ဘဲ သခင်မချောင်း၊ရန်ကျူးနဲ့ ရန်ရိတို့သားအဖပါ သူတို့မျက်လုံးတွေပြူးပြီး ရန်လဲ့လဲ့ကို မယုံကြည်နိုင်စွာကြည့်လိုက်ကြသည်။

သခင်မချောင်းက ရန်လဲ့လဲ့ဘေးကိုလျှောက်သွားပြီး သူမကပြောလိုက်သည်။

"လဲ့လဲ့ ဒါအမှန်ပဲလား?"

"ဟုတ်တယ် ကျွန်မယောင်ယောင်ကို လျန်းနှစ်ဆယ်ပြန်ပေးပြီးသွားပြီ။ပြီးတော့ ပစ္စည်းနည်းနည်းပါးပါးဝယ်လာလိုက်တာ ခြောက်လျန်းကျန်သေးတယ်။ဒီမှာအမေ့ဖို့"

ရန်လဲ့လဲ့က ကျန်တဲ့ပိုက်ဆံကို သခင်မရန်ကိုပေးလိုက်သည်။

သခင်မရန်ကိုပိုက်ဆံပေးပြီးတဲ့နောက်မှာ ရန်လဲ့လဲ့က ပစ္စည်းတွေစခွဲပေးတော့သည်။ရန်ကျီအတွက် မင်နဲ့စာရွက်တွေ၊သခင်မချောင် သခင်မရန်နဲ့ရန်ကျူးအတွက် အဝတ်အစားတွေနဲ့ ရန်ရိတစ်ယောက်သာ အစားအစာနဲ့ဆေးတွေအပေးခံရတာဖြစ်သည်။

ရန်ရိက သူ့ညီမလေးကို သနားစရာကောင်းတဲ့ပုံစံနဲ့ကြည့်လိုက်ပြီး

"ညီမလေး အစ်ကိုကြီးအတွက်ရော"

ရန်လဲ့လဲ့က အရိုးတွေနဲ့ငါးတွေကိုထုတ်လိုက်ပြီး

"အစ်ကိုကြီး ဒီမှာ အစ်ကိုကြီးဖို့"

ရန်ရိကကြောင်သွားပြီး ကျန်တဲ့လူတွေလည်း မတတ်နိုင်ဘဲ ရယ်လိုက်ကြသည်။

သခင်မချောင်က သူမရဲ့ယောင်းမလေးကိုကြည့်လိုက်ပြီး သူမစိတ်ထဲအနည်းငယ် ငြူစူမိသွားသည်။ဘာ‌ကြောင့်လဲဆိုတော့ ရန်လဲ့လဲ့ရဲ့ပန်းထိုးထည်တွေ ဒီလောက်ဈေးမြင့်မြင့်နဲ့ရောင်းနိုင်တာ နင်းမုန့်ယောင်သင်ပေးလို့ဆိုတာသူမသိသည်။

သူမစိတ်ထဲ အနည်းငယ်ငြူစူနေပေမယ့်လည်း သူမမှာ တစ်ခြားအတွေးမရှိပေ။ဒါ့အပြင် သူမယောင်းမလေးကအရည်အချင်းရှိပြီး သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကမဆိုးတာကြောင့် သူမအတွက်လည်း အကျိုးအမြတ်အချို့ရနိုင်သည်။

သူမရဲ့ ပန်းထိုးထားတဲ့အင်္ကျီစကိုပွတ်သပ်ရင်း သခင်မရန်က အရမ်းပျော်နေသည်။

"နင် အရူးမလေး!အမေက ဘယ်လိုလုပ် ဒီလိုလက်ရာမြောက်ပြီးလှတဲ့အင်္ကျီကိုဝတ်လို့ဖြစ်ပါ့မလဲ!သမီးဝတ်တာကပဲ ပိုကောင်းတယ်"

"အမေ ယောင်ယောင်ကဒီနေ့သမီးတို့အိမ်မှာစားမှာ ဘာလို့ဟင်းပွဲတွေသွားမပြင်တာလဲ?"

ရန်လဲ့လဲ့က စကားလမ်းကြောင်းလွှဲပြီးနင်းမုန့်ယောင်ကိုညွှန်ပြကာပြောလိုက်သည်။

သခင်မရန်ကဒါကိုကြားတဲ့အခါမှာ သူမသမီးဝယ်လာတဲ့ပစ္စည်းတွေကို မီးဖိုချောင်ထဲယူသွားပြီး

"မုန့်ယောင် လဲ့လဲ့နဲ့ခဏနေလိုက်ဦးနော်"

သူမ အသံကမပျောက်သွားပေမယ့် လူကတော့မီးဖိုချောင်ထဲအမြန်ရောက်သွားပြီပဲဖြစ်သည်။

"ငါ့ကိုဒိုင်းကာအဖြစ်သုံးတယ်ပေါ့လေ"

နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုကြည့်ရင်း စလိုက်သည်။

အဲ့အကြည့်မျိုးက ရန်လဲ့လဲ့ရဲ့နှလုံးသားကို အေးစက်စက်ညှို့ယူသွားပြီး ဘယ်ညာခုန်ပေါက်နေသည်။အဆုံးမှာတော့ သူမက သနားစရာကောင်းတဲ့ပုံစံလေးလုပ်ပြီး နင်းမုန့်ယောင်ကိုကြည့်လိုက်သည်။

