← Chapters

အခန်း ၃၆

Vol. 2 Ch. 36

အခန်း ၃၆

Vol. 2 Ch. 36

Chapter 36

နင်းမုန့်ယောင်က အသာလေးခေါင်းငြိမ့်လိုက်သည်။

"သူစာလုံးတွေသင်ယူနိုင်စွမ်းနဲ့ရေတွက်နိုင်စွမ်းကအရမ်းမြန်တယ်။သူကနောက်ဆုံးမှဝင်လာတာဆိုပေမယ့် လင်အာပြီးရင် သူကကျောင်းသားတွေထဲမှာအတော်ဆုံးပဲ"

"ဒါကောင်းတယ်?ငါတို့ ကျီအာကို စာသင်ကျောင်းပို့ရမယ်"

ရန်လဲ့လဲ့က ယောကျာ်းနှစ်ယောက်ရဲ့သဘောထားကိုမမေးဘဲ ပျော်ရွှင်စွာလက်ခုပ်တီးလိုက်သည်။

ရန်လဲ့လဲ့အသံကြားမှသာ ရန်ကျူးနဲ့ရန်ရိက အသိပြန်ဝင်လာကြသည်။ရန်ရိရဲ့မျက်လုံးတွေထဲမှာ ရှုပ်ထွေးမှုတွေရှိနေပြီး သူ့ညီမကိုကြည့်ကာ

"လဲ့လဲ့ ငါတို့ကျီအာကို စာသင်ကျောင်းပို့ဖို့ဆိုရင် ပိုက်ဆံအများကြီးလိုတယ်"

"အဲ့တော့ဘာဖြစ်လဲ?ညီမတို့မိသားစုအခြေအနေက ကောင်းသထက်ကောင်းလာတော့မှာပဲကို"

ရန်ရိတွေးနေတာကို ရန်လဲ့လဲ့ကမသိဘဲနေပါ့မလား?အဲ့တော့ဘာဖြစ်လဲ?ဒါက သူမတူလေးအကြောင်းပြောနေကြတာလေ။သူသာ ကျောင်းကောင်းကောင်းတက်နိုင်သွားရင် သူမလည်း ဂုဏ်မယူရဘူးလား?

နင်းမုန့်ယောင်က ရန်လဲ့လဲ့တစ်ခုခုထပ်ပြောချင်နေသေးတာမြင်တော့ ဖျတ်ခနဲရယ်လိုက်သည်။

"အစ်ကိုကြီးရန် ဒီအ‌ကြောင်းကိုအများကြီးတွေးမနေပါနဲ့။တကယ်တော့ ကျွန်မကရှင်သက်သာလာရင် ကျွန်မအတွက်ကိစ္စလေးနည်းနည်းလောက်ကို ကူညီပေးစေချင်တယ်"

"ဘာများလဲ"

"စီမံခန့်ခွဲမှု"

နင်းမုန့်ယောင်ရဲ့ အနီရောင်နှုတ်ခမ်းအစုံကပွင့်ဟသွားကာ ရန်ရိကိုကြည့်ပြီးပြောလိုက်သည်။

စီမံခန့်ခွဲမှုဆိုတဲ့စကားက ရန်လဲ့လဲ့နဲ့သူမ‌အဖေတို့ကို ကြောင်အသွားစေပြီး ထိုဟာကဘာကိုဆိုလိုလဲဆိုတာ သူတို့မသိပေ။နင်းမုန့်ယောင်ကလည်း မရှင်းပြဘဲ ပြုံးပြီးတော့သာပြောလိုက်သည်။

"နောက်ကျရင် အစ်ကိုကြီးရန်နားလည်လာပါလိမ့်မယ်"

"ကောင်းပြီ"

ရန်ရိက ဒါကိုစဉ်းစားပြီးတော့ အဲ့ဒီနောက် သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။သူမက သူ့မိသားစုကို အကြိမ်များစွာကူညီခဲ့ပြီး သူတို့ကိုလည်း ဒုက္ခမပေးဖူးတာကြောင့် သူမကို ကူညီမှာပဲဖြစ်သည်။သူမက သူတို့ကို ဒုက္ခမဖြစ်စေမှတော့ ဒါက သူတို့ကိုကူညီတာပဲဖြစ်လိမ့်မယ်။

သူတို့တွေ စားပွဲမှာဆုံကြတဲ့အချိန်မှာ ရန်ရိက နင်းမုန့်ယောင်ပြောတာတွေကို သူ့အမေနဲ့မိန်းမကိုပြောပြလိုက်သည်။သူတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားသွားပြီး အထူးသဖြင့် သခင်မချောင်ပဲဖြစ်သည်။သူမက နင်းမုန့်ယောင်နဲ့ရန်လဲ့လဲ့ကို ပိုပြီးကျေးဇူးတင်မိသည်။

စားပြီးတဲ့နောက်မှာတော့ နင်းမုန့်ယောင်က သူတို့အိမ်မှာ အကြာကြီးမနေဘဲ အိမ်ကိုတစ်ယောက်ထဲပြန်သွားခဲ့သည်။အိမ်ကိုပြန်တဲ့လမ်းမှာ သူမက ရွာကို လေ့လာနေခဲ့သည်။သူမဆီမှာ စာသင်ဖူးတဲ့ကလေးတွေနဲ့လည်းလမ်းမှာတွေ့ပြီး သူတို့မျက်လုံးတွေထဲက လေးစားမှုတွေကို သူတို့အားလုံးဆီမှာသူမမြင်ရသည်။

ဒါပေမယ့် သူမက ပြုံးရုံသာပြုံးပြီး ဘာမှမပြောခဲ့ပေ။

အိမ်တစ်အိမ်ကိုဖြတ်သွားတုန်းမှာ သူမရင်းနှီးတဲ့အသံတစ်သံကြားလိုက်ရသည်။

"မိန်းမနဲ့ယောကျာ်းတွေကမတူညီကြဘူး ပြီးတော့ အရမ်းလည်း တရင်းတနှီးမနေသင့်ဘူး။ရန်ကွေ့ မင်းအိမ်ပြန်တာပိုကောင်းမယ်"

ရင်းနှီးနေတဲ့အသံကြောင့် နင်းမုန့်ယောင်က သိချင်စွာလှမ်းကြည့်လိုက်သည်။ထိုဟာက သူမကို အကြိမ်အနည်း‌ငယ်လောက် အသားရောင်းဖူးတဲ့မုဆိုးဖြစ်သည်။သူမခေါင်းကိုလှည့်လိုက်ပြီး သူ့ခြေထောက်ဘေးမှာ ရစ်ငှက်နဲ့ယုန်အချို့ကိုမြင်လိုက်ရသည်။ဒီအကြောင်းကိုတွေးလိုက်ပြီး သူမကဝင်သွားဖို့ဆုံးဖြတ်လိုက်သည်။

တကယ်တော့ ချောင်ထျန်းချန်အိမ်ပြန်ရောက်တဲ့အချိန်မှာ သူ့အိမ်နီးချင်းရဲ့သမီးကို သူ့အိမ်မှာတွေ့ရပြီး သူ့ပစ္စည်းတွေကိုလှန်လှောကြည့်နေတာကိုမြင်လိုက်ရတော့ စိတ်တိုသွားပြီး သူ့မျက်နှာကအရုပ်ဆိုးလာသည်။နင်းမုန့်ယောင်သူ့ဆီလျှောက်လာတာမြင်တဲ့နောက်မှာ သူ့မျက်လုံးထဲအပြုံးတစ်ချို့ဖြစ်ပေါ်လာပြီး ရန်ကွေ့ကိုချန်ထားခဲ့ကာ သူမကို နှုတ်ဆက်လိုက်သည်။

"မင်းကိစ္စရှိလို့လား"

သူ့စကားတွေက နည်းနည်းအရမ်းရင်းနှီးတဲ့ပုံစံပေါက်နေတယ်ဆိုတာ ချောင်ထျန်းချန်သိတယ် အထူးသဖြင့် ရန်ကွေ့ရဲ့မျက်လုံးထဲမှာပေါ့။

ရန်ကွေ့က ပိုင်ရှန်းရွာက အလှဆုံးမိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမကလည်း သိမ်မွေ့နူးညံ့သည်။သူမမိသားစုက သူမကို အထက်တန်းလွှာမိသားစုက သမီးပျိုးထောင်သလိုထားပြီး သူမကို ခင်ပွန်းကောင်းရဖို့မျှော်လင့်ထားကြသည်။

ရန်ကွေ့က သူမကိုယ်သူမ တစ်ခြားလူတွေရဲ့အထက်မှာလို့မြင်တာဖြစ်ပြီး ရွာမှာသူမထက်ပိုပြီးလှတဲ့လူမရှိဟုတွေးကာ ရွာသူကြီးရဲ့သမီး ရန်လဲ့လဲ့ပင် သူမကို မယှဉ်နိုင်ပေ။အခုရုတ်တရက် သူမ မမြင်ဖူးတဲ့ မိန်းမတစ်ယောက်ကအင်္ကျီအဝါကိုဝတ်ထားကာ သူမခေါင်းမှာရိုးရှင်းတဲ့အဆင်တန်ဆာနှစ်ခုကိုသာ ဝတ်ဆင်ထားပေမယ့် ထိုအမျိုးသမီးက ကျက်သရေရှိတင့်တယ်နေသည်။

အဲ့ဒါတင်မဟုတ်ဘဲ သူမ နင်းမုန့်ယောင်ကိုမြင်တဲ့အခါမှာ ကိုယ့်ကိုကိုယ် သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။အထူးသဖြင့် နင်းမုန့်ယောင်ရဲ့ သန့်စင်တဲ့ကျက်သရေရှိပုံရိပ်နဲ့ယှဉ်ရင် သူမက တောသူတောင်သားလိုသာဖြစ်သည်။

"ကျွန်မဖြတ်သွားတုန်း ရှင့်သားကောင်တွေကိုမြင်လိုက်တာ အဲ့ဒါနဲ့ကျွန်မလည်း သူတို့နည်းနည်းလောက်ဝယ်ချင်လို့"