"ငါ့မှာတစ်ခြားနည်းလမ်းမှမရှိတော့တာ?ယောင်ယောင် စိတ်မဆိုးပါနဲ့"

နင်းမုန့်ယောင်က တကယ်တော့စိတ်မဆိုးပေ ပြီးတော့ ရန်လဲ့လဲ့ကိုဒီလိုပုံစံမျိုးမြင်ရတာက ရယ်စရာကောင်းတယ်လို့သာထင်သည်။အခု ရန်လဲ့လဲ့က တကယ်ကြီးစိုးရိမ်နေတာကိုမြင်တော့ သူမက မတတ်နိုင်ဘဲ ခေါင်းရမ်းလိုက်သည်။

သူမလက်ကိုဆန့်ထုတ်ကာ ရန်လဲ့လဲ့ခေါင်းကိုပုတ်လိုက်ပြီး နင်းမုန့်ယောင်ကပြောလိုက်သည်။

"နင်ကတော့လေ..."

သူမခေါင်းကိုထိလိုက်ပြီး ရန်လဲ့လဲ့က ရှက်သွားကာ ပြုံးလိုက်သည်။

သူမသာ ဒီလိုမလုပ်ရင် သူမအမေဘာလုပ်မလဲဆိုတာမသိနိုင်ပေ။

သူတို့မိသားစုအခြေအနေက ဒီနှစ်တွေထဲမှာ တစ်ခြားမိသားစုတွေထက်ကောင်းတယ်ဆိုပေမယ့် နည်းနည်းလေးပိုကောင်းရုံသာဖြစ်သည်။အဲ့ဒီချမ်းသာတဲ့မိသားစုတွေနဲ့ယှဉ်လိုက်ရင် သူမတို့မိသားစုက ကောင်းတယ်ဟုပြောလို့မရပေ။သခင်မရန်နဲ့ရန်ကျူးက အမြဲတမ်း သူတို့ရဲ့အကောင်းဆုံးဆိုတဲ့အရာတွေကို ရန်လဲ့လဲ့နဲ့ရန်ရိကိုသာပေးခဲ့တာဖြစ်သည်။အခု ရန်ကျီရှိနေတဲ့အတွက် သူတို့ရဲ့အကောင်းဆုံးအရာတွေကို သူတို့မြေးဆီပေးကြပြီး ရန်လဲ့လဲ့ကတော့အပေးမခံရတော့ပေ။

သူမက ယခုလက်ရှိဒီစွမ်းရည်ကိုပိုင်ဆိုင်ထားပြီး သူမမိဘတွေကို ပိုကောင်းတဲ့ဘဝကိုနေစေချင်သည်။အနည်းဆုံးတော့ သူတို့အရင်ကနေခဲ့တာထက်ပိုကောင်းတဲ့ဘဝမျိုးပေါ့။

နင်းမုန့်ယောင်က ဒီမိသားစုကနွေးထွေးပြီး တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပေးတာကိုမြင်တော့ သူမမျက်နှာမှာ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။ဒါက မိသားစုတစ်ခုဖြစ်သင့်တာပဲ။

"ဦးလေးရန် ကျွန်မအကြံပေးချင်တာတစ်ရှိတယ်"

နင်းမုန့်ယောင်က ရန်ကျီကိုကြည့်ပြီး ရုတ်တရက်ပြောလိုက်သည်။သူတို့တွေက နားမလည်တဲ့ပုံစံနဲ့သူမကိုကြည့်နေတာမြင်တော့ သူမကဆက်ပြောလိုက်သည်။

"ရန်ကျိကအရည်အချင်းရှိတဲ့ကလေးတစ်ယောက်ပဲ ဦးလေးတို့သူ့ကို မြို့ကကျောင်းမှာစာသင်ဖိုပို့လို့ရတယ်"

ရန်ကျူးနဲ့ရန်ရိကဒါကိုကြားတဲ့အခါမှာ အံ့ဩသွားသည်။လွန်ခဲ့တဲ့ရက်တွေမှာ ရန်ကျီကအမြဲတမ်းနင်းမုန့်ယောင်သင်ကြားတာရဲ့အောက်မှာ ကြိုးကြိုးစားစားသင်ယူနေခဲ့သည်။သူတို့က သူ့ကို အရည်အချင်းပိုရှိလာစေဖို့သာလိုလားတာဖြစ်ပေမယ့် နင်းမုန့်ယောင်ဒီလိုပြောလာလိမ့်မယ်လို့တော့ မထင်ထားကြပေ။

"ယောင်ယောင် ဒါအမှန်ပဲလား"

အဖေနဲ့သားအတွဲထက်စာရင် ရန်လဲ့လဲ့က အံ့ဩတာထက် ပိုပြီးပျော်နေခဲ့သည်။သူမတူလေးက စာသင်ရတာကိုကြိုက်ပြီး သူသာ တော်ဝင်စာမေးပွဲကိုဖြေနိုင်ခဲ့ရင် သူတို့မိသားစုကတော့အရမ်းဂုဏ်ယူရမှာပဲ။သူတို့မိသားစုက အရင်တုန်းက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိကြပေမယ့် အခုက မတူတော့ပေ။သူမတူလေးက ဒါကိုလုပ်နိုင်မယ်လို့ သူမယုံကြည်သည်။

All Chapters