နင်းမုန့်ယောင်က ပြုံးလိုက်ပြီး သူမရောက်လာရတဲ့အဓိပ္ပာယ်ကို ပြောပြလိုက်သည်။

ချောင်ထျန်းချန်က အသာလေးမျက်ခုံးပင့်လိုက်သည်။နောက်ဆုံးအကြိမ်သူမဝယ်ခဲ့တုန်းက အဲ့လောက်အများကြီးကို သူတို့အားလုံးကိုစားပြီးသွားတာလား?ဒါပေမယ့် ဒါက သူစိတ်ပူရမယ့်ကိစ္စမဟုတ်ပေ

"မင်းဘယ်လောက်လိုချင်တာလဲ"

"ရစ်ငှက်နှစ်ကောင်ရယ်တောယုန်နှစ်ကောင်ရယ်"

နင်းမုန့်ယောင်က သူမခေါင်းကိုငုံ့ကာ သားကောင်တွေကိုကြည့်ပြီး ညွှန်ပြလိုက်သည်။

သားကောင်တွေကို အလွယ်တကူကောက်ယူလိုက်ပြီး သူက နင်းမုန့်ယောင်ကိုပေးလိုက်သည်။သူမက သားကောင်တွေအတွက် ပိုက်ဆံရှင်းပြီး ပြန်ဖို့ပြင်တဲ့အချိန်မှာ ချောင်ထျန်းချန်က သူမကို တံခါးနားအထိလိုက်ပို့လိုက်သည်။

ရန်ကွေ့က ချောင်ထျန်းချန် မိန်းမတစ်ယောက်ကို ဒီလိုဆက်ဆံတာမြင်တော့ သူမမျက်နှာရုပ်ဆိုးသည်။အထူးသဖြင့် တစ်ဖက်လူက သူမထက် ပိုလှနေသည်။သူမက တိုးတိုးလေးပြောလိုက်သည်

"အရှက်မရှိလိုက်တာ ယောကျာ်းတစ်ယောက်ကိုနေ့ခင်းကြောင်တောင်လာပြီး မြူဆွယ်နေတယ်"

ချောင်ထျန်းချန်သာ သူမစကားတွေကို ကြားသွားတာမဟုတ်ဘဲ နင်းမုန့်ယောင်လည်းကြားသည်။သူမရဲ့ထွက်သွားဖို့လုပ်နေတဲ့‌ခြေလှမ်းတွေကိုရပ်လိုက်ပြီး ပြန်လှည့်ကာ တစ်ခြားမိန်းမကို အေးစက်စက်ကြည့်လိုက်ပြီး

"ငါက သားကောင်ဝယ်တာ ဘာမှမချိုးဖောက်ဘူး မင်းလိုမဟုတ်ဘူး မိန်းကလေး မင်းကအရွယ်ရောက်နေတဲ့ပုံပါပဲ။အရွယ်ရောက်နေတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ ယောကျာ်းတစ်ယောက်ရဲ့အိမ်မှာရှိနေတာ ဒါကမကောင်းဘူးနော်"

"နင်....."

"ရန်ကွေ့ မင်းငါ့အိမ်ကိုနောက်တစ်ခါခိုးမဝင်ဖို့ငါမျှော်လင့်တယ် အထူးသဖြင့် ငါအိမ်တံခါးသော့ခတ်ထားခဲ့တဲ့အချိန်မျိုးမှာ"

ချောင်ထျန်းချန်ကရုတ်တရက် ရန်ကွေ့ကိုကြည့်လိုက်ပြီး သူမကို အေးစက်စွာသတိပေးလိုက်သည်။ဒီစကားတွေက သံသယဝင်စရာမလိုအောင်ကိုဘဲကို နင်းမုန့်ယောင်ရှေ့မှာ ရန်ကွေ့မျက်နှာကိုဖြတ်ရိုက်လိုက်သည်။

သူမက ချောင်ထျန်းချန်ကို မယုံနိုင်စွာကြည့်လိုက်သည်။

"အစ်ကိုချောင် အစ်ကိုကတကယ်ပဲ ဒီမိန်းမကိုကူညီတာလား"

"ငါတို့ကမရင်းနှီးဘူး ဒါကြောင့် ငါ့ကိုအဲ့လောက်တရင်းတနှီးလာမခေါ်နဲ့ သူမဒီနေ့မရှိဘူးဆိုရင်တောင်မှ ငါမင်းကိုဒါတွေပြောမှာပဲ။ငါမင်းရဲ့ဖြူစင်မှုကို မညစ်နွမ်းသွားစေချင်ဘူး ပြီးတော့ မင်းကိုလည်း မင်းကိုယ်မင်းအရှက်မရစေချင်ဘူး"

ချောင်ထျန်းချန်က အေးစက်စက်ပြောလိုက်ပြီး သူမကို လုံးဝမျက်နှာသာမပေးချေ။

သူ့စကားတွေက အပ်တွေလို ရန်ကွေ့နှလုံးသားထဲကို ထိုးစိုက်သွားသည်။

All Chapters